" ဂလိုဘဲလ်မှာ ဒီလိုကြီးကျယ်တဲ့ စွမ်းရည်မျိုး မရှိနိုင်ဘူး "
Vol. 11 Ch. 163
အခန်းထဲတွင် မီးခိုးများ တလူလူထွက်နေသည်။
လူအချို့ဟာ ဆေးလိပ်ဖွာနေကြပြီး တစ်ယောက်ချင်းစီက ဆေးပြင်းလိပ်တစ်လိပ်ကို သောက်နေကြသည်။
"ကျန်းအို... ဒီလိုကိစ္စမျိုး တစ်နေ့တည်းမှာ နှစ်ကြိမ်တောင် ဖြစ်သွားတော့ ကျွန်တော် ပုံမှန် မဟုတ်ဘူးလို့ ခံစားရတယ်..ခုနက အစည်းအဝေးမှာ မစ္စတာလော့က မျက်နှာပျက်နေတာမို့ ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး..."
နောက်ထပ် အထက်တန်းအဖွဲ့ဝင်တစ်ဦးလည်း သဘောတူလိုက်သည်။
"ချန်းအို ပြောတာ မှန်တယ်... ကျွန်တော်လည်း ဒါက ပုံမှန်မဟုတ်ဘူးလို့ ခံစားရတယ်... ဂလိုဘဲလ် ကုမ္ပဏီက လက်လွှတ်လိုက်တယ်..နောက်ဖြစ်လာတဲ့ ကိစ္စတွေ အားလုံးကို ကျွန်တော်တို့က ခံရမယ်လို့ ပြောခဲ့တာ...ဒီ သင်္ဘောနစ်မြုပ်မှု့ နှစ်ခုဟာ...သူတို့နဲ့ ဆက်စပ်နေတာများလား..."
ကျန်းရှင်းလီ ခဏမျှ တုန့်ဆိုင်းသွားသည်။
အစပိုင်းတွင် သူက ဂလိုဘဲလ်ကုမ္ပဏီကို ဆက်သွယ်ရန် ဦးဆောင်ခဲ့သူဖြစ်သည်။ လော့မောင်ယွမ်ရဲ့ ရည်ရွယ်ချက်အရ အဖြူကို အမည်းဖြစ်အောင် ပြောခဲ့သည်။ ဂလိုဘဲလ် ကုမ္ပဏီကို အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောဆိုကာ လျော်ကြေးအဖြစ် ယွမ် သန်း ၄၀ ပေးရန် တောင်းဆိုခဲ့သည်။
ဂလိုဘဲလ်မှ လျူယောင်ဟာ ရိီရှန်းအုပ်စုက သာ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး ယွမ် ၁ ဘီလီယံ လျော်ကြေးပေးရမည်။ မဟုတ်ပါက ရီရှန်းအုပ်စုက နောက်ဖြစ်လာမည့် ကိစ္စများအားလုံးအတွက် တာဝန်ယူရမည်လို့ ဒေါသတကြီး ပြောခဲ့လေသည်။
ထိုစကားများက သူ့နားထဲတွင် စွဲမြဲလျက် ရှိနေသည်။
ယခုအခါ ကျန်းရှင်းလီရဲ့ နှလုံးမှာ တဒိတ်ဒိတ်ခုန်နေသည်။ ခဏတာ တုန့်ဆိုင်းပြီးနောက် ယုံကြည်မှုနည်းနည်းဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး... ဂလိုဘဲလ်မှာ ဒီလိုကြီးကျယ်တဲ့ စွမ်းရည်မျိုး မရှိနိုင်ဘူး..."
" ဂလိုဘဲလ်နဲ့ ဘာမှမဆိုင်ဘူးလို့ မျှော်လင့်ပါတယ်...အကယ်၍ သင်္ဘောနစ်မြုပ်မှုနှစ်ခုဟာ ဂလိုဘဲလ် နဲ့ တကယ်ပဲ ဆက်စပ်နေမယ်ဆိုရင်တော့ ပြဿနာပဲ...ဂလိုဘဲလ်နဲ့ နားလည်မှု့ ဘယ်လို ယူရမလဲဆိုတာ ခက်ခဲတဲ့ ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်...."
.....
နောက်တစ်နေ့…
ကြည်လင်သော ပင်လယ်ရေထဲတွင် ပေါင်ရာပေါင်းများစွာ အလေးချိန်ရှိသော ငါးကြီးတစ်ကောင်ကို လိပ်ကြီး လိုက်ဖမ်းနေသည်။ ကြောင်နှင့်ကြွက် ကစားပွဲတစ်ခုလို ဖြစ်နေသည်။
ငါးကြီးက အားအကုန်သုံး၍ ထွက်ပြေးနေသည်။ အမြန်နှုန်းမှာလည်း အလွန်မြန်လှသည်။
လိပ်ကြီး အလျင်စလိုမလုပ်ဘဲ မီတာဆယ်ဂဏန်းအကွာအဝေးကို ထိန်းသိမ်းထားပြီး ဆယ်မိနစ်ကျော်ကြာအောင် လိုက်ဖမ်းနေခဲ့သည်။
"အစ်ကို...ကျွန်တော့်ကို လွှတ်ပေးပါ... ကျွန်တော့်အသားက အရသာမရှိပါဘူး.. ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ..."
ငါးကြီးသာ စကားပြောနိုင်ပါက ထိုသို့ သနားခံနေ လိမ့်မည်။
စကားပြော၍ မတောင်းပန်နိုင်သဖြင့် သူ အားကုန်သုံးကာ အသည်းအသန် ထွက်ပြေးနေရသည်။ငါးကြီး၏ အမြန်နှုန်းမှာ အနည်းငယ် နှေးကွေးသွားသည်။ဒါဟာ ကြွက်သားအားနည်းခြင်းကြောင့် ဖြစ်နိုင်သည်။
လိပ်ကြီး ရုတ်တရက် သူ့ရှေ့တွင် လေးမီတာမှ ငါးမီတာအထိ ရှည်လျားသော ငါးမန်းကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ထိုငါးမန်းကြီးဆီသို့ အားအကုန်သုံး၍ ပြေးဝင်သွားသည်။
ပုံမှန်ဆိုလျှင် ထိုမျှကြီးမားသော ငါးမန်းကြီးတစ်ကောင်ကို တွေ့ပါက တတ်နိုင်သမျှ ဝေးရာသို့ ထွက်ပြေးရမည်။ခုတော့ အလျင်မြန်ဆုံး အမြန်နှုန်းဖြင့် ငါးမန်းကြီးဆီသို့ တိုက်ရိုက် ပြေးသွားသည်။
ထိုငါးမန်းကြီးက စားသောက်ထားပြီး အနားယူနေတာဖြစ်၍ အေးအေးဆေးဆေး ရှိနေသည်။ မကြာခင်မှာပဲ သူ လန့်သွား၏။
ငါးကြီးတစ်ကောင်က လျင်မြန်စွာ ရောက်လာသည့်အပြင် ငါးကြီး၏နောက်တွင် ဧရာမ သတ္တဝါကြီးတစ်ကောင် လိုက်လာနေသည်။ ၎င်းမှာ တန်ချိန် ၉၀ ကျော်ရှိနေပြီဖြစ်သော လိပ်ကြီးဖြစ်သည်။
"ဟာကွာ... မင်း ငါ့ကို ထိခိုက်စေတာပဲ..."
ငါးမန်းကြီး လန့်သွားပြီး အမြီးကို ဝှေ့ယမ်းကာ အသည်းအသန် ထွက်ပြေးသွားသည်။
လိပ်ကြီး မျက်လုံးများကအနည်းငယ် တောက်ပ နေသည်။
ဒီတစ်ကြိမ်တွင် သူ့ အရှိန်ကို မထိန်းထားတော့သလို ကြောင်နှင့်ကြွက် ကစားပွဲကိုလည်း မကစားတော့ပေ။
ရိုးရှင်းစွာ အမြန်နှုန်းဖြင့် ဖိနှိပ်လိုက်ခြင်းသာ ဖြစ်သည်။
ငါးမန်းကြီးက အဝေးကြီး မပြေးနိုင်ခဲ့ပေ။ အများဆုံး မီတာဆယ်ဂဏန်းအကွာအဝေးတွင် လိပ်ကြီးရဲ့ ကိုက်တာကိုခံလိုက်ရသည်။ ထို့နောက် အနည်းငယ်ကိုက်ပြီး ခွပ်ခွပ်မြည်အောင် ဝါးလိုက်သည်။
"ဝိုး အရသာရှိတယ်...ဒီငါးမန်းကြီးကို…ငါ.. ပိုပြီး ကြိုက်လာပြီ..."
ငါးမန်းကြီးကို အနည်းငယ် ကိုက်စားလိုက်ပြီးနောက် အသည်းအသန်ထွက်ပြေးနေသော ငါးကြီးကို ကြည့်လိုက်သည်။ငါးကြီးမှာ မီတာရာပေါင်းများစွာအကွာအဝေးသို့ ပြေးသွားခဲ့သည်။
လိပ်ကြီး အမြင်အာရုံက အလွန်ကောင်းတာကြောင့် မီတာရာပေါင်းများစွာသာမကဘဲ ထောင်ချီသော မီတာများကိုပင် ရှင်းရှင်းလင်းလင်း မြင်ရသည်။ ထို့ကြောင့် လိပ်ကြီး ချက်ခြင်း သူ့နောက်ကိုလိုက်သွားသည်။
ငါးကြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အကယ်၍ သူ တွေးနိုင်ပါက ထိုသို့ တွေးနေလိမ့်မည်။
"အိုး...အန္တရာယ်များလိုက်တာ..ကံကောင်းတာက ငါ့အတွက် ငါးမန်းကြီး ပိတ်ဆို့ပေးခဲ့လို့...မဟုတ်ရင် ငါ အစားခံရမှာပဲ"
ရုတ်တရက် သူ တင်းမာသွားပြီး အန္တရာယ်၏ ခံစားချက်က လွှမ်းခြုံသွားသည်။ လိပ်ကြီး လျင်မြန်စွာ ရောက်လာတာကို မြင်လိုက်ရကာ သူနှင့် မီတာတစ်ရာပင် မကွာတော့ပေ။
"အစ်ကို... ခင်ဗျား ဘာလို့ ဒီလောက် မြန်နေရတာလဲ..."
ငါးကြီး အသည်းအသန် ထွက်ပြေးနေသည်။သူ အားအကုန်သုံးကာ အရှိန်မလျှော့ဘဲ ထွက်ပြေးနေ၏။
ငါကြီး ဘာတွေးသည်ကို လိပ်ကြီး ဂရုမစိုက်ပေ။ ကြောင်နှင့်ကြွက် ကစားပွဲကို ထပ်မကစားချင်တော့ပေ။သူ ပြည့်ပြည့်ဝဝ စားပြီး ဒီနေ့မှာလည်း အလုပ်တွေ ရှိသေးသည်။
သူ့ပါးစပ်ကို ဟလိုက်ပြီး ပေါင်ရာပေါင်းများစွာ အလေးချိန်ရှိသော ငါးကြီးကို တစ်ကိုက်တည်း ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ခွပ်ခွပ်မြည်အောင် ဝါးလိုက်၏။
"အင်း... အရသာရှိတာပဲ..."
ရှေ့နောက် သုံးဆယ်မှ လေးဆယ်မိနစ်အထိ ကြာအောင် စားပြီးနောက် လိပ်ကြီး ဗိုက်ပြည့်သွားသည်။
အစားအစာ တန်ချိန် ၂၀ ကျော်ကို သူ့ ဗိုက်ထဲသို့ ရောက်ရှိသွားအောင် စားသောက်ပြီးနောက် ကျေနပ်မှု့ကို ခံစားရသည်။
"သခင်က ဘာလို့ ကျွန်တော့်ကို မဆက်သွယ်သေးတာလဲ... ဒီနေ့ ဘာလုပ်ခိုင်းဦးမှာလဲ....ကျွန်တော်..သင်္ဘောကြီး နှစ်စင်းကို ထပ်နစ်မြုပ်ချင်တယ်...ဒီလိုအရာမျိုး လုပ်ရတာ ..အကြိုက်ဆုံးပဲ…”
သူ ထိုသို့ တွေးနေစဥ်တွင် လျူယောင်ရဲ့ အသံက စိတ်ထဲတွင် ထွက်ပေါ်လာသည်။
" လိပ်ကြီး... မင်း အဆင်သင့်ဖြစ်ပြီလား...ငါတို့ အလုပ်ပြန်စတော့မယ်...."
လိပ်ကြီး အံ့ဩသွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
"အိုခေဘာ..သခင် ...ကျွန်တော် အဆင်သင့်ပါပြီ... ဒီနေ့ ဘာလုပ်ရမလဲ..."
လိပ်ကြီး ဘာလုပ်ရမလဲ ဆိုတာ လျူယောင် ပြောပြ လိုက်သည်။
"မနေ့ကလိုပဲ.. မင်း အပေါက်အနည်းငယ် ဖောက်ရမဲ့ သင်္ဘောတစ်စင်း ရှိတယ်.. မှတ်ထားအုံး... အများဆုံး အပေါက်ငါးပေါက်ပဲ ဖောက်ရမယ်..."
"ဟုတ်ကဲ့ပါ..အဲဒီ့သင်္ဘောက...အခု... ဘယ်မှာလဲ...ကျွန်တော် အခုပဲ ထွက်သွားလို့ ရပြီလား.." လိပ်ဘုရင်ပြန်ဖြေသည်။
လိပ်ကြီးကိုသင်္ဘောတည်နေရာနှင့် သင်္ဘောပုံစံကို ပြောပြခဲ့ ပြီး ပန်းတိုင်ရောက်တဲ့အခါ အလျင်စလို မလုပ်ဖို့နဲ့ သေချာစစ်ဆေးပြီးမှ လုပ်ဖို့လိုအပ်ကြောင်း လျူယောင် ပြောပြလိုက်သည်။
ဒီကိစ္စကို ပေါ့ပေါ့ဆဆ မလုပ်ရဘူး အမှားအယွင်းမဖြစ်အောင် သေချာလုပ်ဖို့ လျူယောင် မှာလိုက်သည်။
လိပ်ကြီး ထွက်ခွာသွားသည်။
ပန်းတိုင်နေရာက မဝေးပေ။လိပ်ကြီးရဲ့ လက်ရှိတည်နေရာမှ ရေမိုင် သုံးရာ သို့မဟုတ် လေးရာခန့်သာ ကွာဝေးပြီးနှစ်နာရီအတွင်း ရောက်ရှိနိုင်သည်။
မနက် ရှစ်နာရီတောင် မရှိသေးတာကြောင့် လျူယောင် အိပ်ရာကထပြီး မျက်နှာသစ်လိုက်သည်။ လိပ်ကြီး ကို ညွှန်ကြားချက်များ ပေးပြီးနောက် အိမ်တွင် နံနက်စာစားခဲ့သည်။
" အကို စားဖို့အချိန်ရောက်ပြီ" လျူလန် ခေါ်သံကို ကြားလိုက်ရတာကြောင့် လျူယောင် အောက်ထပ်သို့ ဆင်းလာခဲသည်။
စားပွဲပေါ်တွင် အရသာရှိသော နံနက်စာကို ပြင်ဆင်ထားကာ ကျိုရှိ့ယင်းလည်း စောစော နိူးနေသည်။
အသားပေါက်စီ၊ မုန့်ကြွပ်ကြော်၊ ပဲနို့၊ ဆန်ပြုတ်၊ ပေါက်စီ၊ ကြက်ဥများကို အပြင်မှ ဝယ်လာခြင်းဖြစ်ပြီး ပူပူနွေးနွေး ပင်ရှိသေးသည်။
လျူယောင် ကျေနပ်စွာ ပြောလိုက်သည်။
"အဖေနဲ့ အမေ တို့ ဒီမှာနေရတာ တကယ် ကောင်းတယ်... နေ့တိုင်းမနက်စာက... အရမ်းစုံလင်တာပဲ..."
လျူလန်လည်း အလေးအနက် ခေါင်းညိတ်သဘောတူလိုက်သည်။
"ဟုတ်တယ်...အကို...ကျွန်မ နှစ်ပေါင်တောင် တက်လာပြီ..."
လျူလန် အရင်က သောကြာနေ့ ညနေတွင် ပြန်လာပြီး တနင်္လာနေ့နံနက်တွင် ကျောင်းသို့ သွားရသည်။
ယခု သူမက ခုနစ်ရက်တွင် ငါးရက်ကို အိမ်တွင်နေသည်။ နံနက် ၈ နာရီတွင် အတန်းမရှိလျှင် သူမ အိမ်တွင်သာ နေခဲ့သည်။
နံနက်စာ စားပြီးနောက် ရပ်ကွက်အဝင်ဝတွင် မြေအောက်ရထားစီးပြီး နာရီဝက်ကျော်ကြာပြီးနောက် ဟွာဟိုင်းတက္ကသိုလ်သို့ ရောက်ရှိပေမည်။ အချိန်လဲ လုံလောက်တာကြောင့် မဆိုးလှပေ။
ကျိုရှိ့ယင်း ပြန်ဖြေလိုက်သည်။
"မင်း ကြိုက်ရင် ပိုစားပါ...မင်း အဖေနဲ့ ငါ အများကြီး... စားပြီးသွားပြီ..."
လျူယောင် မနက်စာစားပြီးနောက် အချိန် ကြည့်ရန် လက်ကို မြှောက်လိုက်သည်။
၈:၂၀ နာရီဖြစ်တာကြောင့် လိပ်ကြီး ရေမိုင်ဆယ်ဂဏန်းများစွာ ရေကူးပြီးပြီလို့ ခန့်မှန်းရသည်။ လိပ်ကြီး နောက်ဆယ်မိနှစ်ခန့်တွင် ပန်းတိုင်နေရာသို့ ရောက်ရှိလာတော့မှာပဲ ဖြစ်သည်။
ဒီနေ့လည်း သူ့ကို လော့မောင်ယွမ် အသနားခံလာသည်အထိ နောက်ထပ် သင်ခန်းစာတစ်ခု ပေးဖို့ လျူယောင် ပြင်ဆင်ထားသည်။