← Chapters

ရင်ဆိုင်မိလေသောအခါ

Vol. 92 Ch. 906

ရင်ဆိုင်မိလေသောအခါ

Vol. 92 Ch. 906

ကျူးရှန်းယောင်ကို သတ်ပစ်တော့မည်ဟူသော သတင်းက ကောင်းကင်မြို့တော်တဝန်းလုံးသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွား၏။

ထိုသတင်းကို ကြားလိုက်သော်လည်း စုချန်းကား အံ့အားသင့်ခြင်းမရှိသလို ဒေါသထွက်နေသည့် အရိပ်အယောင်လည်း ရှိမနေခဲ့ချေ။ ထိုအခါကျမှ ဤဖြစ်နိုင်ခြေကို အချိန်ကြာမြင့်စွာကတည်းက သူကိုယ်တိုင် လက်ခံထားပြီးသား ဖြစ်နေသည်ကို စုချန်း သဘောပေါက်လိုက်၏။

သို့သော် စုချန်းသည် ဤသတင်းကို ပိတ်လော့အပါအဝင် မည်သူ့ကိုမှ ပြောမပြပဲ ရေငံနှုတ်ပိတ်ထားလိုက်၏။ ဤအချိန်ကျမှ တခြားသူများ စိုးရိမ်ပူပန်စေ၍ ဘာထူးတော့မည်နည်း။

ထို့နောက် သူသည် ခြံဝင်းအတွင်းတွင် တယောက်တည်း ထိုင်ကာ တစုံတရာကို အလေးအနက် စဉ်းစားနေခဲ့လေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေ၏။ ကောင်းကင်သည် တဖြည်းဖြည်း အဖြူရောင်သန်းလာသည်။မွန်းတည့်ချိန်ရောက်လျင် ကျူးရှန်းယောင်ကို ကွက်မျက်ကြပေတော့မည်။

နေမွန်းတည့်ရန် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ထာဝရနေမင်းနန်းတော်၏ စည်းဝေးကွင်းထဲတွင်လည်း ကွက်မျက်မှုကိုကြည့်ရှုလိုသော လူပျံတော်များဖြင့် တစတစ ပြည့်နှက်လာသည်။ အချိန်တိုအတွင်းမှာပင် ထောင်နှင့်ချီသော လူပျံတော်များ ကွင်းတကွင်းလုံး ပြည့်ကျပ်သွား၏။

စင်မြင့်အောက်တွင် ကျူးရှန်းယောင်နှင့် သူမ၏နောက်လိုက်၁၂၅ ဦး မတ်တပ်ရပ်နေကြသည်။

ယခုအချိန်ထိ ကျူးရှန်းယောင်၏ မျက်နှာတွင် ခံစားချက်ကင်းမဲ့နေဟန်ရှိ၏။ ထိိုသို့ဖြစ်ရခြင်းမှာ သူမအနေနှင့် သေရမည်ကို မကြောက်၍မဟုတ်ပဲ စုချန်းကို ယုံကြည်နေသောကြောင့်ပင် ဖြစ်သည်။

ကျူးရှန်းယောင်နှင့်စာလျင် ကျန်ကျူးမျိုးနွယ်စု၏ နောက်လိုက်များက ပို၍ အခြေအနေဆိုးနေကြ၏။ သူတို့အားလုံး ကြောက်လန့်တကြားဖြစ်နေကြပြီး မျက်နှာများမှာ သွေးဆုတ်ဖြူလျော်နေကြလေသည်။ ထိုအထဲမှ တချို့မှာ မျက်ရည်ပင် မထိန်းနိုင်တော့ပဲ ရှိုက်ငိုနေကြ၏။

ကွပ်မျက်ရန်တာဝန်ယူထားသူသည် ဝိညာဥ်ခွဲဓားကို ကိုင်ဆောင်ကာ အသင့်နေရာယူထား၏။ ဓား၏ မျက်နှာပြင်ကိုကား ထူးခြားသော ဆေးဝါးတစ်မျိုး လိမ်းထားသည်။ ထိုဆေးသည် မည်သည့် စိတ်ဝိညာဥ်စွမ်းအားကိုမဆို ဖျက်ဆီးပစ်နိုင်လေရာ ထိုဓားဖြင့် သတ်ဖြတ်ခံရသူမည်သူမဆို၊ ယုတ်စွအဆုံး အနှိုင်းမဲ့ကျင့်ကြံခြင်းပညာရှင် ဖြစ်စေကာမူ အသက်ပြန်ရှင်နိုင်စရာ အကြောင်းမရှိတော့ချေ။

အဝေးတစ်နေရာတွင်ကား လူပျံတော်အစောင့်အများအပြားက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြ၏။

သို့သော်လည်း ထိုအစောင့်များသည် ပတ်ဝန်းကျင်ကို ကြီးကြပ်ရန် စိတ်ဝင်စားပုံမပေါ်ပဲ တယောက်နှင့်တယောက် တီးတိုးပြောဆိုနေကြသည်။

တစ်ခါတစ်ရံတွင် အရာရှိတချို့သည် နန်းတော်ထဲသို့ ပြေးဝင်သွားပြီးနောက် မျက်နှာမသာမယာဖြင့် ပြန်ထွက်လာကြောင်း တွေ့မြင်နေရသည်။ စောင့်ကြည့်နေသော လူပျံတော်များအနေနှင့် ထိုအရာရှိများ ဘာလုပ်နေကြမှန်း ရေရေရာရာ မသိသည့်တိုင် သွေးဆူကာ အောက်ပါအတိုင်း အော်ဟစ်နေကြ၏။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး သူ့ကို ချမ်းသာပေးပါ သူ့ကိုသတ်လိုက်ရင် စစ်မက်ဖြစ်ပွားပြီး လူပျံတော်တွေ ပျက်စီးရပါလိမ့်မယ်”

ထိုအချိန်မှာပင် အသက်ကြီးကြီးလူပျံတော်တဦးက နန်းတော်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ပင်မခန်းမဆောင်သို့ ဝင်ရောက်သွားတော့သည်။ ထိုအခါကျမှ အရာရှိများလည်း လက်ရှိအခြေအနေကို ရပ်တန့်ရန် အစွမ်းကုန်ကြိုးပမ်းနေကြမှန်း လူတိုင်း သဘောပေါက်လိုက်ကြ၏။ နန်းတော်ထဲသို့ ဝင်သွားသည့် သက်ကြီးလူပျံတော်မှာ ထူးခြားသော စရိုက်လက္ခဏာရှိသည့် ရာထူးမြင့်အရာရှိကြီးတဦးဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုးက ထာဝရညကို တားဆီးရန် ကြိုးစားလိမ့်မည်ဟု မည်သူမျှ ထင်မထားချေ။

ကံမကောင်းစွာဖြင့် သူ့တောင်းပန်မှုမှာလည်း အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။

စစ်သားတစ်ဦးက ၎င်းကို ခန်းမဆောင်မှ ဆွဲထုတ်လာကြောင်း လူတိုင်း မြင်လိုက်ရ၏။ သို့တိုင်အောင် သူက အောက်ပါအတိုင်း ကြိတ်မနိုင်ခဲမရနှင့် လှမ်းအော်နေသေးလေသည်။

“အရှင်မင်းကြီး ခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ချက်မချလိုက်ပါနဲ့ ပြည်သူတွေကို နောက်ထပ်သွေးချောင်းစီးမဲ့တိုက်ပွဲထဲ ဆွဲမသွင်းပါနဲ့"

အဆိုပါ စကားလုံးများက ထာဝရညကို မယိမ်းယိုင်စေသည့်တိုင် အနီးနားရှိ ပြည်သူများကိုတော့ လှုပ်ရှားသွားစေ၏။ တချို့ဆိုလျှင် ကွင်းထဲသို့ ဝင်ရောက်ကာ ကွပ်မျက်မှုကို ရပ်တန့်ရန် အနီးရှိလူများကိုပင် စည်းရုံးကုန်ကြတော့သည်။

သို့သော် လူအုပ်ကြီးသည် အော်ဟစ်​ဆူညံနေကြသည်မှအပ မည်သည့်လှုပ်ရှားမှုမှ ရှိမနေခဲ့ချေ။ ထိုအချိန်မှာပင် စစ်သားအုပ်စုကြီးသည် လက်နက်အသီးသီးကိုင်ဆောင်ကာ အရပ်သားပြည်သူများကို တားဆီးထားကြ၏။ ပြဿနာရှာရန် ကြိုးစားနေသည့် အရပ်သားတစ်ဦးသည်ပင် အတောင်ပံကို မြှားတစ်စင်းဖောက်ဝင်သွားပြီး ကောင်းကင်မှ ပြုတ်ကျသွားလေသည်။

ထို့နောက် စစ်သားတချို့သည် ထိုသူကို ချက်ချင်းပင် ဖမ်းဆီးလိုက်ကြ၏။

ထိုအချိန်မှာပင် ကျယ်လောင်လှသော အသံကြီးတသံ ထွက်ပေါ်လာ၏။

“အရှင်မင်းကြီးက အမိန့်ထုတ်ပြန်လိုက်ပြီ သူ့ခွင့်ပြုချက်မရှိဘဲ ကွပ်မျက်မှုကို တားဆီးဖို့ ကြိုးပမ်းသူ ဘယ်သူမဆို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ချက် ချင်းကွက်မျက်ခံရမယ်”

ထိုစကားကို ပြောလိုက်သူမှာ အထီးကျန်ကောင်းကင်ပင် ဖြစ်သည်။

ဤ လူပျံတော်တပ်မှူး၏ ဂုဏ်သတင်းသည် အဆိပ်တထောင်ဖားကြီးကို အနိုင်ယူပြပြီးနောက် ယခင်ကထက် များစွာ မြင့်မားလာခဲ့သဖြင့် လူတိုင်းက သူ့ကို ကြည်ညိုလေးစားကြသည်။ တဖက်တွင်လည်း လူပျံတော်များကိုယ်တိုင်ပင် ဤကိစ္စနှင့်ပတ်သက်ပြီး ဝိဝါဒကွဲပြားနေလေရာ စစ်ဘုရင်တပါး၏ ခန့်ညားသော ကြေညာချက်ကို ကြားလိုက်ရသည်နှင့် မီးကိုရေနှင့် ဖြန်းလိုက်သည်​ပမာ တိတ်ဆိတ်ငြိမ်သက်ကုန်ကြလေ၏။

စုချန်း အစပျိုးပေးခဲ့သော မီးတောက်ကား ရုတ်ချည်းပင် ငြိမ်းသတ်ခံလိုက်ရလေပြီ။

လူအုပ်ကြား ရောနှောနေသော စုချန်းပင်လျှင် ဘာမှမတတ်နိုင်တော့ပဲ ခါးသီးနာကျင်စွာ ပြုံးလိုက်မိ၏။

ထာဝရည...မင်းဟာ တကယ်ကို အရည်အချင်းရှိတာပဲ...

ဒါပေမယ့် မင်း သူ့ကို တကယ်သတ်မှာလား...

ထာဝရည၏ ရည်ရွယ်ချက်မှာ သူ ထွက်လာစေရန် ဖိအားပေးနေခြင်းသာ ဖြစ်ကြောင်း စုချန်း သိထား၏။

သို့သော် သူ ထွက်မလာခဲ့လျင် ထာဝရညက ကျူးရှန်းယောင်ကို သတ်မည်၊ မသတ်မည်ကိုတော့ စုချန်း မသိချေ။

ထိုမေးခွန်း၏ အဖြေ​ကို ကွပ်မျက်ချိန်ရောက်မှသာ စုချန်း သိနိုင်ပေလိမ့်မည်။

ဤနေရာတွင် သတိချပ်ရန်မှာ စုချန်းသည် သေရမည်ကြောက်၍ ပုန်းနေခြင်း မဟုတ်ချေ။ သူနှင့် ကျူးရှန်းယောင်ကို ဆက်စပ်မိသွားမည်စိုး၍ ပုန်းနေခြင်းသာ ဖြစ်သည်။ သူတို့နှစ်ယောက်ကို မ​ဆက်စပ်မ်ိသေးသ၍ ကျူးရှန်းယောင် လွတ်ကောင်းလွတ်နိုင်သေး၏။ သို့သော် ဆက်စပ်မိသွားလျင်တော့ ကျူးရှန်းယောင် မည်သည့်နည်းနှင့်မှ လွတ်လမ်းမရှိတော့ချေ။

ထိုအချက်ကြောင့် သူ့အနေနှင့် ယခုအချိန်တွင် စောင့်ဆိုင်းနေရုံမှအပ တခြားရွေးစရာလမ်း မရှိတော့။

ထာဝရညဘက်မှ သူ့ကို ခြိမ်းခြောက်ရုံမျှသာ ကြိုးစားနေခြင်းဟု စုချန်း တိတ်တခိုး မျှော်လင့်မိနေ၏။ အကယ်၍ မွန်းတည့်ချိန်ထိ စုချန်း ပေါ်မလာခဲ့လျှင် ထာဝရညဘက်မှ ကွပ်မျက်မှုကို ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်ပေသည်။

တနည်းအားဖြင့် ဤအခြေအနေသည် စိတ်ဆန္ဒနှင့် ယုံကြည်မှုတို့ စီးချင်းထိုးနေရသော အ​ခြေအနေဟု ဆိုနိုင်၏။

မည်သူက နောက်ဆုံးအချိန်အထိ ခံနိုင်ရည်ရှိမည်နည်း။

ယခင်ကဆိုလျှင် သေချာပေါက်အနိုင်ရမည်ဟူသော ယုံကြည်မှုမျိုး စုချန်းတွင် အပြည့်အဝ ရှိနေခဲ့ဖူး၏။ သို့သော် ထိုယုံကြည်မှုမျိုး ယခုတော့ ပျောက်ဆုံးသွားခဲ့လေပြီ။

သူ ကြုံခဲ့ဖူးသမျှထဲပြိုင်ဘက်များထဲတွင် ထာဝရညသည်​ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ဟု စုချန်း လက်သင့်ခံလိုက်ရပေပြီ။ ၎င်းမှာ ထာဝရညသည် ခွန်အားကြီးခြင်း သို့မဟုတ် အာဏာစက်ပြင်းခြင်းတို့ကြောင့်မဟုတ်။ ဉာဏ်ပညာကြီးမားလွန်းပြီး လိမ္မာပါးနပ်လှသောကြောင့်သာ ဖြစ်သည်။

ယခုတော့ စုချန်း ဘာမှမတတ်နိုင်တော့။

သူ စောင့်နေရုံမှအပ ဘာမှမတတ်နိုင်တော့။

ကတ်များအားလုံး စားပွဲပေါ်တင်ပြီးသည်အထိ သူ စောင့်ရပေလိမ့်မည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေ၏။

ကွပ်မျက်ချိန်ကား ပို၍ပို၍ နီးကပ်လာခဲ့လေပြီ။

စောင့်ကြည့်နေသော လူပျံတော်တိုင်းလိုလိုသည် ပြင်းထန်သော အပူချိန်ကို လားလားမျှ ဂရုမစိုက်ကြပဲ ထာဝရညဘုရင်ကြီး စိတ်ပြောင်းသွားစေရန် မျှော်လင့်ရင်း စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။ သို့သော် သူတို့၏ မျှော်လင့်ချက်များအားလုံး အဟောသိကံသာ ဖြစ်သွားရလေသည်။

မည်သူမျှ ထာဝရညကို ဆန့်ကျင်နိုင်စွမ်း မရှိချေ။ အာဏာအရ သူနှင့် ရင်ဘောင်တန်းနိုင်သော မိခင်နတ်ဘုရားမဂိုဏ်းသည်ပင်လျှင် ယခုတွင် ဘာမှမတတ်နိုင်ပဲ ဖြစ်နေဟန်တူ၏။

နှစ်ပေါင်းသောင်းချီကာလအတွင်း မိခင်နတ်ဘုရားမဂိုဏ်းသည် အရပ်သားများကို ကာကွယ်ရန် ဧကရာဇ်မင်း၏သြဇာအာဏာကို တဖက်တလမ်းမှ ထိန်းချုပ်ပေးခဲ့၏။ လိုအပ်ပါက ဧကရာဇ်မင်းကိုပင် သူတို့ ဖြုတ်ချခဲ့ဖူးလေသည်။

သို့သော် ဤတကြိမ်တွင်ကား ထာဝရည၏ ပြတ်သားခိုင်မာလှသော စိတ်ဓာတ်​ကို သူတို့ လက်မြှောက်လိုက်ရပေပြီ။

နေမင်းကြီးသည် ကောင်းကင်အလယ်တည့်တည့်သို့ ရောက်ရှိလာ၏။ သေရေးရှင်ရေးအချိန်သည်ကား နဖူးတွေ့ဒူးတွေ့ပင် ဆိုက်ရောက်လာခဲ့ချေပြီ။

ခေါင်းလောင်းသံတချက် ထွက်ပေါ်လာပြီး ပါးကွက်သားတဦးက အော်ဟစ်လိုက်၏။

“အချိန်ရောက်ပြီ ကွပ်မျက်ရန် အသင့်ပြင်"

အော်သံနှင့်အတူ ကျူးမျိုးနွယ်ဝင်၁၂၅ယောက်သည် မြေပေါ် တွန်းလှဲခံလိုက်ရ၏။ ပါးကွက်သားများ၏ ဝိညာဥ်ခွဲဓားများက သူတို့ခေါင်းပေါ် ဝဲနေခဲ့လေပြီ။

လူတိုင်း၏ ရင်ထဲတွင် အသက်ရှူရပ်သွားသလို ခံစားလိုက်ရ၏။

မျှော်လင့်မထားသော အဖြစ်အပျက်တခုတလေများ ပေါ်ထွက်လာလေမည်လား...

ကွပ်မျက်မှုများ ရပ်ဆိုင်းသွားလေမည်လား...

တယောက်ယောက်များ ဝင်ရောက်စွက်ဖက်တော့မည်လား...

လူပျံတော်အရပ်သားများအားလုံး စိတ်ထက်သန်စွာ စောင့်မျှော်နေကြ၏။

သို့သော် သူတို့အားလုံး ရရှိလိုက်သည်မှာကား ကြီးစွာသော စိတ်ပျက်အားငယ်မှုပေတည်း။

ပါးကွက်သားများသည် သူတို့၏ ဝိညာဥ်ခွဲဓားများကို လေပေါ် မြှောက်လိုက်ကြ၏။

----------------------------

ယမန်နေ့က ဖြစ်သည်။

ထာဝရည ရှင်းပြသည်ကို နားထောင်နေရင်း အိပ်မက်ကြာပန်းသရဖူ အကြီးအကျယ် ထိတ်လန့်သွား၏။

“ဒါ အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်ပဲပေါ့ ဟုတ်လား ဒါကြောင့် အရှင်မင်းကြီးက ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာလား တကယ်လို့ ဒီလူတွေသာ သေသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ အရှင်မင်းကြီး သိတယ်မလား”

ထာဝရည မသိမသာ ပြုံးလိုက်၏။

“

သမိုင်းမှတ်တမ်းတွေထဲမှာ ဂုဏ်သရေညှိုးနွမ်းစေမယ့် မှတ်တမ်းတခုအဖြစ် စာရင်းသွင်းခံရလိမ့်မယ် လူပျံတော်တွေအတွက် အရှက်ရစရာတခု ဖြစ်သွားလိမ့်မယ်”

“ဒါတောင်မှ အရှင်မင်းကြီးက ဒါကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတုန်းပဲလား”

“ဒါ ကျုပ် သေချာပေါက် ထမ်းဆောင်ရမဲ့ တာဝန်ပဲ”

ထာဝရညက ပြန်ဖြေလိုက်သည်။

“လူပျံတော်တွေရဲ့ ဧကရာဇ်တပါးအနေနဲ့ ကျုပ်ချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းကို ကျုပ်ကိုယ်တိုင်ပဲ တာဝန်ယူရလိမ့်မယ် လူပျံတော်မျိုးနွယ်စု ဆက်လက်ရှင်သန်နေသရွေ့ ကျုပ်ရဲ့ဂုဏ်သတင်း ဘယ်လိုပဲ ညှိုးနွှမ်းသွားပါစေ ပြသနာမရှိဘူး"

ထာဝရည၏ စကားကြောင့် အိပ်မက်ကြာပန်းသရဖူပင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

တချိန်တည်းမှာပင် အိုမင်းရင့်ရော်နေသည့် အနှီ လူပျံတော်ဘုရင်ကြီးသည် အိပ်မက်ကြာပန်းသရဖူ၏ မျက်လုံးများထဲတွင် အလွန်ခန့်ညားပြီး ချောမောလာလေသည်။

ထို့နောက် သူမ စိတ်မထိန်းနိုင်တော့ပဲ ထာဝရည၏ မျက်နှာကို ပွတ်သပ်ရင်း အောက်ပါအတိုင်း ပြောလိုက်မိတော့သည်။

“အရင်တုန်းက ကျွန်မတို့ အတူတူစာဖတ်ကြတုန်းက အရှင်မင်းကြီး ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးရဲ့လား"

ထာဝရညက ခေါင်းညိတ်ပြလိုက်သည်။

"မှတ်မိပါတယ် ကျုပ် ပြောခဲ့တာက ယောက်ျားတစ်ယောက်အနေနဲ့ ကျုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေဟာ ကောင်းကင်ကို ထိအောင် မြင့်မားနေရမယ်လို့ ပြောခဲ့တယ် ကျုပ်ရဲ့ ရှေးဘိုးဘေးတွေ မလုပ်နိုင်ခဲ့တာကို ကျုပ် ဖြစ်အောင်လုပ်မယ် သူတို့ မထမ်းဆောင်နိုင်ခဲ့တဲ့ဝန်ထုပ်ဝန်ပိုးကို ကျုပ် ထမ်းမယ်”

“အရှင်မင်းကြီး ဒါကို လုပ်နိုင်ခဲ့ပါပြီ”

အိပ်မက်ကြာပန်းသရဖူ မည်သို့မှ စိတ်မထိန်းချုပ်နိုင်တော့ပဲ ထာဝရညကို ခေါင်းမှီရင်း ပြောလိုက်မိတော့သည်။

ထို့နောက် သူမက ထာဝရညကိုည ပွေ့ဖက်ရန်ဟန်ပြင်လိုက်သည်။ သို့သော် ထာဝရညက ခေါင်းခါပြလိုက်၏။ ထိုအခါကျမှ သူမ၏ ရာထူးကို အိပ်မက်ကြာပန်းသရဖူ ရုတ်တရက် သတိရလာတော့သည်။

လူပျံတော်မျိုးနွယ်စု၏ စည်းမျဥ်းအရ မိခင်နတ်ဘုရားမဂိုဏ်း၏ ခေါင်းဆောင်နှင့် ဧကရာဇ်တို့သည် အတူရှိနေ၍မရချေ။ နိုင်ငံ၏ အာဏာနှစ်ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်စေရန် ဤစည်းမျဥ်းမျိုးကို ထုတ်ထားခြင်းဖြစ်လေရာ သူမကိုယ်တိုင်လည်း ဤစည်းမျဥ်းကို အတိအကျပင် လိုက်နာရ၏။

တကယ်တော့ သူတို့နှစ်ယောက်မှာ တချိန်က ချစ်သူများ ဖြစ်ကြလေသည်။ သို့သော် ထာဝရည ဘုရင်ဖြစ်လာကတည်းက သူတို့၏ အချစ်ရေးမှာကံကြမ္မာဆိုးနှင့်သာ အဆုံးသတ်ခဲ့ရ၏။

ထာဝရညသည် အာဏာအတွက် သူမကို စွန့်လွှတ်ခဲ့သည်ဟု တချိန်က အိပ်မက်ကြာပန်းသရဖူ ထင်နေခဲ့ဖူး၏။ ယခုတော့ အနှီ ထင်မြင်ယူဆချက်များအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ သူမအနေနှင့် ထာဝရည၏ စိတ်ရင်းနှင့် သူထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးကို နားလည်သွားခဲ့ပြီ မဟုတ်ပါလား။

ထို့နောက် သူမ အလွန်ပြတ်သားသောလေသံနှင့် ပြောလိုက်လေသည်။

“ဒါဆိုလဲ သူတို့ လာကြပါစေ ကျွန်မ အရှင်မင်းကြီးနဲ့အတူ နောက်ဆုံးအချိန်ထိ အတူရှိနေမယ်"

ထာဝရညကိုယ်တိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ အိပ်မက်ကြာပန်းသရဖူ၏ ဆုံးဖြတ်ချက်မှာလည်း ပြတ်သားခဲ့လေပြီ။

--------------------------------

အေးစက်စက် အလင်းရောင်တောက်ပနေသော ဓားများသည် သေခြင်းတရား၏ အငွေ့အသက်များကို သယ်ဆောင်လာသည်။

ထိုအခိုက်မှာပင် လေပြင်းတချက် တိုက်ခတ်သွားပြီး အချိန်များ ရပ်တန့်သွားသည့်နှယ် ဝိညာဥ်ခွဲဓား ၁၂၅ ချောင်းသည် ရပ်တန့်နေ၏။

ဓားတစ်ချောင်းဆိုလျင် ကျူးရှန်းယောင်၏ လည်ပင်းမှ သုံးစင်တီမီတာခန့်သာ ကွာ​ဝေးတော့သည်။

ဓားများပတ်လည်ရှိ လေထုသည် ရုတ်တရက် ထူထဲလာပြီး အချိန်ကာလတခုလုံး ရုတ်တရက် ရပ်တန့်သွားသည်နှင့် ခပ်ဆင်ဆင်တူသော ​အခြေအနေတခုကြောင့် ဝိညာဥ်ခွဲဓားများအားလုံး လှုပ်ရှားမှုမရှိတော့ပဲ ရပ်တန့်ကုန်ကြခြင်းပင်။ တဆက်တည်းမှာပင် ပုံဖော်ရန်ခက်သည့် ဖိအားကြီးတခု ရုတ်တရက် ထွက်ပေါ်လာပြီး ဓားများကို အပေါ်သို့ ဝုန်းခနဲ တွန်းတင်လိုက်တော့၏။

ပါးကွက်သားများသည်လည်း အားသုံးထားကြလေရာ ဆန့်ကျင်ဘက် အင်အားနှစ်ခု ထိပ်တိုက်တိုးပြီး ဓားများအားလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဓား ၁၂၅ ချောင်းလုံး ပြိုင်တူတုန်နေခြင်းကြောင့် ထူးဆန်းသော အသံတစ်သံသည် အရပ်ရှစ်မျက်နှာသို့တိုင် ရိုက်ခတ်သွား၏။

လူပျံတော်များအားလုံး အံ့အားသင့်ကုန်ကြလေသည်။

ထိုအချိန်မှာပင် လူအုပ်ကြားမှ လူပျံတော်တဦး ရှေ့သို့ တဖြည်းဖြည်း တိုးထွက်လာ၏။ ထိုလူပျံတော်သည် မည်သည့်အတောင်ပံကိုမှမသုံးပဲ လေထဲတွင် အတိုင်းသား ရပ်နေ၏။ ကြည့်နေရင်းနှင့်ပင် သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ပို၍ပို၍ အားကောင်းလာ၏။ ထို့နောက် သူသည် လူသားတဦးအဖြစ် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

လူအုပ်ကြီး ပွက်လောရိုက်ကုန်၏။

“စုချန်း"

စုချန်းကို မြင်သည်နှင့် ကျူးရှန်းယောင် ဘယ်လိုမှ မအော်ဟစ်ပဲ မနေနိုင်တော့။

စုချန်းအနေနှင့် သူမကို လျစ်လျူရှုလိမ့်မည်မဟုတ်ဟု ကျူးရှန်းယောင် ယုံကြည်နေခဲ့၏။ သို့သော် စုချန်းတကယ်ကြီး ပေါ်လာသောအခါ သူမ၏ ရင်ထဲတွင် နာကျင်ခံစားလိုက်ရ၏။

ရှင် ဘာလို့ဒီလောက်တောင် အရတာလဲ...

ကျွန်မ သေတော့မယ်ဆိုတာနဲ့ပဲ ရှင်ကပါ ကျွန်မနဲ့အတူ သင်္ချိုင်းထဲထိ လိုက်လာစရာလား...

ထို့နောက်တွင်တော့ ကျူးရှန်းယောင် အားရပါးရကြီး ငိုချလိုက်တော့သည်။

အထီးကျန်ကောင်းကင် ပြုံးလိုက်၏။

“မင်း နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပေါ့… မင်းဟာ အတော်လေးကို သတ္တိကောင်းတာပဲကိုး"

“ထားလိုက်ပါလေဒါတွေက ခုချိန်မှာ အရေးမကြီးတော့ပါဘူး”

စုချန်းက ပြန်ပြောလိုက်သည်။

“သူ ကျူးရှန်းယောင်ကို သတ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပြီဆိုတာ ကျုပ်ကို မသတ်ချင်သေးဘူးလို့ ဆိုလိုတာပဲပေါ့ ကျုပ်ပြောတာ ဟုတ်သလား"

ထိုစကား၏ အဓိပ္ပာယ်ကို မည်သူမှ နားမလည်ချေ။

အထီးကျန်ကောင်းကင် အံ့အားသင့်သွား၏။

“အရှင်မင်းကြီးပြောတာ တကယ်ကို မှန်တာပဲ သခင်လေးစု မင်းဟာ အရှင်မင်းကြီး ဘဝတသက်တာပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်ပဲ ”

စုချန်း မသိမသာ ပြုံးလိုက်၏။

“တိုက်ဆိုင်လိုက်တာ ကျုပ်ကလည်း ခုနက အဲဒီလိုပဲ စဉ်းစားနေတာ… လူပျံတော်တွေဟာ ညဏ်ပညာကြီးမားပြီး အင်မတန်အရည်အချင်းရှိတဲ့ ဘုရင်တပါးကို ပိုင်ဆိုင်ထားတာပဲကိုး"

All Chapters