← Chapters

" သခင်ရေ...နောက်ပစ်မှတ်က...ဘယ်သင်္ဘောလဲ.."

Vol. 11 Ch. 164

" သခင်ရေ...နောက်ပစ်မှတ်က...ဘယ်သင်္ဘောလဲ.."

Vol. 11 Ch. 164

တရုတ်နိုင်ငံမှ RB သို့ ရေကြောင်းလမ်းတစ်ခုတွင် မော်တော်ကားတင်ယဥ်သင်္ဘောတစ်စင်းမှာ တရုတ်နိုင်ငံဘက်သို့ ခုတ်မောင်းနေသည်။ရာသီဥတု ကောင်းမွန်ပြီး ကောင်းကင်မှာလည်း ပြာလဲ့နေသည်။

ကျယ်ပြန့်သော ပင်လယ်တွင် လှိုင်းလုံးများ သိပ်မရှိပေ။ တန်ချိန် ၈၀,၀၀၀ သင်္ဘောမှာ RB မှ တင်သွင်းသော ကားများ အပြည့်အစုံကို တင်ဆောင်ထားသည်။

နှစ်နာရီအကြာတွင် လိပ်ကြီး ထိုပင်လယ်ပြင်သို့ ရောက်ရှိလာပြီး သင်္ဘောကို အမြန် ရှာတွေ့ခဲ့သည်။

"ဒါ...ဖြစ်လောက်မယ်...."

လိပ်ကြီး အတည်ပြုပြီးနောက် အနည်းငယ် ပို၍ နီးကပ်လာပြီး သင်္ဘော၏ညာဘက်ကို မီတာရာပေါင်းများစွာ အကွာအဝေးမှနေ၍ လိုက်ပါသွားသည်။

လျူယောင် ကုမ္ပဏီသို့ တစ်ယောက်တည်း ရောက်လာပြီး သူဋေးကုလားထိုင်တွင် ထိုင်လိုက်ကာ စာရွက်စာတမ်းများနှင့် အစီရင်ခံစာများစွာကို ဖတ်လိုက်သည်။သူ လက်ဖက်ရည်ပူတစ်ခွက် သောက်လိုက်ပြီးနောက် အချိန်ကို စစ်ဆေးလိုက်သည်။

လော့မောင်ယွမ် ဘယ်အချိန် ဖုန်းခေါ်မလဲ လိပ်ကြီး ရောက်ရှိနေပြီလားဆိုတဲ့ ကိစ္စနှစ်ခုကို လျူယောင် စဥ်းစားနေသည်။

အချိန်မှာ နံနက် ၁၀ နာရီ ရှိပြီ ဖြစ်သည်။ လော့မောင်ယွမ် ဖုန်းခေါ်မှာ မဟုတ်တော့ဘူးလို့ လျူယောင် စိတ်ထဲတွင် စဥ်းစားလိုက်သည်။သင်ခန်းစာက မလုံလောက်သေးတာ ဖြစ်နိုင်ပြီး နောက်ထပ် နည်းနည်း ပိုပြီး သင်ကြားပေးဖို့ လိုအပ်နေသည်လေ။

ထိုအချိန်တွင် လိပ်ကြီး အသံက လျူယောင့်ရဲ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"သခင်ရေ...ကျွန်တော် အဲဒီသင်္ဘောကို ရှာတွေ့ပြီ...ကျွန်တော့်အတွက် အတည်ပြုပေးပါ..."

လျူယောင် ချက်ချင်းပင် တတိယအမြင်ကို ဖွင့်လိုက်ရာ လိပ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။လိပ်ကြီးနှင့် မီတာအနည်းငယ်အကွာအဝေးတွင် ရှိသော သင်္ဘောကိုလည်း မြင်ရသည်။

သူ့ရဲ့စားပွဲအံဆွဲမှ စာရွက်စာတမ်းကို ထုတ်ယူပြီး ရိီရှန်းသမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးအုပ်စုက မိတ်ဆက်စာကို လှန်လိုက်ပြီး 'ရွှေကြယ်' သင်္ဘောရဲ့ ပုံများကို ကြည့်လိုက်သည်။

သူ ဂရုတစိုက် နှိုင်းယှဉ်ကြည့်သည်။

ပင်လယ်ပေါ်တွင် ခုတ်မောင်းနေသော မော်တော်ယဥ်တင်သင်္ဘောက ရိီရှန်းအုပ်စု၏ အမှတ်အသားသာမက သင်္ဘောကိုယ်ထည်ပေါ်ရှိ 'ရွှေကြယ်' ဟူသော အဖြူရောင်စာလုံးကြီးနှစ်လုံးမှာလည်း အလွန်ထင်ရှားလှသည်။

".ဒါ...ဟုတ်တယ်.... ဒါက... ရိီရှန်းအုပ်စုရဲ့ 'ရွှေကြယ်' မော်တော်ယာဥ်တင်သင်္ဘောပဲ...ရေတင်နှုန်း တန်ချိန် ရှစ်သောင်း ကျော်ရှိတယ်.... အသုံးပြုတာ နှစ်နှစ်တောင် မရှိသေးဘူး... ဒီကောင်က.... သင်္ဘောအသစ်နီးပါးပဲ..."

လျူယောင် အတည်ပြုလိုက်ပြီး လိပ်ကြီးအား ခိုင်းလိုက်သည်။

"ဒီသင်္ဘောပဲ...မင်း အဲဒီဘက်ကို နည်းနည်းဆက်သွား...ဘယ်သူမှ မတွေ့အောင်နေ....ငါ့အတွက် အပေါက်ကြီးအချို့ ဖောက်ပေး..."

လျူယောင်ပြောပြီးတာနှင့် တပြိုင်နက် လိပ်ကြီးဧရာမလှံကိုကိုင်ကာ ရေကူးခတ်သွားပြီး မကြာမီ သင်္ဘောအောက်ခြေကို ရောက်ရှိလာခဲ့သည်။

သင်္ဘောအောက်ခြေသို့ ရောက်ရှိလာပြီးနောက် နောက်ထပ်စကားမများတော့ဘဲ အပေါက်တစ်ပေါက် အရင်ဆုံး ဖောက်လိုက်သည်။

"အင်း... ဒီနေရာက မဆိုးဘူး...ငါကြိုက်တယ်.."

လိပ်ကြီး သူ့ရဲ့ဧရာမလှံကို ဝှေ့ယမ်းပြီး သင်္ဘောအောက်ခြေသို့ တိုဟူးတစ်တုံးလို ထိုးလိုက်သည်။ သင်္ဘောရဲ့ အောက်ခြေရှိ သံမဏိပြားမှာ ထိုသို့သော အထိုးကို လုံးဝ မခံနိုင်ဘဲ ဧရာမလှံက တစ်ဆယ်မီတာကျော် အနက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"ဟင်....တစ်ခုခု .... မှားနေတာနဲ့တူတယ်...."

လိပ်ကြီး ဧရာမလှံကို ချက်ချင်း ဆွဲထုတ်လိုက်ရာ ရုတ်တရက် အပေါက်ကြီးမှ ဒီဇယ်ဆီအများအပြား စီးထွက်လာပြီး ပင်လယ်ရေ နှင့်ရောသွားသည်။

"ဒီဇယ်ဆီတိုင်ကီကို ....ဖောက်မိသွားတာလား... မကောင်းတာပဲကွာ...."

တကယ်တော့ အဲ့ဒါကို ဆီတိုင်ကီလို့ မခေါ်ဘဲ ဆီသိုလှောင်ရုံဟု ခေါ်ခြင်းက ပို၍ မှန်ကန်သည်။ တန်ချိန် ရှစ်သောင်း သင်္ဘောတွင် အင်ဂျင်လောင်စာအဖြစ် ဒီဇယ်ဆီ တန်ချိန်ထောင်ပေါင်းများစွာကို သယ်ဆောင်လေ့ရှိသည်။

"ထပ်လုပ်မယ်..."

လိပ်ကြီး သင်္ဘောရဲ့ ဘေးဘက်သို့ ရောက်ရှိလာပြီး ဧရာမလှံဖြင့် အပေါက်ကြီးတစ်ပေါက်ကို လွယ်လွယ်ကူကူ ဖောက်လိုက်သည်။ထို အပေါက်မှ ပင်လယ်ရေအများအပြား စီးဝင်လာတော့သည်။

"တစ်...ပေါက်.."

"သုံး....ပေါက်..."

လိပ်ကြီး နှစ်မိနစ် ၊သုံးမိနစ်အတွင်းမှာပဲ သင်္ဘောအောက်ခြေတွင် စုစုပေါင်း အပေါက်ကြီးငါးပေါက် ဖောက်ခဲ့သည်။ ဆီသိုလှောင်ရုံကို ထိုးဖောက်ခဲ့သော ပထမအပေါက်မှလွဲ၍ ကျန်လေးပေါက်မှာ မူမမှန်မှု့များ မပြခဲ့ပေ။

ထိုအချိန်တွင် အပေါက်ကြီးများမှတစ်ဆင့် ပင်လယ်ရေများ သင်္ဘောအတွင်းသို့ စီးဝင်နေခဲ့သည်။

"ပြီးပြီ"

လိပ်ကြီးက ဧရာမလှံကို သယ်ဆောင်ကာ အမြန်ထွက်ခွာသွားပြီး တစ်ကီလိုမီတာနီးပါးအကွာအဝေးကို ရောက်သွားကာ စောင့် ကြည့်နေသည်။ သင်္ဘောသားအချို့မှာ အသက်ကယ်အင်္ကျီဝတ်ကာ အသက်ကယ်လှေပေါ်ကိုအလျင်အမြန် ဆင်းလာကြသည်။

......

ရီရှန်းသမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးအုပ်စု…

ကျန်းရှင်းလီ တံခါးကို ခေါက်ပြီး လော့မောင်ယွမ်ရဲ့ ရုံးခန်းထဲ ဝင်လာခဲ့သည်။

သူ မရှင်းမလင်းဖြစ်နေပြီး အထူးသဖြင့် "မနေ့က ...သင်္ဘောနစ်မြုပ်မှု့....နှစ်ခုမှာ... ဂလိုဘဲလ် နှင့် တကယ်ပဲ ဆက်စပ်နေသလား"လို့ အခြားအထက်တန်းအရာရှိတစ်ဦးက ထပ်မံသတိပေးသောအခါ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

အဆိုပါ အမှု့ဆောင်အရာရှိက" ဒီနေ့မှာလည်း.... နောက်ထပ်...သင်္ဘောနစ်မြုပ်မှု့တစ်ခု ဖြစ်လာနိုင်သလား.... " ဆိုပြီး စိုးရိမ်တကြီးနဲ့ ထပ်မံပြောခဲ့သည်။

စဥ်းစားပြီးနောက် စိတ်မသက်မသာခံစားရသော ကျန်းရှင်းလီမှာ ဆက်မထိုင်နိုင်တော့ဘဲ တံခါးခေါက်ပြီး လော့မောင်ယွမ်ရဲ့ ရုံးခန်းထဲသို့ ဝင်လာတော့သည်။

"သူဋေးလော့...."

လော့မောင်ယွမ်၏ မျက်နှာက ကြည့်လို့ မကောင်းပဲ အနည်းငယ် လေးနက်ပြီး မှိုင်းညို့နေပုံရသည်။

"အောင်မြင်လား....ဘာကိစ္စလဲ..."

"ကျွန်တော်..."

စကားပြောချင်သော်လည်း မည်သို့ပြောရမှန်းမသိဘဲ ကျန်းရှင်းလီ အလွန်တုန့်ဆိုင်းနေပုံရသည်။

လော့မောင်ယွမ် ထိုအရာကို ဂရုမစိုက်တော့ဘဲ မေးလိုက်သည်။

"ငါ မနေ့က အမိန့်ပေးခဲ့တယ် ဆိပ်ကမ်းက မထွက်ခွာသေးတဲ့ သင်္ဘောတွေကို..ခဏ... ဆိုင်းငံ့ထားမယ်... ဆိပ်ကမ်းက ထွက်ခွာပြီးသားသင်္ဘောတွေကို... တန်ပြန်အစီအမံတွေ လုပ်ဆောင်ဖို့....မင်း.... စီစဥ်....အကြောင်းကြားပြီးပြီလား...."

ကျန်းရှင်းလီ ခေါင်းညိတ်ပြလိုက်သည်။

"အစီအစဥ်တွေ အားလုံး ပြီးပါပြီ....အကြောင်းကြားချက်တွေ...အားလုံးလည်း လုပ်ပြီးပါပြီ...ဒါပေမယ့်..."

လော့မောင်ယွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

"ဘာမှ....မဖြစ်ပါဘူး.... ပြောစရာတစ်ခုခုရှိရင် ပြောလိုက်...."

ကျန်းရှင်းလီ နောက်ဆုံးတွင် ပြေပြလိုက်သည်။

"သူဋေးလော့.... မနေ့က...သင်္ဘောနစ်မြုပ်မှု့နှစ်ခုဟာ ဂလိုဘဲလ်ကုမ္ပဏီနဲ့ တကယ်ပဲ ဆက်စပ်နေနိုင်တယ်လို့...ကျွန်တော် အမြဲခံစားရတယ်... ဒီလိုကိစ္စမျိုး....ဒီနေ့ ထပ်ဖြစ်နိုင်တယ်လို့လည်း ကျွန်တော်...... တိမ်မြုပ်တဲ့ခံစားမှု့တစ်ခု.... ရနေတယ်...."

လော့မောင်ယွမ် ခေါင်းခါပြီး ချက်ခြင်း ငြင်းလိုက်သည်။

"မဖြစ်နိုင်ဘူး... ဒါ....ဂလိုဘဲလ်...ကုမ္ပဏီနဲ့ ဆက်စပ်မှု့.... ရှိမှာမဟုတ်ဘူး.... သူတို့မှာ အဲဒီလောက်ကြီးကျယ်တဲ့....စွမ်းရည် မရှိနိုင်ဘူး...."

"ဒါပေမယ့်..."

သူက

"ဒါပေမယ့်"

ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် လော့မောင်ယွမ် သူ့စကားကို ဖြတ်ပြောလိုက်သည်။

"မဟုတ်ဘူး....ဂလိုဘဲလ်နဲ့ ....ဘာမှ ဆက်စပ်မှု့.... ရှိမှာ မဟုတ်ဘူး.....အစပိုင်းတုန်းက....ဒီ လျူယောင်..... ပေါ့ပေါ့တန်တန် ပြောခဲ့တာ..... အလေးအနက် မထားနဲ့....ဒီနေ့ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး....."

တစ်ရက်တည်းတွင် သင်္ဘောနှစ်စင်းနစ်မြုပ်မှု့ဆိုတာ ထောင်စုနှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ဖြစ်ပွားနိုင်ပြီး အလွန်ရှားပါးသော အဖြစ်အပျက်ပဲ ဖြစ်သည်။ လော့မောင်ယွမ်၏ အမြင်တွင် ဒီနေ့ နောက်ထပ် သင်္ဘောနစ်မြုပ်မှု့ဆိုတာ ဖြစ်နိုင်ခြေ လုံးဝ မရှိပေ။

"အဲဒီလိုပဲ...ဖြစ်ပါစေလို့...ကျွန်တော်..မျှော်လင့်ပါတယ်"

ကျန်းရှင်းလီ. စိုးရိမ်သောကများစွာဖြင့် လော့မောင်ယွမ်၏ ရုံးခန်းမှ ထွက်လာခဲ့သည်။ သူ့စိတ်ထဲမှာလည်းမသက်မသာ ခံစားနေရဆဲဖြစ်သည်။

လော့မောင်ယွမ်ကရော ဘယ်လိုလဲ....။

ကျန်းရှင်းလီ ချောချောမွေ့မွေ့ ထွက်ခွာသွားတာကို ကြည့်ပြီးနောက် သူ့စိတ်ထဲတွင် ထပ်ပြီး စဉ်းစားလိုက်သည်။ဒီနစ်မြုပ်မူ့တွေဟာ ဂလိုဘဲလ် ကုမ္ပဏီနှင့် ဆက်စပ်မှု့ ရှိနိုင်မှာမဟုတ်ဘူးလို့ သူ ယုံကြည်သည်။သူတို့မှာ ဒီလောက်ကြီးကျယ်တဲ့ စွမ်းရည် ရှိနိုင်မှာ မဟုတ်ပေ။

"သူတို့က ....မင်းရဲ့.. သင်္ဘောကို... နစ်မြုပ်စေချင်ရင် .... နစ်မြုပ်ရတာပဲလား ..."

"မဖြစ်နိုင်ဘူး...ဒီကိစ္စ...လုံးဝ...မဖြစ်နိုင်ဘူး.."

သူ၏စိတ်ထဲတွင် ခိုင်မာသော ယုံကြည်ချက်ဖြင့် ဆေးပြင်းလိပ်ကို ထုတ်ယူပြီး မီးညှိလိုက်သည်။ စိတ်ခံစားချက်နှင့် ဖိအားများ သက်သာစေရန်အတွက် ဆေးလိပ်ကို သူ ပြင်းပြင်း ရိူက်လိုက်သည်။

နှစ်ဖွာလောက် သောက်ပြီးနောက် ဖုန်းမြည်လာသည်။ မကြာမှီပင် ကျန်းရှင်းလီ၏ ထိတ်လန့်တကြားဖြစ်နေသော အသံက ဖုန်းအတွင်းထဲမှ ထွက်လာခဲ့သည်။

"သူဋေးလော့... နောက်ထပ် ....တစ်ခု ...ထပ်ဖြစ်ပြန်ပြီ....ကျွန်တော်တို့ရဲ့... 'ရွှေကြယ်".... သင်္ဘော ခုနကပဲ နစ်မြုပ်သွားပြီ... သင်္ဘောပေါ်မှာ.... တင်လာတဲ့ ...ကားတစ်ထောင်ကျော်လည်း ....အားလုံး ပျက်စီးသွားပြီ....."

"ဘာ...."

လော့မောင်ယွမ်၏ လက်မှာ တုန်ခါသွားပြီး လက်ထဲမှ ဆေးပြင်းလိပ်က မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားသော်လည်း သူ မသိလိုက်ပေ။ သူ ဖုန်းကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...ဒါ... လုံးဝ... မဖြစ်နိုင်ဘူး....မင်းမှားတာများလား...."

ကျန်းရှင်းလီ အသံမှာ ငိုလုမတတ် ဖြစ်နေသည်။

"သူဋေးလော့....ဒါအမှန်ပဲ....ဒီသတင်း... လုံးဝ အမှန်ပါ....."

" ဖောင်း..."

လော့မောင်ယွမ်၏ လက်ထဲရှိ ယွမ် ၁၀,၀၀၀ ကျော်တန် ဖုန်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး တစ်စစီ ကွဲသွားခဲ့သည်။

......

လျူယောင် တတိယအမြင်ကို ထပ်ဖွင့်လိုက်သည်။ ဖြည်းဖြည်းချင်း နစ်မြုပ်နေသော မော်တော်ယာဥ်တင်သင်္ဘောကို ကြည့်လိုက်ပြီး စိတ်ထဲကနေ ပြောလိုက်သည်။

"လော့မောင်ယွမ်.....မင်း... မနေ့က ငါ့ကို အရှုံးပေးပြီး ....ငါ့ရဲ့ ဆုံးရှုံးမှု့အတွက် လျော်ကြေးပေးခဲ့မယ်ဆိုရင်.... ဒီနေ့ ...ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာမှာ မဟုတ်ဘူး....ဒီသင်္ဘောလည်း....နစ်မြုပ်မှာ...မဟုတ်ဘူး...."

လိပ်ကြီး ထိုနေရာတွင် တစ်နာရီကျော်ကြာ နေခဲ့သည်။ သင်္ဘောက ပင်လယ်အောက်သို့ နစ်မြုပ်သွားပြီး ပင်လယ်ရေပြင်ပေါ်တွင် မရှိတော့တာကို မြင်သောအခါ စေတနာ့ဝန်ထမ်းသဖွယ် လိပ်ကြီး မေးလိုက်သည်။

"သခင်ရေ....သခင်.... နောက်ပစ်မှတ်က ဘယ်သင်္ဘောလဲ ....ကျွန်တော်.... သွားဖောက်လို့ရပြီလား...."

All Chapters