← Chapters

" ဂလိုဘဲလ်၏သင်္ဘော တိုက်ခံရခြင်း..."

Vol. 11 Ch. 158

" ဂလိုဘဲလ်၏သင်္ဘော တိုက်ခံရခြင်း..."

Vol. 11 Ch. 158

တော်တော်လေးကြာပြီးနောက် လျူယောင် မေးလိုက်သည်။

“ဘယ်လိုလုပ်ပြီး.. သင်္ဘောချင်းတိုက်မိရတာလဲ ..”

“ဒီသတင်းကို ပထမဆုံးကြားတော့ ကျွန်တော်လည်း...နောက်ပြောင်တာလို့ ထင်ခဲ့တာ... ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်... သင်္ဘောတိုက်မှု့တစ်ခု အမှန်တကယ်ဖြစ်ခဲ့တာပါ... ရီရှန်းအဖွဲ့က တန်ချိန်တစ်သိန်းကျော်ရှိတဲ့ သင်္ဘောကြီးတစ်စီးက ကျွန်တော်တို့ရဲ့ ‘ဖေးရှောင်’ သင်္ဘောနဲ့တိုက်မိခဲ့တာပါ....”

“ဆိုလိုတာက ...ရီရှန်းအဖွဲ့ရဲ့ သင်္ဘောက ငါတို့ကိုတိုက်တာလား...ငါတို့သင်္ဘောက သူတို့ကို တိုက်တာမဟုတ်ဘူးပေါ့... ဟုတ်လား...”

လျူယောင် သေချာအောင် ထပ်မေးလိုက်သည်။

“ကျွန်တော်တို့ ရရှိထားတဲ့ မူလသတင်းအချက်အလက်တွေအရ ....သူတို့က ကျွန်တော်တို့သင်္ဘောကို ဝင်တိုက်တာဖြစ်နိုင်ပါတယ်...”

“ကျွန်တော် ပိုပြီးတိကျတဲ့အခြေအနေကို ချက်ချင်းစုံစမ်းပါ့မယ်”

ဟူဂျွန်းရှီ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ...ဒီကိစ္စကို သေချာစုံစမ်းရမယ်...အရမ်းအရေးကြီးတယ်...”

လျူယောင် တိုက်တွန်းလိုက်သည်။သူ စဉ်းစားပြီးနောက် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

“ငါတို့ ‘ဖေးရှောင်’ သင်္ဘောပေါ်က သင်္ဘောသားတွေကော ဘယ်လိုလဲ....”

လူ့အသက်က အဓိကပင်။

သင်္ဘောသားတစ်ဦး ရေထဲပြုတ်ကျ သေဆုံးခဲ့လျှင် ကောင်းသောအရာမဟုတ်သည်မှာ သေချာသည်။ လျူယောင် အလွန်လေးလံသောခံစားချက်ကို ခံစားရပြီး သင်္ဘောသားရဲ့မိသားစုများနှင့်ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။

ဟူဂျွန်းရှီ အစီရင် ခံလိုက်သည်။

“အခုအချိန်အထိ သင်္ဘောသားတွေ ရေထဲပြုတ်ကျတာမရှိပါဘူး... သင်္ဘောသားတွေအားလုံး အသက်ကယ်လှေပေါ်မှာရှိနေပြီး အသက်ကယ်အင်္ကျီတွေအားလုံး ဝတ်ထားပါတယ်... ဒါပေမဲ့ ပင်လယ်ရေပြင်မှာ လှိုင်းလေထန်နေပြီး အချိန်အကြာကြီးရေပေါ်မှာ ရှိနေတာကတော့ အတော်လေးအန္တရာယ်ရှိပါတယ်..."

‘ဖေးရှောင်’ သင်္ဘော တိုက်မိပြီးတာနဲ့ ချက်ချင်း SOS အရေးပေါ်အချက်ပေးစနစ် ပို့ခဲ့ပါတယ်... ‘ဖေးရှောင်’ နဲ့ အနီးဆုံးမှာရှိတဲ့ ...သင်္ဘောကို အရှိန်အပြည့်နဲ့ သွားဖို့ကျွန်တော် ...အမိန့်ပေးခဲ့ပြီးပါပြီ...”

အစီရင်ခံစာကို နားထောင်ပြီးနောက် လျူယောင် အနည်းငယ်စိတ်အေးသွားသည်။ ကံကောင်းစွာနှင့် သင်္ဘောသားများသေဆုံးမှုမရှိခဲ့ပေ။

“အခု ဒီကိစ္စကို ကုမ္ပဏီရဲ့ အကြီးဆုံးကိစ္စအဖြစ် သတ်မှတ်ပြီး အနီးကပ်အာရုံစိုက်ပါ”

“အစ်ကိုယောင်...ကျွန်တော်ဘယ်လိုလုပ်ရမယ်ဆိုတာ သိပါတယ်...”

ဟူဂျွန်းရှီအလျင်အမြန်ထွက်ခွာသွားခဲ့သည်။

“ဒါက သဘာဝဘေးလား... လူလုပ်ဘေးလား...” လျူယောင် စဉ်းစားနေခဲ့သည်။

သင်္ဘောတိုက်မိသည့်အဖွဲ့က ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ဖြစ်သည်မှာ တိုက်ဆိုင်မူ့တော့ မဖြစ်နိုင်ပေ။

သူတွေးလေလေ ထိုကိစ္စကိုရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့က တမင်တကာလုပ်ကြံဖန်တီးထားတဲ့ သင်္ဘောတိုက်မှု့ ဟုသာ ခံစားရလေလေ ဖြစ်သည်။

“ဟွန့်...ဒါက သူတို့ တကယ်လုပ်ကြံဖန်တီးခဲ့တာဆိုရင် ဆယ်ဆ...ဒါမှမဟုတ်..အဆတစ်ရာ ပြန်ပေးဆပ်ရလိမ့်မယ်...”

လျူယောင် ထိုအတွေးဖြင့် လိပ်ကြီးကိုဆက်သွယ်ပြီး အသင့်ဖြစ်နေစေရန် ဟွာဟိုင်းမြို့အနီးရှိ ရေပြင်သို့ ပြန်လာရန်အမိန့်ပေးခဲ့သည်။ သူ လိပ်ကြီးအတွက် မစ်ရှင်များအချိန်မရွေးရှိနေနိုင်သောကြောင့်ဖြစ်သည်။

လိပ်ကြီးက မလက္ကာရေလက်ကြားအနီးတွင် ရေလွှာလျှောစီးနေတုန်းဖြစ်ပြီး အပူပိုင်းဒေသ၏ ငါးများစားရသည်ကို စွဲနေသဖြင့် ထွက်ခွာရန်အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။

လျူယောင်၏ အမိန့်ကိုရရှိတာနှင့်တစ်ပြိုင်နက် လိပ်ကြီးကတွန့်ဆုတ်မနေဘဲ ချက်ချင်းပင်ထွက်ခွာခဲ့သည်။

ပင်လယ်ရေပြင်တွင်....

မလှမ်းမကမ်းမှာရှိတဲ့ ဖေးရှောင်သင်္ဘောမှာ လုံးဝနီးပါးနစ်မြုပ်နေပြီဖြစ်သည်။ သင်္ဘောရဲ့နောက်ပိုင်းက ဦးစွာနစ်မြုပ်သွားပြီး ဦးပိုင်းမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

အခုတော့ ဦးပိုင်းက အနည်းငယ်သာပေါ်နေပြီး မိနစ်အနည်းငယ်အတွင်း လုံးဝနစ်မြုပ်သွားကာ ရေအနက် မီတာတစ်ထောင်နီးပါးအောက်သို့ ရောက်ရှိသွားလိမ့်မည်။

ဒွမ်တုန်ရှန်း အရာအားလုံးကို တိတ်တဆိတ်ကြည့်နေပြီး သူ့စိတ်ထဲတွင် ဝမ်းနည်းနေခဲ့သည်။

ဖေးရှောင်အတွက် ဝမ်းနည်းဖို့အချိန်မရမှီ သူ့ရဲ့ပထမဆုံးအဖော်က သတိပေးလိုက်သည်။

"လူအိုကြီးဒွမ် လှိုင်းတွေက ပိုပြီးကြီးလာပုံရတယ်...ဒီအတိုင်းဆိုအဆင်မပြေဘူး...”

ဒွမ်တုန်ရှန်း လှိုင်းများရဲ့အခြေအနေကိုကြည့်လိုက်ပြီး စိုးရိမ်မှု့ပြသလိုက်သည်။ သူလုပ်နိုင်သည်မှာ ကယ်ဆယ်ရေးကိုစောင့်ဆိုင်းရန်သာဖြစ်ပြီး လူတိုင်းကိုအလျင်အမြန်လုပ်ကြရန်နှင့် ရေထဲမပြုတ်ကျစေရန်သာပြောနိုင်တော့သည်။

အချိန်များက မိနစ်အလိုက် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

လှိုင်းများပို၍ကြီးလာပြီး အသက်ကယ်လှေနှစ်စင်းမှာ လှိုင်းများကြားတွင် လှုပ်ခါနေခဲ့သည်။ အလွန်အန္တရာယ်ရှိနေစဉ် အဝေးမှငါးဖမ်းလှေတစ်စီးမှာ အရှိန်အပြည့်ဖြင့် မောင်းနှင်လာခဲ့သည်။

ဒွမ်တုန်ရှန်း ထိုငါးဖမ်းလှေကို ပထမဆုံးတွေ့လိုက်ရကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဟေး..အားလုံးကြည့်လိုက်...ငါတို့ကိုကယ်တင်မယ့်လှေရောက်လာပြီ... နောက်ဆုံးတော့ လှေတစ်စီးလာပြီကွ...”

အသက်ကယ်လှေပေါ်ရှိလူတိုင်း ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။

“ဟုတ်တယ်...ကျွန်တော်..တို့ရဲ့ ငါးဖမ်းလှေပဲ..”

၎င်းသည် ကျွန်တော်တို့နိုင်ငံမှ ငါးဖမ်းလှေတစ်စီးဖြစ်သည်မှာ အမှန်ပင်။ အနီးအနားတွင် ငါးဖမ်းနေခဲ့ပြီး အရေးပေါ်အချက်ပြရတာနှင့် ချက်ချင်းအပြေးအလွှားလာခဲ့သည်ဟု ခန့်မှန်းရသည်။

ငါးဖမ်းလှေပေါ်မှ တံငါသည်များမှာအသက်ကယ်လှေနှစ်စင်းကိုတွေ့သွားခဲ့ပြီး ချက်ချင်းပင်လူများကို ကယ်ဆယ်ရန်စတင်ခဲ့သည်။ အတော်လေး အားထုတ်ခဲ့ရပြီးနောက် သင်္ဘောသား ၂၀ မှ ၃၀ ခန့်အားလုံး ငါးဖမ်းလှေပေါ်သို့တက် နိုင်ခဲ့ကြသည်။

ကပ္ပတိန်ဒွမ်တုန်ရှန်း လှေပေါ်သို့ရောက်သည်နှင့် ပထမဆုံးလုပ်ရမည့်အရာမှာ လူဦးရေကို ထပ်မံရေတွက်ခဲ့ပြီးနောက် ကုမ္ပဏီသို့ ဘေးကင်းကြောင်းအစီရင်ခံရန် ငါးဖမ်းလှေပေါ်ရှိ ဂြိုဟ်တုဖုန်းကိုယူလိုက်သည်။

ဟူဂျွန်းရှီက လျူယောင်ကို ထပ်မံအစီရင်ခံခဲ့သည်။

“အစ်ကိုယောင်..ကံကောင်းစွာနဲ့ပဲ အနီးနားမှာ ငါးဖမ်းလှေတစ်စီးရှိနေခဲ့ပြီး ကျွန်တော်တို့လူတွေအားလုံးကို ကယ်တင်နိုင်ခဲ့ပါပြီ..အခု ပြန်လာနေပါပြီ...နှစ်ရက်အတွင်း ဟွာဟိုင်းမြို့ကို ပြန်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်..”

“ငါတို့ရဲ့သင်္ဘောသားတွေ အဆင်ပြေရင် တော်ပါသေးတယ်......ဒါဟာ ကံမကောင်းခြင်းတွေကြားထဲက ကံကောင်းခြင်းပဲ...လူတွေအဆင်ပြေတာ အကောင်းဆုံးပါပဲ”

လျူယောင် ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

တန်ချိန် ၂၀,၀၀၀ ရှိ အစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီး ဆုံးရှုံးရတာကို မေ့လိုက်တော့။

ဟူဂျွန်းရှီမှာ စိတ်ပျက်နေပုံရပြီး ပြောလိုက်သည်။

“အစ်ကိုယောင်..တန်ချိန် ၂၀,၀၀၀ ရှိ အစုလိုက်သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးနဲ့ ကျောက်မီးသွေးအပြည့်ပါတဲ့သင်္ဘောက အနည်းဆုံး ယွမ်သန်း ၈၀ ဆုံးရှုံးလိမ့်မယ်...”

သူ့ပခုံးကိုအသာပုတ်ပြီး လျူယောင် နှစ်သိမ့်ပေးလိုက်သည်။

“ကိစ္စမရှိပါဘူး...ပိုက်ဆံကတော့ ပြန်ရှာလို့ရတယ်...ငါတို့ရဲ့ သင်္ဘောသားတွေ အဆင်ပြေနေသရွေ့ပေါ့...”

“အင်း” ဟူရှီးဂျွန် ခေါင်းအသာညိတ်လိုက်ပြီး ယာယီလက်ခံနိုင်ခဲ့သည်။

ခဏတာ စဉ်းစားပြီးနောက် လျူယောင် ညွှန်ကြားလိုက်သည်။

“ငါတို့ ‘ဖေးရှောင်’ ရဲ့ ကပ္ပတိန်နာမည်က ဒွမ်တုန်ရှန်းဆိုတာ မှတ်မိတယ်...သူပြန်လာရင် ငါ့ဆီလာခိုင်းလိုက်...အဲဒီတုန်းက အခြေအနေကို မေးမြန်းချင်တယ်...”

သင်္ဘောတိုက်မှု့ကဲ့သို့သော ကြီးမားသည့်ဖြစ်ရပ်ဖြစ်ခဲ့ပြီး သတင်းမီဒီယာများတွင် မကြာမီအစီရင်ခံစာများထွက်ပေါ်လာခဲ့သည်။ ကုမ္ပဏီနှစ်ခုမှလူများသည် ထို ကိစ္စကိုမည်သို့ဖြေရှင်းရမည်ကို ဆွေးနွေးရန်အတူတကွထိုင်ခဲ့ကြသည်။

ဟူဂျွန်းရှီက ဂလိုဘဲလ်ကုမ္ပဏီကို ကိုယ်စားပြုပြီး ရီရှန်းအဖွဲ့ကလည်း ကျန်းရှင်းလီအမည်ရှိ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ကိုစေလွှတ်ခဲ့သည်။

နှစ်ဦးသားဆွေးနွေးရန် အတူတကွထိုင်ခဲ့ကြသည်။ အစပိုင်းတွင် အခြေအနေကောင်းမွန်ခဲ့သော်လည်း မကြာမီတွင်ပင် အချေအတင်စကားများလာကြသည်။

ရိရှိန်းအဖွဲ့က သင်္ဘောတိုက်မှုအတွက် အဓိကတာဝန်ရှိသူမှာ ဂလိုဘဲလ် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ဖေးရှောင်ကသာ သူတို့သင်္ဘောကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှုအတွက် အဓိကအားဖြင့် ဂလိုဘဲလ် ကသာ တာဝန်ယူရမည်ဟုပြောခဲ့သည်။

“မစ္စတာဟူ... ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုကို တွက်ချက်ပြီးပါပြီ... ကျွန်တော်တို့ရဲ့သင်္ဘောကို ပြန်လည်ပြင်ဆင်ဖို့ စက်ရုံကိုပြန်ပို့ရပါမယ်... ကုန်ကျစရိတ်က ယွမ် ၆ သန်းလောက်ရှိပါတယ်..ကျွန်တော်တို့သူဋေး..ကပြောပါတယ်... ခင်ဗျားတို့ ကျွန်တော်တို့ကို ယွမ် ၄ သန်းပေး...ကျွန်တော်တို့က ယွမ် ၂ သန်းခံမယ်...ဘယ်လိုလဲ..."

“ဘာ..."

“ကျွန်တော်တို့က ခင်ဗျားတို့ကို ယွမ် ၄ သန်းလျော်ကြေးပေးရမယ်...ဟုတ်လား..”

ဟူဂျွန်းရှီအပါအဝင် ဂလိုဘဲလ် ကုမ္ပဏီမှလူများ အလွန်ပင် ဒေါသထွက်သွားကြသည်။ သူတို့က ရီရှန်း အဖွဲ့ထံမှ လျော်ကြေးတောင်းခံရန် အဓိကထိုင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အခြားအဖွဲ့က သူ့ကိုပြန်ရိုက်လိုက်တာကို ဘယ်လို လို့လက်ခံနိုင်မှာလဲ..."

ဒီလိုဆိုရင်တော့ ဆွေးနွေးစရာမလိုတော့ဘဲ လုံးဝသဘောတူညီမှုရရှိနိုင်မည်မဟုတ်ပေ။

ဖေးရှောင်ပေါ်မှ လူများအားလုံး ဟွာဟိုင်းမြို့သို့ ဘေးကင်းစွာရောက်ရှိလာပြီး သင်္ဘောသားအားလုံးကို သင့်တော်စွာနေရာချထားပေးခဲ့သည်။ အချို့ကို စိတ်ပိုင်းဆိုင်ရာအကြံဉာဏ်များပင်ပေးခဲ့သည်။

လျူယောင်၏တောင်းဆိုချက်အရ ကပ္ပတိန်ဒွမ်တုန်ရှန်းက လျူယောင်ရဲ့ရုံးခန်းသို့သွားခဲ့သည်။

သူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး စိတ်ကျဉ်းကျပ်နေသည်။

လျူယောင် ငြိမ်သက်သော လေသံဖြင့် မေးလိုက်သည်။

“ကပ္ပတိန်ဒွမ်..စိတ်မပူပါနဲ့... သင်္ဘောတိုက်မိတဲ့အချိန်က အခြေအနေကို…ကျွန်တော်.. မေးမြန်းချင်တာပါ... ခင်ဗျားသိတဲ့အခြေအနေကိုသာ ကျွန်တော့်ကိုပြောပြပေး...."

All Chapters