" ဆိုးသွမ်းတဲ့ မျောက်တိုင်းပြည်က ငါးဖမ်းသမားများ..."
Vol. 11 Ch. 152
အမည်မသိကျွန်းပေါ်တွင်…
လိပ်ကြီးက အိပ်ရာနိုးနေပြီ ဖြစ်သည်။မနက်ကနေ နေ့လယ်အထိ နာရီအတော်ကြာအောင် အိပ်ပျော်နေခဲ့သည်။
ကိုယ်ကိုဆန့်ရင်း လိပ်ကြီး ကျေနပ်စွာ တွေးမိသည်။
“တကယ့်ကို.. သက်သောင့်သက်သာရှိတာပဲ... ဒါပေမဲ့ ငါ..နည်းနည်းတော့ ဗိုက်ဆာပြီ...”
သဲသောင်ပြင်နားက ဖျံအုပ်စုကို ကြည့်ပြီး တံတွေးများ ကျလုနီးပါး ဖြစ်သွားသည်။ ဒီကောင်တွေက အရမ်းကို အရသာရှိပြီး ဒီနေ့တော့ ငါ့ ပါးစပ်အရသာ ခံစားရတော့မည်။
ရုတ်တရက် လိပ်ကြီး တက်ကြွလာခဲ့သည်။
သူက အင်မတန်မြန်သည့်အရှိန်နှင့် ထွက်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း သဲသောင်ပြင်ဆီ ရောက်လာခဲ့သည်။ ဖျံများ တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ အကြီးဆုံး ဖျံထီးတစ်ကောင်ကို တစ်ကိုက်တည်း ကိုက်လိုက်သည်။
"ကြွပ်... ကြွပ်....”
"အင်း...တကယ်ကို အရသာရှိတာပဲ..."
လိပ်ကြီး..ဖျံနှစ်ကောင်ကို စားပြီးနောက် ဖျံအများစုက ပင်လယ်ထဲကို ပြေးဝင်သွားကြသည်။
"အမငီး..ကြောက်စရာကြီး..ပြေးကြဟေ့....ပြေးနိုင်မှ...လွတ်မယ်..."
ဖျံများက ထိုသို အော်ပြီး အမြန်ဆုံး အရှိန်နှင့် ပြေးသွားကြသည်။
လိပ်ကြီး ရေထဲ ဆင်းလိုက်ပြီး ရေထဲရောက်တာနဲ့ ဒါက လိပ်ကြီးရဲ့ ကမ္ဘာ ဖြစ်သွားပြီလေ။အင်မတန်ကောင်းတဲ့ အမြင်အာရုံနှင့် အာရုံခံနိုင်စွမ်းများကြောင့် ဖျံများ ဘယ်မှာမှ ပုန်းလို့မရတော့ပေ။
" နှစ်ကောင်..."
" လေးကောင်..."
" ခုနှစ်ကောင်..."
မကြာခင်မှာပဲ ဖျံကြီး ၇ကောင် ၈ ကောင် ဆက်တိုက် လိပ်ကြီး ဖမ်းစားလိုက်သည်။
"ဝိူး အရသာ တကယ်ကောင်းတာပဲ...ငါကြိုက်တယ်..."
လိပ်ကြီးကတော့ ကျေနပ်နေခဲ့သည်။
သူ အဲ့ဒီဖျံများကို ဆက်ပြီးမလိုက်တော့ပေ။ကျန်တဲ့ အကောင်များက နည်းနည်းသေးနေတာမို့ စားလို့မကောင်းဘူးလို့ လိပ်ကြီး ခံစားမိသည်။
ပြေးနေတဲ့ ဖျံများကို လျစ်လျူရှုပြီး ပင်လယ်အနက်ပိုင်းဆီ လိပ်ကြီး ရေကူးသွားခဲ့သည်။ ဗိုက်ပြည့်အောင် ငါးကြီးများ ထပ်မံ ဖမ်းစားခဲ့သည်။
ဗိုက်ပြည့်ပြီဆိုတော့ အလုပ်လုပ်ဖို့အချိန်ရောက်ပြီလေ။
လိပ်ကြီး လုပ်ရမည့်အလုပ်ကို မမေ့ပေ။ အဲဒီသင်္ဘောပေါ်က ငါးဖမ်းပိုက်များကို သန့်ရှင်းပြီးလောက်ပြီလို့ ခန့်မှန်းကာ ထိုသင်္ဘောကို ထပ်ရပ်တန့်အောင် လုပ်ရမည်။
လိပ်ကြီး ဟိုဟိုဒီဒီ ရေကူးရင်း မကြာခင်မှာပဲ ငါးဖမ်းပိုက်ဟောင်းအချို့ကို ရှာတွေ့ခဲ့သည်။လိပ်ကြီး ငါးဖမ်းပိုက်အရှည်အချို့ကို ဆွဲပြီး ရီရှန်းအုပ်စုရဲ့ "ကျန်းနယူး "သင်္ဘောဆီကို ရေကူးသွားခဲ့သည်။
"ပင်ပန်းလိုက်တာကွာ" အချိန်အကြာကြီး လုပ်ပြီးနောက် "ကျန်းနယူး"သင်္ဘောရဲ့ ငါးဖမ်းပိုက်များကို နောက်ဆုံးမှာတော့ သင်္ဘောသားများ ရှင်းလင်းပြီးသွားပြီပဲ ဖြစ်သည်။
ငါးဖမ်းပိုက်များ သန့်ရှင်းရေးလုပ်သည့် သင်္ဘောသားများ တစ်ယောက်ပြီးတစ်ယောက် ကုန်းပတ်ပေါ်သို တက်လာခဲ့ကြသည်။
"ကပ္ပတိန်ကို အစီရင်ခံပါတယ်...ငါးဖမ်းပိုက်အားလုံး ရှင်းပြီးပါပြီ..."
ကပ္ပတိန် သက်ပြင်းရှည်ကြီးချပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။
"ဟူး...ဒီငါးဖမ်းပိုက်တွေ...နောက်ဆုံးတော့ ရှင်းပြီးသွားပြီ...အခုမှပဲ သင်္ဘောကို ထွက်ခွာနိုင်တော့မယ်...."
ကပ္ပတိန်အမိန့်ပေးလိုက်သည်။
"အင်ဂျင်ကို စက်နှိုးလိုက်... ငါတို့ ထွက်ခွာတော့မယ်..."
မကြာခင်မှာပဲ သင်္ဘောအင်ဂျင်က အလုပ်လုပ် လာခဲ့သည်။
သင်္ဘောကြီးမှာ ဖြည်းဖြည်းချင်း ရွေ့လျားလာပြီး အရှိန်တဖြည်းဖြည်း တိုးလာခဲ့သည်။ မိနစ်အနည်းငယ်ကြာတော့ ပုံမှန်အရှိန်ကို ရောက်လာပြီး ပင်လယ်ထဲ ဆက်လက်ခုတ်မောင်းသွားသည်။
မီတာ ထောင်ချီအကွာမှာရှိနေတဲ့ လိပ်ကြီးက ထိုအဖြစ်အပျက်ကို တိတ်တိတ်လေး စောင့်ကြည့်နေသည်။
သင်္ဘောထွက်သွားပြီးနောက် လိပ်ကြီး နောက်တစ်ခါ တိတ်တိတ်လေး ကူးခတ်လာပြီး အဲဒီငါးဖမ်းပိုက်အနည်းငယ်ကို ရေအောက်က သင်္ဘောပန်ကာဆီသို့ တွန်းထည့်လိုက်သည်။
ရေစုပ်အားရဲ့ လုပ်ဆောင်မှု့အောက်မှာ ငါးဖမ်းပိုက်များ စုပ်ယူခံလိုက်ရသည်။ မကြာခင်မှာပဲ လည်နေတဲ့ ပန်ကာနှင့် ပတ်မိသွားပြီး ပိုပိုပြီးတော့ တင်းကျပ်လာခဲ့သည်။
နောက်ဆုံးတော့ ပန်ကာဟာ လုံးဝ မလှည့်နိုင်တော့ပဲ ရပ်တန့် သွားရသည်။
ကပ္ပတိန် အရင်ဆုံး အော်ဟစ်လိုက်သည်။
" ဘာဖြစ်ပြန်ပြီလဲ... သင်္ဘောက....ဘာလို့ရပ်သွား...ပြန်တာလဲ.....အမြန်..စစ်ဆေးကြစမ်း..."
သင်္ဘောဟာ ရေမိုင်တစ်မိုင်..နှစ်မိုင်လောက်ပဲ ခုတ်မောင်းရသေးတာကို ရပ်တန့်သွားသည်။ အခြေအနေက လွန်ခဲ့သည့် နှစ်ရက်ကအတိုင်းပဲ ဖြစ်နေပုံရသည်။
"ဒါက ..."
လူအများအပြား၏ စိတ်ထဲမှာ မကောင်းတဲ့ အကြံများ ပေါ်လာခဲ့ကာ တွေးလိုက်မိသည်။
"နောက်တစ်ခါ ထပ်ပြီး အပတ်ခံရတာများလား..."
ဒါပေမဲ့ ဖြစ်နိုင်ခြေ သိပ်မရှိလောက်ပေ။
လွန်ခဲ့သည့် နှစ်ရက်ကမှ ငါးဖမ်းပိုက် အပတ်ခံရပြီး အခုမှ သင်္ဘောက ထွက်တာကို နောက်တစ်ခါ ထပ်ပတ်မိတယ်ဆိုတာက စူပါဂျက်ပေါ့ ဆုရတာထက်တောင် ဖြစ်နိုင်ခြေ နည်းသေးသည်။
"ဘာဖြစ်နေလဲဆိုတာ...အမြန်ဆုံး စစ်ဆေးကြစမ်း..."
ကပ္ပတိန်မှာ အရမ်းစိတ်ပူနေပြီး သူ့လက်အောက်ငယ်သားများကို အလျင်အမြန် စစ်ဆေးခိုင်းလိုက့သည်။ မကြာခင်မှာပဲ ရလဒ်က သေးထွက်လုနီးပါး ဖြစ်ခဲ့သည်။
စစ်ဆေးပြီး ပြန်လာတဲ့ သင်္ဘောသားတစ်ယောက်က ပြောလိုက်သည်။
"ကပ္ပတိန်...ကျွန်တော်တို့ ပန်ကာက နောက်တစ်ခါ ထပ်ပတ်မိနေပြီထင်တယ်..." လို့ လာပြောခဲ့သည်။
"ဘုရားရေ...ငါတို့...ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ..."
"ဒါက နိုင်ငံတကာရေလမ်းကြောင်းဖြစ်ပြီး ဘာလို့ ငါးဖမ်းပိုက်များနဲ့ ပြည့်နေရတာလဲ.... နှစ်ရက်ဆက်တိုက် ငါးဖမ်းပိုက် အပတ်ခံရတာ... ဒီဆိုးသွမ်းတဲ့ မျောက်တိုင်းပြည်က ငါးဖမ်းသမားများလား... "
ကပ္ပတိန်ဟာ အနီးအနားနိုင်ငံက ငါးဖမ်းသမားများဆီ တိုက်ရိုက်ပုံချလိုက်သည်။ဒီလူတွေ စွန့်ပစ်ထားသည့်ပိုက်များကြောင့် ပန်ကာမှာ လာပတ်မိတယ်လို့ သူ ယူဆခဲ့သည်။
သူ ရွေးချယ်စရာမရှိတော့ဘဲ အောက်ဆီဂျင်ဘူးများနှင့် ကိရိယာများပေးပြီး သင်္ဘောပန်ကာပေါ်က ငါးဖမ်းပိုက်များကို ရှင်းလင်းဖို့ လူများကို ထပ်လွှတ်လိုက်သည်။ ဒီတစ်ခါလည်း နှစ်ရက်၊ သုံးရက်လောက် ထပ်ကြာဦးမည်လို့ ခန့်မှန်းရသည်။
.........
ရီရှန်းအုပ်စုတွင်…
လော့မောင်ယွမ် လက်အောက်ငယ်သားများရှေ့မှာပဲ ဒေါသများ ထွက်နေခဲ့သည်။
ရန်ကောင်းအုပ်စုက ဖုန်းခေါ်ပြီး ရေနံစိမ်းစည် သန်း ၃၀ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ပေးဖို့ အစတုန်းက ရည်ရွယ်ခဲ့ကြောင်း တရားဝင်အကြောင်းကြားခဲ့သည်။ ဒါပေမဲ့ ဥများကို ခြင်းတောင်းတစ်ခုတည်းမှာ ထည့်မထားဖို့အတွက် ရေနံစိမ်းစည် သန်း ၃၀ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဂလိုဘဲလ် ကို ပေးလိုက်ပြီ လို့ အကြောင်း ကြားခဲ့သည်။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."
"ဂလိုဘလ်လိ ##နောက်တစ်ခါ...ထပ်လာပြန်ပြီ......"
လော့မောင်ယွမ်၏မျက်နှာက မဲမှောင်ပြီး အေးစက်နေသည်။ ရန်ကောင်းအုပ်စု၏ ရေနံစိမ်း သယ်ယူပို့ဆောင်ရေးမှာ ရီရှန်းရဲ့ သယ်ဆောင်ခွင့် ရာခိုင်နှုန်းက လျော့ကျသွားပြီး ဂလိုဘဲလ်ရဲ့ရာခိုင်နှုန်းကတော့ ပိုပြီးတိုးလာတော့မည်ကို သူသိနေသည်။
လော့မောင်ယွမ် ကုလားထိုင်ပေါ် ထိုင်ပြီး ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
" ဒေါက်..ဒေါက်...ဒေါက်..."
ခဏအကြာမှာပဲ သူ့လက်ထောက်က တံခါးကို ခေါက်ပြီး သတိကြီးစွာနှင့် ဝင်လာခဲ့သည်။
လော့မောင်ယွမ် ဒေါသထွက်နေတယ်ဆိုတာ သူသိသည်။ ဒါပေမဲ့ ကိစ္စကို အမြန်ဆုံး အစီရင်ခံရမှာပဲ ဖြစ်သည်။
"သူဋေး...."
သူ ညင်သာစွာ ခေါ်လိုက်ပြီး ဝင်လာတာနဲ့ ချက်ချင်း အစီရင်ခံတာမျိုး မလုပ်ခဲ့ပေ။
လော့မောင်ယွမ် စိတ်မရှည်သည့် လေသံနဲ့ ပြောလိုက်သည်။
"ပြောစရာရှိတာ ပြော..."
"သူဋေး....ဒီလိုပါခင်ဗျ...ကျွန်တော်တို့ရဲ့ ကျန်းနယူး သင်္ဘောက ငါးဖမ်းပိုက်များ ရှင်းပြီးသားမို့ ပြန်ထွက်လာခဲ့တယ်...ဒါပေမဲ့ ရေမိုင်တစ်မိုင်...နှစ်မိုင်လောက် မောင်းရသေးတဲ့ အချိန်မှာပဲ....ငါးဖမ်းပိုက်များနဲ့ ထပ်ပတ်မိနေပြန်တယ်လို့ သိရပါတယ်....ဒီ...ငါးဖမ်းပိုက်တွေကို...ရှင်းဖို့ နောက်ထပ်...နှစ်ရက်....သုံးရက်လောက် ထပ်ကြာအုံးမယ်...တဲ့....."
"ဘာ...."
လော့မောင်ယွမ်၏ မျက်နှာက ထိတ်လန့်တကြားနှင့် ဖြူဖျော့သွားခဲ့သည်။
ကျမ်းနယူးသင်္ဘောဟာ ရေနံစိမ်းစည် ၁ သန်းကျော်ကို သယ်ယူပိုဆောင်နေတာ ဖြစ်သည်။ ရန်ကောင်းအုပ်စုက ရေနံစိမ်းကို စောင့်နေသည်။ဟဲကျင်းယို ကတောင် ဒီသင်္ဘောကို အလေးထားဖို့ ဖုန်းအကြိမ်ကြိမ် ခေါ်ခဲ့ပြီး ဟွာဟိုင်းဆိပ်ကမ်း ကို အချိန်မှီ ရောက်ဖို့ အမိန့်ပေးထားခဲ့သည်။
"နောက်ထပ် နှစ်ရက်.... သုံးရက်လောက်... ထပ်ကြာဦးမှာလား...."
ဒီလိုဆိုရင်တော့ သတ်မှတ်ထားသည့်အတိုင်း ဟွာဟိုင်းဆိပ်ကမ်းကို အချိန်မှီ ရောက်နိုင်တော့မှာ မဟုတ်ပေ။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."
လော့မောင်ယွမ်ရဲ့ စိတ်ထဲမှာ "ဒါ ဂလိုဘဲလ်ကုမ္ပဏီ ရဲ့... လက်ချက်များလား..." ဆိုတဲ့ အတွေးတစ်ခု ပေါ်လာခဲ့သည်။
ဒီအတွေးကို စိတ်ထဲမှာ ထားပြီး သူ မေးလိုက်သည်။
"ပြောစမ်းပါဦး...ဒီကိစ္စတွေကို....ဂလိုဘဲလ် ကုမ္ပဏီက... လုပ်တာများလား ....မင်းဘယ်လိုထင်လဲ......"
"ဖြစ်နိုင်ဖွယ်မရှိပါဘူး...သူဋေး...သူတို့မှာ ဒီလိုနည်းလမ်းမျိုး ရှိတယ်ဆိုရင် အရမ်းကြောက်စရာကောင်းလိမ့်မယ်.... ဒါက တိုက်ဆိုင်မှု ဖြစ်ပါလိမ့်မယ်...ကျွန်တော်တို့ သင်္ဘောက ဒေသခံ ငါးဖမ်းသမားများ စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့တာ ဖြစ်လိမ့်မယ်"
လက်ထောက်က ပြန်ဖြေခဲ့သည်။
"ငါလဲ...ဒီလိုဖြစ်ဖို့... မျှော်လင့်တယ်.."
အင့်အားမရှိတော့သလို လော့မောင်ယွမ် ခံစားလိုက်ရသည်။