← Chapters

" ဒီလိုသေးငယ်တဲ့ ကိစ္စတွေနဲ့ ငါ့ စိတ်ကို မရူပ်စေနဲ့... "

Vol. 11 Ch. 151

" ဒီလိုသေးငယ်တဲ့ ကိစ္စတွေနဲ့ ငါ့ စိတ်ကို မရူပ်စေနဲ့... "

Vol. 11 Ch. 151

လော့မောင်ယွမ် ကုမ္ပဏီကို ပြန်ရောက်လာခဲ့သည်။

သူ တစ်ချိန်လုံး မျက်နှာပျက်နေပြီး ရုံးခန်းကို ပြန်ရောက်သည်နှင့် စားပွဲပေါ်က လက်ဖက်ရည်ခွက်ကိုယူကာ ကြမ်းပြင်ပေါ် ရိုက်ခွဲလိုက်သည်။

“ ခွမ်း….”

လက်အောက်ငယ်သားများအားလုံးက တိတ်ဆိတ်နေကြပြီး အသက်ရှူသံပင် မထွက်ရဲဘဲ ခေါင်းငုံ့နေကြသည်။

ဒီသတင်းက ရီရှန်းအုပ်စုထဲမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူအများအပြားဟာ လေလံရှုံးနိမ့်သွားတာကို သိကြပြီး အချို့လူများက တိတ်တဆိတ် ဆွေးနွေးနေကြသည်။

"ဟေး...ရန်ကောင်းအုပ်စုရဲ့ ရေနံစိမ်း တန် သန်း ၁၅,၀၀၀ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဂလိုဘဲလ်က ရသွားတယ် တဲ့... "

"ငါလည်းကြားတယ်... ဒါပေမဲ့ ငါတို့က ဂလိုဘဲလ်ကို ဘာလို့ရူံးသွားလည်း မသိဘူး …"

"ဒီကုမ္ပဏီကို ငါသိတယ်.. သူတို့ဆီမှာ သင်္ဘောတွေ အများကြီးနဲ့ အင်အားကောင်းတယ်.."

…

ရီရှန်းအုပ်စုက ဝန်ထမ်းအများအပြားက ထို ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ကံကောင်းစွာဖြင့် ဒီဆွေးနွေးမှု့ဟာ လောလောဆယ် လော့မောင်ယွမ်ရဲ့ နားထဲကို မရောက်သေးပေ။ မဟုတ်ရင်တော့ သူဟာ ပိုလို့တောင် ဒေါသထွက်လာနိုင်သည်။

လော့မောင်ယွမ် ဒါကို လက်မခံနိုင်ပေ။

သူဟာ ယန်တိုင်းပြည် ရဲ့ သင်္ဘောဘုရင်အဖြစ် လူသိများပြီး ကြီးမားတဲ့ ကုမ္ပဏီကိုလည်း ဦးဆောင်နေရတာ ဖြစ်သည်။ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ရှုံးနိမ့်မှု့မျိုး မရှိခဲ့ဖူးပေ။

"ဒီအတိုင်းတော့ ထားလို့မဖြစ်ဘူး …ဒီ….ဂလိုဘဲလ်… တန်ဖိုးပြန်ပေးဆပ်ရလိမ့်မယ်"

လက်အောက်ငယ်သားတစ်ယောက်က သတိကြီးစွာနဲ့ ပြောလိုက်သည်။

"သူဋေး..ငါတို့…ဒီလောက်အကြီးအကျယ် ရှုံးခဲ့တာကို ပြန်ကလဲ့စားချေရမယ်.ဂလိုဘဲလ်က စားထားတာတွေ ပြန်အန်ထွက်အောင် လုပ်ရမယ်..."

ဂလိုဘဲလ်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို ကြံစည်နေစဥ်မှာပဲ လော့မောင်ယွမ်ရဲ့ စားပွဲပေါ်က ဖုန်းမြည်လာခဲ့သည်။

"​သူဋေး...သူဋေးရဲ့ ညွှန်ကြားချက်အတိုင်း ဆွဲသင်္ဘောကို ဆက်သွယ်ထားပြီးပြီ.. ဒါပေမဲ့ ဈေးက မသက်သာဘူး..မီးလောင်ရာ လေပင့်တာမျိုး ခံရနိုင်တယ်လို့ သံသယရှိပါတယ်.."

လော့မောင်ယွမ် သူ့ နှာခေါင်းကိုညှစ်ပြီး လက်ခံလိုက်ရသည်။

"အင်း..ဈေးကြီးရင်လည်း... ဈေးကြီးပါစေ...ဆွဲခိုင်းလိုက်..."

သူ့ရဲ့ အန်တွန် သင်္ဘောဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ မျောနေပြီး စွမ်းအင်အားလုံး ဆုံးရှုံးသွားခဲ့ သည်။ပြုပြင်ဖို့အတွက် ဆွဲပြီးပြန်ယူရမှာ ဖြစ်လို့ ဘယ်လောက်ဈေးကြီးကြီး ဆွဲသင်္ဘောကတော့ လိုအပ်နေသည်။

"သူဋေးအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်.. ကျွန်တော်တို့ရဲ့ နယူးသင်္ဘောက ပန်ကာပေါ်မှာရှိတဲ့ ပိုက်တွေကို ရှင်းလို့ပြီးတော့ပါမယ်... နာရီအနည်းငယ်ကြာရင် ကျွန်တော်တို့သင်္ဘောဟာ ပြန်ပြီး ထွက်ခွာနိုင်တော့မယ်..."

ဒီသတင်းကို ကြားတော့ လော့မောင်ယွမ်ဟာ စိတ်သက်သာရာရသွားခဲ့သည်။

သူနဲ့ သူ့ရဲ့ လက်အောက်ငယ်သားအချို့ဟာ ဂလိုဘဲလ်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဆက်ပြီး ပူးပေါင်းကြံစည်လိုက်ကြသည်။

...

လျူယောင် ရုံးခန်းကို ပြန်ရောက်ပြီး ရီရှန်းအူပ်စုရဲ့ အချက်အလက်တွေကို ကြည့်နေတုန်း ဟူဂျွနိးရှီ ပျော်ရွှင်စွာနဲ့ တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။

"အကိုယောင် ကျွန်တော် ခုနက အပြင်ထွက်သွားတာ...အကို ပြန်ရောက်ပြီလို့ ကြားတာနဲ့ ချက်ချင်း ပြန်လာခဲ့တာ..."

လျူယောင် ပျော်ရွှင်တဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်သည်။

"ငါသိပါတယ် မင်းလာတာကို...နောက်ဆုံးမှာရေနံစိမ်းစည် သန်း ၁၅၀ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ငါတို့ အနိုင်ရခဲ့တယ်..."

လျူယောင် ဒီကိစ္စကို ပြောပြလိုက်တဲ့အခါ ပျော်ရွှင်မှု့တွေ တိုးပွားလာခဲ့သည်။

"ဒီသယ်ယူပို့ဆောင်ရေး လုပ်ငန်းနဲ့ဆိုရင်.... ငါတို့ အလုပ်မရှိမှာကို စိုးရိမ်စရာ မလိုတော့ဘူး..."

ဟူဂျွန်းရှီ ပြောလိုက်သည်။

"အကိုယောင်...ကျွန်တော်တို့က ရေနံစိမ်း သယ်ယူပို့ဆောင်ရေး ဈေးကွက်ထဲကိုအင်တိုက်အားတိုက် ဝင်နေတာဆိုတော့ သင်္ဘောကြီးတွေ အများကြီး ထပ်ဝယ်ရမယ်လို့ ထင်ပါတယ်..."

လျုယောင် ဂုဏ်ယူစွာနဲ့ လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

"ဒီကိစ္စကို မစ္စတာကျိုးနဲ့ ဆွေးနွေးနိုင်တယ်...သင်္ဘောတွေ အနည်းငယ် ထပ်ဝယ်တာကို ငါ ဘာမှ ကန့်ကွက်စရာမရှိပါဘူး"

လျူယောင် ဆက်ပြောလိုက်သည်။

"'သင်္ဘောဝယ်တာလို သေးငယ်တဲ့ကိစ္စတွေနဲ့ ငါ့ကို စိတ်မရှုပ်စေနဲ့တဲ့…”

"ဘယ်လောက် ဂုဏ်ယူစရာကောင်းသလဲ...ဒါ...ငါ့ကို ယုံကြည် စိတ်ချလို့ပဲ "

ဟူဂျွန်းရှီ ပီတိ ဖြာနေခဲ့သည်။

ယန်တိုင်းပြည် တစ်ခုလုံးမှာ ဂုဏ်ယူစရာကောင်းတဲ့ သူဋေးတွေ သိပ်မရှိပေ။

တန် တစ်သိန်း သင်္ဘောလိုမျိုး သင်္ဘောကြီးတစ်စင်းဟာ အနည်းဆုံး တန်ဖိုး ၃၀,၀၀၀ ကနေ ၅၀,၀၀၀ ကြားရှိသည်။ တခြား သင်္ဘောကုမ္ပဏီတွေအတွက်တော့ သင်္ဘောတစ်စင်း ဝယ်တာဟာ အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်နိုင်သည်။

ဒါပေမဲ့ လျူယောင်ကတော့

"ဒီလိုသေးငယ်တဲ့ကိစ္စတွေနဲ့ ငါ့ကို စိတ်မရှုပ်စေနဲ့ " လို့ ပြောခဲ့သည်။

...

ရန်ကောင်းရေနံအုပ်စု…

ရီရှန်းအုပ်စုက တင်းတင်းကျပ်ကျပ် နှုတ်ပိတ်ထားပေမဲ့ ကမ္ဘာမှာ လျှို့ဝှက်ချက်မရှိဘူးဆိုတဲ့အတိုင်း ရန်ကောင်းအုပ်စုက သိသွားခဲ့သည်။

"ဘာ...ရီရှန်းအုပ်စုရဲ့ သင်္ဘောကြီးသုံးစင်း ပင်လယ်ထဲမှာ ပျက်သွားတယ်...ဟုတ်လား..."

"ခေါင်းဆောင်...ဒီကိစ္စက တကယ်အမှန်ပါပဲ...ကျွန်တော်တို့ စစ်ဆေးပြီးပြီ...အဲဒီသင်္ဘောတွေထဲက တစ်စင်းက မာလာကာကို မရောက်သေးဘဲ အိန္ဒိယသမုဒ္ဒရာထဲမှာ ရှိနေသေးတယ်...."

"တကယ်ကြီးလား...."

ဒုတိယဥက္ကဋ္ဌဟာ အချိန်အတော်ကြာ စဉ်းစားနေပြီးမှ မေးလိုက်သည်။

"ငါတို့က ဥအကုန်လုံးကို ခြင်းတောင်းတစ်ခုတည်းမှာ ထည့်ထားလို့ မရဘူး။ အခုလက်ရှိ ရီရှန်းအဖွဲ့က သယ်ယူပို့ဆောင်ရေးမှာ ငါတို့ရဲ့ရေနံစိမ်း ဘယ်လောက်ရာခိုင်နှုန်း ရှိနေပြီလဲ"

လက်အောက်ငယ်သားက ရှင်းပြလိုက်သည်။

"ခေါင်းဆောင်..အရင်က ၈၀% လောက်ရှိပြီး ကျွန်တော်တို့အတွက် အရေးအကြီးဆုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်...ဂလိုဘဲလ်ကုမ္ပဏီ ပါဝင်လာပြီးနောက် ရီရှန်းအဖွဲ့ ရဲ့ ရာခိုင်နှုန်းက နည်းနည်းကျသွားပြီး အခု လက်ရှိ ၇၀% အောက်ရောက်နေပါတယ်..."

ဒုတိယဥက္ကဋ္ဌက မဆိုင်းမတွဘဲ အမိန့်ပေးလိုက်သည်။

"ဂလိုဘဲလ်ကုမ္ပဏီကို လုပ်ငန်းပိုပေးလိုက်...ရီရှန်း ကို ၅၀% အောက် လျှော့ချရမယ်... အသေးစိတ်အတွက်တော့ ဂလိုဘဲလ် နဲ့ စကားပြောပြီး ရီရှန်းအုပ်စုကိုလည်း အကြောင်းကြားလိုက်"

"ကောင်းပါပြီ… ဒီကိစ္စတွေကို …ကျွန်တော် ကိုယ်တိုင် …ကိုင်တွယ်ပါ့မယ်…"

လက်ထောက်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

တစ်ခါတစ်ရံ ကောင်းတဲ့အရာတွေဟာ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတတ်သည်။

ဂလိုဘဲလ်ကုမ္ပဏီက စည်ပေါင်း သန်း ၁၅၀ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို အနိုင်ရပြီး သိပ်မကြာခင်မှာပဲ မြို့တော်ကနေ ကျိုးယန်ဆီက ဖုန်းခေါ်လာခဲ့သည်။

ဒီအချိန်မှာ ဟူဂျွန်းရှီဟာ မပြန်သေးဘဲ ရုံးခန်းထဲမှာ ရှိနေသေးကာ လျူယောင်နဲ့ နှစ်ယောက်သား ကုမ္ပဏီကိစ္စတွေအကြောင်း စကားပြောနေကြသည်။

"သူဋေး.. သတင်းကောင်းတစ်ခု.. ရှိပါတယ်…

" ကျိုးယန်ရဲ့ အသံက ပျော်ရွှင်မှု့တွေနဲ့ ပြည့်နှက်နေသည်။

လျူယောင် မေးလိုက်သည်။

"ရန်ကောင်းအုပ်စုနဲ့ တရားဝင်စာချုပ် ချုပ်ဆိုလိုက်ပြီလား...."

ကျိုးယန်ကမြို့တော်မှာပဲ နေခဲ့ပြီး လျူယောင် နဲ့အတူ ပြန်မလိုက်ခဲ့ပေ။သူက ကုမ္ပဏီကိုယ်စား ရန်ကောင်းအုပ်စုနဲ့ တရားဝင်စာချုပ် ချုပ်ဆိုဖို့ နေခဲ့တာပဲ ဖြစ်သည်။

" ချုပ်ပြီးပါပြီ သူဋေး...ကျွန်တော် ပြောမှာက နောက်ကိစ္စတစ်ခုပါ ...ခဗျ.... "

"ဪ..."

ပထမတော့ သူဟာ စာချုပ်ကို မြန်မြန်ဆန်ဆန် ချုပ်ဆိုလိုက်ပြီလို့ ထင်ခဲ့ပေမဲ့ မဟုတ်ပေ။

"နောက်ထပ်ကိစ္စတစ်ခု ..ဖြစ်နေတာလား "

လျူယောင် ရုတ်တရက် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

"ပြောပါဦး...ဘယ်လိုမျိုး သတင်းကောင်းလဲ"

"သူဋေး ရန်ကောင်းအုပ်စု၏ မစ္စတာကွမ်းက ခုနကပဲ ဖုန်းခေါ်တယ်....မနက်ဖြန် မနက်ပိုင်း သူ့ရုံးခန်းကို လာခဲ့ပါတဲ့...ကျွန်တော်တို့အတွက် ရေနံစိမ်းစည် သန်း ၃၀ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှိတယ်လို့ ...ပြောပါတယ်......."

ကျိုးယန် ပျော်ရွှင်စွာ ပြောလိုက်သည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်း ရဖို့အတွက် အချိန်အများကြီးယူကာ တောင်းဆိုခဲ့ရသည်။ ဒီတစ်ခါတော့ သူတို့ဘက်က လာရှာခဲ့သည်။

"ဒါဟာ သတင်းကောင်းပဲ...မင်း.. မနက်ဖြန် သွားပြီး...ကောင်းကောင်းပြောဆိုလိုက်... ရလဒ်တွေ...ဘယ်လိုရှိလဲဆိုတာကို ငါ့ကို အသိပေး..."

"ကောင်းပါပြီ....သူဋေး..."

"ဒါဟာ သတင်းကောင်းပဲ...ရေနံစိမ်းစည် သန်း ၃၀ သယ်ယူပို့ဆောင်ရေး လုပ်ငန်းက အသေးစားမဟုတ်ဘူး... တန် ၁၀၀,၀၀၀ ရှိတဲ့ သင်္ဘောကြီးတစ်စင်းတောင် အသွားအပြန် ဒါဇင်ပေါင်းများစွာ သယ်ယူပို့ဆောင်ရမှာ ဖြစ်တယ်" လို့ လျူယောင် တွေးနေခဲ့သည်။

ဟူဂျွန်းရှီ တစ်ချိန်လုံး နားစွင့်နေခဲ့သည်။

လျူယောင် ပြုံးပြီး ဖုန်းချလိုက်တာကို မြင်တော့ သူ မေးမြန်းလိုက်သည်။

"အကိုယောင်..ကျိုးယန် ဖုန်းခေါ်တာ ဘာသတင်းကောင်း မို့လို့ အရမ်းပျော်နေတာလဲ.."

လျူယောင် ရေနံစည် သန်း သုံးဆယ် ကိစ္စအား အသေးစိတ်ပြန်ရှင်းပြလိုက်သည်။

ချက်ချင်းဆိုသလို ဟူဂျွန်းရှီက တခြားသူတွေထက် ပိုပျော်နေခဲ့သည်။

"ကောင်းလိုက်တာ...အကိုယောင်... ဒါက... တကယ့်ကို ပျော်စရာသတင်းပဲ....ဒီလိုဆိုရင်...ကျွန်တော်တို့ ​...နောက်ထပ်..သင်္ဘောကြီးအနည်းငယ် ထပ်ဝယ်ရမှာ သေချာတယ်...."

ဟူဂျွန်းရှီ အသံကျယ်ကျယ်နဲ့ အော် ပြောလိုက်သည်။

All Chapters