← Chapters

" သင်္ဘောတစ်စီး...ဒီဘက်ကို...လာနေတယ်... "

Vol. 11 Ch. 156

" သင်္ဘောတစ်စီး...ဒီဘက်ကို...လာနေတယ်... "

Vol. 11 Ch. 156

တံခါးအပြင်ဘက်တွင် လူအုပ်တစ်အုပ်ရောက်ရှိလာသည်။

ဦးဆောင်လာသူမှာ အလွန်ပင်တည်ကြည်ပုံရပြီး အောင်မြင်နေသော သူဌေးကြီးတစ်ဦးရဲ့ ပုံပန်းသဏ္ဍာန်ရှိသည်။

ချန်ဒါရှန်းကုမ္ပဏီ၏ သူဋေး ချန်ဟီဖေးဖြစ်ပြီး သူ့နောက်တွင်ကုမ္ပဏီ၏အလယ်အလတ်အဆင့်နှင့် အမှုဆောင်များစွာလည်း ပါဝင်လာသည်။

ဒီဆိုင်မှာ ချန်ဒါရှန်းကုမ္ပဏီ၏အဓိကဆိုင်ကြီးဖြစ်ပြီး ချီဖေးဟိုင်မှာလည်း တစ်ခါတစ်ရံ ကိုယ်တိုင်လာရောက်ကြည့်ရှုလေ့ရှိသည်။

သူရောက်သည်နှင့် အခြေအနေက ချက်ချင်းပင် ကွဲပြားသွားခဲ့သည်။

အဓိကဆိုင်ကြီးရဲ့ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ၊ ဆိုင်မန်နေဂျာ ချက်ချင်းရောက်လာပြီး နှုတ်ဆက်ကြသည်။

“သူဋေး..မင်္ဂလာပါ...”

“သူဋေး.. မင်္ဂလာပါ...”

ချန်ဟီဖေး ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ရုတ်တရက် လျူယောင်နှင့် လီချန်လဲ့ကို မြင်လိုက်သောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

ခဏမျှအံ့အားသင့်ပြီးနောက် သူကိုယ်တိုင်ပင် လျူယောင်ထံသို့ အလွန်ဖော်ရွေစွာ ချဉ်းကပ်လာခဲ့ပြီး ပြောလိုက်သည်။

“မစ္စတာလျူ... ခင်ဗျားကို ဒီနေရာမှာ တွေ့ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး...”

နှစ်ဦးသားပျော်ရွှင်စွာ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးစွာ ပြောဆိုခဲ့ကြသည်။

မြေပြင်ပေါ်တွင်လဲကျနေသော လော့ရှောင်ရှန်တစ်ခုခုမှားနေတာကို သိသွားပြီးတိတ်တိတ်လေး ထကာ ထွက်ပြေးသွားတော့၏။

လုံခြုံရေးခေါင်းဆောင် လူးဆိုသူက စိတ်ထဲမှ တိတ်တိတ်လေးတွေးကာ သက်ပြင်းချလိုက်သည်။

"ဟူး...ကံကောင်းလို့ ငါရှေ့မထွက်လိုက်မိတာ...သူက သူဋေးရဲ့...သူငယ်ချင်းဖြစ်နေတာပဲ..."

“မစ္စတာလျူ... ကျွန်တော်တို့ဆိုင်ကို ဘာကိစ္စနဲ့ရောက်နေတာလဲ...”

လျူယောင် ပြန်ဖြေလိုက်သည်။

“လက်ထပ်တဲ့အခါ ဝတ်ဖို့ လက်ဝတ်ရတနာ တစ်စုံလောက်ရွေးဖို့ စဉ်းစားထားတာပါ... ဒါပေမဲ့ သင့်တော်တာမျိုး....မတွေ့သေးဘူး...”

ချန်ဟီဖေးက လီချန်လဲ့ ချွတ်ထားသော ယွမ်တစ်သန်းကျော်တန်ဆွဲကြိုးကို ကြည့်လိုက်သောအခါ သူ့စိတ်ထဲတွင် ချက်ချင်းပင်နားလည်သွားခဲ့သည်။ စစ်ဆေးရန်ရောက်လာတဲ့ ကိစ္စကို ခနဘေးဖယ်ထားပြီး ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

“ကျွန်တော်တို့ကုမ္ပဏီမှာ အဆင့်မြင့်လက်ဝတ်ရတနာအနည်းငယ်ရှိပါတယ်... မစ္စတာလျူ...ကြည့်ချင်စိတ်ရှိလား....”

“ကြည့်မယ်လေ” လျူယောင် တိကျရှင်းလင်းစွာပြန်ဖြေခဲ့သည်။

ထို့ကြောင့် ချန်ဟီဖေး၏ ဦးဆောင်မှုဖြင့် လူအချို့မှာ အဓိကဆိုင်ကြီးရဲ့ ဒုတိယထပ်ရှိ ဧည့်ခံခန်းသို့ဝင်ကာ ဆိုဖာပေါ်တွင်ထိုင်လိုက်ကြသည်။ အဆင့်မြင့်လက်ဝတ်ရတနာများကို ယူလာရန် ​ဝန်ထမ်းများအား ချန်ဟီဖေး အချက်ပြလိုက်သည်။

ထိုလက်ဝတ်ရတနာများကို ပုံမှန်အားဖြင့် ကောင်တာပေါ်တွင်ထားလေ့မရှိပေ။ ခဏအကြာတွင် ဆိုင်မန်နေဂျာကိုယ်တိုင် လက်ဝတ်ရတနာများကို ယူလာပေးခဲ့သည်။ ၎င်းတို့က ကောင်တာပေါ်ရှိ လက်ဝတ်ရတနာများထက် အဆင့်ပိုမြင့်သည်။

ဆွဲကြိုးများ၊ လက်ကောက်များအပြင် ပန်းဆွဲများ၊ ဆံထိုးများ၊ နားဆွဲများနှင့် အခြားအသုံးအဆောင်ပစ္စည်းလေးများလည်း ရှိသည်။

ဆိုင်မှလှပသော မန်နေဂျာအမျိုးသမီးတစ်ဦးက လီချန်လဲ့အား အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင် ဝတ်ဆင်ပေးရင်း ဖော်ရွေစွာ ရှင်းပြခဲ့သည်။

လျူယောင်နှင့် ချန်ဟီဖေး တို့ကလက်ဖက်ရည်သောက်ရင်း စကားပြောဆိုနေကြပြီး အလွန်ပင်စိတ်အေးလက်အေးရှိနေကြသည်။

“မစ္စတာလျူ...အရင်တစ်ခေါက်က ခင်ဗျားရဲ့ရွှေတွေကြောင့် ကျွန်တော်တို့ရဲ့စက်ရုံမှာ အခုဆိုရင် ကုန်ကြမ်းတွေ လုံလောက်နေပြီး ဆိုင်တိုင်းမှာ ရွှေထည်တွေ အလုံအလောက်ရှိနေပါပြီ”

ချန်ဟီဖေး ဝမ်းသာအားရ ပြောလိုက်သည်။

“နောက်တစ်ခါ ရွှေတွေထပ်ရလာရင်..ဈေးနှုန်းက နည်းနည်းမမြင့်သွားရင်ပဲ...ကျေးဇူးတင်ပါတယ်” လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။

ချန်ဟီဖေး ရယ်မောလိုက်ပြီး မေးလိုက်သည်။

“မစ္စတာလျူ....ခင်ဗျားလက်ထဲမှာ ရွှေတွေ အမှန်တကယ်ပဲ ရှိနေသေးတာလား”

“အခုတော့ အများကြီးမရှိသေးဘူး...ဒါပေမဲ့ နောင်မှာတော့ ရှိလာမှာပါ..."

“ခင်ဗျားမှာ ရွှေရှိသေးရင်....ကျွန်တော့်ကို အရင်စဉ်းစားပေးရမယ်နော်.... "

မိနစ်သုံးဆယ်ကြာပြီးနောက် လီချန်လဲ့က လက်ဝတ်ရတနာဒါဇင်ပေါင်းများစွာကို စမ်းသပ်ဝတ်ပြီးသွားခဲ့သည်။

သူမက ဆံထိုးတစ်ခုကိုသာ သဘောကျခဲ့ပြီး ယွမ်သုံးသန်းကျော်တန်သည့် ဆံထိုးပေါ်တွင် စိန်များစွာနှင့် အရောင်စုံစိန်လေးများ အနည်းငယ်ပါဝင်နေ၍ အလွန်လှပပေသည်။

“အစ်ကိုယောင်...ကျွန်မ ဒီတစ်ခုပဲ စိတ်ဝင်စားတယ်...”

လျူယောင် ထိုလက်ဝတ်ရတနာကိုကြည့်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

ကိစ္စမရှိပါဘူး... ကိုယ်တို့ စိတ်ကြိုက်မှာလို့ရတယ်...မစ္စတာချန်ဆီမှာ အကောင်းဆုံးဒီဇိုင်နာတွေ ရှိတယ်လေ...”

ချန်ဟီဖေး အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော့်လက်အောက်မှာ ကောင်းမွန်တဲ့ဒီဇိုင်နာအချို့ရှိပါတယ်... ဘာလိုအပ်ချက်တွေရှိလဲဆိုတာသာ ကျွန်တော့်ကို ပြောပြလိုက်ပါ...”

ဒါက စိတ်ကြိုက်မှာယူခြင်းပင်။

လျူယောင်နှင့် လီချန်လဲ့တို့မှာ လိုအပ်ချက် ပုံစံများကို ပြောပြခဲ့ကြသည်။

ချန်ဟီဖေး ဂရုတစိုက်နားထောင်နေခဲ့သည်။ ထို့အပြင် သူ့လက်အောက်ငယ်သားများလည်း ဂရုတစိုက်နားထောင်နေကြသည်။ နားထောင်ပြီးနောက် ချန်ဟီဖေး မေးလိုက်သည်။

“မစ္စတာလျူ...ဒီလက်ဝတ်ရတနာတွေရဲ့ ဈေးနှုန်းကို ဝယ်ဖို့အတွက်... ဘယ်လောက်ခန့်မှန်းထားလဲ....”

လျူယောင် ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။

စုစုပေါင်းတန်ဖိုးက ယွမ်သန်း ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက်အထိ ရှိနိုင်ပါတယ်....”

“ဘာ....”

ဒါက စုစုပေါင်း လက်ဝတ်ရတနာခုနစ်ခု၊ ရှစ်ခုလောက် ရှိသည်။

မင်္ဂလာလက်စွပ်၊ ဆွဲကြိုး၊ နားဆွဲတစ်ရံ၊ လက်ကောက် စသည်တို့သည် ယွမ်သန်း ၁၀၀ သို့မဟုတ် ၂၀၀ တန်ဖိုးရှိသည်။

လူအများစုက သူတို့ ကြားတာများ မှားတာလားလို့ ထင်မှတ်ခဲ့ကြပြီး သူတို့ရဲ့မျက်နှာတွေမှာ အံ့အားသင့်မှုတွေပေါ်နေခဲ့သည်။

ချန်ဟီဖေးဆိုတဲ့သူက ကမ္ဘာကြီးကို မြင်ဖူးသူတစ်ဦးဖြစ်၍ သူ့မျက်နှာဟာ သိပ်မပြောင်းလဲခဲ့ပေ။ သူ ရင်ဘတ်ကိုပုတ်ပြီး အာမခံ ပြောလိုက်သည်။

“မစ္စတာလျူ... စိတ်မပူပါနဲ့...ခင်ဗျားတို့နှစ်ဦးအတွက်... အကောင်းဆုံးဒီဇိုင်နာအဖွဲ့ကို သေချာပေါက်စေလွှတ်ပြီး ...လုပ်ပေးပါ့မယ်..”

လျူယောင်တို့ ထိုဆိုင်မှထွက်လာသောအခါ လူအများအပြားက မနာလိုသောအကြည့်များဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် လှပသော အမျိုးသမီးအမှု့ဆောင်က မနာလိုစွာတွေးလိုက်သည်မှာ

“ငါလည်း လှတာပဲ... ဘာလို့ ဒီလိုကောင်းတဲ့ချစ်သူမျိုးကို... မရှာနိုင်ရတာလဲ...”

“ ငါ့ချစ်သူက... ငါ့အတွက် ....မင်္ဂလာလက်ဝတ်ရတနာအစုံတစ်စုံကို... ဝယ်ပေးဖို့ တစ်သန်း.. နှစ်သန်းလောက်ပဲ...အသုံးပြုရင်… ငါကျေနပ်ပါပြီ...”

“ဒီ လှပတဲ့အမျိုးသမီးက... ကံကောင်းလွန်းလိုက်တာ...”

“သူမက ...ဒီလိုချောမောပြီး...ချမ်းသာတဲ့ချစ်သူကို ...ဘယ်လိုများရှာခဲ့တာလဲ...”

.....

ကျယ်ပြန့်သောပင်လယ်တွင် တန်ချိန် နှစ်သောင်း ခန့်ရှိသော ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီး ရွက်လွှင့်နေပြီး အရှိန်လည်းမမြန်ပေ။

သင်္ဘောမှာ ကျောက်မီးသွေးများအပြည့်ဖြင့် RB ဆိပ်ကမ်းတစ်ခုသို့ ဦးတည်နေပြီး ရေကြောင်းမိုင် နှစ်ရာ သုံးရာသာဝေးတော့သည်။

ထိုသင်္ဘောက ဂလိုဘဲလ် ကုမ္ပဏီပိုင်သယ်ယူပို့ဆောင်ရေးသင်္ဘောဖြစ်သည်။ သင်္ဘောပေါ်ရှိ ဂလိုဘဲလ် ကုမ္ပဏီ၏ရဲ့လိုဂိုမှာ အလွန်ပင်ထင်ရှားသည်။

သင်္ဘောရဲပဲ့ပိုင်းနားတွင် “ ဖေးရှောင် “ ဟုရေးထားသော အဖြူရောင်စာလုံးကြီးနှစ်လုံးကလည်း အလွန်ပင်သိသာထင်ရှားသည်။

စတင်တည်ထောင်ချိန်က ငွေကြေးအကန့်အသတ်ရှိသဖြင့် လျူယောင်ဝယ်ယူခဲ့သော သင်္ဘောအချို့ရဲ့ တန်ချိန်မှာ အတော်လေးနည်းခဲ့သည်။

အမှန်ပါပဲ ဒီလိုတန်ချိန်သေးငယ်တယ်ဆိုတာက နှိုင်းယှဉ်ပြောခြင်းပဲ ဖြစ်သည်။

သင်္ဘောမောင်းခန်းထဲတွင် ကျယ်ပြန့်သောပင်လယ်နှင့် အရာအားလုံးကို မြင်ရသည်။

ကပ္ပတိန်ဒွမ်တုန်ရှန်းက သတိပေးလိုက်သည်။

“မနက်ဖြန်နေ့လယ် ငါတို့ ခရီးစဉ်ကိုရောက်တော့မယ်..... ဒီအချိန်မှာ သတိမပေါ့ဆကြနဲ့... ဘေးကင်းရေးကို အဓိကထားရမယ်....”

သင်္ဘောသားဝန်ထမ်းများက ချက်ခြင်း ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့…ကျွန်တော်တို့သိပါတယ်”

“ကပ္ပတိန်... စိတ်မပူပါနဲ့...ကျွန်တော်တို့ ဒီလမ်းကြောင်းကို ပထမဆုံးအကြိမ်ပြေးဆွဲတာ မဟုတ်ပါဘူး....”

သင်္ဘောမောင်းခန်းရှိ အခြားသင်္ဘောသားအချို့လည်း တစ်ဦးပြီးတစ်ဦး ထိုသို့ပြန်ဖြေခဲ့ကြသည်။ သူတို့အားလုံး စိတ်အေးလက်အေးရှိနေကြသည်။ သူတို့က ဘေးကင်းလုံခြုံနေခဲ့ကြပြီး ဒီတစ်ကြိမ်လည်း အတူတူပင်ဖြစ်လိမ့်မည်လို့ မျှော်လင့်ထားကြသည်။

သင်္ဘောသားအချို့က လမ်းကြောင်းကို ထပ်မံစစ်ဆေးကြပြီး လမ်းကြောင်းမှာ သွေဖည်မသွားကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် အလွန်ပင် ဘေးကင်းလှသည်။

မနက်ဖြန် RB သို့ရောက်မည်ဖြစ်၍ ဒေသခံနေရာများကို လမ်းလျှောက်ကြည့်ရှု့နိုင်ပြီး ဈေးဝယ်ထွက်နိုင်သေးသည်။

သင်္ဘောသားအဖြစ်လုပ်ရသည်မှာ ခက်ခဲသောအလုပ်ဖြစ်သော်လည်း RB လမ်းကြောင်းကို ပြေးဆွဲသောသင်္ဘောသားများအတွက်မူ အဆင်ပြေပေသည်။

၎င်းတို့သည် တရုတ်နိုင်ငံမှထွက်ခွာပြီး ရက်အနည်းငယ်အတွင်း RB သို့ရောက်ရှိကာ ထိုနေရာတွင် နှစ်ရက် သုံးရက်နေပြီးနောက် ရက်အနည်းငယ်အတွင်း တရုတ်သို့ပြန်လာကြမည် ဖြစ်သည်။

ရုတ်တရက်....

ဒွမ်တုန်ရှန်း စူးစိုက်ကြည့်နေမိသည်။ အဝေးတွင် သင်္ဘောကြီးတစ်စီးက ဤဘက်သို့လာနေသည်။ အကွာအဝေးက. ပိုမိုနီးကပ်လာခဲ့ပြီး အမြင်အားဖြင့် ရေကြောင်းမိုင်တစ်မိုင်ပင်မပြည့်တော့ပေ။

“အဲဒီ့သင်္ဘောကို သတိထားကြ...တိုက်မိတာမျိုး မဖြစ်စေနဲ့...”

“ကပ္ပတိန်.. စိတ်မပူပါနဲ့... အကွာအဝေးက.. ဝေးနေပါသေးတယ်...ကျွန်တော်တို့ ရှောင်လိုက်ပါ့မယ်...”

“အင်း..."

ကပ္ပတိန် ဒွမ်တုန်ရှန်း ခေါင်းညိတ်ပြလိုက်ပြီး သိပ် အလေးအနက်မထားပေ။ သင်္ဘောတိုက်မှု့ဖြစ်ရန် အခွင့်အလမ်းအလွန်နည်းပါးလှပြီး တစ်နှစ်လျှင် အကြိမ်အနည်း ငယ်သာဖြစ်လေ့ရှိသည်လေ။

All Chapters