← Chapters

"..သားကို ..လျူယောင်ရိုက်တာ.."

Vol. 11 Ch. 157

"..သားကို ..လျူယောင်ရိုက်တာ.."

Vol. 11 Ch. 157

ခဏအကြာတွင် ရေကြောင်းမိုင်အကွာအဝေးမှာ မီတာသုံးရာမှ ငါးရာခန့်သာ ကျန်တော့သည်။ ထိုသင်္ဘောက လမ်းကြောင်းမပြောင်းဘဲ အရှိန်အပြင်းနှင့် ဆက်မောင်းလာခဲ့သည်။

“ဟျောင်..ဥသြဆွဲ..ခုချက်ချင်း...ဥသြဆွဲ..ဟ.”

ဒွမ်တုန်ရှန်း စိတ်မသက်မသာဖြစ်ကာ ကျယ်လောင်စွာအော်ပြောလိုက်သည်။

" ဘော်..."

ဥသြသံပြင်းပြင်း ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ဥသြသံမှာ လုံးဝအကျိုးမသက်ရောက်ခဲ့ပေ။ ထိုသင်္ဘောက ဥသြသံကို တုံ့ပြန်ခြင်းမရှိသလို လမ်းကြောင်းကိုပင် လုံးဝမပြောင်းလဲခဲ့ပေ။ သူ့ရဲ့အရှိန်မှာ ဆက်၍ပင်တိုးနေသည်ဟု ထင်ရသည်။

“မြန်မြန်..လမ်းကြောင်းပြောင်း..မြန်မြန်လုပ်...”

ဒွမ်တုန်ရှန်း စိတ်ပူပန်သောလေသံဖြင့် ကျယ်လောင်စွာအော်ပြောလိုက်သည်။

အခြားသူများလည်း အံ့အားသင့်သွားကြသည်။

“ဘယ်ဘက်အပြည့်ကွေ့...မြန်မြန်လုပ်...”

“အရှိန်အပြည့်နဲ့ကွေ့..အရှိန်အပြည့်နဲ့ကွေ့..ဟ...”

သင်္ဘောမောင်းခန်းမှလူများလည်း ထိတ်လန့်နေခဲ့ကြပြီး အနည်းငယ်မျှပင် ပေါ့ဆရန်မရဲ ရဲကြပေ။ အမြင်အာရုံဖြင့် ခန့်မှန်းရသည်မှာ သင်္ဘောကြီးက တန်ချိန်တစ်သိန်းကျော်ရှိပြီး ဤဘက်သို့ အရှိန်အပြင်းနှင့်လာနေသည်။

သင်္ဘောပေါ်က အခြားသင်္ဘောသားများလည်း သင်္ဘောကြီးကို တွေ့လိုက်ကြသည်။

အားလုံးတုန်လှုပ်သွားခဲ့ကြသည်။

“ဘုရားရေ...တိုက်တော့မယ်..တိုက်တော့မယ်..”

အချို့လူများက ထိတ်လန့်စွာအော်ဟစ်ခဲ့ကြသည်။

ဂလိုဘဲလ်ကုမ္ပဏီပိုင် "ဖေးရှောင် "သင်္ဘောမှာ မြင်းကောင်ရေအပြည့်ဖြင့် မောင်းနှင်နေသည်။ သူ့ရဲ့စတီယာရင်ကို ဘယ်ဘက်အပြည့်ကွေ့ကာ အတတ်နိုင်ဆုံးရှောင်တိမ်းခဲ့ပြီး တစ်ဖက်သင်္ဘောကို သတိပေးရန် ဥသြသံထပ်ပေးခဲ့သည်။

" ဘော်...."

သို့သော်လည်း....

အကျိုးသက်ရောက်မှုမရှိခဲ့ပေ။

တစ်ဖက်သင်္ဘောမှာ ဂရုပင်မစိုက်ပဲ အရှိန်ပြင်းပြင်းနှင့်လာခဲ့ပြီး ဖေးရှောင်သင်္ဘောရဲ့နောက်ပိုင်းကို ပြင်းထန်စွာတိုက်လိုက်သည်။

“ဗြုန်း...”

ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး သင်္ဘောပေါ်ရှိလူများမှာ တောင့်တောင့်မတ်မတ်မရပ်နိုင်ခဲ့ကြပေ။ လူများစွာက မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားခဲ့ကြသည်။ တန်ချိန်နှစ်သောင်းမှာ တန်ချိန်ရာဂဏန်းနှင့် လုံးဝမတူညီပေ။

ဖေးရှောင်သင်္ဘောမှာ တိုက်မိ၍ မှောက်လုနီးပါးဖြစ်သွားခဲ့ပြီး သင်္ဘောရဲ့နောက်ပိုင်းက ပြင်းထန်စွာပျက်စီးကာ ရေများစွာဝင်လာခဲ့သည်။

“ကပ္ပတိန်...ကျွန်တော်တို့သင်္ဘော ကျိုးသွားပြီ..”

“ကပ္ပတိန်...ကျွန်တော်တို့ရဲ့ ပါဝါစနစ် လုံးဝရပ်သွားပြီ...”

သင်္ဘောသားများရဲ့အော်သံကိုကြားသောအခါ ဒွမ်တုန်ရှန်း၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူပင်လယ်ပြင်တွင် စတင်လုပ်ကိုင်သည်မှာ နှစ် ၂၀ နီးပါးရှိပြီဖြစ်ပြီး သင်္ဘောတိုက်မှုမျိုးနှင့် ပထမဆုံးအကြိမ်ကြုံတွေ့ခြင်းပင်။

“မြန်မြန်.. မြန်မြန်... လူတိုင်းကို အသိပေးပြီး ထွက်ပြေးဖို့ပြင်ဆင်...”

လူတိုင်းကို ထွက်ပြေးရန်ပြင်ဆင်ဖို့ ညွှန်ကြားပြီးနောက် သူက ဂြိုဟ်တုဖုန်းကို ယူကာ ကုမ္ပဏီသို့ အခြေအနေကို အမြန်အစီရင်ခံပြီး အရေးပေါ်အကူအညီတောင်းခဲ့သည်။

ဖေးရှောင်သင်္ဘောရဲ့နောက်ပိုင်းမှာ အလွန်အမင်းပျက်စီးနေသည်။ဒွမ်တုန်ရှမ်း သူ့ အတွေ့အကြုံအရ သင်္ဘောမှာ အများဆုံးတစ်နာရီအတွင်း ပင်လယ်ကြမ်းပြင်သို့ လုံးဝနစ်မြုပ်သွားလိမ့်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့အတွက် အချိန်အနည်းငယ်သာကျန်တော့သည်။

ဖုန်းဆက်ကာ အခြေအနေကိုအစီရင်ခံ၍အကူအညီတောင်းခံပြီးနောက် သင်္ဘောသားများကို ထွက်ပြေးရန်ညွှန်ကြားခဲ့သည်။ အသက်ကယ်အင်္ကျီများကို ချက်ချင်းထုတ်ယူပြီး လူတိုင်းကိုပေးဝေခဲ့ကာလှေများကို အောက်သို့ချခဲ့ကျသည်။

လူငယ်သင်္ဘောသားအချို့မှာ ကြောက် လန့်တကြားငိုနေကြသည်။

“ကျွန်တော်တို့... ကျွန်တော်တို့...သေတော့မှာလား..."

“ဟင့်အင်း...ကျွန်တော်မသေချင်ဘူး...ကျွန်တော်က ငယ်ပါသေးတယ်...."

ဒွမ်တုန်ရှန်း ဒီသင်္ဘောတွင် သူ အကြီးဆုံးဖြစ်သောကြောင့် စိတ်ဓာတ်မကျသင့်ကြောင်း သူ သိခဲ့သည်။ အတွင်းစိတ်မှာ စိတ်ရှုပ်ထွေးနေသော်လည်း သူ့မျက်နှာမှာ တည်ငြိမ်လျက်ရှိသည်။

“မသေပါဘူး...လူတိုင်းအသက်ကယ်အင်္ကျီဝတ်ပြီး အသက်ကယ်လှေပေါ်ကို မြန်မြန်တက်ကြ...တစ်ယောက်ယောက်လာပြီး ငါတို့ကို ကယ်လိမ့်မယ်”

သူ နှစ်သိမ့်ပေးလိုက်သည်။

ထိုသို့နှစ်သိမ့်ပေးလိုက်သောအခါ လူငယ်သင်္ဘောသားများမှာ အနည်းငယ်စိတ်သက်သာရာရသွားကြသည်။

ထွက်ပြေးရန်လှေနှစ်စင်း ရှိပြီး အလျင်အမြန်အောက်သို့ချလိုက်သည်။ ဒွမ်တုန်ရှမ်း လူတိုင်းကို ကြိုးလှေကားမှ ဆင်းရန်ညွှန်ကြားခဲ့သည်။

“မြန်မြန်...မြန်မြန်.. ထွက်ပြေးဖို့လှေပေါ်တက်...တစ်ယောက်ပြီးတစ်ယောက်ဆင်း...”

သူကိုယ်တိုင် ဦးစွာမထွက်ပြေးခဲ့ဘဲ အခြားသင်္ဘောသားများကို တစ်ယောက်ပြီးတစ်ယောက် ကြိုးလှေကားမှတဆင့်လှေပေါ်သို့ဆင်းစေရန် ညွှန်ကြားခဲ့သည်။

သူ ကြိုးလှေကားမှတစ်ဆင့်လှေတစ်စင်းပေါ်သို့ နောက်ဆုံးလူ အဖြစ်ရောက်ရှိပြီးနောက် ဖေးရှောင်သင်္ဘောမှာ ပြင်းပြင်းထန်ထန်စောင်းနေခဲ့ရာမှ ပင်လယ်ရေများစွာဝင်လာကာ မကြာမီ လုံးဝနစ်မြုပ်သွားတော့မည်ဟု ခန့်မှန်းရသည်။

သင်္ဘောပေါ်ရှိလေထုမှာ တိတ်ဆိတ်ခြောက်သွေ့နေပြီး မျှော်လင့်ချက်မဲ့နေခဲ့သည်။

ဒွမ်တုန်ရှန်း သက်ပြင်းအသာချပြီး မလှမ်းမကမ်းရှိ အခြားလှေတစ်စင်းပေါ်မှ သူ့လူများကိုကြည့်လိုက်သည်။လူဦးရေကို တွက်ကာ အတော်လေးများပြားတာကို တွေ့ရတဲ့အခါမှသာ သူ စိတ်သက်သာရာရသွားခဲ့သည်။

လှိုင်းများက အတော်လေးကြီးမားလှသည်။

တန်ချိန် ၂၀,၀၀၀ ဖေးရှောင်သင်္ဘောပေါ်တွင် ဒီလိုမျိုးခံစားရခြင်းမရှိခဲ့သော်လည်း လှေငယ်ပေါ်ရောက်လာသောအခါ အခြေအနေမှာ လုံးဝကွဲပြားခြားနားသွားခဲ့သည်။

လေနှင့်လှိုင်းများကြားတွင် လှေငယ်လေးမှာ လှုပ်ခါနေခဲ့သည်။

အခြေအနေက အခုထိအတော်လေးအန္တရာယ်ရှိနေသေးသည်။

အသက်ကယ်လှေများမှာ အလွန်နည်းပါးသည်ကို ဒွမ်တုံရှန်း သိသည်။ နှစ်စင်းသာရှိပြီး လှေတစ်စင်းစီတွင် လူများစွာပါဝင်နေသည်။ အကယ်၍ လှေမှောက်ခဲ့လျှင် အကျိုးဆက်များက ဆိုးရွားလာလိမ့်မည်။

မလှမ်းမကမ်းမှာ ရှိနေတဲ့ သင်္ဘောကြီးကို သူ့အဝတ်အစားများဖြင့် ဝှေ့ယမ်းကာ ကျယ်လောင်စွာအော်ဟစ်ခဲ့သည်။

ထိုသင်္ဘောပေါ်မှလူများမှာ မကြား ပုံရပြီး ဖြည်းဖြည်းချင်းထွက်ခွာသွားခဲ့သည်။

“တိုက်ပြီးထွက်ပြေးတာ... ဒါ...တိုက်ပြီးထွက်ပြေးတာပဲ..”

“စိတ်နာစရာပဲ... ဒီလိုထွက်ပြေးသွားတယ်ပေါ့...လာပြီးလူတွေကိုကယ်ကြဦးလေ...”

“သူတို့ တမင်တကာလုပ်တာဖြစ်ရမယ်...ကျွန်တော်တို့သင်္ဘောကို တမင်တကာဝင်တိုက်တာ...”

လှေနှစ်စင်းပေါ်မှလူများဟာ ဒေါသထွက်နေကြပြီး အလွန်စိတ်ဆိုးနေကြသည်။ အထူးသဖြင့် မတော်တဆမှုဖြစ်အောင်လုပ်ခဲ့သော ရီရှန်းအဖွဲ့မှသင်္ဘော ထွက်ခွာသွားသောအခါ အချို့လူများက သင်္ဘောကိုလက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန်ကျိန်ဆဲခဲ့ကြသည်။

.......

ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့…

“အဖေ ကျွန်တော့်အတွက် လက်စားချေပေးရမယ် "

" သားကို လျူယောင်က ရိုက်တာ....ကြည့်ပါဦး...ဒီနေရာက စိမ်းနေပြီ... ဒီနေရာကလည်း ခရမ်းရောင်ဖြစ်နေပြီ...”

လော့​ရှောင်ရှန်ဟာ လျူယောင်ရဲ့ သင်ခန်းစာပေးခြင်းခံခဲ့ရသည်။ မီတာအနည်းငယ်အကွာသို့ တွန်းပို့ခံခဲ့ရပြီး မြေပြင်ပေါ်သို့ပြင်းထန်စွာ လဲကျခဲ့သည်။ သူပြန်လာပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ လော့မောင်ယွမ်အား ငိုကြွေးတိုင်တန်းခြင်းပင်။

လော့မောင်ယွမ်၏ မျက်နှာက တဖြည်းဖြည်းတင်းမာလာပြီး သူ့ရဲ့ တန်ဖိုးရှိတဲ့ သားလေးကို နှိမ့်သိမ့်ပေးလိုက်သည်။

“ရှောင်ရှန် အဖေ မင်းအတွက် ဒေါသတွေဖြေပေးမယ်...မင်းအတွက် မကြာခင်ဖြေပေးတော့မှာ.....”

ထိုအချိန် ဖုန်းခေါ်ဆိုမှု့တစ်ခုဝင်လာသည်၊

“သူဋေး.... ကျွန်တော်တို့ အောင်မြင်ခဲ့ပါပြီ... ဂလိုဘဲလ် ကုမ္ပဏီရဲ့ ‘ဖေးရှောင်’ က ပင်လယ်ကြမ်းပြင်အောက်ကို နစ်မြုပ်တော့မှာပါ...သူတို့ရဲ့ သင်္ဘောသား ၂၀ ကနေ ၃၀ လောက်က ပင်လယ်ပြင်မှာမျောနေကြတယ်...”

“ဟားဟား ကောင်းပြီ..မင်းတို့...ကောင်းကောင်းလုပ်ခဲ့တယ်..”

လော့မောင်ယွမ် ရုတ်တရက်ပျော်ရွှင်သွားပြီး ဆက်ပြောလိုက်သည်။

“မှတ်ထား...ဒါက မတော်တဆမှုတစ်ခုဖြစ်ပြီး ငါတို့လည်း...ခံရသူတွေပဲ...”

“သူဋေး...ကျွန်တော်သိပါတယ်...ကျွန်တော်တို့အားလုံးတစ်သံတည်းပြောပါ့မယ်...”

လော့မောင်ယွမ် ဖုန်းကိုချလိုက်ပြီးနောက် ပျော်ရွှင်သွားပြီး လက်မပင်ထောင် ချင်မိသည်။ ဤတစ်ကြိမ်တွင် သူ၏လက်အောက်ငယ်သားများ တကယ်ကောင်းကောင်းလုပ်ခဲ့ကြသည်။

....

ဂလိုဘဲလ်ကုမ္ပဏီ​တွင်…

လျူယောင် သူဋေးကုလားထိုင်ပေါ်တွင်ထိုင်၍ စာရွက်စာတမ်းတစ်ခုကို ကြည့်နေခဲ့သည်။

သင်္ဘောဝယ်ယူခြင်းကဲ့သို့သော ကိစ္စအသေးအမွှားအား သူ့ကိုမနှောင့်ယှက်သင့်ဟု ပြောခဲ့သော်လည်း သူဋေးကိုလေးစားသောအားဖြင့် ကျိုးယန်နှင့် ဟူဂျွန်းရှီတို့က မည်သည့်သင်္ဘောများကိုဝယ်မည်ကို ဆွေးနွေးပြီးနောက် စာရွက်စာတမ်းတစ်ခုပြုလုပ်ကာ လျူယောင်ရဲ့စားပွဲပေါ်တင်ထားခဲ့သည်။

လျူယောင် ဘောပင်ကိုယူကာ စာရွက်စာတမ်းပေါ်တွင်

"သဘောတူသည်" ဆိုပြီး သူ့အမည်ကို လက်မှတ်ထိုးလိုက်သည်။

စာရွက်စာတမ်းကို လက်မှတ်ထိုးပြီး မိနစ်အနည်းငယ်မှာ ရုံးခန်းတံခါးအပြင်ဘက်တွင် ခြေသံများဆူညံလာပြီး တံခါးပင်မခေါက်ဘဲ ဟူဂျွန်းရှီ ပြေးဝင်လာခဲ့သည်။

သူ စိုးရိမ်ပူပန်နေပုံရ၏။

“အစ်ကိုယောင်...ဆိုးရွားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပြီ...ကျွန်တော်တို့ရဲ့ ဖေးရှောင်သင်္ဘောနစ်သွားပြီ...”

“ဘာ...”

လျူယောင် အံ့အားသင့်သွားပြီး ချက်ချင်းပင် သူဌေးကုလားထိုင်မှ ထရပ်လိုက်ကာ မယုံနိုင်သောမျက်နှာဖြင့် မေးလိုက်သည်။

“ဘာဖြစ်တာလဲ..ငါတို့ ‘ဖေးရှောင်’ သင်္ဘောက ကျောက်မီးသွေးပို့ဖို့ RB လမ်းကြောင်းကိုပြေးဆွဲနေတာမဟုတ်ဘူးလား...”

ဟူဂျွန်းရှီ သူ သိရှိထားသောအခြေအနေကို အမြန်အစီရင်ခံလိုက်သည်။

အစီရင်ခံတာကိုနားထောင်ပြီးနောက် သင်္ဘောတိုက်မှု့ကဲ့သို့သော ဖြစ်နိုင်ခြေမှာ အလွန်နည်းလှတယ်လို့ လျူယောင် တွေးလိုက်မိသည်။

All Chapters