" အဓိပ္ပါယ် မရှိဘူး...."
Vol. 11 Ch. 154
ကျန်းနယူး၏သင်္ဘောကပ္ပတိန်က ပိုက်များရှင်းပြီးသော်လည်း မပျော်ရွှင်နိုင်ခဲ့ပေ။
""နောက်ထပ်ရှုပ်နေတဲ့… ငါးဖမ်းပိုက်များ ရှိသေးမလား ...."
သူ အတိအကျမသိနိုင်ပေ။ ခဏတွေးတောပြီးနောက်တွင် အမိန့်ပေးလိုက်သည်။
"မင်းတို့အားလုံးပင်ပန်းခဲ့ကြပြီ...ပါဝါစနစ်စတင်ပြီး ဆက်လက်ခရီးဆက်ကြရအောင်...."
မိနစ်အနည်းငယ်ကြာပြီးနောက် သင်္ဘောက ထပ်မံရွေ့လျားခဲ့သည်။
ဘယ်သူမှမသိသည်မှာ ပင်လယ်ရေအောက်တွင် ၁ ကီလိုမီတာ အကွာ၌ လိပ်ကြီးက သင်္ဘောကို စိုက်ကြည့်နေခဲ့ခြင်းပင်။ သင်္ဘောရွေ့လျားတာကို မြင်သောအခါ ငါးဖမ်းပိုက်ကို ဆက် မပတ်တော့ဘဲ လျူယောင်ကို ညွှန်ကြားချက်များတောင်းခံလိုက်သည်။
“သခင်ရေ....အဲဒီသင်္ဘောက ငါးဖမ်းပိုက်တွေကို ရှင်းလင်းပြီး ခရီးဆက်နေပါပြီ.... သူတို့အတွက် ငါးဖမ်းပိုက်တွေ ထပ်ရစ်ပေးရမလား...."
လျူယောင် ကျန်းနယူးသင်္ဘောကို ပြင်ပအမြင်ဖြင့် မြင်နေရသလို ပင်လယ်အောက်ရှိ လိပ်ကြီး ကို လည်း မြင်နေရသည်။
ခဏတာ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။
" အခုတော့သွားခွင့်ပြုလိုက်ပါ....မင်း..ပြန်လာနိုင်ပြီ...."
ငါးဖမ်းပိုက်များနှစ်ကြိမ်ရစ်ပတ်ခြင်းခံရ၍ သင်္ဘောက ထိုနေရာ၌ ငါးရက်ခြောက်ရက်ကြာအောင် နောက်ကျနေခဲ့သည်။ထိုကြောင့် ဟွာဟိုင်းမြို့သို့ အချိန်မှန်ရောက်ရှိရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
အကယ်၍ တတိယအကြိမ် ငါးဖမ်းပိုက်ရစ်ပတ်ခြင်း ခံရမည်ဆိုပါကထို သင်္ဘောပေါ်မှလူများ စိတ်ဓာတ်ကျသွားမှာဖြစ်ပြီးပြီး လော့မောင်ယွမ်လည်း အမျက်ဒေါသထွက်၍ ဖန်ခွက်ကို ထပ်ပေါက်ခွဲ လိမ့်မည်လို့ ခန့်မှန်းရသည်။
ထိုသင်္ဘောမှာ အတော်လေးကောင်းမွန်တာကြောင့် ရက်အနည်းငယ်သာ နောက်ကျခဲ့သည်။ ရိီရှန်းအဖွဲ့ပိုင် အခြားသင်္ဘောနှစ်စီးကမူ ထိုကဲ့သို့ ကံကောင်းခြင်းမရှိခဲ့ပေ။ ဆွဲယဥ်ဖြင့်လမ်းတစ်လျောက်လုံး ခက်ခက်ခဲခဲ ဆွဲရတော့မည်။
ကျိုးယန်နှင့် ဟူဂျွန်းရှီတို့ အတူတကွဆွေးနွေးခဲ့ကြသည်။
ကျိုးယန် ပြောလိုက်သည်။
“မစ္စတာဟူ...ကုမ္ပဏီကပိုပြီး မြန်မြန်ဆန်ဆန်တိုးတက်လာပြီ... ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အများကြီးရလာပြီ... သင်္ဘောကျင်းလည်း စတင်တော့မှာဖြစ်ပြီး... အခြားသင်္ဘောကျင်းနှစ်ခုက ဆီသယ်သင်္ဘောတွေလည်း တစ်စီးပြီးတစ်စီးရောက်လာတော့မယ်.....ကျွန်တော်တို့ တခြားပို့ဆောင်ရေးလုပ်ငန်းတွေထဲကို ဝင်သင့်လား....”
ဟူဂျွန်းရှီက ဝင်ပြောလိုက်သည်။
“ခင်ဗျားပြောတာကို ကျွန်တော်လည်း အကြာကြီးစဉ်းစားနေတာပါပဲ.... ဧရာမဆီသယ်သင်္ဘောတွေအပြင် တခြားသင်္ဘောအမျိုးအစားတွေလည်း ကျွန်တော်တို့လိုအပ်တယ်....”
နှစ်ဦးသား သဘောတူခဲ့ကြပြီး သင်္ဘောအချို့ထပ်မံဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။တန်ချိန် ငါးသောင်း အလေးချိန်ရှိသော ကားအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘော၊ တန်ချိန် ငါးသောင်း အလေးချိန်ရှိသော သစ်သားအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောနှင့် တန်ချိန် တစ်သိန်း အလေးချိန်ရှိသော သတ္တုရိုင်းအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောနှစ်စီးတို့ပဲ ဖြစ်သည်။
စုစုပေါင်း သင်္ဘောလေးစီးဖြစ်သည်။
သင်္ဘောလေးစီးထပ်မံဝယ်ယူရန် ဆွေးနွေးပြီးနောက် ကျိုးယန် ပြောလိုက်သည်။
“သွားရအောင်...သူဋေးကို သွားအစီရင်ခံပြီး သူ့အမြင်ကိုတောင်းခံရအောင်...”
“အစ်ကိုယောင်..အခုကုမ္ပဏီမှာမရှိဘူး.... ပြီးတော့ သူက သင်္ဘောဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုမနှောင့်ယှက်ပါနဲ့.... ကျွန်တော်တို့ဘာသာဆုံးဖြတ်ပါလို့ ပြောထားတယ်.....”
ကျိုးယန် ထိုစကားကိုကြားသောအခါ လျူယောင့်ကို အလွန်ပင်လေးစားမိသွားခဲ့သည်။
ဤမျှကြီးမားသောသင်္ဘောကို ဝယ်ယူရန်အတွက် အနည်းဆုံး ယွမ်သန်း ၁၀၀-၂၀၀ တန်သည် သို့မဟုတ် အများဆုံး ယွမ်သန်းရာပေါင်းများစွာ လိုသည်။ သို့သော်လည်း သူဋေးက ထိုသို့သောကိစ္စအသေးအမွှားအတွက် သူ့ကိုမနှောင့်ယှက်နဲ့လို့ ပြောခဲ့သည်။
သူဋေးက အံ့ဩစရာကောင်းလှသည်။
ကြီးမားသောရုံးခန်းထဲတွင် ဟွမ်ကွမ်းအလုပ် တွင်နစ်မြောနေခဲ့သည်။ ရုတ်တရက် ရုံးခန်းတစ်ခုလုံး ဆူညံသွားသလိုခံစားရသည်။ အချိန်ကိုကြည့်လိုက်သောအခါ သူ အံ့အားသင့်သွားခဲ့၏။
မသိလိုက်ဘဲနှင့် နေ့လယ်ဘက်ရောက်နေခဲ့ပြီဖြစ်သည်။
နေ့လယ် ၁၂:၀၀ နာရီတွင် အလုပ်ဆင်းပြီး နေ့လယ် ၁:၀၀ နာရီတွင် ပြန်လာခဲ့သည်။ ကြားတွင် နေ့လယ်စာစားဖို့ နားရန် တစ်နာရီရှိသည်။ ဟွမ်ကွမ်းက စားပွဲပေါ်ရှိပစ္စည်းများကို ရှင်းလင်းပြီး နေ့လယ်စာစားရန်ပြင်ဆင်လိုက့သည်။
“ဟာ...ကုမ္ပဏီက ဒီလောက်အထိ... လက်ဖွာတာပဲ...”
“စုစုပေါင်း တန်ချိန် သုံးသိန်းတန်တဲ့ ဧရာမသင်္ဘောလေးစီးကို ဝယ်လိုက်တာ...”
၎င်းက ကြီးမားသောကိစ္စပင်။ သို့သော်လည်း ဂလိုဘဲလ် တွင်တော့ မထူးဆန်းတော့ပေ။လွန်ခဲ့တဲ့ တစ်လအကြာက သူဋေးဟာ ယွမ်သုံးဘီလီယံကျော်တန်သော ဧရာမသင်္ဘောများစွာကို တစ်ကြိမ်တည်း ဝယ်ယူခဲ့သေးသည်။
သက်ကြီးဝန်ထမ်းများကမူ အကျင့်ဖြစ်နေသလိုပင် သို့သော် အလုပ်သမားအသစ်များကတော့ ထိုသို့မဖြစ်နိုင်ပေ။ ကုမ္ပဏီက သင်္ဘောဝယ်ဖို့အတွက် တစ်ဘီလီယံကျော်၊ နှစ်ဘီလီယံ၊ သုံးဘီလီယံလောက်အထိ သုံးနိုင်တာကို သူတို့က အံ့ဩနေခဲ့ကြသည်။
ဟွမ်ကွမ်းရဲ့စိတ်ထဲတွင် ဂုဏ်ယူဝံ့ကြွားမှုများ ဝင်လာခဲ့သည်။ သူမှန်သည်။
ဂလိုဘဲလ် သို့ ဝင်ရောက်ခြင်းသည် အရင်ကကုမ္ပဏီအငယ်စားထက် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများစွာရှိသည်။
ကျန်းရွှီက အလုပ်သမားအသစ်တစ်ဦးဖြစ်သည်။
သူက သာမန်အလုပ်သမားအသစ်များနှင့် ကွဲပြားသည်။ ပညာအရည်အချင်းမြင့်မားပြီး ပြည်ပမှပြန်လာသော ပါရဂူဘွဲ့ရတစ်ဦးဖြစ်သည်။
သူ ဂလိုဘဲလ်ကို ပထမဆုံးရောက်လာသော ပြည်ပပြန်ပါရဂူဘွဲ့ရတစ်ဦးလည်း ဖြစ်သည်။
ကျန်းရွှီ အလုပ်လုပ်နေသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး ယာယီအားဖြင့် ဟွမ်ကွမ်း၏လက်အောက်ခံဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ ကုမ္ပဏီက တစ်ကြိမ်တည်းတွင် ဧရာမသင်္ဘောများစွာကို ဝယ်ယူနိုင်လောက်အောင် ချမ်းသာပြီး အင်အားကြီးသည်ဟု သူစိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။
“ဆရာဟွမ်... ကုမ္ပဏီက ဒီလောက်ချမ်းသာပြီး အစွမ်းထက်တာ မယုံနိုင်စရာပါပဲဗျာ”
“ကြိုးစားထား... ဒီနေရာက ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအများကြီးရှိတယ်... အမြန်ဆုံး ကြီးကြပ်ရေးမှူးနဲ့ မန်နေဂျာဖြစ်အောင် ကြိုးစား....” ဟွမ်ကွမ်း ပြန်ပြောလိုက်သည်။
“ကျွန်တော်သိပါတယ်....ကျွန်တော်ကြိုးစားပါ့မယ်....”
ကျန်းရွှီပြန်ဖြေခဲ့သည်။
အခြားဝန်ထမ်းများက ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုအလားအလာများမှာ တောက်ပနေကြောင်းနှင့် လုပ်ငန်းနယ်ပယ်များ အမှန်ပင်တိုးချဲ့သွားမည်ကို သိကြသည်။ လူတိုင်းအတွက် အခွင့်အလမ်းများစွာရှိလာမည်ဖြစ်ပြီး လုပ်ရန်လိုအပ်သည်မှာ ကြိုးစားလုပ်ဆောင်ရန်သာဖြစ်သည်။
ကုမ္ပဏီက နောက်ထပ်ဧရာမသင်္ဘောလေးစီး ဝယ်ယူရန်စီစဉ်နေသည်မှာ ဆေးထိုးလိုက်သကဲ့သို့ပင်ဖြစ်ပြီး လူအများအပြားကို စိတ်ဓာတ်တက်ကြွစေကာ ဝန်ထမ်းများစွာကို အလုပ်ကြိုးစားချင်စိတ် ရှိရန် လှုံ့ဆော်ပေးခဲ့သည်။
......
ရီရှန်းအုပ်စုတွင်……
လော့မောင်ယွမ့် လက်အောက်ငယ်သားတစ်ဦး၏ အစီရင်ခံစာကို နားထောင်နေခဲ့သည်။
“သူဋေး...ရန်ကောင်းရေနံအဖွဲ့က ရေနံစိမ်းစည်ပေါင်း သန်းသုံးဆယ် ပို့ဆောင်ရေးလုပ်ငန်းကို ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီကို ပေးခဲ့ပြီးပါပြီ.... ကျွန်တော်တို့ရဲ့သတင်းအရဆိုရင် သူတို့ကြားမှာ တရားဝင်စာချုပ်တစ်ခုကို လက်မှတ်ထိုးပြီးပါပြီ....”
“ဟွန့်....”
လော့မောင်ယွမ် နှာခေါင်းကို အားပါးတရရှုံ့လိုက်ပြီး မျက်နှာတွင် မကျေနပ်သော အမူအရာပေါ်လာသည်။ ပထမတော့ အဆင်ပြေသော်လည်း တဖြည်းဖြည်းနှင့် တင်းမာလာသည်။
ဂလိုဘဲလ်ကုမ္ပဏီက ရေနံစိမ်းပို့ဆောင်ရေးလုပ်ငန်းကို ပိုမိုရရှိလာခြင်းသည် ရီရှန်းအဖွဲ့၏လုပ်ငန်းများ ကျဆင်းသွားခြင်းကို ဆိုလိုသည်။ ယင်းသည် လော့မောင်ယွမ်မမြင်ချင်ဆုံးအရာပင်။
ထိုလက်အောက်ငယ်သားက ဆက်လက်၍ ဂရုတစိုက်အစီရင်ခံခဲ့သည်။
“သူဋေး...ဂလိုဘဲလ်ကုမ္ပဏီက နောက်ထပ်ဧရာမသင်္ဘောတွေ ဝယ်နေပြန်ပါပြီ.... ဒီတစ်ကြိမ်မှာ တန်ချိန် တစ်သိန်း အလေးချိန်ရှိတဲ့ သတ္တုရိုင်းအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောနှစ်စီး....တန်ချိန် ငါးသောင်း အလေးချိန်ရှိတဲ့ သစ်သားအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးနဲ့ တန်ချိန် ငါးသောင်း အလေးချိန်ရှိတဲ့ ကားအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးတို့ ဖြစ်ပါတယ်....”
“အဓိပ္ပာယ်မရှိဘူး....”
ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့တွင် ရေနံစိမ်းပို့ဆောင်ရေးလုပ်ငန်းများအပြင် မော်တော်ကား၊ သတ္တုရိုင်း၊ သစ်သားနှင့် အခြားပို့ဆောင်ရေးလုပ်ငန်းများလည်းရှိသည်။
ဂလိုဘဲလ်ကုမ္ပဏီမှ ထိုသင်္ဘောများကို ဝယ်ယူခြင်းက လော့မောင်ယွမ်ကို သိသိသာသာ လှုံ့ဆော်ပေးခဲ့သည်။
လက်အောက်ငယ်သားရဲ့အစီရင်ခံစာကို နားထောင်ပြီးနောက် လော့မောင်ယွမ် ဖြည်းညှင်းစွာ မေးလိုက်သည်။
“ငါအမိန့်ပေးထားတဲ့ကိစ္စရော.... ဘယ်လိုဖြစ်နေပြီလဲ”
“သူဋေးရဲ့....ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ အဲ့ကိစ္စကို စီစဉ်နေခဲ့ပါတယ်....ပစ်မှတ်နှစ်ခုကို ရွေးထားပြီးပါပြီ......”
ပစ်မှတ်များထဲမှတစ်ခုမှာ ဂလိုဘဲလ်ကုမ္ပဏီပိုင် တန်ချိန် နှသ်သောင်းအလေးချိန်ရှိသော ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးသင်္ဘောဖြစ်ပြီး နောက်တစ်ခုမှာ တန်ချိန် သုံးသောင်းအလေးချိန်ရှိသော သံသတ္တုရိုင်းသယ်ယူပို့ဆောင်ရေးသင်္ဘောဖြစ်သည်။
“အဲဒီသင်္ဘောနှစ်စီးက အခုဘယ်ရောက်နေပြီလဲ” လော့မောင်ယွမ် မေးလိုက်သည်။
“တန်ချိန် နှစ်သောင်း အလေးချိန်ရှိတဲ့ ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးသင်္ဘောက မနက်ဖြန်ဆိပ်ကမ်းကနေ ထွက်ခွာပြီး ကျောက်မီးသွေးအပြည့်နဲ့ RB ကိုသွားပါလိမ့်မယ်.... တန်ချိန် သုံးသောင်း အလေးချိန်ရှိတဲ့ သံသတ္တုရိုင်းအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောကတော့ သြစတြေးလျကနေ ထွက်ခွာပြီး အပြန်လမ်းမှာရှိနေပါပြီ....”
“အဲဒီကျောက်မီးသွေးအစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောကိုပဲလုပ်... ဟုတ်ပြီ...အဲဒါကိုပဲလုပ်.... ဒီသင်္ဘောနဲ့ပဲ စတင်ကြတာပေါ့...”
လော့မောင်ယွမ် ကျေနပ်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါသူဋေး... ကျွန်တော်တို့ အစီအစဉ်တွေပြင်ဆင်ပြီး အခုချက်ချင်းစတင်လိုက်ပါ့မယ်.....”
လက်အောက်ငယ်သားထွက်သွားတာကို ကြည့်ပြီးနောက် လော့မောင်ယွမ်ရဲ့မျက်နှာတွင် မကောင်းဆိုးဝါးအမူအရာများပေါ်လာခဲ့သည်။
ဂလိုဘဲလ်၏ သင်္ဘောကို တိုက်ခိုက်ရန် သူပြင်ဆင်နေခြင်းပင်။