ပြောင်းလွယ်ပြင်လွယ်
Vol. 91 Ch. 897
လူပျံတော်များသည် ဟဲယွန်လေစီးကြောင်း ဘယ်မှာရှိနေမှန်း သိထားကြသည့်တိုင် အလင်းတုန်ခါခြင်းတစ္ဆေကို ပြန်လည်တုံ့ပြန်နိုင်မယ့် နည်းလမ်းမရှိ၍ သူ့ကို မဖမ်းဆီးပဲ ဤအတိုင်း လွှတ်ပေးထားကြခြင်း ဖြစ်သည်။
စုချန်းကိုယ်တိုင်မှာလည်း သူ့နေထိုင်သည့်နေရာကို တစ်ခါမှ မပြောင်းခဲ့ဖူးသေးချေ။ ခီလစ်ဒါဘက်မှ စုချန်းကို ခြေရာခံနိုင်စွမ်း မရှိတော့သည့်တိုင် ထာဝရည၏သူလျှိုတွေများကတော့ စုချန်း၏ ဝပ်ကျင်းကို ရှာတွေ့ခဲ့ကြ၏။ ထို့ကြောင့်လည်း ထာဝရညက အခြေအနေတခုလုံးကို သူထိန်းချုပ်ထားနိုင်သေးသည်ဟု ယူဆခဲ့ခြင်းပင်။
သို့သော် ကျူးမျိုးနွယ်စု ရောက်လာပြီး လူပျံတော်များဘက်မှ ထောင်ချောက်ဆင်ရန် ပြင်ဆင်နေချိန်မှာပင် စုချန်း ရုတ်တရက် ပျောက်ကွယ်သွား၏။
သူ အချိန်အတော်ကြာ နေထိုင်ခဲ့သည့်အခန်းထဲမှ ခြေရာလက်ရာပင် မကျန်ခဲ့ပဲ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် လူပျံတော်ထိပ်သီးပုဂ္ဂိုလ်များ အကြီးအကျယ် ဒေါသထွက်ကုန်ကြ၏။
မည်သည့်အတွက်ကြောင့် သူ ဤအတိုင်း ထွက်သွားရလေသနည်း။
ခီလစ်ဒါ လိုက်လံဖမ်းဆီးနေသည့်အချိန် (သို့မဟုတ်) ဖားကြီး ကောင်းကင်မြို့တော်ကို တိုက်ခိုက်နေသည့်အချိန်မှာပင် သူထွက်ပြေးရန်ကြိုးစားခဲ့ခြင်းမရှိပေ။ ယခုကဲ့သို့ အေးဆေးဆေးဖြစ်နေသည့် အချိန်မျိုးကျမှ စုချန်း ရုတ်တရက် ပျောက်ကွယ်သွား၏။ ၎င်းမှာ မည်သည့် အဓိပ္ပာယ်ပေနည်း။
စုချန်း၏ ရည်ရွယ်ချက် မည်သို့ပင် ဖြစ်နေစေကာမူ ဤတကြိမ်တွင် ထာဝရည အကြီးအကျယ် အကြပ်ရိုက်သွားတော့သည်။
ပထမတွင် ဟဲယွန်လေစီးကြောင်းသည် ကျူမျိုးနွယ်စုနှင့် သေချာပေါက် ခိုင်မာသော ဆက်ဆံရေးရှိရမည်၊ ထို့ကြောင့် သူတို့ဘက်မှသာ ကျူးမျိုးနွယ်စုကို ဖမ်းမိလိုက်လျင် ဟဲယွန်လေစီးကြောင်း၏ လည်မြိုကို တက်နင်းထားနိုင်ပေလိမ့်မည်ဟု ထာဝရညက ယူဆထား၏။
အကယ်၍ ဤနည်းနှင့် စူးချန်ကို လက်နက်ချအဖမ်းခံသည်အထိ အကြပ်မကိုင်နိုင်လျင်ပင် အပေးအယူတခုခုတော့ လုပ်နိုင်လာမည် ဖြစ်သည်။ တနည်းအားဖြင့် ဤသည်မှာ စုချန်းကို ဖိအားပေးပြီး အခြေအနေတခုကို ဖန်တီးနိုင်ရန် ထာဝရညအတွက် အခွင့်အရေးတခု ဖြစ်လာပေလိမ့်မည်။
အကယ်၍ ဟဲဟွန်လေစီးကြောင်းသာ ကျူးမျိုးနွယ်စုကို အလွန်အလေးထားပါက ထာဝရညအနေနှင့် မြင့်မားသော တန်ကြေးတခုကိုပင် တောင်းဆိုသွားနိုင်မည် ဖြစ်သည်။ အကယ်၍ သူ ကျူးမျိုးနွယ်စုကို အလေးမထားလျင်လည်း ပြသနာမရှိချေ။ ထာဝရညအနေနှင့် ကျူးမျိုးနွယ်စုကို ဖိအားပေးကာ ဟဲယွန်လေစီးကြောင်း၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် အားနည်းချက်များကို ညှစ်ထုတ်နိုင်သေး၏။
ထို့ကြောင့် ကျူးမျိုးနွယ်စု ရောက်ရှိလာခြင်းသည် ထာဝရညအတွက် ရွေးချယ်စရာအများအပြားကို ပေါ်ပေါက်လာစေသည်ဟု ဆိုနိင်သည်။
သို့သော် ကျူးမျိုးနွယ်စုများ ရောက်လာချိန်တွင် စုချန်း ဤသို့ ရုတ်တရက်ပျောက်သွားလိမ့်မည်ဟူသသောအချက်ကိုတော့ ထာဝရည လုံးဝထည့်သွင်းတွက်ချက်ထားခြင်းမရှိချေ။
အကယ်၍ စုချန်းနှင့် မည်သို့မှ အဆက်အသွယ် မရခဲ့လျင် သူ ဘာလုပ်ရတော့မည်နည်း။
ဤအတိုင်းဆိုလျင် အရာအားလုံး ကမောက်ကမဖြစ်ကုန်တော့မည်သဘောကို ဆောင်နေခဲ့လေပြီ။
အကယ်၍ အစီအစဥ်တခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့လျင် ကျူးမျိုးနွယ်စုဝင်တိုင်းကို အပြတ်ရှင်းပစ်ရန် ထာဝရညအနေနှင့် အမိန့်ပေးနိုင်၏။ သို့သော် လက်ရှိအချိန်ထိ စုချန်းနှင့် အဆက်အသွယ်ရရန် ခက်ခဲနေပြီဟူသော အချက်မှလွဲ၍ သူတို့အစီအစဥ်က အလုံးစုံ ပျက်စီးသွားသေးသည် မဟုတ်။ စုချန်း ဤသတင်းကို မည်သို့တုံ့ပြန်မည်နည်းဟူသော မေးခွန်း၏ အဖြေကို သူ မသိနိုင်သေးချေ။ ထို့ကြောင့် ကျူးမျိုးနွယ်ဝင်များအား ဤအချိန်တွင် ရှင်းပစ်ရန် မသင့်သေးဟု ထာဝရညက တွေးမိလိုက်၏။
“အနီးအနား ပတ်ဝန်းကျင်အားလုံးကို မင်းတို့ စစ်ဆေးပြီးပြီလား”
ခေါင်းတချက်ခါရင်း ထာဝရညက မေးလိုက်၏။
“စစ်ဆေးပြီးပါပြီ အရှင်မင်းကြီး သူ အမြဲတမ်းလိုလို အဲဒီနေရာမှာပဲ ရှိခဲ့ပေမဲ့ မီးလျံသခင်ကြီးရဲ့သားကို ခေါ်သွားပြီးနောက်ပိုင်း သူ ပြန်မလာတော့ဘူး”
စုချန်းကို စောင့်ကြည့်ရန် တာဝန်ယူထားသည့် အရာရှိက အထက်ပါအတိုင်း အစီရင်ခံလိုက်၏။
"မီးလျံသခင်ရဲ့သား…”
ထာဝရည တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူက ခီလစ်ဒါကို လှည့်မေးလိုက်သည်။
“မီးလျံသခင်ရဲ့သားနဲ့ ဟဲယွန်လေစီးကြောင်း ပျောက်သွားတာ ဆက်စပ်နေမယ်လို့ မင်းထင်သလား”
ခီလစ်ဒါ ထိုမေးခွန်းကို စဥ်းစဉ်းစားစားနှင့် ပြန်ဖြေလိုက်သည်။
“သူ့ကို လူပျံတော်တွေ စောင့်ကြည့်နေမှန်း သိပြီးတာတောင် ဒီကောင် အဲဒီမှာ ဆက်နေရဲတယ်ဆိုတာ သူ တတ်ထားတဲ့ အလင်းတုန်ခါခြင်းတစ္ဆေဆိုတဲ့ နည်းစနစ်ကြောင့်ပဲ အရှင်မင်းကြီး သူ့ရဲ့ ဒီနည်းစနစ်က သွေးကိုယ်ပွားတွေကို သုံးပြီး အသက်သွင်းရတယ်ဆိုတာကို သူ ပြောပြလို့ ကျုပ်သိထားတယ် ဒါကြောင့် ဒီနည်းစနစ်ကို သူကလွဲပြီး တခြားဘယ်သူမှ မသုံးနိုင်ဘူး သူ့ရဲ့ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကတော့ တခြားလူတွေကို အတူ ခေါ်သွားနိုင်ပေမဲ့ အကွာအဝေးက ပေတစ်ထောင်လောက်ပဲ ခုန်နိုင်တာ ဒီလောက်နဲ့ သူ လွတ်အောင်ထွက်ပြေးနိုင်မှာ မဟုတ်ဘူး ဒီကောင့်အနေနဲ့ မီးလျံသခင်ကြီးရဲ့သားကို ကယ်ချင်တယ်ဆိုရင် အလင်းတုန်ခါခြင်းတစ္ဆေနဲ့တော့ ကယ်လို့မရဘူး တခြားနည်းလမ်းတခုကို ဒီကောင် သုံးရမှာပဲ ဒါကြောင့် အဲဒီကောင်လေးနဲ့အတူ ဒီကောင် တနေရာရာမှာ ပုန်းအောင်းနေတာဖြစ်ပါလိမ့်မယ်"
သို့တိုင်အောင် ထာဝရည၏မျက်နှာမှာကား မကြည်မသာဖြစ်လျက်ရှိနေဆဲပင်။
“အဲဒါက အဓိပ္ပာယ်ရှိတယ် ဒါပေမဲ့ ကျုပ်တို့ သူနဲ့ အဆက်အသွယ်မရနိုင်ရင် အစီအစဥ်ကို အကောင်အထည်ဖော််ဖို့ဆိုတာ တော်တော်တော့ ခက်နေပြီ"
ခီလစ်ဒါက ပြန်ဖြေလိုက်ပြန်သည်။
“ဒီကောင် သေချာပေါက် မြို့ထဲမှာပဲ ရှိနေသေးတယ်လို့ ကျုပ်ကတော့ ယုံကြည်ထားတယ် ကြည့်ရသလောက် ဒီကောင် မီးလျံသခင်ရဲ့သားကို ဒီကနေ ဘယ်လိုခေါ်ထုတ်သွားရမလဲဆိုတာကို အကြံထုတ်နေတာပဲ ဖြစ်ရမယ် ပြန်စဥ်းစားကြည့်မယ်ဆိုရင် ဒါလဲ တမျိုးကောင်းတာပါပဲ ဒီလိုအချိန်မှာ ဒီကောင် အစစအရာရာ ဂရုစိုက်ပြီး အသံပေါင်းစုံကို နားစွင့်နေမှာပဲ ဒါကြောင့် ကျူးမျိုးနွယ်စုနဲ့ ပတ်သက်တဲ့သတင်းကို ဒီကောင့်ဆီ တိုက်ရိုက်ရောက်အောင် ပို့စရာမလိုပဲ တခြားနည်းတခုခုနဲ့ သူသိသွားအောင် လုပ်နိုင်မယ်လို့ ကျုပ်ကတော့ ထင်တယ်"
"မင်းဆိုလိုတာက…”
“လူသိရှင်ကြား ကြေညာလိုက်ဖို့ပါပဲ အရှင်မင်းကြီး”
ခီလစ်ဒါက သူ့အကြံကို ထုတ်ပြောလိုက်လေသည်။
မှန်ပေသည်။ ရှာမတွေ့လျင် လူသိရှင်ကြား ကြေညာလိုက်ရုံမှအပ တခြားနည်းလမ်းမရှိချေ။ အကယ်၍ ဟဲယွန်လေစီးကြောင်းသာ ကောင်းကင်မြို့တော်ထဲတွင် ရှိနေသေးလျင် ဤသတင်းက သူ့ဆီ မကြာခင်ရောက်သွားမည်မှာ သေချာနေ၏။
သို့သော် ထာဝရညကတော့ ခီလစ်ဒါ၏ အစီအစဥ်ကို သိပ်သဘောမကျလှချေ။ အကြောင်းမှာ ဟဲယွန်လေစီးကြောင်းလူသားဖြစ်ရမည်ဟူသည်မှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်နေသောကြောင့်ပင်။ တဖက်တွင်လည်း သူ ကျူးမျိုးနွယ်စုကို ဖမ်းဆီးခဲ့သည်ဟု ကြေငြာလိုက်လျင် ကောင်းကင်နိုင်ငံတော်ကို နိုင်ငံရေးမုန်တိုင်းတခုထဲ ဆွဲသွင်းလိုက်သည်နှင့် အတူတူသာ။
လူသားများနှင့် လူပျံတော်များဟူသည် တကြိမ်တခါမှ အဆင်ပြေခဲ့သည်ဟူ၍ မရှိပဲ နယ်နိမိတ်ပြသနာများ မကြာခနဆိုသလို ဖြစ်ပွားလေ့ရှိကြ၏။ လက်ရှိကာလမှာ ငြိမ်းချမ်းရေးကာလဖြစ်သလို လူပျံတော်များဖက်မှလည်း စစ်ကိုစတင်ရန် ရည်ရွယ်ချက်မရှိချေ။
အထူးသဖြင့် သူတို့သည် အဆိပ်တထောင်ဖားကြီးနှင့် မကြာသေးခင်ကမှ အသည်းအသန် တိုက်ခိုက်ခဲ့ရ၍ စစ်ပန်းနေ၏။ တိုက်ပွဲမှ အောင်မြင်မှုအများအပြား ရရှိခဲ့သည်ဆိုစေကာမူ သူတို့ စစ်ပန်းနေသည်မှာလည်း အမှန်တရားတခုပင်။
ထို့ကြောင့် အနည်းဆုံးတော့ ဤအချိန်တွင် ထာဝရညအနေနှင့် လူသားများနှင့် စစ်မက်ဖြစ်ပွားရန် စိတ်မဝင်စားသေးချေ။
ထို့ပြင် သူ ကျူးမျိုးနွယ်စုကို ဖမ်းဆီးခဲ့သည်ဟု လူသိရှင်ကြား ကြေညာခြင်းမှာ လူသားများ၏ လက်ထဲသို့ ဓားတချောင်း ထည့်ပေးလိုက်သည်နှင့် အတူတူသာ။ သို့သော် လက်ရှိအခြေအနေအရ ခီလစ်ဒါ ပြောသည့်နည်းလမ်းထက် ပိုကောင်းသည့်နည်းလမ်းကိုလည်း သူ စဉ်းစားမရဖြစ်နေ၏။
အထက်ပါအတိုင်း အတန်ကြာအောင်စဉ်းစားပြီးနောက် ထာဝရညက ပြောလိုက်၏။
“နည်းနည်းပိုပြီး သံတမန်ဆန်ဆန်လေး လုပ်ရအောင်ကွာ သူတို့ကို ဖမ်းခဲ့တယ်လို့ မပြောနဲ့ ဧည့်သည်တွေအနေနဲ့ ဖိတ်ကြားခဲ့တယ်လို့ပဲ ပြော ပြီးတော့ တခြားအနီးအနားတိုင်းပြည်က သံတမန်တချို့ကိုပါ အဆိပ်တထောင်ဖားကြီးအပေါ် ကျုပ်တို့ အောင်ပွဲခံနေတာကို ဂုဏ်ပြုဖို့ ဖိတ်ခေါ်လိုက် ပြီးရင် ကျုပ်တို့ သုံးရက်ကြာပွဲတော်တခု ကျင်းပကြမယ် ဒါ့အပြင် ကောင်းကင်မွှေးရနံံ့နန်းဆောင်ရဲ့ ဝန်ဆောင်မှုကိုလဲ နည်းနည်းမြှင့်ထားဖို့ ပြောလိုက်ပါ ဒါမှ ကျုပ်တို့ရဲ့ဧည့်သည်တွေ သံသယဝင်လာတာမျိုးကို ရှောင်ရှားနိုင်မယ်"
“အရှင်မင်းကြီးက တကယ့်ကို ဉာဏ်ပညာကြီးမားလှပါပေတယ်”
လက်အောက်ငယ်သားများအားလုံး ပြိုင်တူပင် ချီးကျူးလိုက်ကြသည်။
သို့သော် ထာဝရညကတော့ ဤအခြေအနေကို စိတ်တိုင်းမကျပဲ ဖြစ်နေ၏။ ပွဲတော်ကျင်းပမည်ဟု ကြေငြာလိုက်ခြင်းကြောင့် ရှုပ်ထွေးမှုတချို့ကို လျော့နည်းသွားစေမည်ဖြစ်သော်လည်း ကျူးမျိုးနွယ်စု ဖမ်းဆီးခံရသည့် သတင်းကိုလည်း တဖက်က ရေစုန်မျောသွားနိုင်စေ၏။ ဤသတင်းကို ဟဲယွန်လေစီးကြောင်း ကြားခဲ့လျင်ပင် ဘာပြသနာမှမရှိဟု ထင်သွားကောင်းထင်သွားနိုင်သည်။
ထို့နောက် သူက ထပ်ပြောလိုက်ပြန်ငည်။
“ဒီကိစ္စက ဒီအတိုင်းတော့ မဟုတ်သေးဘူးကွ ကျုပ်တို့အနေနဲ့ လူသားတွေ ကျုပ်တို့ကို တိုက်ခိုက်လာဖို့ အကြောင်းပြချက် ပြလို့မရလောက်အောင် သံတမန်ဆန်ဖို့ လိုသလို တဖက်မှာလဲ သူသာ မလာဘူးဆိုရင် ကျူးမျိုးနွယ်စု ပေးဆပ်မှုကြီးသွားလိမ့်မယ်ဆိုတာကို ဟဲယွန်လေစီးကြောင်း သိသွားမှရမယ်"
ထာဝရည၏ စကားကြောင့် ကောင်းကင်နိုင်ငံတော်၏ သံတမန်ရေးရာကိစ္စရပ်များဆောင်ရွက်ရန် ခန့်အပ်ခြင်းခံထားရသည့် သံတမန်အရာရှိ၏ စိတ်ထဲတွင် အိပ်မက်ဆိုးမက်သည့်နှယ် ခံစားလိုက်ရ၏။ နိုင်ငံရေးပြဿနာမဖြစ်စေပဲ ရန်သူအပေါ် ဖိအားကျရောက်စေမည့် စကားလုံးများကို သူ မည်သို့ဖော်ပြရမည်နည်း။ ထာဝရည၏ လိုအပ်ချက်နှစ်မျိုးမှာ အလုံးစုံ ဆန့်ကျင်ဘက်ဖြစ်နေ၏။ ထိုအခါ အနှီသံတမန်အရာရှိလည်း ခေါင်းခြောက်သွားပြီး အဖြေတခု ရလိုရငြား အသည်းအသန် စဥ်းစားနေလေသည်။
မူလအလင်းရောင်ရဲတိုက်၏ ကောင်းကင်မွှေးရနံ့နန်းဆောင်ထဲတွင် ဖြစ်သည်။
ကျူးရှန်းယောင်၏ လှပသောမျက်နှာမှာ အလိုမကျမှုကြောင့် စူပုတ်နေ၏။
"ရှင်တို့ ဒါက ဘာသဘောလဲ ဖိတ်တုန်းက ဖိတ်ပြီး အခုကျတော့ ကျွန်မတို့ကို အကျဉ်းသားတွေလို ဆက်ဆံနေတာလား”
သူမ၏ ရှေ့တွင် လူပျံတော်ဧကရီတစ်ပါး ထိုင်နေ၏။ အဆိုပါ လူပျံတော်ဧကရီမှာ အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိလှ၏။
ကျူရှန်းယောင်၏ စကားကြောင့် အနည်းငယ်မျှ ဒေါသထွက်ဟန်မရှိပဲ ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင်လူပျံတော်ဧကရီက နွေးထွေးစွာ ပြုံးလိုက်၏။
“သခင်မလေးကျူး ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ဘယ်လိုလုပ်ပြီး သခင်မလေးတို့က ကျွန်မတို့ရဲ့ အကျဉ်းသားတွေ ဖြစ်ရမှာလဲ ကျွန်မတို့အနေနဲ့ သခင်မလေးတို့အဖွဲ့ကို ကောင်းကင်မွှေးရနံ့နန်းဆောင်မှာ နောက်ထပ်ရက်နည်းနည်းလောက်နေစေချင်ရုံပါ ဒါမှ ကျွန်မတို့ကို သခင်မလေးတို့ကို အကြာကြီး ဧည့်ခံခွင့်ရမှာပေါ့”
“ဒါတွေမလိုပါဘူးရှင်”
ကျူlရှန်းယောင်က ပြန်ပြောလိုက်သည်။
"ကျွန်မတို့ ဒီကို အလုပ်ကိစ္စနဲ့လာတာ အချိန်ဖြုန်းဖို့ဆန္ဒမရှိဘူး ရှင့် စေတနာကိုတော့ ကျွန်မတန်ဖိုးထားပါတယ်”
ထိုအခါ နန်းဆောင်ပိုင်ရှင်က ပြောလိုက်ပြန်သည်။
“အားလုံးကို ဒီမှာပဲ ဆွေးနွေးလို့ရပါတယ်ရှင် ဒီကိစ္စကို ဆွေးနွေးဖို့ တာဝန်ယူထားတဲ့ပုဂ္ဂိုလ်ကလဲ လမ်းခုလတ်ရောက်နေပါပြီ နောက်ထပ် ရက်အနည်းငယ်လောက်ပဲ စောင့်ပေးပါ”
ကျူးရှန်းယောင်က မျက်မှောင်ကုတ်သွား၏။
"ဒီပစ္စည်း (၁၂) မျိုးက အင်မတန် အရေးကြီးတဲ့ပစ္စည်းတွေရှင့် တကယ်တမ်းသာဆိုရင် ကျွန်မတို့ကောင်းကင်မြို့တော်ကို တန်းသွားပြီး အရေးကြီးပုဂ္ဂိုလ်တွေအားလုံးနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးသင့်တာပေါ့အခုကျတော့ ကျွန်မတို့က မူလအလင်းရောင်ရဲတိုက်ကနေ သူတို့အလာကို စောင့်နေရမှာတဲ့လား ဒီလိုသာဆိုရင် ရှင်တို့ဖက်က ကျွန်မတို့ကို ရိုးသားမှုမရှိဘူးဆိုပြီး မြင်သွားနိုင်တာပေါ့"
ကောင်းကင်မွှေးရနံ့နန်းဆောင်ပိုင်ရှင် ဧကရီက ပြောလိုက်ပြန်သည်။
“သခင်မလေးကျူး သခင်မလေးက တအား အလေးအနက်ထားပြီး စဥ်းစားနေတာကိုး တကယ်တမ်းမှာ ကျွန်မတို့ဖက်ကသာ သခင်မလေးတို့ကို ဖိတ်ခေါ်ခဲ့တယ်ဆိုတာ သခင်မလေး မေ့နေပြီထင်တယ် ဒါကြောင့် သခင်မလေးတို့ ကောင်းကင်မြို့တော် ကို မသွားတာကိုကျွန်မတို့က ဘယ်လိုလုပ် မရိုးမသားပြုတယ်လို့ ထင်နိုင်မှာလဲရှင် ဒါပေမဲ့ သခင်မလေးက ကောင်းကင်မွှေးရနံ့နန်းဆောင် မှာ မနေချင်ဘူးဆိုရင်တော့ ဒါ ကျွန်မတို့အတွက် အရှက်ရစရာပဲ ဘာလဲ ကျွန်မတို့က သခင်မလေးကို ဧည့်ခံဖို့ မထိုက်တန်ဘူးလား ဒါမှမဟုတ် ကောင်းကင်မြို့တော်မှာ သခင်မလေး တွေ့ချင်နေတဲ့ တယောက်ယောက်များ ရှိနေလို့လား”
တဖက်က စကားအစ်လိုက်သည့်တိုင် ကျူးရှန်းယောင်ကား ခပ်တည်တည်ပင်။ ထို့နောက် သူမက အောက်ပါအတိုင်း ပြန်ပြောလိုက်၏။
“ကောင်းပါပြီရှင် ကျွန်မတို့ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပါ့မယ် ရှင့်ဖက်က ဒီလောက်ပြောနေမှတော့ ကျွန်မ ထွက်သွားရင် အရမ်းရိုင်းရာကျသွားမှာပေါ့ မဟုတ်ဘူးလား"
သို့သော် ကျူးရှန်းယောင်က အောက်ပါအတိုင်း ဆက်မေးလိုက်ပြန်သည်။
“ကျွန်မတို့ ကောင်းကင်မြို့တော်ကို မသွားနိုင်ရင်တောင် ဒီရဲတိုက်ထဲမှာတော့ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရတယ်မလား”
“ဒါက…”
ကောင်းကင်မွှေးရနံ့နန်းဆောင်၏ ပိုင်ရှင်ဧကရီ အကြပ်ရိုက်သွား၏။
ထာဝရည၏ အမိန့်တွင် ကျူမျိုးနွယ်စုသံတမန်အဖွဲ့ကို ကောင်းကင်မွှေးရနံ့နန်းဆောင်ထဲတွင် အကျယ်ချုပ်ထားရန်သာဖြစ်ပြီး ဘယ်နေရာကိုမှ လျှောက်သွားခွင့်ပြုမထားချေ။
တဖက်တွင်လည်း သူက ကျူးမျိုးနွယ်စုဝင်များ ဒေါသမထွက်စေရန် မှာကြားထားပြန်၏။
ကြည့်နေရင်းနှင့်ပင် ကျူးရှန်းယောင်၏ မျက်နှာအမူအရာမှာ တစက္ကန့်ထက် တစက္ကန့် ပို၍ပို၍ ကြည့်ရဆိုးလာ၏။ ထိုအခါ သူမက ခေတ္တစဥ်းစားပြီး ပြောလိုက်လေသည်။
“မူလအလင်းရဲတိုက်မှာ မကြာသေးခင်ကမှ အစောင့်တွေပြောင်းလဲထားတာကြောင့် လုံခြုံရေးက အတော်တင်းကြပ်နေတယ် ဒါပေမဲ့ သခင်မလေးအနေနဲ့ ရဲတိုက်ရဲ့ အရှေ့ဘက်နယ်မြေကိုတော့ စိတ်ကြိုက်သွားလာနိုင်ပါတယ်”
“အရှေ့ဘက်နယ်မြေ ဟုတ်လား”
“ဟုတ်ပါတယ်ရှင် အရှေ့ဘက်နယ်မြေတခြမ်းလုံးကို ကောင်းကင်မွှေးရနံ့နန်းဆောင်က ပိုင်ပါတယ်”
ဘုရင်မင်းကြီးက သူတို့ကို ကောင်းကင်မွှေးရနံ့နန်းဆောင်ပြင် မထွက်ခိုင်းလျင် သူမအနေနှင့် ကောင်းကင်မွှေးရနံ့နန်းဆောင်ကို ချဲ့လိုက်ရုံသာ ရှိသည် မဟုတ်ပါလား။
ဒါသည်ပင်လျင် ပြောင်းလွယ်ပြင်လွယ်ရှိခြင်း၏ အဓိပ္ပာယ်ပေတည်း။