" ဟဲဟဲ... ကြောက်စမ်း.."
Vol. 11 Ch. 165
လျူယောင် ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။
"လောလောဆယ်... မင်းအတွက်.... အလုပ်မရှိသေးဘူး...ငါ့ကောင်ရ...ငါ...အကြောင်းကြားတာကို စောင့်နေအူံး.....အခုက မင်းရဲ့အနားယူချိန်ပဲ.... ဒါကြောင့် ....မင်းလုပ်ချင်တာ ....လုပ်နိုင်ပြီ....."
လိပ်ကြီး အနည်းငယ် ဝမ်းနည်းသွားသည်။
" အခုမှ....အစပဲ.... ရှိသေးတယ်...ပြီးသွားပြီလား..."
"လုံးဝ...ပျော်စရာမကောင်းဘူး..."
သူ့စိတ်ဆန္ဒအရ သင်္ဘောကို နစ်မြုပ်စေခြင်း၊ ချက်ချင်း နောက်ပန်းတိုင်သို့ ရေကူးသွားခြင်း၊ ထို့နောက် သင်္ဘောကြီးတစ်စင်းကို ထိုးဖောက်ခြင်းတို့မှာ ပျော်စရာကောင်းလိမ့်မည်။
ဒါပေမဲ့ သခင်၏ စကားက အမိန့်တော်ပင် ဖြစ်သည်။
"ဒါဆိုရင်....ကျွန်တော်.... လှိုင်းစီးထွက်သွားတော့မယ်...ပင်လယ်ထဲက...အကောင်အကြီးစားတွေကို...အနိုင်လိုက်ကျင့်မယ်.... ပြီးရင်... ကျွန်တော့်ရဲ့ ....ဗိုက်ကို... ဖြည့်လိုက်မယ်...."
လိပ်ကြီး ပြောလိုက်သည်။
လိပ်ကြီး အမြန်ကူးခတ်သွားပြီး မကြာခင်မှာပဲ သင်္ဘောက နောက်ဆုံးတွင် ပင်လယ်အောက်ခြေသို့ အပြည့်အဝ နစ်မြုပ်သွားသည်။
လျူယောင် အခြားသင်္ဘောတွေကို နစ်မြုပ်ရန် အလျင်မလိုတော့ပေ။အဓိကအကြောင်းရင်းမှာ လော့မောင်ယွမ်အား အချိန်ပေးလိုခြင်း ဖြစ်သည်။ ဒီလူ အလွန်အမင်း မိုက်မဲခြင်းမရှိလျှင် အချိန်တိုအတွင်း သနားခံရန် လာရောက်လိမ့်မည်။
.......
ရီရှန်းအုပ်စု၏ အကြီးတန်းအဖွဲ့ဝင်များရှုပ်ထွေးပွေလီနေကြပြီး အချို့သောလူများက ထိတ်လန့်တကြား အမူအရာများကို သူတို့ရဲ့မျက်နှာများတွင် ပြသနေကြသည်။
"ဘာ...ကျွန်တော်တို့ရဲ့... နောက်ထပ်... သင်္ဘောတစ်စင်း...နစ်မြုပ်သွားပြန်ပြီလား..."
"ဘုရားရေ....ဒီမှာ....ဘာဖြစ်နေတာလဲ...."
"ကျွန်တော် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှာ ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာ.... ဒီလို ထူးဆန်းတဲ့ အရာမျိုးနဲ့ ကြုံတွေ့ရတာ ဒါ ပထမဆုံးအကြိမ်ပဲဗျာ...."
အချို့သောလူများက သိသိသာသာ ထိတ်လန့်လာကြသည်။ မနေ့ကမှစ၍ သင်္ဘောသုံးစင်းမှာ တစ်စင်းပြီးတစ်စင်း နစ်မြုပ်ခဲ့သည်။ ၎င်းတို့အားလုံးမှာ သင်္ဘောကြီးများဖြစ်ပြီး တန်ချိန် နှစ်သိန်း ကျော် သင်္ဘောကြီးတစ်စင်းလည်း ပါဝင်သည်။
" ဂလိုဘဲလ်ကုမ္ပဏီက ကြမ်းတမ်းတဲ့စကားတွေ ပြောခဲ့တယ်လို့ ကြားတယ်....ဒါဂလိုဘဲလ်နဲ့ ဆက်စပ်နေတာများလား...."
"ဒါက ဂလိုဘဲလ်ကုမ္ပဏီနဲ့ ဆက်စပ်မှု့ရှိတယ်လို့ ကျွန်တော်ထင်တယ်.... မဟုတ်ရင် ကမ္ဘာပေါ်မှာ ဒီလိုဖြစ်ရပ်မျိုး....ဘယ်နေရာမှာ...ရှိမှာလဲ..."
"ဒါပေမယ့်...ကျွန်တော်တို့မှာ ...သက်သေမရှိဘူးလေ...."
"သက်သေအကြောင်းကို.... မပြောနဲ့....အခုအချိန်အထိ သင်္ဘောနစ်မြုပ်မှု့ရဲ့.... တကယ့်...အကြောင်းရင်းကို.... ရှင်းရှင်းလင်းလင်း ...မသိရသေးဘူး...."
ဒီလိုပြောကြပေမဲ့လည်း ဒီကိစ္စဟာ ဂလိုဘဲလ်နဲ့ ပတ်သက်တယ်ဆိုတာ ဘယ်သူ့မှာမှ သက်သေမရှိပေ။ ဒါပေမယ့် လူတိုင်း စဥ်းစားနေကြတာကိုတော့ မတားဆီးနိုင်ခဲ့ပေ။
"မဟုတ်ရင်... ဘယ်လိုလုပ် ...ဒီလိုကိစ္စမျိုး ဖြစ်နိုင်မှာလဲ..."
ဂလိုဘဲလ်ကုမ္ပဏီက ကြမ်းတမ်းတဲ့စကားတွေ ပြောပြီး ၂၄ နာရီ အချိန်ပေးခဲ့တယ်....အဲဒီ ၂၄ နာရီအတွင်း ဘာပြဿနာမှ မရှိခဲ့ဘူး......၂၄ နာရီ ကျော်လွန်သွားတာနဲ့ တစ်စင်းပြီးတစ်စင်း သင်္ဘောနစ်မြုပ်မှု့တွေ စတင်ခဲ့တာ....."
"ဒါက....ဂလိုဘဲလ်နဲ့ ....တစ်ခုခု ဆက်စပ်နေတာ သေချာတယ်...."
အထက်တန်းအမှု့ဆောင်အရာရှိအားလုံးနီးပါးမှာ သူတို့ရဲ့စိတ်ထဲတွင် ထိုစိတ်ကူးများရှိနေသည်။အထက်တန်းအမှုဆောင်အရာရှိတစ်ဦးပင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"သူဋေးလော့ ဘာတွေ တွေးနေသေးတာလဲ.... စတုတ္ထမြောက်သင်္ဘော နစ်မြုပ်ဖို့ကို စောင့်နေတာလား.....အမြန်ဆုံး အရှုံးပေးပြီး ဂလိုဘဲလ်ကို သွားတောင်းပန်ရမှာပဲ....."
"ဟုတ်တယ်.... ဟုတ်ပါတယ်....ကျွန်တော်လည်း....သဘောတူတယ်.....အရေးအကြီးဆုံးလုပ်ရမှာကတော့..... တံခါးဝကို သွားပြီး တောင်းပန်ဖို့ပဲ....."
လော့မောင်ယွမ်၏ ရုံးခန်းထဲသို့ ကျန်းရှင်းလီ ထပ်ပြီး ဝင်လာခဲ့သည်။
"သူဋေးလော့လူတိုင်းက.... အဲ့ဒီအကြောင်းပဲ.....ပြောနေကြတယ်....တုံ့ပြန်မှု့က....အရမ်းကြီးမားနေတယ်...."
လော့မောင်ယွမ် ဖြည်းဖြည်းချင်း လှည့်လာသည်။ သူ တစ်နာရီကြာအောင် သူဋေးကုလားထိုင်တွင် မည်းမှောင်နေသောမျက်နှာဖြင့် ထိုင်နေခဲ့ပြီး သူ ဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှ မသိကြပေ။
သူ ရုတ်တရက် ဆယ်နှစ်လောက် အသက်ကြီးသွားသကဲ့သို့ နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
"ဒါဆို.....ငါ...ဘာလုပ်သင့်တယ်လို့ ....မင်းထင်လဲ...."
ကျန်းရှင်းလီလည်း သက်ပြင်းချလိုက်သည်။
"ဟူး... ဒီအရာတွေကို ဂလိုဘဲလ်က လုပ်တာ ထင်ရှားတယ်.... ဒါပေမယ့် ကျွန်တော်တို့မှာ သက်သေမရှိဘူး....သူတို့မှာ ဒီလို စွမ်းအားကြီးတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ မမျှော်လင့်ထားခဲ့ဘူး.... သူတို့က ကျွန်တော်တို့ရဲ့... သင်္ဘောတွေ့ကို ပင်လယ်ထဲ နစ်မြုပ်စေချင်ရင်.... နစ်မြုပ်စေနိုင်တယ်...."
လော့မောင်ယွမ် တိတ်ဆိတ်သွားသည်။
ကျန်းရှင်းလီ ဆက်ပြောလိုက်သည်။
"ဒီလို စွမ်းအားကြီးတဲ့ နည်းလမ်းတွေ သူတို့မှာ ရှိနေပြီဆိုတော့ .....ဒါက.....ကျွန်တော်တို့ ယှဥ်ပြိုင်နိုင်တဲ့အရာ မဟုတ်ပါဘူး..... သူဋေးလော့... အရှုံးပေးလိုက်ပါ.... တံခါးဝကို သွားပြီး တောင်းပန်သင့်တယ်....သူတို့ရဲ့ ဆုံးရှုံးမှု့အတွက်.... လျော်ကြေးပေးလိုက်ပါ....."
"ကောင်းပြီ..."
လော့မောင်ယွမ် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး အားပျော့သောအသံဖြင့် ပြောလိုက်သည်။
"မင်းပဲ ရှေ့ကနေ သွားပြီး ဂလိုဘဲလ်ကုမ္ပဏီကို ဆက်သွယ်လိုက်.... ငါ မနက်ဖြန် မနက်ပိုင်းမှာ တောင်းပန်ဖို့ သွားမယ်...."
ဒီတစ်နည်းတည်းပဲ ရှိတော့သည်လေ...။
"ဒါ့အပြင် တခြားဘာလုပ်နိုင်မှာလဲ...."
လော့မောင်ယွမ်၏ နှလုံးသားမှာ သွေးထွက်နေ၏။ သူသာ တောင်းပန်ဖို့ မသွားလျင် ရိီရှန်းအုပ်စု၏ ဆုံးရှုံးမှုမှာ ထိုမျှမကကြောင်း သူ သိနေသည်။
ဒါက သူ့ရဲ့ ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ကြီးမားတဲ့ ရေကြောင်းပို့ဆောင်ရေးနိုင်ငံတော်ကြီးပဲ။ ဒီလိုမျိုး ပြင်းပြင်းထန်ထန် ထိခိုက်ခံရလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးထားခဲ့ပေ။
အကယ်၍ နောင်တမရတဲ့ဆေးများ ရှိပါက ဈေးကြီးပေးပြီး တစ်လုံး ဝယ်သောက်ရမည်။
.........
ဂလိုဘဲလ် ကုမ္ပဏီတွင်…
လျူယောင် သူ့ရုံးခန်းထဲတွင် အချိန်တိုင်း နေခဲ့သည်။
အဓိကအကြောင်းရင်းမှာ လော့မောင်ယွမ် ဘယ်အချိန် အရှုံးပေးမလဲဆိုတာကို စောင့်နေခြင်း ဖြစ်သည်။
ဒီလူ အရှုံးမပေးပါက နေ့လယ်ပိုင်းတွင် လိပ်ကြီးကို နောက်ထပ်သင်္ဘောကြီးတစ်စင်း ဖောက်ခိုင်းမည် ဖြစ်သည်။
ဘယ်သင်္ဘောကို ရွေးချယ်ရမလဲဆိုတာကို လျူယောင် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ၎င်းတို့တွင် တန်ချိန် ခုနှစ်သောင်း ရှိသော ရေနံတင်သင်္ဘောတစ်စင်း ရှိပြီး အရှေ့အလယ်ပိုင်းသို့ သွားရန် ပြင်ဆင်နေသည်။ ယခု ၎င်းသည် ယန်ဂူအိုရဲ့တောင်တရုတ်ပင်လယ်သို့ ဝင်တော့မည်ဖြစ်သည်။
" ဒေါက်..ဒေါက်..ဒေါက်.."
ပထမဆုံး ရုံးခန်းတံခါးကို သုံးကြိမ်ခေါက်သံ ကြားရသည်။ ထို့နောက် ကျိုးယန်နှင့် ဟူဂျွန်းရှီတို့မှာ အတူတကွ ဝင်လာခဲ့ကြပြီး သူတို့ရဲ့မျက်နှာများတွင် ပျော်ရွှင်မှု့များ ထင်ရှားနေတာကို တွေ့မြင်နိုင်သည်။
"သူဋေး....သတင်းကောင်း...သတင်းကောင်း..."
လျူယောင် တစ်ခုခုကို ဝိုးတဝါး ခန့်မှန်းမိပြီး ပျော်ရွှင်စွာ မေးလိုက်သည်။
"ဘာလဲ...ရီရှန်းအုပ်စုဆီက...သတင်းရပြီလား...."
ကျိုးယန် အံ့အားသင့်စွာ ပြောလိုက်သည်။
"သူဋေး....ခင်ဗျားက... နတ်ဘုရားလိုပဲ..... အရာရာကို.....ခန့်မှန်းနိုင်တယ်....."
"အကိုယောင်.... ရီရှန်းအုပ်စုက တရားဝင်စာတစ်စောင် ပို့လိုက်တယ်.... လော့မောင်ယွမ်က အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးကို.... ဦးဆောင်ပြီး လာလည်မယ်တဲ့....."
ဟူဂျွန်းရှီ မေးလ်စာရွက်ကို လျူယောင့်အား ပေးပြီး ပြောလိုက်သည်။
"လာလည်တာလား..."
ဒါကသူတို့ရဲ့ ကိုယ်ပိုင်မျက်နှာတွင် ရွှေထည့်ထားခြင်းသာ ဖြစ်သည်။အမှန်တကယ်တော့ သူတို့က တောင်းပန်ရန် လာခြင်းသာ ဖြစ်သည်။
လျူယောင် စာကို ယူပြီး ခဏလောက် ကြည့်လိုက်သည်။ ထိုအချိန် သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသည်။လော့မောင်ယွမ်ဆိုတဲ့လူ နောက်ဆုံးတော့ အရှုံးပေးလိုက်ပြီလေ။
"ဟဲဟဲ...ကြောက်စမ်း..."
"မင်းက....ဉာဏ်ကောင်းပါတယ်....မဟုတ်ရင် ငါ့... လိပ်ကြီးကို....မင်းရဲ့သင်္ဘောတစ်စင်းကို ထပ်ပြီး....ဖောက်ခိုင်းဦးမှာ...."
သူ့လက်ထဲမှ စာကို ချထားလိုက်ပြီး လျူယောင် အမိန့်ပေးလိုက်သည်။
"ရီရှန်းအုပ်စုကို ပြောလိုက်ပါ.... သူတို့ တောင်းပန်ဖို့ လာတာဖြစ်တဲ့အတွက်.... တောင်းပန်ဖို့ လာတဲ့အသိစိတ် ရှိရမယ်....ဆိုတာ..."
"ဟုတ်ကဲ့....ကျွန်တော်.... ပြန်အကြောင်းကြားပေးလိုက်ပါ့မယ်"
ကျိုးယန် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
"အကိုယောင်....ရီရှန်းအုပ်စုကို...ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှု့အတွက်.... ယွမ် ၁ ဘီလီယံ လျော်ကြေးပေးခိုင်းဖို့.....တကယ်ပဲ... စီစဥ်ထားတာလား...."
"တစ်ဘီလီယံလား..."
လျူယောင် ဒီအကြောင်း စဥ်းစားလိုက်ရုံနဲ့ စိတ်လှုပ်ရှားသွားသည်။
ပြီးခဲ့တဲ့နှစ်ရက်လောက်က ရီရှန်းအုပ်စုကို ယွမ် ၁ ဘီလီယံ ပေးဖို့ သူ တောင်းဆိုသော အခါ ဒါက နည်းနည်း လက်တွေ့မကျဘူးလို့ ခံစားခဲ့ရသည်။အရင်က ဖြစ်နိုင်ခြေနည်းပေမဲ့ အခုတော့ မတူတော့ပေ။
ဟူဂျွန်းရှီက သူ့စိတ်ထဲတွင် ဖြစ်နေသော စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ပေ။
"အကိုယောင်က... အံ့ဩစရာပဲ..."
"တစ်ဘီလီယံ ဆုံးရှုံးမှု့အတွက်....တစ်ဖက်လူကို..လျော်ကြေးပေးဖို့..... တောင်းဆိုတာ တကယ်.... တစ်ဘီလီယံပဲ...ဖြစ်တယ် ..."
သူ စိတ်လှုပ်ရှားနေသည်။အလွန်စိတ်လှုပ်ရှား နေခြင်းပဲ ဖြစ်သည်။
ဟူဂျွန်းရှီမျက်နှာတွင် စိတ်လှုပ်ရှားမှု့များဖြင့် ပြည့်နေပြီး သူ့ရဲ့လက်များကိုပင် စိတ်လှုပ်ရှားစွာ ပွတ်သတ်နေသည်။
မမျှော်လင့်ဘဲ လျူယောင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"တစ်ဘီလီယံ.... ဒါ...လွန်ခဲ့တဲ့တဲ့.... နှစ်ရက်အကြာက.... ဖြစ်တာ..... အခုတော့ ....အနည်းဆုံး...နှစ်ဘီလီယံပဲ....."
"ဘာ...."
ဟူဂျွန်းရှီ၏ မျက်လုံးများ ပြူးသွားပြီး သူရဲ့နားများ မှားကြားမိတာလားလို့ အလေးအနက် တွေးလိုက်သည်။
.......
လော့မောင်ယွမ်နှင့် လူတစ်ဒါဇင်ကျော်ပါသော အဖွဲ့တစ်ဖွဲ့က သူတို့တည်းခိုနေသော ဟိုတယ်မှ ထွက်ခွာလာခဲ့သည်။ သူတို့ မနေ့ညက ဟွာဟိုင်း မြို့သို့ ရောက်ရှိခဲ့ကြသည်။ စုစုပေါင်း အနက်ရောင်ကား လေးစီးမှာ ဂလိုဘဲလ် ကုမ္ပဏီဘက်သို့ မောင်းနှင်လာခဲ့သည်။
လော့မောင်ယွမ်၏ မျက်နှာအမူအရာက အနည်းငယ်လေးနက်နေသည်။
သူ့စိတ်ထဲတွင် ရုန်းကန်မှု့တစ်ခုလည်း ရှိနေ သည်။ နောက်ဆုံးတွင်တော့ သူ ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။
"ယောက်ျားတစ်ယောက်ဟာ .... ကိုယ်ကိုညွှတ်နိုင်တယ်...ဆန့်နိုင်တယ်...ခေါင်းငုံ့သင့်တဲ့အချိန်မှာ....ခေါင်းငုံ့ရမယ်....."
ဆိုပြီး သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု့ ပေးလိုက်သည်။
ကျန်းရှင်းလီလည်း ကားတစ်စီးတည်းတွင် လိုက်ပါခဲ့သည်။ လော့မောင်ယွမ်၏ မျက်နှာကို ကြည့်ပြီး သူ သက်ပြင်းချလိုက်သည်။ ဒီတစ်ကြိမ် သူတို့ တောင်းပန်ဖို့ လာခဲ့ကြသည်။
"လျူယောင်..... ငါတို့ကို.... အရမ်းအရှက်မရစေဖို့ ....မျှော်လင့်ပါတယ်..." ကျန်းရှင်းလီ စိတ်ထဲကနေ ဆုတောင်းလိုက်သည်။
...
ဂလိုဘဲလ်ကုမ္ပဏီတွင်.....
"ဒုန်း...ဒုန်း...ဒုန်း..."
ရုံးခန်းတံခါး ခေါက်သံ ကြားရပြီး ဟူဂျွန်းရှီ တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။
"အကိုယောင်.... လော့မောင်ယွမ်တို့အဖွဲ့ ....ရောက်ရှိလာပါပြီ ....အကို့ရဲ့ ....ညွှန်ကြားချက်အရ....သူတို့ကို ....နိုလီယာဟိုတယ်ရဲ့....အစည်းအဝေးခန်းထဲမှာ....စီစဥ်ပေးထားပါတယ်....."
နိုလီယာဟိုတယ်မှာ မဝေးလှပေ။လျူယောင် ဒီနေရာကနေ လမ်းလျှောက်လျှင် ဆယ်မိနစ်ခန့်သာ ကြာသည်။