← Chapters

အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ

Vol. 2 Ch. 28

အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ

Vol. 2 Ch. 28

မဟူရာ ကျောက်တောင်ထိပ်တွင်တော့ အန်လင်းက လျှိုချန်ဟွမ်အား လုပ်ငန်းများစွာ လုပ်ဆောင်ရင်း ကျင့်ကြံနိုင်သည့် နည်းစနစ်ကို သင်ကြားပေးနေသည်။

သင်ကြားပြီးသည့် နောက်တွင်တော့ လျှိုချန်ဟွမ်က အန်လင်းအား ပျော်ရွှင်စွာဖြင့် တောင်အောက်သို့ ခေါ်ဆောင် သွားပေးလိုက်သည်။

ထို့နောက်တွင် သူမ၏ မန္တန်များ လေ့ကျင့်ဖို့ရာ အခြားသူများကို ရှာဖွေဖို့အတွက် ပျံသန်း ထွက်ခွာသွားတော့သည်။

အန်လင်းက လွတ်လပ်မှုကို ပြန်လည်ရရှိသဖြင့် ဝမ်းမြောက်နေမိသည်။ ထို့နောက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေသည့် ပစ်မှတ်များကို ရှာဖွေရန် ခရီးဆက်ခဲ့သည်။

သူ၏ အထွတ်အထိပ် မြေကြာပန်း အတတ်သည် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ့ခွန်အားသည်လည်း အတော်အတန် တိုးတက်လာပြီ ဖြစ်သည်။

သူက မည်မျှလောက်အထိ သန်မာလာသည်ကို အတိအကျ မသိပေမဲ့လည်း တစ်ယောက်ယောက်ကို ရှာဖွေပြီး စမ်းသပ် စစ်ဆေးကြည့်နိုင်သည် မဟုတ်ပါလား။

ကျောင်းတော်သို့ ဝင်ရောက်လာသည့် ကျောင်းသားတိုင်းသည် သူတို့၏ အသက်အရွယ် အလိုက် ထူးချွန်သည့် အရည်အချင်းများ ရှိကြသည် ချည်းသာ။

ထို့ကြောင့် ကျင့်ကြံခြင်း ကမ္ဘာတွင် ကျင့်ကြံခြင်း နည်းစနစ်များစွာ ရှိသည့်အနက် သူတို့၏ လေ့ကျင့်ခဲ့သည့် နည်းလမ်းများသည် ပထမ တန်းစားများသာ ဖြစ်ရမည်။

ထို့ကြောင့် အန်လင်းက အထွတ်အထိပ် မြေကြာပန်း အတတ်ကို သင်ယူပြီး သော်လည်းပဲ အဆင့်တူချင်း တိုက်ခိုက်ဖို့ရန် ယုံကြည်ချက် မရှိပေ။

အင်... ငါ့ထက် တစ်ဆင့်နိမ့်တဲ့ တစ်ယောက်ယောက်နဲ့ တွေ့ပါစေလို့ မျှော်လင့်ရတာပဲ... အဲဒါဆိုရင် ပိုကျွမ်းကျင် လာအောင် လေ့ကျင့်လို့ ရတယ်...

အန်လင်းက ထိုသို့ စဉ်းစားပြီးသည့် နောက်တွင် ရင်နှီးသည့် လူတစ်ယောက်နှင့် ဝင်တိုက်မိသည်။

ထိုလူသည် အန်လင်း၏ အတန်းဖော် ဝေ့ကျိ ဖြစ်ပြီး တာအိုခန္ဓာ အဆင့် ၉တွင် ရောက်ရှိနေသူ ဖြစ်သည်။

ဝေ့ကျိက အန်လင်းအား မြင်လိုက်ရသည့် အခါ တွေဝေသွားသည်။ သူက အန်လင်းနှင့် ဆုံရမည်ဟု မမျှော်လင့်ထားပေ။

ဒီအမှိုက်ကောင်က ဒုတိယနေ့ ရောက်တဲ့အထိ ရှိနေတုန်းပေါ့ ဟုတ်လား...

ဝေ့ကျိက မှင်တက်နေမိသည်။ ပြီးနောက် အန်လင်းအား အပြန်ပြန် အလှန်လှန် ကြည့်လိုက်သည်။

သူက အမှန်တကယ်ကို အန်လင်းအား အထင်သေးသူ ဖြစ်သည်။ သူက ကောင်းမွန်စွာ သွန်သင်ခြင်း ခံခဲ့ရသူ ဖြစ်သဖြင့် သူ့စိတ် ခံစားချက်များကို ဖုံးလွှမ်းထားနိုင်ပြီး ရွံရှာ စက်ဆုပ်နေမှုကို သိခွင့်မပေးချေ။

ဟမ့်... သူက ငါ့ရှေ့မှာ ပေါ်လာတယ် ဆိုတော့လည်း ဒီအမှိုက်ကို လှည်းပစ် ရတော့မှာပေါ့...

ဝေ့ကျိက စိတ်ထဲမှနေ သရော် လိုက်ပြီးနောက် နွေးထွေးကာ ကြင်နာတတ်သည့် အမူအရာဖြင့်…

"ကျောင်းသား အန်လင်း... သင်ကြားပေးပါဦး..." သူက အန်လင်းအား ဖိတ်ခေါ်လိုက်သည်။

ဝေ့ကျိက သူ့အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည့် အခါတွင် အန်လင်းက ထိုတိုက်ပွဲကို ရှောင်ရှားဖို့ရာ မဖြစ်နိုင်တော့ဟု သိလိုက်သည်။

သူက အရမ်းကို စိတ်တိုမိသည်။ သူမျှော်လင့်ထားသည်မှာ တာအိုခန္ဓာ အဆင့်၇ တစ်ယောက်ယောက်ကို ဖြစ်ကာ တာအိုခန္ဓာ အဆင့်၉ သမားက အဘယ်ကြောင့် ရုတ်တရက်ကြီး ပေါ်လာရသနည်း။

မရှောင်နိုင်ဘူး ဆိုတော့လည်း တိုက်ကြတာပေါ့ကွာ...

"ကျောင်းသား ဝေ့ကျိ... သင်ပြပေးပါဦး..."

အန်လင်း၏ နဖူးတွင် ရွှေကြာတစ်ပွင့် ပေါ်လာသည်။

ထိုအခိုက်အတန့်မှာပင် သူ့အငွေ့အသက်က ပြောင်းလဲသွားပြီး တောင်တစ်လုံးကဲ့သို့ သန်မာလာသည်။ မည်သည့် စွမ်းအားကမှ သူ့အား ရွေ့လျားနိုင်မည် မဟုတ်။

ဝေ့ကျိ ပတ်လည်တွင် လေများ တိုက်ခတ်နေပြီး လေကာဝတ်စုံတစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ထို့အပြင် သူ့လက်သီးပတ်လည်တွင် အဖြူရောင် အလင်းလုံးဖြင့် ဖုံးကာထားသည်။ ထိုအလင်းလုံးသည် လေကို လျှင်မြန်စွာ ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဝှစ်...

ဝေ့ကျိက စတင် ရွေ့လျားလိုက်သည်။ လျှပ်တပြတ် ဆိုသလို အန်လင်း အရှေ့တွင် ပြန်ပေါ်လာသည်။ အဖြူရောင် အလင်းများ ဖုံးကာထားသည့် လက်သီးတစ်စုံသည် အန်လင်းဆီသို့ ဒေါသတကြီး ပြေးဝင်လာသည်။

သူဂုဏ်ယူရသည့် နောက်ဆုံးတိုက်ကွက် ဖိအားလက်သီးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အန်လင်း ခန္ဓာကိုယ်နှင့် တွေ့ဆုံမိသည်နှင့် သူ့လက်သီးများပေါ်မှ အဖြူရောင် အလင်းများ ပေါက်ကွဲ ထွက်လာသည်။

ပေါက်ကွဲအားသည် ကျောက်တုံးကြီးများကိုပင် သေးငယ်သည့် အပိုင်းများ အဖြစ်သို့ ရောက်ရှိသွားစေသည်။

တိုက်ပွဲ၏ အပြင်ဘက်တွင် ထိုသို့ တိုက်ခိုက်ခံရပါက အန်လင်းက ချက်ချင်း ဆိုသလို သေဆုံးသွားမည်ဟု သူက ယုံကြည်ထားသည်။

အခု အခါတွင်တော့ သူတို့က ရွှေရောင် အကာအကွယ် ရှိနေပြီး ထိုအရာ၏ အကာအကွယ်ကြောင့် အန်လင်းက ကျိုးကျေရုံသာ ဖြစ်လောက် ပေလိမ့်မည်။

မင်းကို ရက်ရက်စက်စက် ဆက်ဆံလို့ ငါ့ကို အပြစ်မတင်ပါနဲ့ကွာ... မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ် ဆိုရင်တော့ အားနည်းနေတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်ပေါ့...  ဝေ့ကျိက သရော်လိုက်သည်။

ဝေ့ကျိ၏ လက်သီးနှင့် ရင်ဆိုင်ရသဖြင့် အန်လင်းသည်လည်း လက်သီးချက်ဖြင့် တုံ့ပြန်လိုက်သည်။

တောင်ခွင်းလက်သီး...

သူ့လက်သီးမှနေ သုံးမီတာမျှရှိသည့် ရွှေရောင် လက်သီးတစ်လုံး ထွက်ပေါ်လာသည်။ သူ့နဖူးပေါ်ရှိ ရွှေကြာပန်းသည် လည်ပတ်လာပြီး ကမ္ဘာမြေ စွမ်းအင်များသည် ရွှေလက်သီးထံသို့ မသိမသာ စီးဆင်းသွားပြီး အရည်အသွေး အနည်းငယ် မြင့်တက်သွားသည်။

အန်လင်း၏ အင်မော်တယ် မန္တန်ကို မြင်လိုက်သည့် အခါတွင် ဝေ့ကျိ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သို့ပေမဲ့လည်း သူ့လက်သီးသည် အန်လင်း၏ ရွှေလက်သီးနှင့် တစ်ချိန်တည်းမှုပင် ပစ်သွင်းလိုက်ခြင်း ဖြစ်သည်။

ဒါက တတိယအဆင့်ပဲ ရှိတဲ့ အင်မော်တယ် မန္တန် တစ်ခုပါပဲကွာ... ငါ့လက်သီးကို ဘယ်လို ဖျက်ဆီးမလဲ ဆိုတာ ကြည့်ပါရစေဦး...

ဘုန်း...

လက်သီးချက်နှစ်ခုက တိုက်မိပြီး နောက်တွင် အဖြူရောင် အလင်းများက ကျယ်လောင်စွာ ပေါက်ကွဲ ထွက်လာသည်။ ပြင်းထန်သည့် ပေါက်ကွဲအားကြောင့် မြေပြင်၏ ဆယ်မီတာ ပတ်လည်သည် တုန်ခါ အက်ကွဲလာသည်။ ထို့အပြင် ပေါက်ကွဲမှု အလယ်ဗဟိုသည် ချိုင့်ဝင်သွားသည်။

သူ့လက်သီးသည် ရွှေလက်သီးအား ပြိုပျက်စေပြီး အန်လင်းကို အပြင်းအထန် ထိခိုက်စေမည်ဟု ဝေ့ကျိက ထင်ခဲ့မိသည်။

ပေါက်ကွဲပြီးသည့် နောက်တွင်တော့ ရွှေလက်သီးသည် အနည်းငယ်မျှသာ အားနည်းသွားပြီး သူ့လေကာကို ဖြတ်သန်းကာ ခန္ဓာကိုယ်ကို ဝင်ဆောင့်တော့သည်။

ဘုန်း...

သူ့ခန္ဓာကိုယ်သည် တောင်တစ်တောင်ဖြင့် ဝင်ဆောင့် မိသည်ဟု ခံစားလိုက်ရသည်။

အနှိုင်းအဆမဲ့ စွမ်းအားက ခန္ဓာကိုယ်ကို ဆုတ်ဖြဲနေပြီး အနောက်သို့ လွင့်ပျံသွားကာ သွေးအန် ထွက်လာသည်။ သူ့မျက်လုံးများက လည်နေပြီး မြေပြင်ပေါ်သို့ ပြန်ကျလာသည့်အခါ သတိလစ်မတတ်ပင်။

အန်လင်းက သူ့ရှေ့ရှိ မြင်ကွင်းကို အံ့အားတကြီး ကြည့်နေပြီး မတ်တတ် ရပ်လျက်နှင့်ပင် ပါးစပ်အဟောင်းသားဖြင့် ငေးမော နေမိသည်။

မြေပြင်က ချိုင့်ဝင်ကာ အက်ကွဲသွားသည်။ ဝေ့ကျိက သွေးအန်ပြီး ပြင်းထန်သည့် ဒဏ်ရာ ရသွားသည်။

လခွမ်း... ငါ့တောင်ခွင်း လက်သီးက အဲဒီလောက်တောင် ပြင်းထန်သွားပလား ဟ...

ဝေ့ကျိက စွမ်းအားရှိတဲ့ တာအိုခန္ဓာ အဆင့် ၉ ကျင့်ကြံသူ တစ်ယောက်လေ... အဲဒါတောင်မှ ငါက တစ်ချက်တည်းနဲ့ သူ့ကို လွှင့်ပစ် လိုက်နိုင်တယ်တဲ့လား...

စနစ်ကပြောတဲ့ ပြင်းအား နှစ်ဆ ဆိုတာထက် ပိုနေတာ မဟုတ်လားဟင်...

ဝေ့ကျိက တုန်ယင်စွာ မတ်တတ် ရပ်လိုက်ပြီး နှုတ်ခမ်းမှနေ သွေးများ စီးကျနေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ ထိခိုက်သွားပြီ ဖြစ်သည်။

သူ့မျက်နှာသည် ထိတ်လန့်မှု အပြည့်နှင့် ဖြစ်ပြီး အန်လင်းအား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

"ဒါ... ဒါက မဖြစ်နိုင်ဘူး... မင်း ကျောင်းဝင်တုန်းက တာအိုခန္ဓာ ဗလာအဆင့် မဟုတ်ဘူးလား..." ဝေ့ကျိ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေကာ အန်လင်းအား ကြည့်လိုက်သည်။

"အမ်... ဟုတ်တယ်လေ..." အန်လင်းက ရိုးသားစွာ ခေါင်းညိတ် လိုက်သည်။

"လအနည်းငယ်လောက် ကျင့်ကြံပြီးတော့ ငါက တာအိုခန္ဓာ အဆင့် ၈ ကို ရောက်သွားပြီ..."

ဝေ့ကျိက ထိုသို့ ကြားလိုက်ရသည့်အခါတွင် မယုံနိုင် လောက်အောင် ဖြစ်နေမိသည်။ သူ့ကို ကြည့်ရသည်မှာ ယင်ကောင် တစ်ကောင်ကို မျိုချထားသည်နှင့်ပင် တူနေသေးသည်။

"မဖြစ်နိုင်ဘူး... လအနည်းငယ်နဲ့ အဆင့် ၈ဆင့် မြင့်တက်လာတာ ဟုတ်လား... လာနောက်နေတယ်..."

"မင်းက သေချာပေါက် လျှို့ဝှက် နည်းလမ်းတွေ အသုံးပြုထားတာ... လူလိမ်ကောင်..."

"မင်းငါ့ကို တိုက်ခိုက်တုန်းက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အဆင့်မြင့် အဆောင်တွေ အသုံးပြုလိုက်တာပဲ ဖြစ်ရမယ်... လူလိမ်ကောင်..."

ဝေ့ကျိက ဒေါသူပုန်ထနေပြီ ဖြစ်သည်။ အန်လင်းအား ရှုံးနိမ့်သည် ဆိုသည့် အချက်ကို သူက လက်မခံနိုင်ပေ။

ယင်းသို့ ပြောသည်ကို ကြားလိုက်ရသည့် အခါ အန်လင်း မျက်နှာက မည်းမှောင်သွားသည်။ သူက သူတော်စင် မဟုတ်သဖြင့် အခြားတစ်ဦးက သူ့အား ထပ်ကာထပ်ကာ လူလိမ်ဟု ပြောနေခြင်းကို ပျော်ပျော်ရွှင်ရွှင်ဖြင့် နေနိုင်မည် မဟုတ်။

"ဟာ...." ဝေ့ကျိကာ အော်ဟစ်ပြီး အန်လင်းထံသို့ ပစ်ဝင်လိုက်ပြန်သည်။

သူက ပြင်းထန်စွာ ထိခိုက်ထားပြီး ဖြစ်သဖြင့် သူ့အမြန်နှုန်းက သိသိသာသာကို လျော့ကျသွားပြီ ဖြစ်သည်။

သူ့ထိုးနှက်ချက် များသည်တော့ အင်အား ပြင်းနေတုန်းပင်။ သူ့လက်သီးချက် ပစ်လွှတ်သည့်အခါတိုင်း လေများက ပြင်းထန်စွာ ဖောက်ခွဲထွက်လာသည်။

အန်လင်းက ဝေ့ကျိကဲ့သို့ အနီးကပ် တိုက်ခိုက်ရာတွင် ကျွမ်းကျင်မှု မရှိပါ။ ထို့ကြောင့် တိုက်ခိုက်နေစဉ် အတွင်း ဝေ့ကျိ၏ ထိုးနှက်မှုကို အကြိမ် အနည်းငယ် ခံလိုက်ရသည်။

အန်လင်းအား ထိုးနှက်သည့် အခါတိုင်း သံချပ်တစ်ချပ်ကို ထိုးနှက်ရသည်ဟု ခံစားရသဖြင့် ဝေ့ကျိ၏ လက်သီးများက အားနည်းကာ ထုံကျင်လာသည်။

အခြား တစ်ဖက်တွင်တော့ အန်လင်း၏ အမူအရာသည် ပြောင်းလဲခြင်း မရှိပါ။ သူက ခြေလှမ်း အနည်းငယ်သာလျှင် နောက်ဆုတ် လိုက်ရပြီး ဝေ့ကျိ၏ လက်သီးများသည် သူ့အား အနည်းငယ်မျှပင် သက်ရောက်မှု မရှိချေ။

ထိုသည်ကို မြင်သည့်အခါတွင် ဝေ့ကျိက အံ့အားသင့်သွားသည်။

ဒီကောင်ရဲ့ ခန္ဓာကိုယ်က ဘာသားနဲ့ ထုထားတာတုန်း... အရမ်းကို မာလွန်းနေတယ်... ငါ့လက်သီးတွေသာ ထုံလာတယ် ဒင်းကတော့ နည်းနည်း လေးတောင် မဖြုံဘူး...

"မင်းက သေချာပေါက် တခုခုကို ဖုံးကွယ်ထားတယ်... ပြောစမ်း မင်းဘာတွေ လုပ်ထားတာလဲ..."

ဝေ့ကျိ၏ မျက်လုံးများက အနီရောင်သို့ ပြောင်းလဲသွားပြီး ပိုလို့ ဒေါသတကြီး ဖြစ်လာသည်။ သူက ရိုက်ချက်တိုင်းတွင် စွမ်းအားအပြည့် ထည့်သွင်းလိုက်သည်။

ဝေ့ကျိ၏ အရိုင်း ဆန်လာသည့် ပုံရိပ်ကိုကြည့်ပြီး အန်လင်းက သက်ပြင်းချမိသည်။ ထို့နောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

တောင်ခွင်းလက်သီး...

လက်သီး၏ ရွှေရောင်အလင်းများက ဝေ့ကျိကို လွှမ်းခြုံသွားသည်။ ထိုလက်သီးသည် တောင်ကြီး တစ်လုံးနှင့်တူပြီး သူ့အား လဲကျသွားစေသည်။ မယုံကြည်နိုင်သည့် အကြည့်များက သူ့မျက်နှာတွင် ပေါ်လာသည်။

"အား..."

ဝေ့ကျိက နောက်ထပ်တစ်ဖန် ရွှေလက်သီးဖြင့် ထိုးခံရသဖြင့် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ လက်သီး၏ ပြင်းအားကြောင့် သူ့၏ ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြားမှာ ချက်ချင်းဆိုသလို အသက်ဝင် လာတော့သည်။

သူက နောက်တစ်ကြိမ် သွေးအန်လိုက်ပြီး မြေပေါ်တွင် လဲကျလျက် ရှိနေသည်။ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် သူ့ပတ်ပတ်လည်ရှိ ရွှေရောင် အကာအကွယ်ကို ကြည့်နေမိသည်။

"ရှုံးသွားတာလား... ငါက တကယ်ကြီး ရှုံးသွားတယ်ပေါ့..."

ဝေ့ကျိက သူအမြဲတမ်း အမှိုက်တစ်စဟု မှတ်ယူထားသည့် အန်လင်းအား အမှန်တကယ် အရှုံးပေးရမည်ဟု ဘယ်တုန်းကမျှ စိတ်မကူးခဲ့ဖူးပေ။

ရွှေရောင် အကာအကွယ်သာ မရှိခဲ့ဘူးဆိုလျှင် သူ့အသက်ကိုပင် ဆုံးရှုံးရနိုင်သည်ကို သူ့စိတ်ထဲတွင် သိနေသည်။

သို့သော်ငြား အန်လင်းအား ရှုံးနိမ့်ခဲ့ရသည့် အချက်ကို သူ လက်မခံနိုင်ပါ။

အန်လင်းက ဝေ့ကျိဘေးသို့ သွားလိုက်ပြီးနောက် ဝေ့ကျိ အဘယ်ကြောင့် သွေးရူးသွေးတန်း ဖြစ်နေရသလဲ ဆိုသည်ကို သူက နားလည် သွားသည်။ သူအထင်သေးမိသူ တစ်ဦးအား အရှုံးပေးရခြင်းသည် သူ့အား ပိုလို့ သွေးရူးသွေးတန်း ဖြစ်စေသည်...

"မင်းရဲ့ နှလုံးသားလေးကို နာကျင် စေမိတဲ့အတွက် စိတ်မကောင်းပါဘူး... ဒါပေမဲ့လည်း ငါမဖြစ်မနေ ပြောရမဲ့ အရာတစ်ခု ရှိနေသေးတယ်... လအနည်းငယ်လောက်ပဲ ကျင့်ကြံရသေးတဲ့ သူတစ်ယောက်ကို ရှုံးနိမ့်ရတာ..."

"ကျောင်းသား ဝေ့ကျိ... မင်းက မင်းဘဝရဲ့ ဆယ်နှစ်ကျော်ကာလကို တကယ်ကို ဖြုန်းတီးပစ်ခဲ့တာပါလား..."

ထိုသည်ကို ကြားလိုက်ရသည့် အခါတွင် ဝေကျိ၏ မျက်လုံးများသည် ပေါက်ကွဲတော့မတတ် ဖောင်းကားလာသည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်နှင့် သွေးစီးဆင်းမှုသည် ကပြောင်းကပြန် ဖြစ်လာပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။

ထို့နောက်တွင် မျက်လုံးများ ချာချာလည်ကာ သတိလစ် သွားတော့သည်။

***

All Chapters