← Chapters

အပြန်အလှန်ယုံကြည်မှု

Vol. 92 Ch. 910

အပြန်အလှန်ယုံကြည်မှု

Vol. 92 Ch. 910

မိခင်နတ်ဘုရားမဂိုဏ်း၏ နတ်ဘုရားအဆင့်ရတနာငါးမျိုးအနက် သလင်းတခုထဲတွင် ပိတ်မိနေသောပိုးကောင်သည်သာ စုချန်း ဝေခွဲမရသည့် တခုတည်းသော ရတနာဖြစ်သည်။

သို့သော် လူပျံတော်တို့၏ မှတ်တမ်းများကို လေ့လာပြီးနောက်တွင်တော့ ထိုပိုးကောင် ဘာမှန်း စုချန်း နားလည်သွားခဲ့လေပြီ။

ထိုပိုးကောင်မှာ တခြားမဟုတ်။ ကမ္ဘာဖျက်ပိုးကောင်ဟု အမည်ရသည့် ကြောက်စရာပိုးကောင်တမျိုးပင် ဖြစ်လေသည်။

ဤပိုးကောင်သည် အဆုံးမရှ်ိသည့် နှုန်းထားမျိုးနှင့် ရှင်သန်ပေါက်ဖွားနိုင်ပြီး ပြန်လည်ရှင်သန်နိုင်သည့် စွမ်းအားမျိုး​ကိုလည်း ပိုင်ဆိုင်ထားသော အလွန်ကြောက်စရာကောင်းသည့် ပိုးကောင်တမျိုးပင် ဖြစ်သည်။ ထိုမျှသာမကသေး ၎င်း၏ခြေသည်းနှင့် သွားများမှာလည်း ထက်မြက်သလောက် အစားကျူးသောစရိုက်မှာလည်း မည်သည့်သတ္တဝါမျိုးမှ ယှဥ်မရလောက်အောင်ပင် အနှိုင်းမဲ့လှ၏။ ကုန်ကုန်ပြောရလျင် အဆိုပါပိုး​ကောင်အုပ်စုသည် သွားရာလမ်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တတ်သည့် ပိုးကောင်မျိုးပေတည်း။

ကမ္ဘာဖျက်ပိုးကောင်များ၏ အင်အား အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင် မူလသားရဲကြီးကိုပင် တိုက်ခိုက်နိုင်သည်ဟု တချို့က ဆိုကြ၏။

အချိန်ကြာလာသည်နှင့်အမျှ မူလကမ္ဘာကြီး၏ ပတ်ဝန်းကျင်း ပြောင်းလဲလာသည်နှင့်အမျှ ဤပိုးကောင်များသည်လည်း သားရဲကြီးများကဲ့သို့ပင် ပြောင်းလဲမှုဒဏ်ကို ခံစားခဲ့ကြရလေသည်။

သို့သော် ကမ္ဘာဖျက်ပိုးကောင်များသည် မူလသားရဲကြီးများကဲ့သို့ ဆောင်းခိုအိပ်စက်သွားခြင်းတော့ မရှိခဲ့ချေ။ ထိုအစား ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆင့်ကဲပြောင်းလဲကုန်ကြ၏။

ထို့ကြောင့်လည်း သမိုင်းတစ်လျှောက်လုံးတွင် ကမ္ဘာဖျက်ပိုးကောင်များကို အမြဲတမ်း ခြိမ်းခြောက်မှုတရပ်အဖြစ် ရှုမြင်ခဲ့ကြခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များ လျော့နည်းလာသည့်တိုင် ကမ္ဘာဖျက်ပိုးကောင်များ ၎င်းတို့နှစ်သက်ရာနေရာသို့ ရွေ့လျားသွားလာနိုင်သေး​ကြောင်ူကြည့်လျင် ၎င်းကို မြင်သာပေသည်။

သို့သော် ကမ္ဘာဖျက်ပိုးကောင်များကို အကြီးအကျယ်ကန့်သတ်နေခဲ့သည့် အရာတခုတော့ ရှိနေ၏။ ၎င်းမှာ ပတ်ဝန်းကျင်မဟုတ်ပဲ ကမ္ဘာဖျက်ပိုးကောင်များ၏ အစာကျူးစိတ်ပင် ဖြစ်လေသတည်း။

လက်ရှိခေတ်တွင်တော့ ကမ္ဘာဖျက်ပိုးကောင်အများစုမှာ အစာငတ်ပြီး သေဆုံးခဲ့ကြပြီ ဖြစ်သည်။ သို့သော် အစာလုံလောက်စွာရရှိပါက ကမ္ဘာဖျက်ပိုးကောင်များသည် အစာကွင်းဆက်၏ ထိပ်ဆုံးသို့ အလွယ်တကူ ပြန်လည်ရောက်ရှိလာနိုင်သေး၏။

တကယ်တော့ ၎င်းတို့ကျဆုံးမှုမှာ အာကင်နာနိုင်ငံတော်ကြီးကြောင့် ဆိုနိုင်သည်။

အာကင်နာနိုင်ငံတော်သည် ကမ္ဘာဖျက်ပိုးကောင်များ အားအနည်းဆုံးအချိန်တွင် အထွတ်အထိပ်သို့ ရောက်လာခဲ့ကြ၏။ ထို့နောက်တွင်တော့ အာကင်နာများသည် ပိုးကောင်အများအပြားကို သုတ်သင်ပစ်ခဲ့ကြလေသည်။ ဤနည်းအားဖြင့် အာကင်နာများသည် ပိုးကောင်များ၏ပမာဏကို အမြဲတစေ ထိန်းချုပ်ထားနိုင်ခဲ့၏။ ၎င်းတို့ ထိန်းမနိုင်သိမ်းမရ ပွားများလာတော့မည့်အချိန်တိုင်းတွင် ပိုးကောင်အရေအတွက်ကို ထိန်းချုပ်ထားရန် အာကင်နာများ ဝင်ရောက်လာလေ့ရှိသည်။

ထိုသို့သော လျှမ်းလျှမ်းတောက်အောင်မြင်မှုကြောင့်ပင် မူလသားရဲကြီးအား ပွင့်ပွင့်လင်းလင်း စိန်ခေါ်တိုက်ခိုက်ရန် လုံလောက်ပြီဟူသော ခံစားချက်မျိုး အာကင်နာများ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့ကြပုံပေါ်၏။ ဤစိမ်ခေါ်မှုကြောင့် နောက်ဆုံးတော့ အာကင်နာနိုင်ငံတစ်ခုလုံး ပျက်သုဥ်းသွားခဲ့ရလေသည်။

လက်ရှိ ကမ္ဘာကြီးတွင် ကမ္ဘာဖျက်ပိုးကောင်အနည်းအကျဥ်းသာ အသက်ရှင်ကျန်ရစ်တော့၏။ သို့သော် မိခင်နတ်ဘုရားမဂိုဏ်းတွင် အသက်ရှင်နေသည့် ကမ္ဘာဖျက်ပိုးကောင်တကောင်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု စုချန်း မမျှော်လင့်ထားခဲ့ချေ။

လူပျံတော်များ၏ မှတ်တမ်းအရ ဤပိုးကောင်သည် အလင်းနတ်ဘုရားမင်းဆက်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်ကြောင်း စုချန်း သိရှိရ၏။ ထိုပိုးကောင်အား မိခင်နတ်ဘုရားမဂိုဏ်းမှ ဘုန်းတော်ကြီးတပါးက မတော်တဆတွေ့ရှိခဲ့ပြီး လူပျံတော်များထံ ပြန်လည်သယ်ဆောင်လာခဲ့သည်။

ဤပိုးကောင်သည် လူပျံတော်တို့၏ လျှို့ဝှက်လက်နက်များထဲမှ တခုဖြစ်လာနိုင်သည်ဟု ဘုန်းတော်ကြီး၏ စိတ်ထဲတွင် မူလက တွေးထင်နေခဲ့လေသည်။ တစ်နေ့နေ့ လူပျံတော်များသာ အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရပါက ၎င်းတို့အနေနှင့် ပိုးကောင် ပြန်လည်အသက်သွင်းပြီး ရန်သူများကို တိုက်ခိုက်နိုင်မည်ဟု သူယူဆထားခဲ့၏။ သို့သော် တကယ်တမ်းတွင်တော့ ကမ္ဘာဖျက်ပိုးကောင်ကို ထိန်းချုပ်ထားရန် မည်သို့မှ မဖြစ်နိုင်ချေ။ ၎င်းကို လွှတ်ပေးခြင်းသည် နတ်ဆိုးတကောင်ကို လွှတ်ပေးခြင်းနှင့် အတူတူသာ။

မည်သို့ဆိုစေ အဖြစ်မှန်ကို နားလည်လိုက်သော စုချန်းကတော့ အကြီးအကျယ် စိတ်လှုပ်ရှားသွား၏။ အကြောင်းမှာ ပိုးကောင်ဗေဒကလည်း စုချန်း အတော်လေးကျွမ်းကျင်သော နယ်ပယ်တခု ဖြစ်နေသောကြောင့်ပင်။

စုချန်း၏ အဓိကသုတေသနနယ်ပယ်မှာ သွေးဗီဇမပါသည့် ကျင့်ကြံခြင်းနည်းစနစ်များကို ဖော်ထုတ်ခြင်း၊ တီထွင်ခြင်းပင် ဖြစ်သည်။ တကယ်တော့ ထိုနည်းစနစ်များသည် ဇီဝဗေဒအဆင့် ပြောင်းလဲတိုးတက်မှုများဟု ဆိုလျင်ဆိုနိုင်၏။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သက်ရှိများကို မည်သို့တိုးတက်စေရမည်၊ မည်သို့ ပြောင်းလဲရမည်ကို စုချန်း နားလည်လာခဲ့သည်မှာ သဘာဝပင်။

ထို့ကြောင့် အမျိုးမျိုးအဖုံဖုံသော သုတေသနလုပ်ငန်းများအနက် သက်ရှိများကို ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စုချန်း၏နားလည်မှုမှာ အားလုံးထဲတွင် အနက်ရှိုင်းဆုံးပင် ဖြစ်သည်။ သူ၏ အဂ္ဂိရပ်ဗေဒဆိုင်ရာ တိုးတက်မှုများသည်ပင် ဤအုတ်မြစ်ပေါ်တွင် အခြေခံထား၏။

သို့သော် သက်ရှိများကို ပြောင်းလဲသည့်နေရာတွင် အမျိုးအစားပေါင်းများစွာရှိပြီး စုချန်း၏အဓိကအာရုံစိုက်မှုမှာ လူသားများ၏ကျင့်ကြံမှုစနစ်ပေါ်တွင်သာ ဖြစ်သည်။ အင်းဆက်ပိုးကောင်များကို ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သူ၏အသိပညာမှာ အကန့်အသတ်ရှိနေ၏။ သို့သော် ကစဥ့်ကလျားမျှော်စင်သို့ ဖောက်ထွင်းဝင်ရော​က်ရာမှ ရရှိခဲ့သော အတွေ့အကြုံကြောင့် စုချန်းတယောက် လောဘကပ်ပါးကောင်ကို ထိန်းချုပ်နိင်သည့် နည်းလမ်းတရပ်ကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ထိုအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများသည် စုချန်းအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားနေ၏။

ထို့ကြောင့် ယေဘုယျအားဖြင့် စုချန်းသည် ဤနယ်ပယ်နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ ဤလမ်းကြောင်းကို ဆက်လျှောက်နေသရွေ့ နောင်တချိန်တွင် ကမ္ဘာဖျက်ပိုးကောင်များကို ထိန်းချုပ်ရန် အသုံးဝင်မည့် နည်းလမ်းတစ်မျိုးကို သေချာပေါက်တီထွင်နိုင်လိမ့်မည်ဟု စုချန်းကတော့ ယုံကြည်ထားလေသည်။

ကမ္ဘာဖျ​က်ပိုးကောင်များအပြင်စာကြည့်တိုက်တွင် နက်ပ်ကျွန်းမျက်လုံး နှင့် ထာဝရရှင်သန်ခြင်းဝိညာဥ်တို့နှင့်ပတ်သက်သည့် အချက်အလက်များစွာကိုလည်း စုချန်း တွေ့ရှိရ၏။မှတ်တမ်းမှတ်ရာများကို သေသေချာချာ ဖတ်ရှုပြီးတော့မှ ဤရတနာနှစ်မျိုးကို လူပျံတော်များ အဘယ်ကြောင့် ဤမျှ လိုချင်တပ်မက်နေသည်ကို စုချန်း နားလည်သွားတော့သည်။ တကယ်လည်း ၎င်းတို့သည် လူပျံတော်များအတွက် အဖိုးဖြတ်မရအောင်ပင် တန်ဖိုးရှိနေကြ၏။

နက်ပ်ကျွန်း၏ မျက်လုံးနှင့် ထာဝရရှင်သန်ခြင်းဝိညာဉ်တို့ကို အကြောင်းပြု၍ ၎င်းတို့ကို လက်ရှိပိုင်ဆိုင်ထားသည့် မျိုးစိတ်နှစ်စိတ်၏ အဆင့်အတန်းများမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့သည် သတ်ဖြတ်သူတို့၏ မူလစွမ်းအင်ဘုရားကျောင်းနှင့် ထပ်တူနီးပါးခန့် အရေးပါနေပေသည်။

ဤမျှ တန်ဖိုးကြီးရတနာမျိုးကို လျှို့ဝှက်စွာ ခိုးယူနိုင်မည့် နည်းလမ်းမရှိ။ ထို့ကြောင့် ၎င်းတို့ကို ရရှိရန် တခုတည်းသောနည်းလမ်းမှာ အတင်းအဓမ္မ သိမ်းယူခြင်းပင် ဖြစ်လေသည်။

သို့သော် သီးခြားမျိုးစိတ်နှစ်စိတ်၏ တန်ဖိုးကြီးရတနာကို အတင်းအဓမ္မလုယက်နိုင်ရန်ဟူသည်မှာ မည်သို့လွယ်ကူနိုင်ပါမည်နည်း။ ထို့ကြောင့် ထာဝရညက စုချန်းအပေါ် အကြီးအကျယ် မျှော်လင့်နေခြင်းပင်။

ဤသို့ ခက်ခဲသောအလုပ်ကို ကမ္ဘာပေါ်တွင် လုပ်ဆောင်နိုင်မည့်သူမှာ စုချန်းမှလွဲ၍ တခြားမရှိချေ။

သိပ်မကြာမီ စုချန်းတယောက် စိတ်ဝိညာဥ်သလင်း​ကိုသုံးကာ အကြီးအကျယ် တွက်ချက်နေခဲ့လေပြီ။

မွန်းလွဲပိုင်းရောက်သည့်တိုင် တွက်ချက်၍မှ အစီအစဥ်တခုတလေ ထွက်မလာခဲ့လျက် ဆက်လက်တွက်ချက်နေ၍ အလကားဟုသာ ဆိုရပေတော့မည်။

အချိန်အတော်ကြာပြီးနောက် ဖြစ်နိုင်ဖွယ်ရာ အစီအစဥ်တခု ပေါ်ထွက်လာ၏။ သို့နှင့် ထိုနေညနေမှာပင် ထာဝရညရှေ့မှောက်သို့ စုချန်း နောက်တကြိမ် ရောက်သွားရပြန်သည်။

ထာဝရည၏ အမူအရာမှာ အတော်လေး အံ့သြသွားပုံရ၏။ သူ စုချန်းကို မျက်လုံးကြီးပြူးလျက် စိုက်ကြည့်နေလေသည်။

“ဒါ မင်းရဲ့အစီအစဉ်လား ဒါမှမဟုတ် မနောက်နေတာများလား”

“ကျုပ် နောက်နေတာမဟုတ်ဘူးဆိုတာ အရှင်မင်းကြီး သိပါတယ် ဒါ ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားပြီး ရှာဖွေတွေ့ရှိထားတဲ့ အစီအစဉ်ပါ”

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်၏။ ထာဝရညမှာ စုချန်း၏ အကြံကို စဥ်းစားသုံးသပ်နေပုံရသည်။

အချိန်အတော်ကြာသော် သူက ပြောလိုက်၏။

“ရယ်စရာကောင်းပြီး ရူးနှမ်းနှမ်းနိုင်တဲ့ အစီအစဉ်ပဲ... ဒါပေမဲ့ လူပျံတော်တွေအကြိမ်ပေါင်းများစွာ ရှုံးနိမ့်ပြီးနောက် ဒီအစီအစဉ် အောင်မြင်နိုင်ခြေရှိတယ်ဆိုတာကိုတော့ ကျုပ် ဝန်ခံရမယ် ဒီတော့ စုချန်း မင်း ပြောစမ်းပါဦး ဒီအလုပ်ကို လုပ်နိုင်မယ်လို့ မင်း ယုံကြည်စိတ်ချမှုရှိရဲ့လား”

စုချန်း ခေါင်းခါလိုက်သည်။

“လက်ရှိအခြေအနေအရ အောင်မြင်နိုင်ခြေ တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ် အရှင်မင်းကြီး"

“တစ်ရာခိုင်နှုန်း ဟုတ်လား”

သို့သော် ထာဝရညက ဒေါသမထွက်သည့်အပြင် ခေါင်းညိတ်ပြလိုက်၏။

"ကောင်းသားပဲ ဘာမျှော်လင့်ချက်မှမရှိတာထက်စရာရင် မျှော်လင့်ချက်တချို့ရှိတာ ပိုကောင်းတာပေါ့ ပြီးတော့ အဲဒီတစ်ရာခိုင်နှုန်းဆိုတာ လက်ရှိအခြေအနေအရ မင်း တွက်ချက်ထားတာမလား အနာဂတ်မှာ ​အောင်မြင်နိုင်ချေက ဒီထက်မက တိုးလာအုံးမှာပဲ"

စုချန်း ခေါင်းညိတ်လိုက်၏။

“အစပိုင်းဆိုကတော့ အမြဲတမ်း အခက်ခဲဆုံးပါပဲ အရှင်မင်းကြီး အခု အောင်မြင်နိုင်ခြေနည်းနေတာနဲ့ အနာဂတ်မှာလည်း နည်းနေဦးမယ်လို့ မဆိုလိုဘူး ဒါပေမဲ့ ကျုပ်တကယ်စိုးရိမ်တာက အရှင်မင်းကြီးရဲ့ သည်းခံနိုင်စွမ်းကိုပဲ ကျုပ်မှာ ဘယ်လိုအရည်အချင်းပဲရှိရှိ သတ်မှတ်ထားတဲ့အချိန်မှာတော့ ပြီးမြောက်မှမဟုတ်တာသေချာတယ်"

ထာဝရည ပြန်ဖြေလိုက်သည်။

“ဒီသဘောတရားကို ကျုပ် နားလည်တယ် မင်းကို အချိန်ပိုပေးဖို့လဲ ကျုပ် ဆန္ဒရှိတယ် ဒါပေမဲ့ မင်းဘက်က ကျုပ် ယုံကြည်အောင် ခိုင်လုံတဲ့အကြောင်းပြချက်တော့ ပေးရမယ် မင်းဟာ ဒီရတနာနှစ်မျိုးကို ရယူဖို့ ကျုပ်ကို စိတ်ရင်းမှန်နဲ့ ကူညီနေတယ်ဆိုတာ ဘယ်အခြေခံပေါ်မှာ ကျုပ်က ယုံရမလဲ ကျူးရှန်းယောင်ကြောင့်လား ဒါက လုံလောက်တဲ့အ​ကြောင်းပြချက်လို့ ကျုပ်ကတော့ မထင်ဘူး"

တကယ်လည်း ထိုအကြောင်းပြချက်ကလုံလောက်ခြင်းမရှိပေ။

သီအိုရီအရ ကျူးရှန်းယောင်နှင့်ပတ်သက်နေသော ပြဿနာကို ဖြေရှင်းရန် အလွန်လွယ်ကူသောနည်းလမ်းတခုရှိနေ၏။ ထိုနည်းလမ်းမှာ စုချန်းအနေနှင့် အချိန်ကို အကန့်အသတ်မရှိ ဆွဲဆန့်ထားလိုက်ရန်ပင်။ လူပျံတော်တို့ကို အံမတုသရွေ့ သို့မဟုတ် တာဝန်ကို လက်မလျှော့သရွေ့ ကျူးရှန်းယောင် အသက်ရှင်နေလိမ့်မည်သာ။ တနည်းအားဖြင့် သူမ၏ အခြေအနေမှာ ကုချိန်းလွှာနှင့် အလားသဏ္ဍာန်တူနေ၏။ စုချန်းအဖို့ကတော့ သူမကို အချိန်အားလျော်စွာ သွားရောက်တွေ့ဆုံခွင့်ရနိုင်ပေလိမ့်မည်။

ထို့နောက် ကျူးရှန်းယောင်သည် အသက်ကြီး၍ အိုမင်းရင့်ရော်လာကာ သေဆုံးသွားပေလိမ့်မည်။ ထို့နောက်တွင်တော့ ပြသနာကိုလည်း အလွယ်တကူ ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ ထာဝရည၏ တတိယမြောက် တောင်းဆိုချက်ကို စုချန်း တန်ပြန်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

တနည်းအားဖြင့် ထာဝရညသည် စောင့်ဆိုင်းနိုင်၏။ သို့သော် ရာသက်ပန်တော့ စောင့်ဆိုင်းနိုင်လိမ့်မည်မဟုတ်။

စုချန်း ပြုံးလိုက်၏။

“ဒါက လွယ်ပါတယ် ကျုပ်သာ အောင်မြင်ရင် အရှင်မင်းကြီးက ကျုပ်ကို ဆပ်ခ်နျူကလိယအတွက် တည်ဆောက်ရေးပုံစံပြာတွေ ပေးမယ်လို့ ကတိပြုပေးပါ"

ထိုစကားကြောင့် ထာဝရည တုန်လှုပ်သွား၏။

“ဘာလဲ မင်းက ကောင်းကင်မြို့တော်နောက်တမြို့ တည်ဆောက်ဖို့များ စီစဉ်နေတာလား”

စုချန်း ခေါင်းခါလိုက်၏။

"လူပျံတော်တွေတောင် မလုပ်နိုင်တဲ့အရာကို ကျုပ် ဘယ်လုပ်နိုင်ပါ့မလဲ ဒါပေမဲ့ ကောင်းကင်မြို့တော် မဟုတ်ရင်တောင် အနည်းဆုံးလေပေါ်ခံတပ်တစ်တပ်တော့ တည်ဆောက်နိုင်မယ်ထင်တာပဲ ဒါဆိုရင် ကျုပ်အနေနဲ့ လူပျံတော်တွေရဲ့ ကောင်းကင်မြို့တော်ကြီး အရင်လိုပဲ ရွေ့လျားနိုင်အောင် ကူညီပေးနိုင်ပေမဲ့အပြင် လူသားတွေအတွက်လဲ အကန့်အသတ်မဲ့ အလားအလာတွေ ပေးနိုင်လိမ့်မယ် ဒါ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေဖြစ်ပါတယ် အရှင်မင်းကြီး ဒါကို ခိုင်လုံတဲ့အကြောင်းပြချက်အနေနဲ့ သုံးဖို့သင့်တယ်"

ထာဝရည တွေခနဲ ဖြစ်သွား၏။

“ဒါကို ကျုပ် လက်ခံလိုက်ရင် လူသားတွေရဲ့အင်အားက အများကြီး တိုးပွားလာလိမ့်မယ်"

“ဒါက အသုံးမပြုရသေးတဲ့ အလားအလာသက်သက်ပါပဲ အရှင်မင်းကြီး ဒါကို ခွန်အားအဖြစ် ပြောင်းလဲဖို့ အချိန်ယူရအုံးမှာပါ ပြီးတော့ ဒါ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို အာမခံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ ဆပ်ခ်နျူကလိယအတွက် တည်ဆောက်ရေးပုံစံတွေဟာ အရှင်မင်းကြီးတို့ရဲ့ လက်ထဲမှာ နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့ပြီ ဒါပေမဲ့ ဘာမှထူးမလာခဲ့ဘူး ကျွန်တော်တို့ လူသားတွေအတွက်လည်း ဒီလိုအခြေအနေမျိုးနဲ့ ကြုံရနိုင်ပါတယ်"

“မင်းတို့လက်ထဲမှာ ရှိနေရင်တော့ အတိအကျ ပြောရခက်ပါတယ်လေ”

ထာဝရညက ပြန်လည်ချေပလိုက်၏။

“ကျုပ်ဟာ သက်ရှိတွေကို ပြောင်းလဲတဲ့နေရာမှာပဲ ကျွမ်းကျင်တာပါ တည်ဆောက်ရေးပညာရပ်တွေဟာ ကျုပ်ရဲ့ အဓိကကျွမ်းကျင်မှုမဟုတ်ပါဘူး အရှင်မင်းကြီး"

စုချန်းက အထက်ပါအတိုင်း ရှင်းပြလိုက်၏။

သို့သော် လူပျံတော်များ ဒုတိယကောင်းကင်မြို့တော်ကို မတည်ဆောက်နိုင်ရုံနှင့် လူသားများလည်း မလုပ်နိုင်ဟု ဆို၍မရချေ။ အကြောင်းမှာ တီထွင်ဖန်တီးနိုင်စွမ်းတွင် လူသားများသည် လူပျံတော်များထက် အမြဲတမ်းသာလွန်နေတတ်သည် မဟုတ်ပါလား။

All Chapters