← Chapters

" ငါ..ဘယ်သူလဲ...ငါ့အဖေ..ဘယ်သူလဲဆိုတာ...မင်းသိလား.."

Vol. 11 Ch. 155

" ငါ..ဘယ်သူလဲ...ငါ့အဖေ..ဘယ်သူလဲဆိုတာ...မင်းသိလား.."

Vol. 11 Ch. 155

ယနေ့မှာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်သည်။

လီချန်လဲ့ကို လက်ဝတ်ရတနာများ အတူတူသွားကြည့်ရန် လျူယောင် ပြောခဲ့သည်။ ချစ်သူသက်တမ်းကြာလာသောအခါ လက်ထပ်ပွဲအကြောင်းပြောဆိုခြင်းမှာပုံမှန်ပင်ဖြစ်သည်။ လျူယောင်နှင့် လီချန်လဲ့နှစ်ဦးစလုံးလက်ထပ်ရန် စိတ်ကူးရှိခဲ့ကြသည်။

စူပါကားပေါ်တွင် ထိုင်နေသော လီချန်လဲ့က တမင်တကာနှုတ်ခမ်းကိုစူကာ ပြောလိုက်သည်။

“အစ်ကိုယောင်... ကျွန်မလက်မထပ်သေးပါဘူး...အစ်ကိုယောင် က လက်ထပ်ခွင့်လည်းမတောင်းပဲနဲ့ ....အနည်းဆုံးတော့ ခမ်းနားတဲ့လက်ထပ်ခွင့်တောင်းခံတဲ့အခမ်းအနား ဖြစ်ရမယ်....မဟုတ်ရင် အစ်ကိုယောင်အတွက် ဈေးပေါလွန်းတယ်....”

“ဘာလက်ထပ်ခွင့်တောင်းခံတဲ့ အခမ်းအနားလဲ...အားလုံးကို တစ်နေရာတည်းမှာပဲ လုပ်ပြီးရင် ကိုယ်တို့တိုက်ရိုက်မင်္ဂလာဆောင်လိုက်ကြရအောင်.."လျူယောင် လိုက်သည်။

“ကျွန်မက... အစ်ကိုယောင်ကို လက်ထပ်မယ်လို့ သဘောမတူရသေးပါဘူး...."

လီချန်လဲ့ တမင်ပြုံးပြီးပြောလိုက်သည်။

“ဒါဆို လဲ့လဲ့က ကိုယ့်ကိုလက်ထပ်မယ်လို့ မပြောရသေးဘူးပေါ့...အရမ်းနှမြောစရာပဲ... မနေ့ကဆို လှပတဲ့ကောင်မလေးတစ်ယောက်က ကိုယ့်ကို WeChat မှာ Add ဖို့လာတောင်းတယ်... ကိုယ်ကတောင် ငြင်းပယ်ခဲ့သေးတယ်...” လျူယောင် စနောက်ပြီး ပြန်ပြောလိုက်သည်။

“အစ်ကိုယောင်လုပ်ရဲလား...."

လီချန်လဲ့ ကျားသစ်မကလေးတစ်ကောင်ကဲ့သို့ ခြောက်လိုက်ကာ နောက်တော့ သူမလည်း ရယ်မောလိုက်သည်။

သူမရဲ့အပြုံးမှာ အလွန်လှပလွန်းသောကြောင့်လျူယောင် ငေးမောသွားခဲ့သည်။

လျူယောင့် ကို မျက်လုံးရွဲများဖြင့် လီချန်လဲ့ ကြည့်ပြီး ပြောလိုက်သည်။

“အစ်ကိုယောင်...ကျွန်မကိုပြန်ကြွေသွားပြန်ပြီမလား...."

မကြာမှီမှာပဲ ကျန်းနန်လမ်း ရှိ ချန်ဒါရှန်ရတနာဆိုင်ရဲ့တံခါးဝတွင် ကား ရပ်လိုက်သည်။ဒီဆိုင်က ဟွာဟိုင်းမြို့ရှိ အဓိကဆိုင်ကြီးသုံးခုထဲမှ တစ်ခုလည်းဖြစ်သည်။

ဆိုင်၏အရွယ်အစားမှာ ကြီးမားပြီး အမျိုးအစားစုံလင်ကာ အဆင့်အတန်းမြင့်မား၏။

သူတို့နှစ်ဦး လက်ချင်းချိတ်၍ အထဲသို့ရောက်သည်နှင့် မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားခဲ့သည်။ထိုနေရာက အမှန်ပင်ကြီးမားပြီး ရွှေလက်ဝတ် ရတနာများ စုံလင်စွာရှိနေ၍ မျက်စိတောင်လည်စေသည်။

ဆိုင်အတွင်းရှိ လူငယ်အမျိုးသမီးဝန်ထမ်းက အလွန်ပင်ဖော်ရွေလှသည်။ လီချန်လဲ့ လက်ကိုဆွဲပြီး လျူယောင် အထဲဝင်လာတာနှင့် တစ်ပြိုင်နက်လူတစ်ဦးက ချက်ချင်းလာရောက်နှုတ်ဆက်ခဲ့သည်။

"မင်္ဂလာပါဆရာ ဘာအလို ရှိပါသလဲရှင့်...."

သင့်တော်သောရတနာများ ကြည့်ရှုရန် လျူယောင် ဒီဆိုင်သို့ လာခြင်းဖြစ်သည်။

စိန်များမှာ ထာဝရနှင့်ဖြူစင်သော ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည်။ လျူယောင် ဆွဲကြိုးများ၊ နားဆွဲများ၊ လက်ကောက်များစသည့် စိန်ရတနာအစုံကို ဝယ်ယူရန် ရည်ရွယ်ထားသည်။

မင်္ဂလာလက်စွပ်နှင့်ပတ်သက်၍ ဆိုင်တွင်ရှိမရှိ မသိသော်လည်း အများစုမှာမရှိနိုင်ဘဲ အထူးမှာယူရလိမ့်မည်။ထိုကိစ္စမှာ ပေါ့ဆ၍ မရနိုင်သောကြောင့်ဖြစ်သည်။

" စိန်တွေ...တစ်ချက်လောက် ပြပါလား..."

“ဆရာ.... ဒီဘက်ကပါ.....”

ထိုလူငယ်အမျိုးသမီးက အလွန်ပင်ဖော်ရွေပြီး လျူယောင် နှင့် လီချန်လဲ့ကို စိန်ကောင်တာသို့ ခေါ်ဆောင်သွားခဲ့သည်။ကောင်တာတွင် စိန်လက်ဝတ်ရတနာ အမျိုးအစားများစွာရှိပြီး တစ်ဒါဇင်ကျော်သော ဖန်ပုံးများတွင် အပြည့်နီးပါးရှိနေသည်။

“ဆရာ...ဘယ်လိုလက်ဝတ်ရတနာမျိုးကို ကြည့်ချင်တာလဲရှင့်... ကျွန်မတို့မှာ လက်ဝတ်ရတနာတွေ စုံလင်စွာရှိပါတယ်... ဆရာကြိုက်နှစ်သက်မယ့်ဟာမျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်....”

“ဆွဲကြိုးကို အရင်ကြည့်ရအောင်....အဆင့်အတန်းမြင့်တာလေးတွေ ပြပေးပါ....."

“ဟုတ်ကဲ့... ဆရာ...ဒီဘက်ကပါ...."

လူငယ်အမျိုးသမီးဝန်ထမ်း၏ ဦးဆောင်မှု့ဖြင့် လျူယောင်နှင့် လီချန်လဲ့တို့သည် စိန်ဆွဲကြိုးများဖြင့် ပြည့်နေတဲ့ မှန်ကောင်တာတစ်ခုသို့ ရောက်လာခဲ့သည်။

လျူယောင် ယွမ်တစ်သန်းကျော်တန် ဆွဲကြိုးတစ်ကုံးကို သဘောကျခဲ့ပြီး လီချန်လဲ့ကလည်း ခေါင်းညိတ်ပြလိုက်သည်။

လက်အိတ်အဖြူဝတ်ထားသော ကောင်တာရှိအမျိုးသမီးဝန်ထမ်းက ဆွဲကြိုးကို ဂရုတစိုက်ချွတ်ပြီး လျူယောင်ကိုပြသကာ ချီးမွမ်းပြောဆိုခဲ့သည်။

“ဆရာက အမြင်အာရုံအမှန်တကယ် ကောင်းပါတယ်....ဒါက ကျွန်မတို့ဆိုင်မှာ အဆင့်အတန်းအမြင့်ဆုံးဆွဲကြိုးတွေထဲက တစ်ခုပါ...ဆရာရဲ့ချစ်သူဝတ်လိုက်ရင် အရမ်းလှနေမှာပါ....”

လီချန်လဲ့ အနည်းငယ်ကိုင်းညွှတ်ပေးလိုက်ပြီး ထိုအမျိုးသမီးက ဆွဲကြိုးကို လီချန်လဲ့ရဲ့လည်ပင်းတွင် အလေးအနက်ထား၍ ဆင်ပေးကာ ထပ်ခါတလဲလဲ ချီးမွမ်းခဲ့သည်။

လျူယောင် ပြုံးလိုက်ပြီး လီချန်လဲ့ရဲ့စိတ်နေစိတ်ထားနှင့် မကိုက်ညီဟု ခံစားရသည်။ ထို့အပြင် ယွမ်တစ်သန်းကျော်တန်သော ဆွဲကြိုးက အဆင့်အတန်းနိမ့်နေသလိုပင်၊ အနည်းဆုံးတော့ သန်းအနည်းငယ်တန်သင့်သည်။ သန်းဆယ်ဂဏန်းတန်လျှင်တော့ ပိုကောင်းမည်မှာသေချာသည်။

လီချန်လဲ့ မှန်ထဲတွင်ကြည့်ပြီး ခေါင်းကိုအသာခါလိုက်ကာ ပြောလိုက်သည်။

“ကျွန်မမကြိုက်ဘူးထင်တယ်... အစ်ကိုယောင်... တခြားတစ်ခုထပ်ရွေးကြရအောင်...”

“အင်း” လျူယောင် ခေါင်းညိတ်လိုက်သည်။

ကောင်တာရှိအမျိုးသမီးက ဆွဲကြိုးကို လီချန်လဲ့ရဲ့လည်ပင်းမှ ချွတ်ရန်ပြင်နေစဉ်တွင် ညည်းသံတစ်ခုထွက်ပေါ်လာခဲ့သည်။

လျူယောင့် ဘေးတွင် လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဦးရှိသည်ကို သတိပြုမိလိုက်သည်။ အမျိုးသမီးသည် မိတ်ကပ်အပြည့်လိမ်းထားပြီး အလွန်ပင်လည်လည်ဝယ်ဝယ်ရှိသည်။ အမျိုးသားတွင်မူ ခေါင်းပြောင်နေပြီး သူ့လက်မောင်းများတွင် ကြောက်မက်ဖွယ်ကောင်းသောတက်တူးများရှိနေသည်။

ခေါင်းပြောင်နေသောလူငယ်အမျိုးသားက အနည်းငယ်မာနကြီးကာ လီချန်လဲ့လည်ပင်းရှိဆွဲကြိုးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဒီဆွဲကြိုးက ဘယ်လောက်လဲ... ငါဝယ်လိုက်ပြီ.....”

အတော်လေးရိုင်းစိုင်းလှသည်။ ဆွဲကြိုးက လီချန်လဲ့ လည်ပင်းတွင်သာ ရှိနေသေးသည်။

လျူယောင် ချက်ချင်းပင် အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့ပြီး ထိုလူကို သတိပေးလိုက်သည်။

“သူငယ်ချင်း.... ကျွန်တော်တို့ ဒီဆွဲကြိုးကို ကြည့်နေတာပါ...ကျွန်တော်တို့ပြီးအောင် စောင့်ပေးနိုင်မလား....”

ခေါင်းပြောင်သောအမျိုးသားသည် လျူယောင်ကို ဂရုမစိုက်သောမျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။

“သူငယ်ချင်း...ငါဒီဆွဲကြိုးကို သဘောကျသွားပြီ… ချွတ်လိုက်တော့....."

လျူယောင် ပထမတော့ ထိုဆွဲကြိုးကိုမဝယ်ချင်ခဲ့ပေ။ သို့သော် ဒီလူ့ကြောင့် သူစိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။ ယွမ်တစ်သန်းကျော်ကျော်က သူ့အတွက် အမှန်ပင်ဘာမှမဟုတ်သလိုလုံးဝဖိအားမရှိပေ။

“စိတ်မကောင်းပါဘူး...ကျွန်တော် ဒီဆွဲကြိုးကို ဝယ်တော့မယ်...” နူးညံ့စွာ လျူယောင် ပြောလိုက်သည်။

ခေါင်းပြောင်သောအမျိုးသားရဲ့မျက်နှာမှာ ပြောင်းလဲသွားပြီး လျူယောင်ကို ခြိမ်းခြောက်လိုက်သည်။

“ငါဘယ်သူလဲ...ငါ့အဖေဘယ်သူလဲ မင်းသိရဲ့လား...”

“စိတ်မဝင်စားဘူး....” လျူယောင် ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

ခေါင်းပြောင်သောအမျိုးသားက ထပ်ပြောလိုက်သည်။

“ငါ့အဖေက ရီရှန်းဘုရင် လော့မောင်ယွမ်ပဲ....အသိစိတ်ရှိရင် ဒီဆွဲကြိုးကို ငါနဲ့မငြင်းခုံနဲ့... ငါ့ကို....စိတ်မသက်မသာ ခံစားရအောင်မလုပ်နဲ့....”

ဒီလူက ဟွားဟိုင်မြို့ကိုတောင် မာန်မာနကြီးရန် ရောက်လာသေးသည်။

“မင်းကို မျက်နှာသာပေးရအောင်....မင်းကဘယ်သူမို့လို့လဲ...”

လျူယောင် ဒေါသထွက်စွာ တွေးလိုက်ပြီးနောက် အော်လိုက်သည်။

“ထွက်သွား.... ငါ့ဆီကနေ ဝေးဝေးသွား”

""ငါ့ကိုသွားခိုင်းတယ်ပေါ…!”

လော့ရှောင်ရှန် ဒေါသထွက်လာပြီး ဘဏ်ကဒ်တစ်ကဒ်ကိုထုတ်ကာ ကောင်တာရှိအမျိုးသမီးရှေ့သို့ ပစ်ချလိုက်ပြီး ပြောလိုက်သည်။

“ဒီဆွဲကြိုးကို ငါဝယ်လိုက်ပြီ... ကဒ်ကိုပွတ်လိုက်....”

ကောင်တာရှိအမျိုးသမီးဝန်ထမ်းက လျူယောင်ကိုကြည့်လိုက်ပြီးနောက် လော့ရှောင်ရှန်ကိုကြည့်ကာ သတိပေးလိုက်သည်။

“ဒီဆွဲကြိုးက ၁,၂၆၈,၀၀၀ ပါဆရာ....ကဒ်ဖြတ်မှာ သေချာလား...”

“ဘာ...."

"၁၂၆,၈၀၀ မဟုတ်ဘူးလား....ဘာလို့ရုတ်တရက် ၁,၂၆၈,၀၀၀ ဖြစ်သွားတာလဲ...”

လော့ရှောင်ရှန် အံ့အားသင့်စွာမေးလိုက်သည်။

တကယ်တော့ သူမှားသွားခဲ့ပြီး သိန်းဂဏန်းလောက်ပဲရှိမယ်လို့ ထင်ခဲ့ခြင်းဖြစ်သည်။

သိန်းကျော်လောက်ဆိုရင် သူ့ချစ်သူကို ကျေနပ်အောင်ဝယ်ပေးလို့ရနိုင်ပေမယ့် ၁.၂၆၈ သန်းဆိုလျှင်တော့ လော်ရှောင်ရှန် တုံ့ဆိုင်းသွားခဲ့သည်။

“ပိုက်ဆံမရှိပဲ ဘာလို့ချမ်းသာချင်ယောင်ဆောင်နေတာလဲ...” လျူယောင် ညင်သာစွာပြောလိုက်သည်။

လော့ရှောင်ရှန် အလွန်ပင်ရှက်ရွံ့နေခဲ့ပြီး လျူယောင်ရဲ့လှောင်ပြောင်မှုကို မခံနိုင်တော့ပေ။

သူ လက်သီးကို လွှဲလိုက်ပြီး ထိုးလိုက်ကာ သူ့ဒေါသများကို လျယောင့်အပေါ်ပုံချရန် ကြိုးစားခဲ့သည်။

ပတ်ဝန်းကျင်မှလူများလည်း အံ့ဩတုန်လှုပ်သွားကြသည်။

ကောင်တာရှိလူငယ်အမျိုးသမီးများက လုံးဝတုန်လှုပ်သွားခဲ့ပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ခေါင်းပြောင်ပြီး လက်မောင်းတွင်တက်တူးရှိသော ဒီအမျိုးသားက လူတစ်ဦးကို ရိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

“အား....ငါ့လက်...ငါ့လက်....”

ထိုလက်သီးကို လျူယောင် လေထဲတွင်ဖမ်းဆုပ်လိုက်ပြီး အနည်းငယ်အားသုံးလိုက်ရာ လော့ရှောင်ရှန် ဝက်တစ်ကောင်ကဲ့သို့အော်ဟစ်သွားသည်။ သူ့ အရိုးများအားလုံး ကြေမွသွားသလို ခံစားခဲ့ရသည်။

လျူယောင် ပေါ့ပေါ့ပါးပါး ပြန်လွှတ်ပေးလိုက်သည်။

လော့ရှောင်ရှန် လက်သီးမှ ကြီးမားပြီး နှိုင်းယှဉ်၍မရနိုင်သော အင်အားတစ်ခုထွက်ပေါ်လာသည်ဟု ခံစားရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့လွင့်သွားကာ အကွာအဝေးမီတာအနည်းငယ်ရောက်တဲ့ထိ လဲကျသွားသည်။

သူ အတော်လေးကြာသည်အထိ မထနိုင်ဘဲ နာကျင်စွာ အော်ဟစ် နေခဲ့သည်။

ထိုကဲ့သို့သော ဆူပူသောင်းကျန်းမှု့ကို လုံခြုံရေးအစောင့်အချို့၏ အာရုံကို လျင်မြန်စွာဆွဲဆောင်နိုင်ခဲ့ပြီး လုံခြုံရေးအစောင့်များထဲမှ တစ်ဦးက မေးလိုက်သည်။

“အစ်ကိုလူး...လူတစ်ယောက်အရိုက်ခံလိုက်ရတယ်... ကျွန်တော်တို့ သွားသင့်လား...”

"လူး "အမည်ရသောခေါင်းဆောင်အစောင့်က ခဏတွန့်ဆုတ်ပြီးနောက် လုံခြုံရေးအစောင့်အချို့ကို ခေါ်ဆောင်သွားရန် ပြင်ဆင်နေစဉ် ရုတ်တရက် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။

All Chapters