" အပူဟပ်ခံထားရတဲ့ အာလူးတစ်လုံးလိုပဲ "
Vol. 11 Ch. 153
ညနေငါးနာရီခွဲခန့်တွင် လျူယောင်အသစ်စက်စက် "စူပါ" ကားကို မောင်းပြီး ကျောင်းတံခါးဝသို့ ရောက်လာသည်။ စူပါကားကို ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားများ သွားလာမှု့ကို မနှောင့်ယှက်စေရန် မနီးမဝေးတွင် ရပ်ထားခဲ့သည်။
လက်ကောက်ဝတ်ရှိ နာရီကိုကြည့်လိုက်သောအခါ သူ့ချစ်သူ မကြာမီ အပြင်သို့ထွက်လာတော့မည်ကို လျူယောင် ခန့်မှန်းမိသည်။သူတို့နှစ်ဦး ယနေ့ညတွင် ညစာအတူ စားရန် ချိန်းဆိုထားကြသည်။
“ဝိုး..ဘယ်သူ့ကားလဲဟ..."
”စူပါကားကြီးပါလား...ငါ့ရဲ့အိပ်မက်တွေ..."
“လာ....ငါ့ကို ဓာတ်ပုံရိုက်ပေးပါဦး....”
ကျောင်းဆင်းချိန်ဖြစ်နေ၍ ကျောင်းတံခါးဝတွင် အလွန်ပင်စည်ကားနေသည်။ စူပါကားက လူအများရဲ့ အာရုံကို ချက်ချင်းပင် ဖမ်းစားခဲ့သည်။ အချို့ဆိုလျှင် ကားရှေ့တွင် ဟန်ပန်မျိုးစုံနှင့် ဓာတ်ပုံရိုက်နေကြသည်။
လျူယောင် ထို မြင်ကွင်းကို မြင်သောအခါ အနည်းငယ်သာ ပြုံးလိုက်ပြီး တားဆီးရန်မရည်ရွယ်ပေ။ အကယ်၍ အုပ်စုဖွဲ့ဓာတ်ပုံရိုက်လိုပါက ရိုက်ကြစေ ၎င်းတို့စိတ်ကြိုက် ရိုက်ခွင့်ပေးခဲ့သည်။
စူပါကားကို ဂလိုဘဲလ် အမည်ဖြင့် ဝယ်ယူခဲ့ပြီး ယနေ့တွင် ပထမဆုံးမောင်းခြင်း ဖြစ်သည်။စူပါကားမှာ လူအများရဲ့ အာရုံစိုက်မှု ဖြစ်လာခဲ့ပြီး မကြာမှီပင် လူများစွာ စုရုံးရောက်ရှိလာခဲ့သည်။
အချို့ဆိုလျှင် မနာလိုစိတ်ဖြင့် ကြည့်နေကြကာ စိတ်ထဲမှ ရေရွတ်မိကြသည်။
"ဒီကားက ဘယ်သူ့ကားလဲ...ဒီလောက်လှတဲ့ကားမျိုး ငါသာပိုင်ဆိုင်ရရင်... မဟုတ်သေးဘူး၊ စီးရရင်တောင် ကျေနပ်နေမှာပဲ"
အထူးသဖြင့် မိမိကိုယ်ကို လှသည်ဟု ထင်မှတ်နေကြသော မိန်းကလေးအချို့မှာ ကားနားမှ ထွက်ခွာချင်စိတ်မရှိကြပေ။ သူတို့ရဲ့ ရည်ရွယ်ချက်မှာ ကားပိုင်ရှင် ပေါ်လာသည်နှင့် စကားစပြောရန်ဖြစ်သည်။ ဖုန်းနံပါတ်ပါ ရရှိခဲ့လျှင် ပိုကောင်းမည်ဟု သူ တွေးနေကြသည်။
ခဏအကြာတွင် အလုပ်များကို ပြီးစီး၍ နောက်ဆုံးအိမ်စာကို အမှတ်ပေးပြီးနောက် စားပွဲပေါ်ရှိ ပစ္စည်းများကို သပ်ရပ်စွာ စုစည်းကာ ပျော်ရွှင်သောမျက်နှာဖြင့် ဆရာမရုံးခန်းမှ လီချန်လဲ့ ထွက်လာခဲ့သည်။အောက်ထပ်သို့ရောက်သည်နှင့် သူမ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
"ဒီလူက… ဘာလို့ ..ထပ်ရောက်လာတာလဲ…" လီချန်လဲ့ စိတ်ထဲမှ တွေးလိုက်မိသည်။
အောက်ထပ်တွင်ရှိသော လူငယ်ဆရာတစ်ဦးက သူမအား စောင့်နေခဲ့သည်။ လီချန်လဲ့ အောက်ထပ်သို့ ဆင်းလာတာကို မြင်သောအခါ ပျော်ရွှင်သောမျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
“ဆရာမလီ....တိုက်ဆိုင်လိုက်တာဗျာ..."
တကယ်တော့ ရှင်းကျီ ဆယ်မိနစ်ကျော်ကြာ လီချန်လဲ့ကို စောင့်နေခဲ့ခြင်းဖြစ်သည်။သူသည် ယခုနှစ်မှပြောင်းရွှေ့လာသော ကိုယ်လက်လေ့ကျင့်ခန်းဆရာတစ်ဦးဖြစ်သည်။ မိမိကိုယ်ကို ရုပ်ရည်သန့်ရှင်းပြီး ခန့်ညားသည်ဟု ယူဆကာ မိသားစုအခြေအနေလည်း ကောင်းမွန်သဖြင့် လီချန်လဲ့ကို ရဲရဲဝံ့ဝံ့လိုက်ခဲ့သည်။
လီချန်လဲ့ရဲ့နောက်မှ လိုက်လာပြီးကြည်နူးဖွယ်မျက်နှာဖြင့် လှိုက်လှိုက်လှဲလှဲ ရှင်းကျီ မေးမြန်းလိုက်သည်။
“ဆရာမလီ...တစ်နေကုန်စာသင်ပြီးတော့ ပင်ပန်းနေမှာပဲနော်...”
“ဟုတ်ပါတယ်...နည်းနည်းတော့ ပင်ပန်းတယ်...” လီချန်လဲ့ အလိုက်အထိုက် ပြန်ပြောလိုက်သည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးက လုပ်ဖော်ကိုင်ဖက်များဖြစ်တာမို့ လီချန်လဲ့ က ပုံမှန်အတိုင်းပြောလိုက်တာပဲ ဖြစ်သည်။အေးတိအေးစက်မရှိသလို၊ နွေးထွေးမှုလည်းမပြဘဲ၊ ယဉ်ကျေးစွာဆက်ဆံခဲ့သည်။
“ဆရာမလီ... ကျွန်တော် ကောင်းမွန်တဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ကို သိတယ်...ကျွန်တော်တို့အတူတူကော်ဖီသွားသောက်ကြမလား...”
ရှင်းကျီရဲ့ရည်ရွယ်ချက်ကို လီချန်လဲ့မသိဘဲနေပါ့မလား။ သူမ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာရှင်း..မသောက်တော့ပါဘူး...."
ရှင်းကျီ အလွယ်တကူ လက်လျော့မည်မဟုတ်ပေ။
“ဆရာမလီ...အဲဒီကော်ဖီဆိုင်လေးက အရမ်းကောင်းပါတယ်။ ကျွန်တော့်မှာကားပါတယ်...ကျွန်တော့်ကားနဲ့ဆို ဆယ်မိနစ်လောက်ပဲ ကြာပါလိမ့်မယ်...."
လီချန်လဲ့ ပြန်ဖြေလိုက်သည်။
“ကျေးဇူးပါ...ကျွန်မရဲ့ချစ်သူက ကျောင်းတံခါးဝမှာ စောင့်နေတာမို့လို့...ကျွန်မသွားရတော့မယ်..."
ပြောပြီးနောက် သူမရဲ့ခြေလှမ်းများက သတိမထားမိဘဲ ပိုမြန်လာခဲ့ပြီး ရှင်းကျီနှင့် ဝေးရာသို့ အမြန်သွားရန် ကြိုးစားခဲ့သည်။မမျှော်လင့်ဘဲ ရှင်းကျီ၏ခြေလှမ်းများလည်း ပိုမိုမြန်လာကာ လီချန်လဲ့နှင့် ဘေးချင်းယှဉ်ကာ လိုက်လာခဲ့ပြီး လက်မလျော့သေးဘဲ မေးလိုက်သည်။
“ဆရာမလီ... ခင်ဗျားရဲ့ချစ်သူက ကားမပါလာဘူးဆိုရင် ကျွန်တော်လိုက်ပို့ပေးပါမယ်...”
လီချန်လဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှင်းကျီကသကြားညိုအတုံးတစ်တုံးနှင့်တူနေသည်ဟု သူမ ခံစားရပြီး ပို၍ပင် စိတ်ပျက်လာခဲ့သည်။လီချန်လဲ့သည် ခြေလှမ်းကျဲကျဲဖြင့် ပြေးသွားခဲ့ရာ ကျောင်းတံခါးဝတွင် လျူယောင်စောင့်ဆိုင်းနေတာကို တွေ့လိုက်ရသည်။ ထို့နောက် လျူယောင့်ထံသို့ ပြေးသွားပြီး ပျော်ရွှင်သောမျက်နှာဖြင့် အော်ခေါ်လိုက်သည်။
“အစ်ကိုယောင်”
လျူယောင် သူ့ချစ်သူရဲ့ လက်ကိုဆုပ်ကိုင်လိုက်သည်။ အကယ်၍ ကျောင်းတံခါးဝသာမဟုတ်ခဲ့လျှင် သူမအား ပွေ့ဖက်မိလိမ့်မည်။လျူယောင်ကိုမြင်သောအခါ ရှင်းကျီ မကျေနပ်စိတ်များ ဝင်လာခဲ့သည်။
“ဟွန့်...ငါ့ထက်နည်းနည်းလေးပဲ ပိုချောတာကို... မိသားစုအခြေအနေဘယ်လိုရှိလဲ...ငါမသိဘူး...ပိုက်ဆံရှိလို့လား...ဟွာဟိုင်းမြို့မှာ အိမ်တစ်လုံးလောက် ပိုင်ဆိုင်နိုင်ရဲ့လား..."
သူ့စိတ်ထဲတွင် မနာလိုစိတ်များဝင်ရောက်လာခဲ့သည်။ရှင်းကျီက လျူယောင်နှင့် လီချန်လဲ့ကို ဆက်ကြည့်နေပြီး ရုတ်တရက် အံ့အားသင့်ကာ တွေဝေသွားခဲ့သည်။ထိုနေရာတွင် ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။ရုတ်တရက် သူ့အားပြင်းထန်သော ထိုးနှက်ချက်ပေါင်းများစွာ ခံခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
တကယ်တော့ လီချန်လဲ့ရဲ့ ချစ်သူကအသစ်စက်စက်'စူပါ' ကို မောင်းလာမယ်လို့ မမျှော်လင့်ခဲ့ပေ။
“အိုး ဘုရားရေ...ဒီလောက်တောင် ချမ်းသာတာလား...ဒီစူပါကားက အနည်းဆုံး ယွမ်သုံးသန်းလောက်တန်လိမ့်မယ်...”
သူ မနာလိုစွာ တွေးလိုက်မိသည်။
သူ တွေဝေနေသောမျက်လုံးများဖြင့် ကြည့်နေစဉ်ပင် လျူယောင်နှင့် လီချန်လဲ့တို့က ကားထဲသို့ဝင်သွားကြပြီး စူပါကားမှာလည်း အရှိန်အဟုန်ဖြင့် မောင်းထွက်သွားခဲ့လေသည်။
လျူယောင် ကားမောင်းနေစဉ် မေးလိုက်သည်။
“အရင်ဆုံး ညစာစားဖို့ သွားရအောင်... အနောက်တိုင်းအစားအစာ စားချင်လား...”
“ဘာဖြစ်ဖြစ်ရပါတယ်... အစ်ကိုယောင်စီစဉ်သမျှ အားလုံးအဆင်ပြေတယ်..." လီချန်လဲ့ ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
လျူယောင် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ မောင်းလာခဲ့သည်။ သူတို့နှစ်ဦး ထိုင်လိုက်ပြီး ကာဗီယား၊ လျော့ရို၊ အမဲသားတုံး၊ ဖွာဂါ စသည့်ကောင်းမွန်သော အစားအစာများစွာကို မှာယူခဲ့ကြသည်။
ဝိုင်နီမှာလည်း ယွမ်နှစ်သောင်းကျော်တန်သည့် XO တစ်ပုလင်းဖြစ်သည်။ လီချန်လဲ့က တစ်နပ်လျှင် ယွမ်သုံးသောင်းမှ ငါးသောင်းတန် အစားအစာများကို စားနေကျဖြစ်၍ မစိမ်းတော့ပေ။
နှစ်ဦးသား စကားပြောရင်း ရယ်မောပျော်ရွှင်စွာဖြင့် ညစာစားခဲ့ကြသည်။ ခဏအကြာတွင် လျူယောင် သူ့ ဖုန်းထဲ Message ဝင်လာတာကို သတိထားမိ၍ ထုတ်ကြည့်လိုက်သည်။
ရုတ်တရက် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာများ ပေါ်လွင်လာခဲ့သည်။လီချန်လဲ့ သတိထားမိသွားပြီး မေးလိုက်သည်။
“အစ်ကိုယောင်...ဘာကောင်းတာတွေမို့လို့.. ဒီလောက်ပျော်နေတာလဲ… ”
“ကျိုးယန့်က စာချုပ်လက်မှတ်ထိုးပြီးပြီလေ...ကိုယ့်ကိုပြန်ပြီး စစ်ဆေးဖို့ ဓာတ်ပုံတွေပို့လိုက်တာကြောင့်ပါ...” လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။
ရေနံစိမ်းစည်ပေါင်း သန်းတစ်ရာငါးဆယ် ပို့ဆောင်ရေးအကြောင်းကို ကြားသောအခါ လီချန်လဲ့က သူမရဲ့ဖန်ခွက်ကို မြှောက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“အစ်ကိုယောင်...ဂုဏ်ပြုပါတယ်...”
သူတို့ရဲ့ ဖန်ခွက်နှစ်ခွက်ကို အသာအယာထိတွေ့လိုက်ကြသည်။
ကျိုးယန့် ပြန်ရောက်လာသောအခါ စာချုပ်နှင့်ပတ်သက်သော အချက်အလက်များကို လျူယောင့်ထံတင်ပြခဲ့ပြီး ရန်ကောင်း ရေနံအဖွဲ့ က ရေနံစိမ်းစည်ပေါင်း သန်းသုံးဆယ် ပို့ဆောင်ရေးလုပ်ငန်းကို ဂလိုဘဲလ်ဆီသို့ အပ်နှင်းတော့မည်ဖြစ်ကြောင်းလည်း အတည့်ပြုခဲ့သည်။
တစ်ခုတည်းသောအချက်မှာ ရေနံစိမ်းစည်ပေါင်း သန်းသုံးဆယ်ကို အရှေ့အလယ်ပိုင်းမှ မဟုတ်ဘဲ ဗင်နီဇွဲလားမှ တင်ပို့ခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိပတ်ဝန်းကျင်အရ ဗင်နီဇွဲလားမှာ M နိုင်ငံ၏ ပိတ်ဆို့မှုအောက်တွင်ရှိနေပြီး ရေနံတင်သွင်းခြင်းမှာ အန္တရာယ်ရှိတာကြောင့်ပဲဖြစ်သည်။
“သူဋေး...... ရန်ကောင်းရေနံအဖွဲ့ကို...ကျွန်တော်... အလျင်စလိုသဘောမတူခဲ့ပါဘူး... ကျွန်တော်တို့ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်....”
လျူယောင် တွေဝေသွားကာ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ...."
“ဒါက အပူဟပ်ခံရတဲ့ အာလူးတစ်လုံးလိုပါပဲ သူဋေး... M နိုင်ငံကလူတွေ စိတ်ဆိုးအောင်လုပ်မိရင် သင်္ဘောကို ဖမ်းဆီးနိုင်ပါတယ်... အရင်ကလည်း ဒီလိုမျိုးဖြစ်ခဲ့ဖူးပါတယ်...”
ကျိုးယန် ပြန်ဖြေလိုက်သည်။
လျူယောင် ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည် ။
“ရူးသွပ်တဲ့ကိစ္စကို ကြောက်တယ်ဆိုတာ...ငါ...မကြားချင်ဘူး...ငါတို့ ကမ္ဘာအနှံ့က ဒီအော်ဒါကို ရယူခဲ့တယ်.... ပြီးတော့ သင်္ဘောဆီသယ်သင်္ဘောနှစ်စင်းကို ဗင်နီဇွဲလားကို ရေနံစိမ်းစည်ပေါင်း သန်းသုံးဆယ် ပြန်သယ်ဖို့ ဆက်လုပ်လိုက်... ”
သူဋေး ဆုံးဖြတ်ချက်မပြင်တော့ဘူးဆိုတာ ကျို့ယန် ကောင်းစွာသိလိုက်သည်။
“ဟုတ်ကဲ့ပါ...ဒါဆိုရင် ကျွန်တော်ကုမ္ပဏီကိုယ်စား ရန်ကောင်းရေနံအဖွဲ့ကို ပြန်ဖြေလိုက်ပါ့မယ်... ကျွန်တော်တို့ ဒီအော်ဒါကိုလက်ခံပါမယ်” ကျိုးယန် ရိုသေစွာ ပြန်ဖြေလိုက်သည်။
.......
" ကျန်းနယူး "သင်္ဘောတွင်.....
နှစ်ရက်အပြည့်ကြာပြီးနောက် သင်္ဘောပန်ကာရှိ ငါးဖမ်းပိုက်များကို နောက်ဆုံးတွင် ရှင်းအောင်လုပ်ခဲ့ကြသည်။ ငါးဖမ်းပိုက်များကို သန့်ရှင်းရေးလုပ်ရန် တာဝန်ယူခဲ့သော သင်္ဘောသားများ ကုန်းပတ်ပေါ်သို့တက်လာခဲ့ကြသည်။
ခေါင်းဆောင်သင်္ဘောသားက နောက်ကျောရှိ အောက်ဆီဂျင်ဘူးကိုပင် ဖြုတ်ရန်အချိန်မရလိုက်ဘဲ သက်သာရာရတဲ့လေသံဖြင့် ပြောလိုက်သည်။
“ကပ္ပတိန်ကို အစီရင်ခံပါတယ်.... ငါးဖမ်းပိုက်တွေအားလုံး...သန့်ရှင်းပြီးပါပြီ.... ညွှန်ကြားချက်ပေးပါ....”