" လိပ်ကြီးက လောင်းတောင် လောင်းတတ်နေပြီ "
Vol. 11 Ch. 162
"ကောင်းပြီ...မင်းကို... တကယ်ပဲ ယုံကြည်လိုက်မယ်..."
လျူယောင် ပြန်ပြောလိုက်သည်။
"ဟုတ်ပြီလေ... ဒါဆို အများဆုံး အပေါက်ငါးပေါက်ပဲ...ပိုမဖောက်ရဘူး...."
"အိုခေဘာ.. သခင်....ကျွန်တော် နားလည်ပါပြီ...."
ပြောပြီးနောက် သူ ဧရာမလှံကိုကိုင်ကာ အဝေးမှ သင်္ဘောဆီသို့ ရေကူးသွားလိုက်သည်။
ဧရာမသတ္တဝါကြီးတစ်ကောင် ရေအောက် မီတာ တစ်ရာ၊နှစ်ရာအကွာမှ လာနေတာကို ဘယ်သူ့မှ ရှာ မတွေ့နိုင်ပေ။
မကြာခင်မှာပဲ သင်္ဘောအောက်ခြေကို သူ ရောက်ရှိလာသည်။ လိပ်ကြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ကြည်လင်သော ပင်လယ်ရေမှတစ်ဆင့် သူ့ အပေါ်ဘက်တွင် ကြီးမားသော အနက်ရောင်အရာကြီးကို မြင် လိုက်သည်။
၎င်းက ခုတ်မောင်းနေသော သင်္ဘောကြီးပဲဖြစ်သည်။
"ကောင်းပြီ...မင်းအတွက်... အပေါက်အနည်းငယ်...ဖောက်ပေးမယ်..."
လိပ်ကြီး အပေါက်ဖောက်ဖို့ အလောတကြီး မလုပ်သေးဘဲ အရင်ဆုံး စိတ်တိုင်းကျတဲ့ နေရာကို ရွေးချယ်ပြီး ဧရာမလှံဖြင့် ထိုးချလိုက်သည်။
"ဒုန်း..."
သင်္ဘောအောက်ခြေမှ တိုးတိတ်သောအသံ ထွက်ပေါ်လာခဲ့သည်။ ပါးလွှာသော သင်္ဘောကိုယ်ထည်မှာ လုံးဝ မခံနိုင်ဘဲ လှံတစ်ချောင်းလုံး လွယ်ကူစွာ ဖောက်ဝင်သွားပြီး အပြင်ဘက်တွင် အနည်းငယ်သာ ကျန်ရှိတော့သည်။
လိပ်ကြီး ဧရာမလှံကို ဆွဲထုတ်လိုက်ရာ သင်္ဘောအောက်ခြေတွင် နှစ်မီတာနီးပါးရှိသော အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။
သင်္ဘောအောက်ခြေတွင်…
နေ့စဥ် စစ်ဆေးမှုများ ပြုလုပ်နေသော လူနှစ်ယောက် ရှိ၏၊ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးနှင့် လူငယ်တစ်ဦးဖြစ်ပြီး သူတို့မှာ ဆရာနှင့် တပည့်နှစ်ဦး ဖြစ်သည်။
လူငယ်လေးက စိတ်မရှည်ပဲ ပြောလိုက်သည်။
"ဆရာ... ဒီလောက် သေသေချာချာ စစ်ဆေးစရာ မလိုပါဘူး..ပုံမှန်အတိုင်းလည်ပတ်နေတာ ပြဿနာမရှိနိုင်ပါဘူး..."
အလယ်အလတ်အရွယ် အမျိုးသားက ခေါင်းညိတ်လိုက်သည်။
"အင်း..ပြဿနာမရှိလောက်ဘူး...အပေါ်ကို တက်ကြမယ်...."
သူတို့နှစ်ဦး လှေကားမှတဆင့် တစ်ယောက်ပြီးတစ်ယောက် တက်နေသည်။ သင်္ဘောအောက်ပိုင်းမှ မထွက်ခွာမီ ရုတ်တရက် ဧရာမလှံကြီးတစ်ချောင်းက သင်္ဘောအောက်ခြေမှ ထွက်ပေါ်လာပြီး အပေါ်ထပ်သို့ တည့်တည့်တက်သွားသည်။ထိုနောက် ဧရာမလှံဟာ ပြန်ဆွဲထုတ်ခံရပြီး ပင်လယ်ရေအများအပြား စီးဝင်လာတော့သည်။
"ဒါ ဘာကြီးလဲ...ဟ "
"ကြောက်စရာကောင်းလိုက်တာ..."
နှစ်ယောက်စလုံး၏ မျက်နှာများမှာ ချက်ချင်းဆိုသလို ဖြူဖတ်ဖြူရော် ဖြစ်သွားကြပြီးအပေါ်ထပ်သို့ လျင်မြန်စွာ ထိတ်လန့်တကြား တက်သွားကြသည်။
"ဒုန်း..."
သင်္ဘောအောက်ခြေမှ အသံ နောက်တစ်သံ ထွက်ပေါ်လာကာ သင်္ဘောကို ဒုတိယအပေါက်ကြီးအဖြစ် ချက်ချင်း ဖောက်လိုက်၏။
လိပ်ကြီး အပေါက်ဖောက်ခြင်းကို စွဲလမ်းနေပုံပေါ်ပြီး အလွန်စိတ်အားထက်သန်နေသည်။
"တတိယ အကြိမ်..."
" စတုတ္ထ အကြိမ်..."
"ပဉ္စမမြောက် အကြိမ်..."
တစ်မိနစ် ၊ နှစ်မိနစ်အတွင်း သင်္ဘောတွင် အပေါက်ကြီး ငါးပေါက် လိပ်ကြီး ဖောက်ခဲ့ပြီး စိတ်ခံစားမှု့ အပြည့်အဝ ရှိနေသေးသည်။
စိတ်ထဲတွင် နောက်ထပ်အပေါက်အချို့ ဖောက်လိုက်ပါက ပျော်ရွှင်စရာကောင်းမည်လို့ လိပ်ကြီး တွေးလိုက်မိသည်။
သင်္ဘောပေါ်တွင်…
ဆရာနဲ့တပည့်နှစ်ယောက်စလုံး နောက်ဆုံးတွင် လွတ်မြောက်လာကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ပြီးပြီ.. ပြီးပြီ...ကျွန်တော်တို့ သင်္ဘောမှာ အပေါက်ကြီးအချို့ ဖောက်ခံရပြီး မကြာခင် နစ်မြုပ်တော့မယ်..."
"မြန်မြန်...အသက်ကယ်လှေကို..အမြန်ထုတ်...အသက်ကယ်အင်္ကျီကို အမြန်ဝတ်..မြန်မြန်....မြန်မြန်လုပ်ကြ...ဟ"
အလယ်အလတ်အရွယ် အမျိုးသားက အလွန်စိုးရိမ်ပူပန်နေတဲ့ ပုံစံဖြင့် အော်ဟစ်နေသည်။
သို့သော် အခြားလူများက ရှုပ်ထွေးနေတဲ့ပုံစံ ဖြစ်နေကြပြီး ဘာဖြစ်ပျက်နေလည်းဆိုတာကို မသိကြပေ။
ကပ္ပတိန် နောက်ဆုံးတွင် ရောက်လာပြီး တွေဝေစွာ မေးလိုက်သည်။
"အိုလီ...ဘာဖြစ်တာလဲ... မင်း ဘာလို့ ဒီလောက် ကြောက်လန့်နေရတာလဲ..."
"ကပ္ပတိန်....ကိစ္စကြီးတစ်ခု ဖြစ်နေပြီ... ကျွန်တော်တို့ သင်္ဘောအောက်ခြေမှာ အပေါက်ကြီးအချို့ ...ဖောက်ခံရပြီး ပင်လယ်ရေအများအပြား စီးဝင်နေတယ်... လူတိုင်းကို အမြန် ထွက်ပြေးဖို့ စီစဥ်ပေးပါ...."
ထိုသင်္ဘောကပ္ပတိန်မှာ သဘောမတူပေ ။ခေါင်းခါပြီး ပြောလိုက်သည်။
"မဖြစ်နိုင်တာ...ဘယ်လိုလုပ် အပေါက်ကြီးအချို့ ရှိနိုင်မှာလဲ..."
အလယ်အလတ်အရွယ် အမျိုးသားကအလျင်စလို သေလုနီးပါး ဖြစ်နေ၏။လူတိုင်းက မယုံကြည်ကြပေ။
သူ ငိုချပစ်ချင်တဲ့ အထိ စိတ်ခံစားမှု့ ရနေသည်။
"ခုနက ကျွန်တော် သင်္ဘောအောက်ခြေက အသံအချို့ကို ကြားလိုက်တယ်...အဲဒီ အသံတွေနဲ့ ဆက်စပ်နေတာများလား"
အခြားသင်္ဘောသား တစ်ယောက်က ပြောလိုက်သည်။
"ကျွန်တော်လည်း ကြားလိုက်တယ်... ဒါပေမဲ့ အလေးအနက်မထားမိဘူး..."
ထို စကားကို ပြောနေစဥ်တွင် နောက်ထပ် သင်္ဘောသားတစ်ယောက်က ထိတ်လန့်တကြားဖြစ်နေသည့် အမူအရာဖြင့် ယိုင်တိယိုင်တိုင် ပြေးလာပြီး အသံကျယ်ကျယ်နဲ့ အော်ဟစ်လိုက်သည်။
"ကပ္ပတိန်...ကျွန်တော်တို့ သင်္ဘောရေကြီးနေပြီ... သင်္ဘောအတွင်းပိုင်း တစ်ခုလုံး ရေပြည့်နေပြီ...ဗျ.."
သူလည်း ရေစိုနေကာ ဆံပင်များပင် စိုစွတ်နေသည်။
ကပ္ပတိန်အပါအဝင် အချို့ လူများလည်း ယုံကြည်သွားကြသည်။
"လူတိုင်း အသက်ကယ်အင်္ကျီ ဝတ်ကြ...အိုလီ... မင်းနဲ့... ငါ...ဆင်းသွားပြီး...တစ်ချက်... ကြည့်လိုက်ကြမယ်..."
သင်္ဘောကပ္ပတိန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ကပ္ပတိန်နှင့် လူအချို့မှာ သင်္ဘောအောက်ကို ဆင်းသွားပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို တွေ့လိုက်ရသည်။ အောက်ဘက်တွင် ပင်လယ်ရေ အများအပြား ဝင်နေတာကို သူတို့ တွေ့လိုက်ရသည်။
သူတို့ ဆက်နေဖို့ မရဲတော့ပဲ ချက်ချင်း လှည့်ပြီး အပေါ်သို့ ပြေးတက်လာခဲ့သည်။
မကြာခင်မှာပဲ သင်္ဘောပေါ်ကနေ ရော်ဘာလှေအချို့ကို ချလိုက်ကြသည်။ အသက်ကယ်အင်္ကျီဝတ်ထားသော သင်္ဘောသားများဟာ သင်္ဘောပေါ်မှ ထိတ်လန့်တကြား ဆင်းတော့သည်။
အဝေးမှနေ၍…
လိပ်ကြီးက သင်္ဘောရဲ့အခြေအနေကို ကြည့်နေသည်။ နာရီဝက်ခန့်အကြာတွင် သင်္ဘော အနည်းငယ်စောင်းသွားတဲ့ အခါ သူအလွန်ပျော်ရွှင်နေသည်။
"သခင်... ဒီသင်္ဘောက သေချာပေါက် နစ်မြုပ်သွားမှာ... ကျွန်တော် လောင်းရဲတယ်...အပြည့်အဝ နစ်မြုပ်ဖို့ နှစ်နာရီထက် ပိုမကြာနိုင်ဘူး..."
လျူယောင် ရယ်ပြီး ပြောလိုက်သည်။
"ဟားး..လိပ်ကြီးက ....လောင်းတောင် လောင်းတတ်နေပြီ...ဟ..."
"လိပ်ကြီး... မင်း အလုပ် ကောင်းကောင်းလုပ်ခဲ့တယ်...ဒီသင်္ဘောက နှစ်နာရီအတွင်း ပင်လယ်အောက်ခြေကို နစ်မြုပ်သွားမှာ သေချာတယ်..."
လိပ်ကြီး ပျော်ရွှင်စွာ မေးလိုက်သည်။
"သခင်...နောက်ထပ်...ဘယ်သင်္ဘောကို ကျွန်တော် ....ထပ်ပြီး ဖောက်ရမလဲ....."
လျူယောင် ပြန်ဖြေလိုက်သည်။
"ဒီနေ့တော့ မလုပ်တော့ဘူး...ဒီသင်္ဘောနှစ်စင်းပဲ...မင်း... ကောင်းကောင်းစားပြီး ...ကောင်းကောင်းနားနေလိုက်...မနက်ဖြန်ကျမှ ဆက်လုပ်ကြမယ်..."
"အာ... ဒီနေ့တော့ ဒီလောက်ပဲလား...သင်္ဘောနှစ်စင်းပဲလား..."
လိပ်ကြီး အနည်းငယ် စိတ်ပျက်သွားသည်။ ထိုသို့သော အရာမျိုးကို လုပ်ဆောင်ရတာကို သူ အလွန်ပျော်ရွှင်နေသည်လေ။
လျူယောင် ထပ်ပြောလိုက်သည်။
"အင်း...ဒီနေ့ သင်္ဘောနှစ်စင်းပဲ...လုပ်ကြတာပေါ့.....တခြားသင်္ဘောတွေ အားလုံးကို တစ်ကြိမ်တည်း နစ်မြုပ်လို့မရဘူး...တစ်နေ့ကို သင်္ဘောနှစ်စင်းပဲ...ဖြည်းဖြည်းချင်း လုပ်သွားမယ်...."
ဒီလိုကိစ္စမျိုးကို အလျင်လိုစရာ မလိုပေ။
လျူယောင်၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပါသည်။ လက်စားချေခြင်းနှင့် သူ့ဒေါသကို ဖော်ပြခြင်းအပြင် အဓိကအချက်မှာ လော့မောင်ယွမ်ဘက်က အရှုံးပေးပြီး သူ့အား ယဉ်ကျေးလာစေရန်နှင့် လျော်ကြေးပေးစေရန် ပဲဖြစ်သည်။
ဒီနေ့တွင် လုပ်စရာတာဝန် မရှိတော့သဖြင့် မနက်ဖြန်အထိ စောင့်ဆိုင်းရမည် ဖြစ်သောကြောင့် လိပ်ကြီး အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်နေသည်။
ပင်လယ်ရေပြင်ပေါ်တွင် သင်္ဘောတစ်ဝက် တစ်ပျက်သာ ပေါ်နေတာကို တွေ့မြင်ရတဲ့အခါ သူ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။
.......
ရီရှန်းအဖွဲ့၏ ခေါင်းဆောင်များအားလုံး ထိတ်လန့်တကြားဖြစ်နေကြသည်။ နာရီအနည်းငယ်အတွင်း သင်္ဘောနှစ်စင်းက တစ်စင်းပြီးတစ်စင်း နစ်မြုပ်သွားရသည်။
ထိုအားလုံးမှာ သင်္ဘောကြီးများ ဖြစ်ပြီး တစ်စင်းက တန်ချိန် နှစ်သိန်းကျော် သံရိုင်းတင်သင်္ဘော ဖြစ်ပြီး နောက်တစ်စင်းက တန်ချိန် တစ်သိန်း ကျော် သင်္ဘော ဖြစ်သည်။
ဒါက အကြီးအကျယ် ဆုံးရှုံးမှု့ပဲ ဖြစ်သည်။
ပုံမှန်မဟုတ်သော ဝမ်းနည်းစရာ ဖြစ်ရပ်ပင်။
ရီရှန်းအုပ်စုမှာ စတည်ထောင်ပြီးကတည်းက ထိုကဲ့သို့သော ကြီးမားတဲ့ ဆုံးရှုံးမှု့ကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
အရေးပေါ် အစည်းအဝေးတစ်ခုလုံး၏ လေထုမှာ ဖိစီးမှု့များပြီး လေးလံနေသည်။
"သူဋေး.... ကံကောင်းစွာနဲ့ပဲ လောလောဆယ် သင်္ဘောသားတွေ... သေဆုံးမှု့ မရှိသေးပါဘူး...ကျွန်တော်တို့...သင်္ဘောသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်.... "
လော့မောင်ယွမ်၏ မျက်နှာက မှိုင်းညို့နေပြီး စကားမပြောပေ။
ဒုတိယဥက္ကဋ္ဌတစ်ဦးက ဝင်ပြောလိုက်သည်။
"ဒီ သင်္ဘောကြီးနှစ်စင်း ပင်လယ်အောက်ခြေကို နစ်မြုပ်သွားတာက ဆုံးရူံးမူ့ကြီးပါပဲ.....ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှု့ကို ကျွန်တော်...တကယ်ပဲ မခံစားနိုင်ဘူး....."
"ဟုတ်တယ်...ဟုတ်တယ်... ကျွန်တော်တို့ အနည်းဆုံး တစ်နှစ်...နှစ်နှစ်လောက် ဘာမှ မလုပ်ရသေးဘူး..."
"ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေချင်ဘူး...မဟုတ်ရင် ကျွန်တော်တို့ရဲ့ အင့်အားတွေ ထိခိုက်သွားလိမ့်မယ်...."
ရီရှန်းအဖွဲ့၏ အထက်ပိုင်းရှယ်ရာရှင်များက တစ်ယောက်ပြီး တစ်ယောက် ဝင်ပြောကြသည်။
နောက်ဆုံးတွင်တော့ လော့မောင်ယွမ် နှစ်သိမ့်လိုက်သည်။
"စိတ်အေးအေးထားကြပါ... ဒီလိုကိစ္စမျိုး ဖြစ်ပျက်တဲ့အခါ...အားလုံးစိတ်လေးလံနေတာကို...ကျွန်တော် နားလည်ပါတယ်.... ကျွန်တော်တို့ နောက်လုပ်ရမယ့်အရာကတော့...ဒီ မတော်တဆမှု့ရဲ့... တကယ့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ အစီအမံတွေ.. ချမှတ်ဖို့ပါပဲ..."
အစည်းအဝေးက တစ်နာရီကျော် ကြာမြင့်ခဲ့သည်။
အမှန်ပါပဲ ဘာမှ ထူးထူးခြားခြား အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
သင်္ဘောနှစ်စင်းလုံးဟာ ပင်လယ်ရေအောက် အနက် မီတာ နှစ်ထောင် ဒါမှမဟုတ် သုံးထောင်တွင် နစ်မြုပ်သွားကြသည်။
ဘယ်လို စုံစမ်းစစ်ဆေးရမှာလဲ....။
ဘယ်နေရာကို သွားရောက် စုံစမ်းရမှာလဲ....။
ဒီအစည်းအဝေးက ဘာ အကျိုးသက်ရောက်မှု့မှ မရှိခဲ့တာကြောင့် မနက်ဖြန်လည်း ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာမှာလား....။
အစည်းအဝေးပြီးဆုံးပြီးနောက် ရှယ်ယာရှင် သုံးလေးဦးဟာ အစည်းအဝေးခန်းမှ မထွက်ခွာဘဲ နေရာတွင် ထိုင်နေပြီး ဆေးလိပ်သောက်ကာ စကားပြောနေကြသည်။ထိုအထဲတွင် ကျန်းရှင်းလီလည်း ပါဝင်သည်။