← Chapters

" လျူယောင်၏ တုံ့ပြန်မူ့ "

Vol. 11 Ch. 160

" လျူယောင်၏ တုံ့ပြန်မူ့ "

Vol. 11 Ch. 160

" သူဋေး... သူဋေး... လိုချင်တာ ရပါပြီ.."

လျူယောင် ပစ္စည်းများကို လှန်လှော ကြည့်ရှုပြီးနောက် ကျေနပ်တဲ့ အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ..အသေးစိတ်...မှတ်တမ်းအပြည့်အစုံပဲ..သင်္ဘောတစ်စင်းချင်းစီအတွက် မိတ်ဆက်ခြင်းတွေနဲ့ ပုံတွေလည်း ပါတယ်... ဒီအချိန်မှာ ဘယ်နေရာကို ရောက်နေပြီလဲဆိုတာလည်း.. ရှင်းရှင်းလင်းလင်း ဖော်ပြထားတာပဲ..."

ကျိုးယန် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

"သူဋေး... တကယ်ပဲ ရီရှန်း ရဲ့ သင်္ဘောတွေကို တိုက်ခိုက်တော့မှာလား..."

လျူယောင် မည်သည့်အရာကိုမျှ ဖုံးကွယ် မထားတော့ဘဲ ပြောလိုက်သည်။

"ဟုတ်တာပေါ့... ငါ သူတို့ကို ၂၄ နာရီ အချိန်ပေးခဲ့တာ...အခု တစ်နာရီတောင် မလိုတော့ဘူး... သူတို့ဘက်က ယွမ် ၁ ဘီလီယံ ပေးမယ် လို့ ...ငါ...မထင်ဘူး...."

ကျိုးယန်နှင့် စကားပြောနေစဉ် စားပွဲပေါ်ရှိ ဖုန်းက မြည်လာ၏။

ကုမ္ပဏီအောက်မှ မန်နေဂျာတစ်ယောက် ဖြစ်လိမ့်မည်လို​့ ထင်ကာ လျူယောင် ဖုန်း ကောက်ကိုင်လိုက်သည်။ ရုတ်တရက် တုန့်ဆိုင်းသွားပြီးနောက် သူ၏ မျက်နှာမှာ အနည်းငယ် မှုန်မှိုင်းသွားသည်။

ဖုန်းခေါ်ဆိုသူက လော့မောင်ယွမ် ဖြစ်ပြီး အလွန်မာနကြီးစွာ ပြောနေသည်။

"လျူယောင်... မင်းကို... တစ်ပြားမှ မလျော်နိုင်ဘူး... မင်း …ဘာတတ်နိုင်လဲ"

ဒီလူဟာ လူမိုက်ပဲ....။

တကယ်တမ်း ကျတော့ ဖုန်းခေါ်ပြီး ရန်စနေတာပဲ။

"ဒါဆိုရင် ခဗျား နောင်တရဖို့ စောင့်နေပေတော့..... အချိန် ၂၄ နာရီ ပြည့်သွားတာနဲ့ ခဗျားရှေ့ဆက်ဖြစ်လာမယ့် ...ကိစ္စတွေ အားလုံးကို... ခဗျား...ခံစားရလိမ့်မယ်..."

"ဟဲဟဲ.. မင်း ဘယ်သူ့ကို ကြောက်အောင် လုပ်နေတာလဲ.. မင်းလုပ်ချင်တာကို လုပ်လိုက်...နောက်ထပ် သင်္ဘောတစ်စင်း ထပ်ပြီး တိုက်မိတာ.. ဒါမှမဟုတ် ပင်လယ်ကြမ်းပြင်အောက်ကို နစ်မြုပ်သွားတာမျိုး မလုပ်မိစေနဲ့..." လော့မောင်ယွမ် ရယ်ပြီး ပြန်ပြောလိုက်သည်။

" ခဗျား တကယ်ကို အသက်ရှင်ချင်နေတာလား သေချင်တာတာလား မသိဘူး...ခဗျား ကျွန်တော့်ကို စိန်ခေါ်စရာ မလိုဘူး.. အခု ကျွန်တော် ကအရမ်း ဒေါသထွတ်နေတာမို့လို့..ခဗျား ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက အတော်လေး ဆိုးရွားလာလိမ့်မယ်..." လျူယောင် ပြောပြီးနောက် ဖုန်းချလိုက်သည်။

လျှာရှည်နေစရာ မလိုတော့ပေ။

ရလဒ်တွေကို စောင့်ကြည့်လိုက်ရုံပဲမို့ လော့မောင်ယွမ် ငိုရမယ့်အချိန်တွေ ရှိလာတော့မည်။

ကျိုးယန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"သူဋေး..ဖုန်းခေါ်တာ လော့မောင်ယွမ်လား.."

"ဟုတ်တယ်..."

"ဒီလူ... တကယ်ပဲ ဘာဖြစ်ချင်နေလဲမသိဘူး..."

လျူယောင် ပြန်ဖြေလိုက်သည်။

"သူဟာ တကယ်ပဲ အသက်ရှင်ချင်တာလား..သေချင်တာလား မသိတော့ဘူး...ကျွန်တော်တို့ဆီ..ဖုန်းဆက်ပြီး ရန်စတာမျိုးတောင် လုပ်ရဲသေးတယ်" ကျိုးယန် ဒေါသတကြီး ပြောလိုက်သည်။

သူဋေးကို အကြီးအကျယ် ကျိူးယန် ယုံကြည်မှု့ ရှိနေသည်။

လော့မောင်ယွမ်ကို အရည်အချင်းကို ပြသမယ်လို့ ပြောပြီးပြီဖြစ်လို့ သူပြောတဲ့အတိုင်း လုပ်ဆောင်မှာ သေချာပါသည်။

ကျိုးယန်က နောင်တွင် သူ့ သူဋေးမှာ လော့မောင်ယွမ်ကို မည်သို့ သင်ခန်းစာ ပေးမလဲဆိုတာ မျှော်လင့်နေမိသည်။

……

ကျယ်ပြောလှသော ပစိဖိတ်သမုဒ္ဒရာပေါ်တွင်…

အလွန်ကြီးမားသော သတ္တုရိုင်းသယ်ဆောင်သည့် သင်္ဘောတစ်စင်း ခုတ်မောင်းနေသည်။ ၎င်းမှာ သံရိုင်းအပြည့်အစုံကို တင်ဆောင်ထားသည်။ သြစတြေးလျဆိပ်ကမ်းမှ ထွက်ခွာလာပြီး ရက်ပေါင်းများစွာ ခုတ်မောင်းနေတဲ့ အပြင် ပြည်တွင်းဆိပ်ကမ်းတစ်ခုဆီသို့ ဦးတည်ခုတ်မောင်းနေခြင်း ဖြစ်သည်။

သင်္ဘောနဲ့ ရေမိုင်ရာပေါင်းများစွာ ကွာဝေးသော နေရာတွင် ဧရာမလိပ်ကြီးတစ်ကောင်က အမြန်ရေကူးလာနေသည်။ ဒါက လျူယောင်ရဲ့ ပထမဆုံး ပစ်မှတ်ပဲ ဖြစ်သည်။

၂၄ နာရီ အချိန်ပေးခဲ့သော်လည်း လော့မောင်ယွမ်မှာ ကောင်းစွာ မြတ်နိုးတန်ဖိုးထားခဲ့ခြင်း မရှိပေ။ထို့ကြောင့် နောက်ဖြစ်လာမည့် အကျိုးဆက်များကို ခံစားရပေလိမ့်မည်။

လိပ်ကြီး သင်္ဘောအနီးသို့ ရောက်ရှိလာပြီး ရာပေါင်းများစွာ မီတာအကွာအဝေးမှနေ၍ နောက်မှ လိုက်နေသည် ။

"သခင်...ကျွန်တော် ရောက်ပါပြီ...ကျွန်တော် ဘာလုပ်ရမလဲ..."

လျူယောင် သူ့ရဲ့ တတိအမြင်ကို ဖွင့်လိုက်ချိန် လိပ်ကြီး ကို မြင်လိုက်ပြီရပြီးဧရာမ ကုန်တင်သင်္ဘောမှာ ပင်လယ်ပေါ်တွင် သာမာန်အမြန်နှုန်းဖြင့် ခုတ်မောင်းနေတာကိုလည်း တွေ့ရသည်။

ကျိုးယန်ပေးထားသော အချက်အလက်များနှင့် နှိုင်းယှဉ် အတည်ပြုလိုက်သည်။

"ဟုတ်တယ်... ဒါဟာ ရိရှန်းအုပ်စုအောက်မှာရှိတဲ့ အကြီးမားဆုံး သံရိုင်းတင်သင်္ဘောပဲ..သင်္ဘောရဲ့ ရေတင်နှုန်းဟာ တန်ချိန် နှစ်သိန်းနှစ်သောင်း ကျော်တယ်…"

လျူယောင် ဆက်ပြီး အမိန့်ပေးလိုက်သည်။

" လိပ်ကြီး မင်းရဲ့ လှံကို သုံးပြီး အဲဒီ့သင်္ဘောရဲ့ အောက်မှာ အပေါက်ငါးပေါက် ဖောက်ပေး... အများဆုံး ငါးပေါက်ပဲ ဖောက်ရမယ်..ပိုမဖောက်ရဘူး"

ရန်လိုစိတ်ရှိသော ဧရာမလိပ်ကို အပေါက်ဖောက်ခိုင်းပါက လှံဖြင့် ဆယ်ပေါက် ဒါမှမဟုတ် အပေါက်နှစ်ဆယ် သုံးဆယ်တောင် ဖောက်ချင် ဖောက်လိုက်လိမ့်မည်။

အပေါက်များလွန်းလျှင် သင်္ဘောက အချိန်တိုအတွင်း ပင်လယ်ကြမ်းပြင်အောက်သို့ နစ်မြုပ်သွားလိမ့်မည်။ သင်္ဘောပေါ်ရှိ လူများမှာ အကူအညီတောင်းခံရန်နှင့် ထွက်ပြေးရန်အတွက် အချိန်အနည်းငယ်သာ ကျန်တော့မည်ဖြစ်သည်။

မဟုတ်လျှင် သင်္ဘောသားအချို့ သေဆုံးမှုများ ဖြစ်ပေါ်လာလိမ့်မည်။

သင်္ဘောပေါ်ရှိ သာမန်သင်္ဘောသားများမှာ အပြစ်ကင်းတယ် လို့ လျူယောင် ယုံကြည်ထားသည်။ သူ့ရဲ့ရည်ရွယ်ချက်မှာ သင်္ဘောကို နစ်မြုပ်စေရန်သာ ဖြစ်သည်။ သင်္ဘောသားများကို သတ်ပစ်ရန် မဟုတ်ပေ။

"..သခင် အများဆုံး ငါးပေါက်ပဲ ဖောက်ရမှာလား.."

"ဟုတ်တယ်... ငါးပေါက်အထိပဲ.. သုံးပေါက် ဒါမှမဟုတ် လေးပေါက်ဆိုလည်း ရတယ်...မှတ်ထား...ငါးပေါက်ထက် ပိုမဖောက်ရဘူး...."

“ အိုခေဘာ…သခင်..”

လိပ်ကြီး စိတ်လှုပ်ရှားနေတာကို ပြသရင်း ဧရာမလှံကိုကိုင်ကာ ရေကူးသွားလိုက်သည်။သင်္ဘောအောက်သို့ ရောက်သောအခါ ဧရာမလှံဖြင့် အားကုန်ထိုးလိုက်သည်။

" ဒုန်း..."

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည် ။တန်ချိန် ဆယ်ဂဏန်းကျော် အလေးချိန်ကြောင့် လှံတစ်ချောင်းလုံးမှာ သင်္ဘောကိုယ်ထည်အတွင်းသို့ ဝင်ရောက်သွားသည်။

အပြင်ဘက်တွင် နှစ်မီတာ သို့မဟုတ် သုံးမီတာမျှသာ ကျန်ရှိတော့သည်။

လိပ်ကြီး ဧရာမလှံကို ဆွဲထုတ်လိုက်ရာ ချက်ချင်းပင် သင်္ဘောအောက်ခြေတွင် နှစ်မီတာနီးပါးရှိသော အပေါက်ကြီးတစ်ပေါက် ကျန်ရှိနေခဲ့သည်။ ထိုအပေါက်မှ ပင်လယ်ရေ အများအပြား စီးဝင်လာတော့သည်။

သင်္ဘောပေါ်တွင်…

တစ်စုံတစ်ယောက်က လှုပ်ရှားမှု့များကို ကြားလိုက်ရသလိုနှင့် နားစွင့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့ ကြားလိုက်သလား..ခုနက 'ဒုန်း' ဆိုတဲ့ အသံထွက်လာတာကို...ကျွန်တော်တို့ သင်္ဘောအောက်ခြေက...ထွက်လာတာနဲ့တူတယ်..."

သင်္ဘောသားတစ်ယောက်က ပြန်ဖြေလိုက်သည်။

"မဖြစ်နိုင်ဘူး... ဒီနေရာရဲ့ ရေအနက်က မီတာ ၂,၀၀၀ ကျော်တယ်.. ငါ တို့ သင်္ဘောက တစ်ခုခုနဲ့ တိုက်မိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး.. အသံက ဘယ်ကလာတာလဲ..."

"ဟုတ်တယ်...မား...ခင်ဗျား ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်လိမ့်မယ်..."

" ဒုန်း.."

ထိုအချိန် 'ဒုန်း' ဆိုသော အသံတစ်သံက ပင်လယ်အောက်ခြေမှ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

သင်္ဘောမှာ အလွန်ကြီးမားတဲ့အပြင် ပင်လယ်ရေပြင်ပေါ်တွင် ခုတ်မောင်းနေဆဲ ဖြစ်သည်။

တန်ချိန်နည်းတဲ့ အပြင် ဆိပ်ကမ်းဘေးတွင် တိတ်တဆိတ် ဆိုက်ကပ်ထားပါက ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်လိမ့်မည်။

"မင်းတို့..နားထောင်ကြည့်...နားထောင်ကြည့်စမ်း..ခုနက သင်္ဘောအောက်ခြေက 'ဒုန်း' ဆိုတဲ့ နောက်ထပ်အသံတစ်ခု ထွက်လာတယ်မဟုတ်လား"

"ဟုတ်တယ်...တကယ်ပဲ...ကျွန်တော်လည်း ကြားလိုက်တယ် ထင်တယ်..."

"မဖြစ်နိုင်ဘူး... ခင်ဗျားတို့နှစ်ယောက် ကြားတာ မှားတာဖြစ်လိမ့်မယ်...ဘာလို့ ကျွန်တော် မကြားတာလဲ..."

သင်္ဘောအောက်ခြေတွင်…

လိပ်ကြီးက ဧရာမလှံဖြင့် အပေါက်ကြီး နှစ်ပေါက် ဖောက်ပြီးသွားပြီဖြစ်သည်။

ထိုအပေါက်ကြီး နှစ်ပေါက်မှ ပင်လယ်ရေ အများအပြား စီးဝင်လာတာကို မြင်ရတဲ့အခါ စိတ်ကျေနပ်မှုကို ခံစားရသည်။

ရှင်းပြလို့မရတဲ့ ကျေနပ်ပျော်ရွှင်မှု့မျိုးပါပဲ။

"သခင်က အများဆုံး အပေါက်ငါးပေါက် ဖောက်ခိုင်းတယ်...ကျွန်တော် နေရာပြောင်းပြီး သင်္ဘောဦးပိုင်းအနီးက နေရာကို သွားပြီး နောက်ထပ် အပေါက်နှစ်ပေါက် ဖောက်လိုက်ဦးမယ်..."

ဧရာမလှံကိုကိုင်ကာ လိပ်ကြီး သင်္ဘောဦးပိုင်းဆီသို့ ရေကူးသွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် သူနှစ်သက်သော နေရာတစ်ခုကို ရွေးချယ်ကာ ထိုးချလိုက်သည်။

"ဒုန်း "

ထိုအသံက သင်္ဘောအောက်ခြေမှ ထွက်ပေါ်လာသည်။ ဧရာမလှံတစ်ချောင်းလုံး အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

လှံကို ဆွဲထုတ်လိုက်သောအခါ နှစ်မီတာနီးပါးရှိသော အပေါက်ကြီး နောက်တစ်ပေါက် ထပ်ဖြစ်လာခဲ့သည်။

ပင်လယ်ရေ အများအပြား သင်္ဘောထဲသို့ စီးဝင်လာခဲ့သည်။

သင်္ဘောပေါ်ရှိ တစ်စုံတစ်ယောက်က ထပ်ပြီး ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။

"ခင်ဗျားတို့ ကြားလိုက်သလား...ကျွန်တော်တို့ သင်္ဘောအောက်ခြေက အသံတစ်သံ တကယ်ထွက်လာတာပဲ...ဘာဖြစ်နေတာလဲ..."

"ကျွန်တော်လည်း ကြားလိုက်တယ်...တကယ်ပဲ အသံထွက်လာတာ..."

"ဒါ...ကျောက်ဆောင်တွေကို တိုက်မိတာများလား.."

"မဟုတ်နိုင်ဘူး... ဒါက နိုင်ငံတကာရေကြောင်းလမ်းပဲ... ကျွန်တော်တို့ရှိတဲ့နေရာက ပင်လယ်အနက်က မီတာ ၂,၀၀၀ ကျော်လောက် ရှိမယ်..."

" ဒုန်း..."

နောက်ထပ် ထွက်ပေါ်လာသော အသံတစ်သံက သူတို့၏ စကားဝိုင်းကို ဝင်ရောက်နှောင့်ယှက်လိုက်သည်။

သင်္ဘောပေါ်ရှိ လူအများအပြား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။အခြေအနေမှာ အလွန်ထူးဆန်းတာကြောင့် သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။

ကပ္ပတိန်ပင်လျှင် အော်ပြောလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ...မြန်မြန်သွားပြီး စစ်ဆေးလိုက်ကြစမ်း...."

စစ်ဆေးနေစရာ မလိုတော့ပေ မကြာမီပင် တစ်စုံတစ်ယောက်သည် ထိတ်လန့်နေသော မျက်နှာဖြင့် ပြေးလာပြီး ငိုယိုကာ အော်ပြောလိုက်သည်။

"ကပ္ပတိန်...ကျွန်တော်တို့ သင်္ဘောအောက်ခြေမှာ အပေါက်ကြီးအချို့ ရှိနေပါတယ်... ပင်လယ်ရေ အများအပြား စီးဝင်နေပါတယ်..."

"ဘာ..."

"ငါတို့ ...သင်္ဘောအောက်ခြေမှာ အပေါက်ကြီး ဘယ်နှစ်ပေါက် ရှိနေတာလဲ..."

All Chapters