← Chapters

" သက်သေမလိုဘူး....ငါပြောတာက သက်သေပဲ ..."

Vol. 11 Ch. 159

" သက်သေမလိုဘူး....ငါပြောတာက သက်သေပဲ ..."

Vol. 11 Ch. 159

သူဋေး၏ တည်ငြိမ်သောလေသံကိုကြားရသောအခါ ဒွမ်တုန်ရှန်း စိတ်လှုပ်ရှားမှု့အနည်းငယ်ပြေလျော့သွားသည်။

အဖြစ်မှန်ကို ပြောပြနေစဉ် သူ့မျက်လုံးများ နီရဲနေ၏။

သူ့စိတ်ထဲတွင် အလွန် ဒေါသထွက်နေခဲ့သည်။

“သူဋေး..ဒါက သာမန်သင်္ဘောတိုက်မှုမဟုတ်ဘူး...တဖက်လူက တမင်လုပ်ခဲ့တာပါ...အစကတည်းက ကျွန်တော်တို့က တဖက်သင်္ဘောကို ရေကြောင်းမိုင်..အကွာကနေ တွေ့ခဲ့ပြီး ဥသြသံအကြိမ်ကြိမ်ပေးခဲ့သေးတယ်...”

သူ အလွန်ဒေါသထွက်နေပြီး အစပိုင်းအခြေအနေကို အသေးစိတ်ပြောပြခဲ့သည်။

“ဖြတ်...”

ပေါ့ပါးသောအသံတစ်ခုနှင့်အတူ လျူယောင်ရဲ့လက်ထဲမှ ခဲတံ ကျိုးသွားခဲ့သည်။ ထိုအချိန်တွင် သူ့စိတ်ထဲတွင် ဒေါသများအပြည့်ဖြစ်နေသည်။

၎င်းမှာ ရိရှိန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ တမင်တကာလုပ်ကြံဖန်တီးထားသော လူလုပ်ဘေးတစ်ခု ဖြစ်လေသည်။

ကပ္ပတိန်ဒွမ်တုံတွမ်ရှန်း.ဒေါသတကြီးဆက်ပြောလိုက်သည်။

“ပိုပြီး...စိတ်ဆိုးစရာကောင်းတာက အဲဒီအချိန်မှာ... ကျွန်တော်တို့ လူအများကြီးက အသက်ကယ်လှေနှစ်စင်းပေါ်မှာ ပြည့်ကျပ်နေခဲ့တာ်...ရိရှိန်းအဖွဲ့ လူတွေက ကျွန်တော်တို့ကို ကယ်ဆယ်ဖို့ငြင်းဆန်ရုံသာမက ဒီအတိုင်းထွက်သွားခဲ့ကြတယ်...သူဋေး...”

“စိတ်နာစရာပဲ... ဒါက လုံးဝရည်ရွယ်ချက်ရှိရှိလက်စားချေတာ...”

လျူယောင် ဒေါသတကြီး ပြောလိုက်သည်။

ပြီးခဲ့သည့် လေလံပွဲတွင် ရှုံးနိမ့်ခဲ့သော လော့မောင်ယွမ် ထိုသို့သောမိုက်မဲတဲ့ လှည့်ကွက်ကို ကစားခဲ့သည်။ တန်ချိန်တစ်သိန်းကျော်ရှိသော သင်္ဘောကြီးတစ်စင်းက ငါတို့ရဲ့တန်ချိန်နှစ်သောင်းရှိတဲ့ သင်္ဘောကို တမင်ဝင်တိုက်နစ်မြှုပ်စေခဲ့သည်။

“လော့မောင်ယွမ်.. ငါ့ရဲ့လက်စားချေမှုကို စောင့်နေလိုက်ပါ...”

လျူယောင် တင်းမာပြီး အေးစက်နေသောမျက်နှာကို တည်ငြိမ်အောင်ကြိုးစားရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ညင်သာစွာပြောလိုက်သည်။

“ကောင်းပြီ...အခြေအနေကို ငါသိပြီ.. မင်းတို့အားလုံးကို လည်းထိတ်လန့်စေခဲ့တာပဲ..ကုမ္ပဏီက မင်းတို့ကို အဆင်မပြေဖြစ်စေမှာမဟုတ်ဘူး... ပြီးတော့ မင်းတို့ရဲ့ဒေါသတွေကို ငါ ဖြေရှင်းပေးမယ်...”

“ကျေးဇူးပါပဲသူဋေး...ကျေးဇူးပါပဲသူဋေး..”

ဒွမ်တုံရှန်း ကျေးဇူးတင်စွာပြောလိုက်သည်။

“သင်္ဘောသားတွေအားလုံးကို… ခဏနားခိုင်းလိုက်... မင်းအရင်ပြန်တော့....”

လျူယောင် လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

ဒွမ်တုံရှန်းရှန်း ရုံးခန်းမှထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် ဖုန်းကောက်ယူပြီး ကျိုးယန် ကိုခေါ်လိုက်သည်။

“သူဋေး …ကျွန်တော့်ကိုရှာနေတာလား”

လျူယောင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ငါ မင်းကိုအလုပ်တစ်ခုပေးမယ်... တန်ချိန်တစ်သောင်းကျော်တဲ့ ရီရှန်း သင်္ဘောတွေအားလုံးရဲ့သတင်းအချက်အလက်..သူတို့ဘယ်မှာရှိလဲ... ဘာတွေသယ်ဆောင်နေလဲ...ဘယ်ကိုသွားနေလဲဆိုတာကို အကျဉ်းချုပ်ပေးရမယ်... မင်းသိရမယ်…သင်္ဘောတစ်ခုချင်းစီရဲ့ဓာတ်ပုံနဲ့ မိတ်ဆက်တွေပါရင်တော့ ပိုကောင်းတာပေါ့...”

“ဟုတ်ကဲ့ပါ...ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်..”

ကျိုးယန်း အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းကလည်း သူဋေး ဒီကိစ္စကိုစီစဉ်ခဲ့သည်။ ရလဒ်အနေဖြင့် ရီရှန်းအဖွဲ့ပိုင် သင်္ဘောသုံးစီး ပင်လယ်ထဲတွင် ပျက်စီးခဲ့ရသည်။

ဒီတစ်ခါလည်း ထပ်ဖြစ်နိုင်ချေရှိသည်။

ဒီလိုဆိုရင်တော့ အတော်လေးရှက်စရာကောင်းလိမ့်မည်။

မကြာမီ ဟူဂျွန်းရှီလည်း ပြန်လာခဲ့သည်။

သူ အလွန် ဒေါသထွက်နေပုံရသည်။

“အစ်ကိုယောင်...ရီရှန်းအဖွဲ့က တကယ်ပဲ ကောင်းတဲ့အရာမဟုတ်ဘူး...သူတို့က ကျွန်တော်တို့ကို ပြန်ရိုက်ပြီး...အဓိကတာဝန်ရှိတာက ကျွန်တော်တို့လို့ ပြောတယ်...သူတို့က ကျွန်တော်တို့ကို ယွမ် ၄ သန်း လျော်ကြေးပေးဖို့တောင် တောင်းဆိုခဲ့တယ်...ဒါက အဓိပ္ပာယ်မရှိတာပဲ....စိတ်တိုစရာကောင်းတယ်...”

ဟူဂျွန်းရှီ ဒေါသထွက်စွာ ပြောလိုက်သည်။

“ဒီလော့မောင်ယွမ်က ဘယ်လိုနေရမယ် ဘယ်လိုသေရမယ်ဆိုတာ တကယ်မသိဘူးပဲ ”

လျူယောင် ခဏမျှ လှောင်ပြောင်လိုက်သည်။

လျူယောင် လက်ဝှေ့ယမ်းပြီး ဆက်ပြောလိုက်သည်။

“တဖက်အဖွဲ့ကို အသိပေးလိုက်...မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးကြမယ်... ငါကိုယ်တိုင်တက်ရောက်မယ်ဆိုတာ...”

ဟူဂျွန်းရှီ စိုးရိမ်တကြီး ပြောလိုက်သည်။

“အစ်ကိုယောင်...ကိုယ်တိုင်တက်ရောက်ဖို့ မလိုအပ်ပါဘူး...သူတို့ပြောတဲ့စကားတွေက အရမ်းစိတ်တိုစရာကောင်းတယ်...အစ်ကို့ရဲ့စိတ်ကို ထိခိုက်စေနိုင်တယ်...”

လျူယောင် စိတ်အေးလက်အေး ပြန်ဖြေလိုက်သည်။

"ငါတက်ရောက်ချင်တယ်... မင်းက တဖက်အဖွဲ့ကိုသာ အသိပေးဖို့လိုတယ်...မနက်ဖြန် ဆွေးနွေးပွဲမဟုတ်ဘူး...ငါ...သူတို့ကို တစ်ခုခုပြောပြဖို့ပဲ...”

လျူယောင်ရဲ့အတင်းအကျပ်ပြောဆိုမှုကိုမြင်သောအခါ ဟူဂျွန်းရှီက သဘောတူခေါင်းညိတ်လိုက်သည်။

“မနက်ဖြန် အစ်ကိုယောင်က တဖက်အဖွဲ့ကို ဘာပြောမလဲ” သူ စိတ်ထဲမှစဉ်းစားနေခဲ့သည်။

မနက် ၁၀ နာရီခန့်တွင် နှစ်ဖက်အဖွဲ့များ အတူတကွထိုင်ခဲ့ကြသည်။

ရိရှိန်းအဖွဲ့တွင် အရင်လူများပင်ဖြစ်ပြီး ကျန်းရှင်းလီက အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ သူဟာ ရီရှန်းအဖွဲ့၏ ဒုတိယအထွေထွေမန်နေဂျာလည်း ဖြစ်သည်။

ဂလိုဘဲလ် ကုမ္ပဏီတွင်မူ လူအနည်းငယ်ပိုများပြီး လျူယောင်ကိုယ်တိုင် ပါဝင်ခဲ့သည်။

ရှည်လျားသော အစည်းအဝေးစားပွဲတွင် ညာဘက်တွင် ဂလိုဘဲလ် မှလူများရှိပြီး ဘယ်ဘက်တွင် ရီရှန်းအဖွဲ့မှလူများရှိသည်။

ရီရှန်း၏ သဘောထားမှာ မာနကြီးနေဆဲဖြစ်သည်။

“ ဂလိုဘဲလ်ဘက်က အဓိကတာဝန်ယူရမယ်..လျော်ကြေးကို ယွမ် ၄ သန်းထက်မလျော့စေရဘူး” ကျန်းရှောင်လီ အစ၌ပင် ပြောလိုက်သည်။

လျူယောင် ဂရုမစိုက်ပဲ ပြန်ပြောလိုက်သည်။

“ဒီနေ့ ခင်ဗျားတို့ကို ခေါ်လိုက်တာ ဆွေးနွေးဖို့မဟုတ်ဘူး.. လော့မောင်ယွမ်ဆီကို ခင်ဗျားတို့ပြန်ပြောပေးစရာ...တစ်ခုခုရှိလို့ပဲ...”

“သင်္ဘောတိုက်မှုအတွက် ရိရှိန်းအဖွဲ့က အပြည့်အဝတာဝန်ယူရမယ်... ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုတွေအားလုံးကို လျော်ကြေးပေးရမယ်...ကျွန်တော်ဈေးဖွင့်လိုက်မယ်..ခင်ဗျားတို့ ယွမ်တစ်ဘီလီယံပေးရမယ်...”

“ဘာ!”

"ရီရှန်းက ဂလိုဘလ်ကို ယွမ်တစ်ဘီလီယံ လျော်ကြေးပေးရမယ်...."

ရီရှန်းအဖွဲ့မှ လူများနဲ့ ဂလိုဘဲလ်မှလူ အားလုံးတုန်လှုပ်သွားခဲ့ကြသည်။

အသိပြန်ဝင်လာပြီးနောက် ဟူဂျွန်းရှီနှင့် အခြားလူများက လျူယောင်ကို ချီးကျူးမိကြသည်။ ရဲစွမ်းသတ္တိရှိသော အစ်ကိုယောင်မှာ တဖက်အဖွဲ့ထံမှ ယွမ်တစ်ဘီလီယံလျော်ကြေးတောင်းခံခဲ့သည်။

ရိရှန်းမှလူများလည်း ဒေါသထွက်နေကြသည်။

ကျန်းရှင်းလီ အလွန်ဒေါသထွက်၍ ခုန်ပေါက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့က ရီရှနိးအဖွဲ့မှာ တာဝန်ရှိတယ်ဆိုတာ ဘာသက်သေရှိလို့လဲ.. ကျွန်တော်တို့သင်္ဘောကို ခင်ဗျားတို့ဘက်က ဝင်တိုက်တာ ထင်ရှားနေတာပဲ...”

“သက်သေမလိုဘူး... ငါပြောတာက သက်သေပဲ....”

“အရမ်းမိုက်တာပဲ…”

“အကိုယောင်… အစွမ်းထက်တယ်…”

ဟူဂျွန်းရှီနဲ့ဂလိုဘဲလ်မှ လူများက ကျေနပ်စွာ သူဋေးအား ချီးကျူးလိုက်ကြသည်။

လျူယောင် ဆက်ပြောလိုက်သည်။

“အခုကစပြီး ခင်ဗျားတို့ကို ၂၄ နာရီအချိန်ပေးမယ်...၂၄ နာရီအတွင်း ယွမ်တစ်ဘီလီယံလျော်ကြေးကို သဘောမတူရင် အနာဂတ်မှာ ဖြစ်လာမယ့်အရာအားလုံးအတွက် ခင်ဗျားတို့ တာဝန်ယူရလိမ့်မယ်...”

ပြောပြီးနောက် လျူယောင် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“သွားရအောင်…”

အစည်းအဝေးစတင်တဲ့ အချိန်မှ ရေတွက်ရင် လျူယောင် အခြားသူများနှင့်အတူ ထွက်ခွာတဲ့ အထိ ၁၀ မိနစ်ပင်မပြည့်ခဲ့ပေ။

ရီရှန်းအဖွဲ့မှလူများ တုန်လှုပ်နေခဲ့ကြသည်။

“ကျွန်တော်တို့ဘယ်မှာလဲ...ဘယ်ရောက်နေတာလဲ....”

လျူယောင် သူ့ လူများကိုခေါ်ဆောင်ပြီး ထွက်ခွာသွားတဲ့ အထိ သူတို့တစ်ယောက်ပြီးတစ်ယောက် အသိပြန်ဝင်လာခဲ့ကြပြီး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခဲ့ကြသည်။

ကျန်းရှင်းလီ၏မျက်နှာက အနည်းငယ်ပြာသွားကာ ဒေါသတကြီး ပြောလိုက်သည်။

“ဒီလူ...ငါပြောတာက သက်သေပဲ..လို့တောင်...ပြောနိုင်လောက်အောင် မာနကြီးလွန်းနေတာပဲ...ဟွန့်...စောင့်ကြည့်နေလိုက်...”

ရီရှန်းပင်လယ်ရေကြောင်းအဖွဲ့ကို သူတို့ ပြန်ရောက်လာခဲ့ကြသည်။

ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ရမည့်အရာမှာ လော့မောင်ယွမ်ကို အစီရင်ခံရန် ဖြစ်သည်။

“သူဋေး ...လျူယောင် အရမ်းမာနကြီးတယ်...."

“သူက ကျွန်တော်တို့ကို အပြည့်အဝတာဝန်ယူရမယ်လို့ ပြောပြီး ယွမ်တစ်ဘီလီယံလျော်ကြေးပေးဖို့ တောင်းဆိုခဲ့တယ်….ဒီလျော်ကြေးကို ၂၄ နာရီအတွင်း သဘောမတူရင် အနာဂတ်မှာ ဖြစ်လာမယ့်အရာအားလုံးအတွက် တာဝန်ယူရလိမ့်မယ်လို့ ပြောတယ်…”

“ဘာ…”

“သက်သေက ဘယ်မှာလဲ…သူ့သက်သေက ဘယ်မှာလဲ…. ဒါက ငါ တို့ရဲ့အပြည့်အဝတာဝန်ဖြစ်တယ်လို့ ဘယ်မှာသက်သေပြထားတာလဲ”

လော့မောင်ယွမ် ကျယ်လောင်စွာ မေးလိုက်သည်။

“သူဋေး...လျူယောင်က သက်သေမလိုဘူးလို့ ပြောတယ်...သူပြောတာကပဲ သက်သေပဲတဲ့...”

လော့မောင်ယွမ် သွေးဟောင်းများကို ပါးစပ်မှအန်လုနီးပါးဖြစ်ခဲ့သည်။

သူက ကိုယ့်ကိုယ်ကိုယ် မာနကြီးလွန်းတယ်ဟု ထင်ခဲ့သော်လည်း လျူယောင်က သူ့ထက်ပို၍ မာနကြီးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“သူဋေး...ယွမ်တစ်ဘီလီယံလျော်ကြေး...၂၄ နာရီ... ကျွန်တော်တို့လျစ်လျူရှုလိုက်ကြမလား...”

လော့မောင်ယွမ် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“သူ့ကို ဂရုမစိုက်နဲ့...ဘာဟာသလဲ... မင်းဘယ်သူ့ကို ကြောက်အောင်လုပ်နေတာလဲ... မင်းတို့လုပ်ရမယ့်အရာက နောက်ထပ် အစီအစဉ်လုပ် ပြီး …..ဂလိုဘဲလ် ကုမ္ပဏီရဲ့ နောက်ထပ်သင်္ဘောတစ်စီးကို ….နစ်မြုပ်စေဖို့ ကြိုးစားရမယ်….”

လော့မောင်ယွမ် သေလုမြောပါးဖြစ်အောင်အရိုက်ခံရရင်တောင် ယုံလိမ့်မည်မဟုတ်ပေ။

ဘာအကျိုးဆက်တွေဖြစ်လာနိုင်တာလဲ။

သူ ဒီကိစ္စကို ဟာသတစ်ခုအဖြစ် လုံးဝသတ်မှတ်ခဲ့ပြီး ယွမ်တစ်ဘီလီယံလျော်ကြေးကိုမူ ကြီးမားသောဟာသအဖြစ်သတ်မှတ်ခဲ့သည်။

လိပ်ကြီး ဟွာဟိုင်းမြို့အနီးရှိ ရေပြင်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဗိုက်ပြည့်အောင်စားပြီးနောက် ပင်လယ်ကြမ်းပြင်တွင် အားအပြည့်ဖြည့်နေကာ လျူယောင်ရဲ့အမိန့်ကို စောင့်နေခဲ့သည်။

သခင်ဆီက နောက်တစ်ခါ အလုပ်လုပ်ရမည်ကို ကြားသောအခါ သူအရမ်း စိတ်လှုပ်ရှားနေခဲ့သည်။

All Chapters