← Chapters

ကောင်းကင်သံချပ်ကာဝတ်စုံ

Vol. 92 Ch. 913

ကောင်းကင်သံချပ်ကာဝတ်စုံ

Vol. 92 Ch. 913

ကုအိမ်တော်ထဲတွင် ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ကုမျိုးနွယ်များက စုချန်းကို အထူးဧည့်သည်တော်ကြီးသဖွယ် ခမ်းခမ်းနားနားပင် ဧည့်ခံခဲ့၏။

ကျိန်စာသုံးမျိုးကြောင့် ကုမျိုးနွယ်အား မည်သို့မျှ မထိခိုက်စေရန် စုချန်း အထပ်ထပ်အခါခါ ကတိပေးခဲ့သော်လည်း ၎င်းတို့ သူ့ကို ဤသို့ဧည့်ခံခြင်းမှာကား တခြားကြောင့်မဟုတ်။ ထိုကျိန်စာများကို စုချန်း ထိန်းချုပ်ထားနိုင်သောကြောင့်သာ ဖြစ်သည်။

ထိုမျှသာမကသေး ကုမျိုးနွယ်သည် ၎င်းတို့၏ မျှော်လင့်ချက်အားလုံးကို စုချန်းအပေါ်တွင်သာ ပုံအပ်ထားလိုက်ကြ၏။ စုချန်းသာလျှင် ဤကျိန်စာများကို ပယ်ဖျက်နိုင်လိမ့်မည်ဟု ၎င်းတို့ တထစ်ချ ယုံကြည်ထားကြလေသည်။

ညနေခင်း စုချန်းအတွက် ကုမျိုးနွယ်၏ ဧည့်ခံပွဲကို အိမ်ရှေ့မင်းသားချူကျန်းယု ကိုယ်တိုင် တက်ရောက်လာ၏။ သူ့ အဓိကတာဝန်မှာ ကုမျိုးနွယ်ကို စောင့်ကြည့်ရန်ဖြစ်လေရာ စုချန်းနှင့် ကုမျိုးနွယ်များ အလွန်အကျွံ ရင်းနှီးသွားမည်ကို သူ မလိုလားသည်မှာ သဘာဝကျပေသည်။ ထို့အပြင် ချူကျန်းယုက စုချန်းကို မလိုလားရသည့် နောက်အကြောင်းရင်းတခုမှာ စုချန်းရောက်လာလျင် သူတို့ အလွန်အမင်း အလုပ်ရှုပ်ပြီး ချူကျန်းယုကိုယ်တိုင်လည်း စုချန်းကို စောင့်ကြည့်နေရခြင်းကြောင့် ဖြစ်သည်။

သို့သော် မည်မျှပင် စောင့်ကြည့်စေကာမူ သူ့အနေနှင့် လင်မယားကြား ကိစ္စများကိုတော့ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိ။ သိပ်မကြာမီ စုချန်းတ​ယောက် ကုချိန်းလွှာ၏ အခန်းထဲသို့ ဝင်ရောက်သွားသည်ကိုကြည့်ရင်း ချူကျန်းယု စိတ်ပျက်လက်ပျက်ပင် သက်ပြင်းချလိုက်၏။

သို့သော် ဤအချိန်တွင် စုချန်း တကယ်တမ်း စိတ်ဝင်စားနေသောအရာမှာချူကျန်းယုထင်သည်နှင့် လုံးဝတခြားစီ ဖြစ်နေ၏။ သို့ဆိုလျင် စုချန်းဘာကို စိတ်ဝင်စားနေသနည်း။ ဤမေးခွန်းမှာ မေးနေစရာပင် မလိုသော မေးခွန်း ဖြစ်သည်။ သစ္စာရှိ ခင်ပွန်းတယောက်အနေဖြင့် သူ အခြားမည်သည့်အရာကို စိတ်ဝင်စားနိုင်အုံးမည်နည်း။ တကယ်တမ်းတွင် သူတို့နှစ်ယောက်၏ ပျားရည်ဆမ်းခရီးမှာ တိုတောင်းလှပြီး အတူတကွ အချိန်ဖြုန်းနိုင်သည့်အခွင့်အရေးမှာလည်း ရှားပါးလှ၏။ ထို့ကြောင့် တန်ဖိုးရှိသော အချိန်များကို အတူတကွ ဖြတ်သန်းချင်သည်မှာ သဘာဝပင် ဖြစ်သည်။

ကုချိန်းလွှာသည် သူမ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော စုချန်းကို ချစ်ခင်မြတ်နိုးစွာ ကြည့်ရှုနေ၏။ သို့သော် သူမ၏စကားသံထဲတွင်တော့ နာကျင်မှုတချို့ မသိမသာ ရောယှက်နေလေသည်။

“အဲဒီတော့ သူ့အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ရှင် ဆုံးဖြတ်လိုက်တယ်ပေါ့လေ"

“အရာအားလုံးတော့ မဟုတ်ပါဘူးကွာ ကျုပ်အနေနဲ့ မဖြစ်မနေလုပ်ဖို့လိုတဲ့ ညှိနှိုင်းမှုတချို့ကိုပဲ လုပ်ခဲ့တာပါ”

စုချန်းက လိမ္မာပါးနပ်စွာ ရှောင်တိမ်းလိုက်၏။

“ရှင် ကျွန်မကို လက်ထပ်ဖို့ ကြိုးစားတုန်းကတော့ အဲဒီလောက်ကြီး ကြိုးပမ်းခဲ့ပုံ မရပါလား”

ကုချိန်းလွှာက စုချန်း၏ ပုခုံးကို ဖွဖွလေးကိုက်ရင်း အသံမာမာဖြင့် ပြောလိုက်၏။

စုချန်း မရယ်ပဲ မနေနိုင်တော့။ ကုချိန်းလွှာ သေချာပေါက် ဤအကြောင်းကို ပြောတော့မည်မှန်း သူသိပြီးသားပင် မဟုတ်ပါလား။ ထို့နောက် သူက ခေတ္တစဉ်းစားပြီး ရှင်းပြလိုက်လေသည်။

“အခြေအနေနှစ်ခုက မတူဘူးလေကွာကျုပ်ဟာ ကျူးရှန်းယောင်အတွက် အများကြီးအလျော့ပေးခဲ့ရတာတော့ မှန်တယ် ဒါပေမယ့် ဒီအတွက် အကြောင်းပြချက်ရှိတယ် ပထမဆုံးအနေနဲ့ ကျူးရှန်းယောင် အသက်အန္တရာယ်နဲ့ကြုံရတာဟာ ကျုပ်ရဲ့အမှားကြောင့်ပဲ ဒါ​ကြောင့် သူ့အတွက်ကျုုပ်ပဲ တာဝန်ယူရမှာပေါ့ ဒုတိယတချက်ကတော့ ဒါ သေမလား ရှင်မလား ဆုံးဖြတ်ရတဲ့ကိစ္စ ဖြစ်နေတယ် ဒီလိုအခြေအနေမှာ ကျုပ်အနေနဲ့ အများကြီး စွန့်စားလို့ မရဘူးလေ ကိုယ်ရဲ့အမျိုးသမီးတယောက် အသတ်ခံရမှာကို ကျုပ် လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ တတိယအချက်အနေနဲ့ ပြောရရင် ဒါ အပေးအယူတခု သက်သက်ပဲ ထာဝရညနဲ့ ကျုပ်သဘောတူခဲ့တဲ့ အပေးအယူသက်သက်ပဲ ကျုပ် သူ့ကို မနိုင်တဲ့အတွက် ခေါင်းငုံ့ပြီး အရှုံးပေးလိုက်ရတာမှန်တယ် ဒါပေမဲ့ ကျုပ်မိန်းမ သေသွားမယ်ဆိုရင် ကျုပ်ကိုယ်တိုင်လဲ ဂုဏ်သိက္ခာရှိရှိ နေနိုင်တော့မှာ မဟုတ်ဘူး အဲ့ဒီအခြေအနေမှာ မင်းသာဖြစ်နေခဲ့ရင်လဲ ကျုပ်က ဒီအတိုင်းပဲ ဆုံးဖြတ်မှာပါ"

စုချန်း၏ စကားကြောင့် ကုချိန်းလွှာ၏ မျက်နှာ အတော်အသင့် ပျော့ပြောင်းသွား၏။ ထို့နောက် သူမက ပြောလိုက်ပြန်သည်။

“ဒီတော့ ရှင်က စကားလုံးလှလှတွေသုံးပြီး ကျဥ်းထဲကြပ်ထဲက ရုန်းထွက်တယ်ပေါ့လေ”

မည်သို့ပင်ဆိုစေ ထိုအခြေအနေတခုလုံးအပေါ် သူမ စိတ်မသက်မသာ ဖြစ်နေသေးသည်ကတော့ အမှန်ပင်။

စိတ်ရှုပ်ထွေးနေဟန်ပေါ်သော ကုချိန်းလွှာ၏ မျက်နှာကို ကြည့်ရင်း စုချန်း ရယ်မောလိုက်၏။

“ကဲ ကဲ ကျုပ်ကို စိတ်မဆိုးပါနဲ့တော့ကွာ ဒီမှာ မင်းအတွက် ကျုပ် လက်ဆောင်တခု ယူလာခဲ့တယ်”

“အို မလိုချင်ပါဘူး”

ကုချိန်းလွှာက လှည့်ပင်မကြည့်ပဲ ပြောလိုက်၏။

“အိုး မယုံနိုင်စရာပဲ သခင်မလေးကုက အရမ်းကိုအဆင့်မြင့်သွားပြီဆိုတော့ နတ်ဘုရားအဆင့် လက်ဆောင်ကိုတောင် စိတ်မဝင်စားတော့ပါလား”

“နတ်ဘုရားအဆင့်” ဟူသော စကားကို ကြားလိုက်သည်နှင့် ကုချိန်းလွှာ ခေါင်းထောင်လာ၏။ ထိုအခိုက်အတန့်မှာပင် နီမြန်းနေသော တိုက်ခိုက်ရေးဝတ်စုံတစုံကို ကုချိန်းလွှာ မြင်လိုက်ရသည်။ ထိုဝတ်စုံသည် စက္ကူကဲ့သို့ ပါးလွှာပြီး စုချန်း၏ လက်ဖဝါးပေါ်တွင် မည်သည့်အလေးချိန်မှ မရှိဟုပင် မှတ်ထင်ရ၏။ ဝတ်စုံပေါ်တွင် ထူးဆန်းလှသည့် အက္ခရာများကို ရေးထိုးထားသည်ကိုလည်း သူမ မြင်လိုက်ရလေသည်။

“ဒါ…”

ကုချိန်းလွှာ စိတ်လှုပ်ရှားသွားသည်ကတော့ အမှန်ပင်။

“မိခင်နတ်ဘုရားမဂိုဏ်းရဲ့ကောင်းကင်သံချပ်ကာဝတ်စုံပဲပေါ့ ဒါပေမဲ့ ဝတ်စုံက အပြီးမသတ်ရသေးဘူး"

စုချန်းက ပြန်ဖြေလိုက်သည်။

“အပြီးမသတ်ရသေးဘူး”

“ဟုတ်တယ် ဒီဝတ်စုံက်ိုသာ အပြီးသတ်နိုင်ရင် မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ဝတ်စုံ ဖြစ်လာလိမ့်မယ်”

တကယ်လည်း ဝတ်စုံ၏ ထူးခြားသောဂုဏ်သတ္တိတချို့ကို စုချန်း ကိုယ်တိုင်ကိုယ်​ကျပင် စမ်းသပ်ထား၏။ နတ်ဘုရားအဆင့် ကိရိယာအနေနှင့် ၎င်း၏စွမ်းအားမှာ စိတ်ကူး၍ပင်မရနိုင်အောင်ပင် မြင့်မားလှသည်။ ပစ္စည်းဥစ္စာကို ဂရုမစိုက်သော စုချန်းပင် ဤဝတ်စုံမျိုးကို လက်လွှတ်ရလျင် နှမြောစိတ်ဝင်မိပေလိမ့်မည်။ ဝတ်စုံသည် ပေါ့ပါးသည်ဟု ထင်ရသော်လည်း ကာကွယ်နိုင်စွမ်းမှာကား မြင့်မားလှ၏။ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ကို တက်လှမ်းပြီးနောက် သူ့ခွန်အားကို စမ်းသပ်ရန် စုချန်းက ဝတ်စုံကို တိုက်ခိုက်ကြည့်ခဲ့သေးသည်။ သို့သော် ဝတ်စုံမှာ အစွန်းလေးတစက်မျှပင် မထင်ခဲ့ချေ။ ၎င်းကိုကြည့်လျင် ဝတ်စုံ၏အစွမ်းမှာ ထင်ရှားနေသည်။

ထို့အပြင် ဝတ်စုံသည် အသုံးပြုသူကို ကြီးမားသောစွမ်းရည်တမျိုးကို ပေးစွမ်းနိုင်သည်။ ထိုစွမ်းရည်မှာ အသုံးပြုသူ တိုက်ခိုက်လိုက်သည့် မည်သည့်နည်းစနစ်မဆို၏ စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်ခြင်းပင်။

ထိုမျှသာမကသေူ ဤကောင်းကင်သံချပ်ကာဝတ်စုံတွင် တတိယမြောက်စွမ်းရည်တခုလည်း ရှိနေသေး၏။ ၎င်းမှာ ကြီးမားသော ဖိအားလှိုင်းကြီးတလှိုင်းကို ထုတ်လွှတ်နိုင်ခြင်းပင် ဖြစ်လေသည်။ ထိုဖိအားသည် ပတ်ဝန်းကျင်ရှိ ပစ်မှတ်အားလုံးအပေါ်တွင် သက်ရောက်နိုင်စွမ်းရှိလေရာ ဝတ်စုံပိုင်ရှင်အဖို့ တိုက်ပွဲကြီးများတွင် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လာပေလိမ့်မည်။

အချုပ်ဆိုရလျင် ဝတ်စုံတွင် ထည့်သွင်းထားသည့် စွမ်းအားသုံးမျိုးလုံးသည် ကောင်းကင်ကို အန်တုနိုင်လောက်အောင်ပင် အစွမ်းထက်ကြ၏။

ကံမကောင်းသည်မှာ ဤဝတ်စုံကို အပြီးသတ်မတည်ဆောက်ရသေး၍ ၎င်းတွင် ချို့ယွင်းချက်များ ရှိနေခြင်းပင်ဖြစ်သည်။ ကောင်းကင်သံချပ်ကာဝတ်စုံ၏ အကြီးမားဆုံး ချို့ယွင်းချက်မှာ နတ်ဘုရားအဆင့် စွမ်းအင်အရင်းအမြစ်တခုတည်း အပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်နေ၏။ ဤအရင်းအမြစ်ကလည်း မရှိ၍မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်သံချပ်ကာဝတ်စုံ၏ စွမ်းရည်အားလုံးသည် နတ်ဘုရားစွမ်းအားနှင့် အဆက်မပြတ် ထောက်ပံ့ပေးနေမှုအပေါ်တွင်သာ မူတည်နေသောကြောင့်ပင်။ ပြီးပြည့်စုံသော ကောင်းကင်သံချပ်ကာဝတ်စုံတွင် ကိုယ်ပိုင် နတ်ဘုရားစွမ်းအားအရင်းအမြစ်တော့ ရှိသင့်သည် မဟုတ်ပါလား။

အကယ်၍ နတ်ဘုရားစွမ်းအား အရင်းအမြစ်မရှိပဲ အသုံးပြုခဲ့လျင် ထိုဝတ်စုံ၏ စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးသွားစေရန် တခုတည်းသော နည်းလမ်းမှာ ဝတ်စုံကို မိခင်နတ်ဘုရားမရုပ်တုထဲတွင် ထားရန်မှအပ တခြားမရှိချေ။ ထိုသို့ထားလိုက်ခြင်းအားဖြင့် မိခင်နတ်ဘုရားမအား ကိုးကွယ်သူများ၏ ယုံကြည်မှုများကြောင့် ဝတ်စုံ၏ စွမ်းအင်မှာ ပြန်လည်ပြည့်တင်းလာနိုင်၏။ သို့သော်လည်း စွမ်းအားပြည့်တင်းနှုန်းမှာကား အလွန်ပင် နည်းလှသည်။

“ဒီတော့… နတ်ဘုရားစွမ်းအား အရင်းအမြစ်မရှိရင် ဒါက ဘာမှမဟုတ်ဘူးပေါ့ အဲဒီလိုလား”

ဝတ်စုံ၏ ချို့ယွင်းချက်ကို သိလိုက်၍ ကုချိန်းလွှာ အားမလိုအားမရဖြင့် ဖြစ်သွား၏။

“ကျုပ် မိခင်နတ်ဘုရားမရုပ်တုကို ဖျက်ဆီးပစ်ခဲ့ပြီ ဒါပေမဲ့ ရုပ်တုမရှိတော့ရင်တောင် လူထုရဲ့ယုံကြည်မှုကတော့ ရှိနေသေးတယ် ကောင်းကင်သံချပ်ကာဝတ်စုံဟာ အဲ့ဒီယုံကြည်မှုနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်တယ် ဒါပေမဲ့ စွမ်းအင် ပြည့်ဖြိုးနှုန်းကတော့ ပိုပြီးနှေးသွားလိမ့်မယ်"

စုချန်းက ပြန်ဖြေလိုက်၏။ တဖန် သူက စကားဆက်လိုက်ပြန်သည်။

“ဒါကြောင့် ဒီဝတ်စုံကို ပုံမှန်အခြေအနေတွေမှာတော့ အသုံးပြုဖို့ မသင့်ဘူး ဒါပေမဲ့ သေရေးရှင်ရေးအခြေအနေတွေမှာ သုံးဖို့ ဝှက်ဖဲအနေနဲ့ ထားတာက ပိုပြီးသင့်တော်မယ်လို့ ကျုပ် ထင်တယ်”

“ဒါတောင်မှ တော်တော်လေး ကောင်းနေပါပြီ”

ကုချိန်းလွှာ ကြည်နူးဟန်ဖြင့် ပြောလိုက်၏။ သူမ တကယ်လည်း ပျော်သွားလေသည်။ သို့သော် ထိုသို့ ပျော်ရွှင်ရခြင်းမှာ နတ်ဘုရားအဆင့်ပစ္စည်းတမျိုး လက်ဆောင်ရသောကြောင့် မဟုတ်။ စုချန်းက သူမအတွက် စဉ်းစားပေးနေသေးသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် အပြီးမသတ်နို​င်သေးသည့် ကောင်းကင်သံချပ်ကာဝတ်စုံသည်ပင် သူမအတွက် အလွန်အမင်း တန်ဖိုးရှိနေ၏။

ထို့နောက် ကုချိန်းလွှာက ဝတ်စုံကို ချက်ချင်းပင် ဝတ်ဆင်လိုက်လေသည်။ ဝတ်စုံ ကိုယ်ပေါ်တင်မိသည်နှင့် တပြိုင်နက်မှာပင် သူမကိုယ်ပေါ်မှ အလင်းရောင်များ ထွန်းလင်းတောက်ပလာလေသည်။

ထိုအချိန်မှာပင် သူမက စုချန်းကို ဖြတ်ခနဲ လှည့်ကြည့်ပြီး လက်ဝါးနှင့် ရိုက်ချလိုက်၏။

“ရှင် ဒီလက်ဝါးကို ခုခံကြည့်စမ်း"

စုချန်း၏ လက်ရှိအင်အားမှာ အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ဂရုစိုက်စရာမလိုသည့် အခြေအနေဖြစ်လေရာ ကုချိန်းလွှာ၏ လက်ဝါးရိုက်ချက်မှာ သူ့အတွက် မှုလောက်စရာမဟုတ်။ သို့သော် ထိုအချိန်မှာပင် ကုချိန်းလွှာ၏ လက်ဝါးသည် ရုတ်တရက်ပင် ရွှေရောင်တောက်ပလာပြီး လက်ဝါးရိုက်ချက်မှ ထွက်ပေါ်နေသည့်အင်အားမှာလည်း တဟုန်ထိုး မြင့်တက်လာ၏။ ထိုအခါ ကုချိန်းလွှာ၏ လက်ဝါးရိုက်ချက်ကို စုချန်း မနည်းကြီး ခုခံပေးလိုက်ရသည်။

စုချန်း စိုးရိမ်တကြီးနှင့် အော်ဟစ်သတိပေးလိုက်၏။

"ဟေ့ နောက်စရာမဟုတ်ဘူးနော် အဲဒီစွမ်းအား ပြန်ပြည့်လာဖို့ဆိုတာ အချိန်အတော်ကို ကြာလိမ့်မယ်"

လက်ဝါးရိုက်ချက်တွင် ဝတ်စုံ၏ စွမ်းအားကို ကုချိန်းလွှာ ပေါင်းစပ်အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ကုချိန်းလွှာကား ဂရုပင်မစိုက်။

“အို ကျွန်မ ဘယ်လိုသုံးရမယ်ဆိုတာ အသားကျဖို့ ဒီလောက်တော့ လေ့ကျင့်ရမှာပေါ့ ပြီးတော့ ဒီလိုနေရာမှာ ကျွန်က ဘာပြသနာကြုံစရာမှ မရှိတာပဲ ဒီတော့ ဒီဝတ်စုံကို လောလောလတ်လတ် သုံးစရာလဲ ဘာအကြောင်းမှ မရှိဘူးလေ"

ထို့နောက် သူမသည် အထက်ပါအတိုင်း ဆက်လက်တိုက်ခိုက်လိုက်ပြန်သည်။ ဤတကြိမ်တွင်တော့ စုချန်းကလည်း ဘာမှပြောမနေတော့ပဲ ပြန်လည်တိုက်ခိုက်လိုက်၏။

ဤသို့နှင့် သူတို့နှစ်ဦးသည် အခန်းထဲတွင် ဘတပြန်ကျားတပြန် ယှဉ်ပြိုင်တိုက်ခိုက်နေကြလေသည်။ အတန်ကြာသော် ကုချိန်းလွှာတယောက် တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။

ထိုအခါ စုချန်းက မေးလိုက်၏။

“ဘာလို့ ရပ်လိုက်တာလဲ”

ကုချိန်းလွှာက စုချန်းကို ချစ်စဖွယ်ဟန်ပန်ဖြင့် မျက်စောင်းထိုးလိုက်သည်။။

“ဘာလို့ရပ်ရမှာလဲ နတ်ဘုရားစွမ်းအား ကုန်သွားလို့ပေါ့ရှင့်”

စုချန်း အော်ဟစ်ရယ်မောလိုက်လေသည်။

“ကောင်းတယ် မင်း ခုနက သုံးလိုက်တဲ့ နတ်ဘုရားစွမ်းအားကို ကျုပ် စုတာကို ရက်ပေါင်းအတော်ကြာတယ် သိရဲ့လား"

“ဒါပေမယ့် အရေးမကြီးဘူး ဒီဝတ်စုံဟာ လှတော့ အတော်လေးကို လှတယ်”

သူမကိုသူမ မှန်ထဲတွင် လှည့်ပတ်ကြည့်ရင်း ကုချိန်းလွှာ အကြီးအကျယ် ပျော်ရွှင်နေဟန် ရှိလေသည်။ မိန်းကလေးတဦးအတွက် အလှအပထက်စာလျင် ဘယ်အရာမှ အရေးကြီးဟန် မရှိချေပါတကား။

အားရကျေနပ်သည်အထိ ဆော့ကစားပြီးမှ သူမ ဝတ်စုံကို ချွတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ဝတ်စုံ၏ လက်တစ်ဖက်ဆီမှ တိုးထွက်နေသော ကြိုးအမည်းလေးတစကို ကုချိန်းလွှာ ရုတ်တရက် သတိပြုမိသွား၏။

“ဒီကြိုးက ဘာကြိုးလဲ”

ပြောပြောဆိုဆို ကုချိန်းလွှာ ကြိုးကို ဆွဲကြည့်လိုက်သည်။

“အိတ်လား ဒါမှမဟုတ် တစ်ခုခုဖြစ်မှာပေါ့”

ကုချိန်းလွှာ၏ အမေးကို စုချန်း ပေါ့တီးပေါ့ဆပင် ပြန်ဖြေလိုက်၏။

သို့သော် ရုတ်တရက်ဆိုသလိုပင် ထိုကြိုးသည် အသက်ဝင်လာပြီး အပ်တစ်ချောင်းအရွယ်သို့ ကျုံ့ဝင်သွားကာ ကုချိန်းလွှာ၏ လက်ကောက်ဝတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

“အား”

ကုချိန်းလွှာ လွှတ်ခနဲ အော်ဟစ်လိုက်၏။

ထို့နောက်တွင်တော့ နတ်ဘုရားစွမ်းအင်များ ကုန်ခန်းသွား၍ ဖျော့တော့မှေးမှိန်သွားသော ကောင်းကင်ဝတ်စုံသည် ပြန်လည် လင်းလက်တောက်ပလာ၏။ ထိုအလင်းရောင်သည်လည်း နေမင်းကဲ့သို့ လင်းထိန်နေပြီး အနီးအနားရှိ အမှောင်ထုများကို ဖယ်ရှားပစ်လိုက်တော့သည်။

All Chapters