← Chapters

တုန်လှုပ်ချောက်ချားနေသည့် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်

Vol. 3 Ch. 32

တုန်လှုပ်ချောက်ချားနေသည့် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်

Vol. 3 Ch. 32

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် လေပေါ်တွင် မျောနေသည့် စာအုပ်ကြီးပေါ်တွင် လဲလျောင်းလျက် ရှိနေသည်။ သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ သူမ တာဝန်ကျသည့် တိုက်ပွဲနယ်ပယ်ကို စောင့်ကြပ်လျက်ရှိသည်။

ကန့်သတ်မဲ့ ပြိုင်ပွဲသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုက်ပွဲအနည်းငယ်သာ ဖြစ်ပွားလျက် ရှိတော့သည်။

သို့ပေမဲ့လည်း ယခုအချိန်တွင် ဖြစ်ပွားသမျှ တိုက်ပွဲအားလုံးမှာ အဆင့်မြင့် တိုက်ပွဲများ ဖြစ်ကြသည်။

ထိုအချိန်မှာပင် ရင်းနှီးနေသည့် တည်ရှိမှု တစ်ခုသည် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ နတ်ဘုရား အာရုံအတွင်း ဝင်ရောက်လာခဲ့သည်။

“ဟမ် … ပျံသန်းနေတာ … စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ပါရမီရှင် တစ်ယောက်များလား …”

ချက်ချင်းဆိုသလိုပင် သူမ၏ မှတ်စုစာအုပ် အတွင်းသို့ အချက်အလက် တစ်ခု ရောက်ရှိ လာသည်။

အန်လင်း …

တိုက်ခိုက်နိုင်စွမ်း : ၂၀၅

ရမှတ် : ၃၈၀

“သောက်ကျိုးနည်းမှပဲ … အပြောင်အပြက် လာလုပ်နေတာလား … သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဖြစ်သွားရတာတုန်း …”

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး သူမ မှတ်စု စာအုပ်တွင် ရှိနေသည့် အချက်အလက်များကို စိုက်ကြည့်လျက် ရှိသည်။ သူမ မျက်လုံးများသည် အပြင်သို့ ထွက်ကျတော့ မယောင်ပင်။

အရင်က အန်လင်းရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ရမှတ်က တစ်ရာ ကျော်ကျော်လေးပဲ ရှိတာ …

အခုတော့ တိုက်ခိုက်နိုင်စွမ်းကော ရမှတ်ကောက နှစ်ဆ ကျော်ကျော်လောက် ဖြစ်သွားပြီ …

“မ … မဟုတ်မှလွဲ မသမာတဲ့နည်းတွေ သုံးလိုက်တာများလား …” မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်က တီးတိုး ရေရွတ်နေသည်။

သူမက ဖြစ်ပျက်ခဲ့သည်များကို ဘယ်လိုမှ နားမလည်နိုင်တော့ချေ။ သူ့ရဲ့ ရမှတ်တွေ တက်လာတာကို လက်ခံပေး နိုင်သည်။ သို့ပေမဲ့လည်း တိုက်ခိုက်နိုင် စွမ်းဆိုတာ အခုလိုမျိုး တက်ချင်သလို တက်လို့ ရနိုင်တာမျိုးလား။ ထို့အပြင် သူ့တိုက်ခိုက်နိုင်စွမ်းမှာ နှစ်ဆ ဖြစ်လာခြင်းပင်။

ကျောင်းတော်က တာအိုခန္ဓာ အဆင့်၁၀ ရှိတဲ့ ကျောင်းသားတွေထဲ တိုက်ခိုက်နိုင်စွမ်း ၂၀၅ ဆိုတာ သာမန်ထက်ကို ကျော်လွန်နေပြီ … သူက တာအိုခန္ဓာ အဆင့်၈ပဲ ရှိနေသေးတာ မဟုတ်ဘူးလား …

အဲဒီအပြင် သူက ဓားပျံကို စီးလာတယ် ဆိုတော့ အခုထိကို လျှိုချန်းဟွမ်နဲ့ ရှိနေသေးတာလား …

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည့် သူ့အခြေအနေကို အကြမ်းဖျင်း တွက်ဆနေခြင်းပင်။ ထို့ကြောင့် ယခင် အဖြစ်အပျက်များကို ပြန်တွေးကာ ကောက်ချက်ချနေခြင်း ဖြစ်သည်။

သူမက အန်လင်းအပေါ် အာရုံ အပြည့်အဝ ထားလိုက်သည်။

ချက်ချင်း ဆိုသလိုပင် သူမသည် ပို၍ပင် ပျာယာခတ် သွားတော့သည်။

“သောက်ကျိုးနည်းဟေ့ … လျှိုချန်းဟွမ် မဟုတ်ဘူးဟ … သူက ခွေးတစ်ကောင်ကို စီးလာတာပဲ …”

“ဒီခွေးက ဘာကောင်လဲ …”

သူမနှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်နေသည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိတဲ့ အဲဒီခွေးက ဘယ်ကနေ ရောက်လာတာလဲ။

ကျောင်းတော်တွင် ရှိနေသည့် ၂၂ဦးသော စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ရှိ ကျောင်းသားများ ထဲတွင် ခွေးအဖြစ် အသွင်ပြောင်းနိုင်သူ တစ်ဦး တစ်ယောက်ကိုမျှ သူမ မသိချေ။

အခြားသော ကျောင်းသား တစ်ဦးတစ်ယောက်သာ သူမ၏ နတ်ဘုရား အာရုံအတွင်းသို့ ဝင်ရောက်လာပါက သူမ မှတ်စု စာအုပ်တွင် ထိုကျောင်းသား၏ အချက်အလက် ပေါ်လာမည် ဖြစ်သည်။ သို့ပေမဲ့လည်း ထိုခွေးနှင့် ပတ်သက်သည့် အချက်အလက် ရှိမနေ။

ကနဦး တည်နေရာ ရွှေ့ပြောင်းခြင်းတွင် စိတ်ဝိညာဉ် သားရဲများအား တည်နေရာ ရွှေ့ပြောင်းရန် မဖြစ်နိုင်ပေ။ မဟုတ်မှလွဲ …

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ အမူအရာမှာ တုန်လှုပ်လျက် ရှိသည်။

တိုက်ပွဲကွင်းပြင်မှာ ဒီခွေးကာ စိတ်ဝိညာဉ် သားရဲအဖြစ် ချိုးဖြတ် ဝင်ရောက် သွားတယ်လို့ ငါ့ကို လာမပြောကြနဲ့ …

ဘုရားသခင် … ဒီအခြေအနေကြီးကို ကျွန်မ ဘယ်လို ကိုင်တွယ်ရမတုန်း …

“အန်လင်း … ငါ့ကို ပြဿနာ မပေးစမ်းနဲ့ … မဟုတ်ရင် ငါ့ရဲ့ အတန်းချိန်ကျ နင့်ကို ပညာပေးပြမယ် …” မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ခွေးအား ပျော်ရွှင်စွာ စီးနင်း လာသည့် ကောင်လေးအား ကြည့်ကာ တီးတိုး ရေရွတ်နေသည်။

သူမ ထိုကဲ့သို့ ပြောပြီးချိန်မှာပင် ကြီးမားသည့် ခွေးကြီးသည် မြေပြင်ပေါ်ရှိ ကျောင်းသား တစ်ယောက်ထံ စိတ်လှုပ်ရှားစွာဖြင့် ထိုးဆင်း သွားသည်။ တိုက်ပွဲဖြစ်ရန် ရန်ရှာ နေသည်မှာ သိသာလွန်းသည်။

"မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်…”

***

ကျွန်တော့်နာမည်က ချင်ဖုန်းလို့ ခေါ်ပါတယ်။ ကျွန်တော်က ဒုတိယနှစ် တန်းခွဲ၁မှ တာအိုခန္ဓာ အဆင့်၁၀ရှိ စွမ်းအားကြီးတဲ့ ကျင့်ကြံသူ တစ်ယောက်ပါ။

ကျွန်တော့်ရဲ့ လက်ရှိ အောင်မြင်မှုတွေ ကတော့ တာအိုခန္ဓာ အဆင့်၁၀ရှိတဲ့ ကျောင်းသား၁၀ယောက်ကို အနိုင်ယူထားပြီး ကျွန်တော့်ထက် အဆင့်နိမ့်တဲ့ ကျောင်းသား၂၀ ကျော်ကိုလည်း အနိုင်ရရှိ ထားပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က ထိပ်ဆုံး အယောက်တစ်ရာကို ကျော်လွန်ပြီး ကျောင်းတော်ရဲ့ အင်မော်တယ် အဆင့်ဇယားကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေတယ်လို့ ခံစားမိနေတယ်ဗျ။

အမှန်ပါပဲ …။ တိုက်ပွဲ အနည်းငယ်ကိုသာ ထပ်မံ ရင်ဆိုင်ပြီးရင်တော့ ကျွန်တော့်ရဲ့ ပန်းတိုင်ကို ရောက်ရှိ နိုင်တော့မှာပါ။

ချင်ဖုန်းက ယုံကြည်မှုတို့ ပြည့်လျှံလျက် ရှိနေသည်။ သူ၏ အနက်ရောင် ဝတ်စုံသည် လေတွင် တလှပ်လှပ် လွင့်နေပြီး လက်တွင် အဖြူရောင် ဓားတစ်လက်ကို ဆုပ်ကိုင် ထားသည်။ သူ့သွင်ပြင်မှာ ဝံ့ကြွားကာ ဩဇာ ပြည့်ဝပုံပေါ်သည်။

ထိုအချိန်မှာပင် အလွန်အား ကောင်းသည့် အရာတစ်ခုသည် သူ့ထံသို့ ပြေးဝင်လာသည်။

“လခွမ်း … အဲဒါ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်လားဟ …” ချင်ဖုန်းသည် ကြောက်ရွံ့တုန်လှုပ်ကာ အော်ဟစ် လိုက်သည်။

သို့ပေမဲ့လည်း သူက အချိန်မီပင် အသိစိတ် ဝင်လာခဲ့သည်။ ထိုသည်က သူ့အတွက် စိန်ခေါ်မှု တစ်ခုသာ မဟုတ်ဘဲ အခွင့်အရေး တစ်ရပ်လည်း ဖြစ်နေသည်။

အားကောင်းသည့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ရှိ ပြိုင်ဘက်အား အစွမ်းကုန် သုံးပြီး ရင်ဆိုင် လိုက်နိုင်မည်ဆိုလျှင် ရှုံးနိမ့်ခဲ့လျှင်တောင် တာဝန်ရှိ ဆရာအနေဖြင့် သူ့အား အမှတ်မြင့်မြင့် ပေးမည် ဖြစ်သည်။

ထိုနည်းဖြင့် ထိပ်ဆုံး အယောက်တစ်ရာအား ကျော်ဖြတ်ကာ အင်မော်တယ် အဆင့်ဇယားသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

“မင်းကိုယ်မင်း မိတ်ဆက်ပါဦး … ငါက ဒုတိယနှစ် … တန်းခွဲ၁ရဲ့ ချင်ဖုန်း …”

ချင်ဖုန်းက ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်သည်။ ကောင်းကင်ပေါ်တွင် အားကောင်းသည့် တည်ရှိမှုကို တွေ့လိုက်ရသည်။

“လခွမ်း … ဒီခွေးက ဘာကောင်လဲ …”

ပျံသန်းနေသည့် ခွေးကြီးကို ကြည့်ရင်း ချင်ဖုန်းက ခေတ္တမျှ တွေဝေနေသည်။ ထို့နောက် သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

ထိုအချိန်မှာပင် ထိုခွေးအား စီးနင်းနေသည့် ကျောင်းသား တစ်ယောက်သည် ကျယ်လောင်စွာဖြင့် “ကျွန်တော်က ပထမနှစ် တန်းခွဲ၁က အန်လင်းပါ … သင်ပြပေးပါဦး စီနီယာ ချင်ဖုန်း ခင်ဗျာ …”

မင်းကို သင်ပြပေးရမယ် ဟုတ်လား …

ချင်ဖုန်း၏ မျက်လုံးများသည် ပြူးထွက်လာပြီး ထိုလူနှင့် ခွေးအား စိုက်ကြည့် လိုက်သည်။ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် ထိုခွေးသည် သူ့ထံသို့ ပြေးဝင်လာကာ သူ့အား လက်ဖြင့် ပုတ်ထုတ်လိုက်သည်။

ချင်ဖုန်းသည် တိုက်ပွဲ အတွေ့အကြုံ အမြောက်အများရှိသည့် အားကောင်းသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့ပေမဲ့လည်း တပိုင်၏ တိုက်ခိုက်မှုသည် အလွန်အမင်း ပြင်းထန်သဖြင့် ချက်ချင်း ဆိုသလို ဓားအားမြှောက်ကာ ခန္ဓာကိုယ်ရှေ့တွင် ကာပြီး ပုတ်ထုတ်မှုကို တုံ့ပြန်ရန်သာ တတ်လိုက်နိုင်သည်။

ခွပ် …

ကြီးမားပြင်းထန်သည့် စွမ်းအားက သူ့အား ရိုက်ခတ်မိကာ ခန္ဓာကိုယ်သည် အနောက်သို့ လွင့်ပျံ့သွားသည်။

အရမ်း အားကောင်းတာပဲ …ချင်ဖုန်းသည် အလွန်အမင်း ထိတ်လန့် သွားသည်။ ထိုခွေးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ သိသာလှသည်။

ဘာတွေ ဖြစ်နေတာလဲ … ငါတို့ ကျောင်းတော်မှာ ခွေးအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအားကြီးတဲ့ ကျင့်ကြံသူက ဘယ်အချိန်တုန်းက ရှိလာခဲ့တာလဲ …

သူအံ့ဩလို့ မဆုံးခင်မှာပင် လေဓားသွားများ ဝန်းရံထားသည့် ခွေးဖြူကြီး၏ ရှေ့ခြေသည် လေပေါ်တွင် လွင့်ပျံ့နေသည့် သူ့ခန္ဓာကိုယ်အား ပစ်ကန် လိုက်သည်။

တပိုင်က အခုဆိုလျှင် စိတ်ဝိညာဉ်သားရဲ ဖြစ်နေပြီ ဖြစ်သည်။ သူ့ခြေထောက်မှ ထွက်ပေါ်လာသည့် လှိုင်းများသည် ကောင်းကင်နှင့် မြေပြင် အကြားရှိ စွမ်းအားများကိုပါ စုပ်ယူနိုင်စွမ်း ရှိနေသည်။ ရိုးရှင်းသည့် ကန်ချက်မှာပင် ဆယ်ပေခန့် ရှည်လျားသည့် လေဓား ၁၀ခု ထွက်ပေါ်လာပြီး ချင်ဖုန်းအား ခုတ်ပိုင်း လိုက်သည်။

လေထဲတွင် ရှိနေလျက်နှင့်ပင် ချင်ဖုန်းက ဓားကို လွှဲခုတ်ကာ လေဓားများအား ဖြိုခွင်း လိုက်သည်။ တပိုင်က ထိုတိုက်ခိုက်မှုတွင် သူ့အားအကုန် အသုံးပြုထားသည် ဖြစ်သည့်အတွက် အလွယ်တကူ တားဆီးရန်မှာ မဖြစ်နိုင်ပေ။

ထိုအချက်မှလွဲ ချင်ဖုန်း၏ ဓားရေးသည်လည်း ထူးချွန် ပြောင်မြောက်သဖြင့် သူက လေဓား၈ခုအား ဖျက်စီးလိုက်နိုင်ပြီး ကျန်လေဓား နှစ်ခုသည် သူ့ထံသို့ တိုက်ရိုက် ရောက်ရှိလာသည်။

သွေးများ ဖြန်းခနဲ ထွက်လာပြီး ခန္ဓာကိုယ်တွင် ဓားရာနှစ်ချက် ပေါ်လာသည်။

ဒါက အဆုံးသတ်တော့ မဟုတ်သေးပေ။ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ရွှေလက်သီး တစ်လုံးသည် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

“သောက်ခွေးနဲ့မှ … မင်းတို့နှစ်ကောင်က ဘယ်လိုလုပ်ပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်နိုင်တာတုန်း …” ချင်ဖုန်းက မယုံကြည်နိုင်စွာဖြင့် ရေရွတ် လိုက်သည်။

ထိုအခိုက်အတန့်တွင် သူက ကာကွယ်နိုင်စွမ်းအား ကင်းမဲ့နေချိန် ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်ရှေ့တွင် ဓားကာ ထားရုံသာ တတ်နိုင်ပေသည်။

ဘုန်း …

လက်သီးနှင့် ထိမိသည့်အခါတွင် ပြင်းထန်သည့် စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး သူ့အား ပါးစပ်နှင့်အပြည့် သွေးအန်စေသည်။

အန်လင်းက တာအိုခန္ဓာ အဆင့်၉သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တောင်ခွင်းလက်သီးအား ထပ်မံ အသုံးပြုလိုက်သည့် အခါတွင်တော့ ထိုတိုက်ခိုက်မှုတွင် ပါဝင်သည့် စွမ်းအားသည် တာအိုခန္ဓာ အဆင့်၁၀ ကျောင်းသားအချို့ အသုံးပြုသည့် အင်မော်တယ် မန္တန်များထက်ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

ထို့ကြောင့် ယခုရိုက်ချက်သည် ချင်ဖုန်းအား အကြီးအကျယ် ထိခိုက် သွားစေနိုင်သည်။

“ဟမ် … သူက ဘာလို့ အရမ်းအားနည်းရတာလဲ …”

အန်လင်းက အတော်လေး စဉ်းစားမရနိုင်ဘဲ ဖြစ်နေကာ ချင်ဖုန်းဆီသို့ လျှောက်သွား လိုက်သည်။

သူ့အမြင်တွင်တော့ ထိုစီနီယာသည် တာအိုခန္ဓာ အဆင့်၁၀သို့ ရောက်ရှိနေသူ ဖြစ်သည်။ ဘယ်နည်းနဲ့မဆို တောင်ခွင်းလက်သီး နှစ်ချက် သုံးချက်လောက် အနည်းဆုံး ခံယူပြီးမှ အရှုံးပေးသင့်သည်။ တောင်ခွင်းလက်သီး တစ်ချက်တည်းနှင့် ယခုလို ဒုက္ခိတဘဝ ရောက်သွားသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

အန်လင်း၏ မှတ်ချက် စကားကြောင့် ချန်ဖုန်းသည် နောက်တစ်ကြိမ် သွေးအန်ချင် လာသည်။ “သောက်ရှက် ကင်းမဲ့လွန်းတယ် … မင်းသား ယောက်ျားစစ်စစ်ဆိုရင် တစ်ယောက်ချင်း ချမလားကွ … စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူနဲ့ ပေါင်းပြီး ငါ့ကို တိုက်ခိုက်တယ်ပေါ့ … ဒါနဲ့များ မင်းကိုယ်မင်း သူရဲကောင်းလို့ ထင်နေသေးတာလား …” ချင်ဖုန်းမှာ ဒေါသထွက်လွန်း သဖြင့် စိတ်လွတ် သွားမတတ်ပင်။

“ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းက တစ်ယောက်ချင်းပဲ တိုက်ခိုက်ရမယ်လို့ ရှင်းရှင်းလင်းလင်းကြီးကို ပြောထားတယ်ကွ … မင်းက စည်းမျဉ်းတွေ ချိုးဖောက်နေပြီ …” ချင်ဖုန်းက ဒေါသတကြီး ပြောဆိုနေသည်။

ထိုသို့ ကြားလိုက်ရသည့်အခါ အန်လင်းက မျက်တောင် တဖျပ်ဖျပ်ခပ်ပြီး တပိုင်အား ညွှန်ပြလိုက်သည်။ “ကျွန်တော်က တစ်ယောက်တည်း တိုက်တာပါနော် … ဒါက ခွေးတစ်ကောင်လေ … အဲတော့ လူတစ်ယောက်လို့ မသတ်မှတ်ထားဘူး … သူက ကျွန်တော့်ရဲ့ ကိုယ်ပိုင် သားရဲဆိုတော့ ကျွန်တော့်ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းပဲပေါ့ …”

“ငါက အန်လင်းရဲ့ ကိုယ်ပိုင်သားရဲ တပိုင် လို့ခေါ်တယ် … ဝုတ် …” တပိုင်က ထောက်ခံလိုက်သည်။

မင်းမေကို ကိုယ်ပိုင်သားရဲလိုက် …

မင်းရဲ့ ကိုယ်ပိုင်သားရဲက မင်းထက် အဆင့်မြင့် နေတယ်ပေါ့ …

လိမ်နေတာ … ဒါမသမာမှုပဲကွ … မင်းနားလည်လား …

ထိုနှစ်ယောက်၏ စကားများကို ကြားလိုက်ရသည့်အခါ ချင်ဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင် လာပြီးနောက် သတိလစ် သွားတော့မတတ် ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် တပိုင်က ပြောလာပြန်သည်။ “အန်လင်းရေ … လာကွာ … သွားပြီး လွင့်ထွက်သွားအောင် လုပ်ပစ်ကြမယ် … ဒီလိုနဲ့ မင်းက နောက်ထပ် အားကောင်းတဲ့ တာအိုခန္ဓာ အဆင့်၁၀ ကျောင်းသားတွေကို အနိုင်ယူ နိုင်လိမ့်မယ်ကွ …”

လွင့်ထွက်သွားအောင် လုပ်ပစ်မယ်တဲ့လား …

ချင်ဖုန်းမှာ နောက်တစ်ဖန် သွေးအန်ချင် လာပြန်သည်။ “ဆရာတို့ရေ … ဒီဟာကို အခုလိုပဲ လျစ်လျူရှူထားလို့ မရဘူးလေဗျာ … တရားမျှတမှုဆိုတာ မရှိတော့ဘူးလားဗျ … အခုလိုမျိုး ထင်ရာစိုင်းနေလို့ ရတာလားဗျာ …” သူက မခံမရပ် နိုင်လွန်းသဖြင့် အော်ဟစ် နေမိသည်။

ယခုတိုက်ပွဲကို စောင့်ကြည့်နေသည့် ဆရာတစ်ယောက် ရှိနေမှန်း သူသေချာပေါက် သိသည်။ ကံမကောင်းစွာဖြင့်ပင် ထိုဆရာသည် ဝင်ရောက် စွက်ဖက်ခြင်း မပြုချေ။ အဓိပ္ပာယ်မှာ ထိုနှစ်ယောက်သည် မည်သည့် စည်းမျဉ်းကိုမှ ချိုးဖောက်ခြင်း မရှိဟု ဆိုလိုသည်။

ထိုသို့ဖြင့် ချင်ဖုန်းမှာ အန်လင်း၏ ပြင်းထန်သည့် ရိုက်ချက်တစ်ခုကို ထပ်မံ လက်ခံလိုက်ရပြီး ရွှေရောင် အကာအကွယ်က သူ့ဘေးတွင် ပေါ်လာတော့သည်။

ချင်ဖုန်းသည် ရဲရဲနီနေသည့် မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ပါးစပ်မှာ ဖွင့်ချည် ပိတ်ချည် ဖြစ်နေသည်။ သို့ပေမဲ့လည်း စကားတစ်လုံးမျှပင် ထွက်မလာချေ။

ဘာဖြစ်တာလဲဟမ် … ဒီလိုမျိုး ဘာလို့ ဖြစ်ရတာလဲ …

အားကောင်းသည့် စိတ်ဝိညာဉ် ပျိုးထောင်သူအဆင့် ကျင့်ကြံသူနှင့် ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရမည့်အစား…။ သူ့ဘဝတွင် လူနှင့်ခွေး နှစ်ဦးပေါင်း တိုက်ခိုက် အနိုင်ယူခြင်း ခံရမည်ဟု ဘယ်တုန်းကမှ စိတ်ကူးဖြင့်တောင် တွေးမကြည့်မိခဲ့ဖူးပေ။

မည်သို့ပင် ဖြစ်စေကာမူ သူက အရှက်တကွဲ ဖြစ်ရပြီး မတရားသဖြင့် အနိုင်ယူခြင်း ခံလိုက်ရပြီ ဖြစ်သည်။

“ပြီးသွားပြီ … အဟေး … နောက်ထပ် တိုက်ပွဲတစ်ပွဲ ရှာကြစို့ …”

အန်လင်းက စိတ်ကျေနပ်သည့် အမူအရာဖြင့် လက်နှစ်ဖက်ကို ခါလိုက်ပြီး တပိုင် နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။

တပိုင် သည်လည်း အလွန် စိတ်လှုပ်ရှားနေမိသည်။ “ကောင်းပြီ … ကောင်းပြီ … အဲဒီ ကလေးဆိုးတွေကို သခင်ပိုင်ရဲ့ ကြောက်မက်ဖွယ် လွှမ်းမိုး နိုင်စွမ်းတွေ ရိုက်သွင်းပေးကြစို့ …”

တပိုင်က ခြေကို ဆောင့်နင်းကာ လေထဲသို့ ပျံဝဲတက် လိုက်သည်။ အန်လင်းနှင့်အတူ သူတို့ နှစ်ဦးသားသည် အနိုင်ရယူဖို့ရန် ပြန်လည် ထွက်ခွာ သွားကြပြန်သည်။

***

ကောင်းကင်ပေါ်တွင် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်မှာ သွားများကို ကြိတ်လျက် ရှိနေသည်။ ခွပ် … သူမလက်ထဲရှိ ဖောင်တိန်မှာ ကျိုးကြေ သွားသည်။

“အန်လင်း … နင်က ငါ့ကို ပြဿနာတွေ တောက်လျှောက်ကို ပေးနေတော့တာပဲ …”

သူမက တပိုင်ကြောင့် စိတ်ရှုပ်နေပြီးသား ဖြစ်သည်။ ထိုအချိန်မှာပင် အန်လင်းနှင့် တပိုင် နှစ်ဦးပေါင်းပြီး ချင်ဖုန်းအား ထိုးကြိတ် လိုက်ကြသည်။ မှတ်တမ်းတင်ဖို့ရာ တာဝန်ရှိသည့် ဆရာ တစ်ယောက်အနေဖြင့် ဒီအချက်အလက်များကို သူမမည်ကဲ့သို့ မှတ်ရမည်နည်း။

တပိုင်ရဲ့ အချက်အလက်တွေကိုရော မှတ်ရမှာလား …

ဒီနှစ်ကောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းကိုတော့ တိုက်ပွဲကနေ မြင်ပြီးပြီ … ဒါပေမဲ့လည်း ရမှတ်ကို ဘယ်လိုလုပ်ရမလဲ …

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် အတော်လေး ပျာယာခတ်လျက် ရှိနေသည်။

ထိုအကြောင်းကို တွေးလေလေ အန်လင်းအား မကျေမနပ် ဖြစ်မိလေလေ ဖြစ်သည်။

“အား … ဘယ်လိုမှတ်ရမတုန်း …” မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ရူးတော့ မလိုပင် ဖြစ်နေတော့သည်။

အဆုံးတွင်တော့ သူမက မှတ်စု စာအုပ်တွင် ယခုလို ရေးမှတ် လိုက်သည်။

အန်လင်း …

တိုက်ခိုက်နိုင်စွမ်း : ၂၀၅

ရမှတ် : ၄၀၅

တပိုင် အန်လင်း ကိုယ်ပိုင်သားရဲ …

တိုက်ခိုက်နိုင်စွမ်း : ၃၂၀

ရမှတ် : ၂၅

“အမ်ဟမ် … နင်တို့ အကျင့်မကောင်းတဲ့ နှစ်ကောင် ရမှတ်တွေကို ခွဲယူလိုက်ကြပေါ့ …”

“ဆီလျော်မှု ရှိမရှိကတော့ ဒုကျောင်းအုပ် ယူဟွာရဲ့ ပြဿနာ ဖြစ်သွားပြီ … ငါက မှတ်တမ်းတင်ဖို့ပဲ တာဝန်ရှိတာ … အဲတော့ ဘာပဲဖြစ်ဖြစ် …”

ထို့ကြောင့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အချက်အလက် များကို သူမခံစား ရသည့်အတိုင်း ရိုးရိုးရှင်းရှင်းပင် မှတ်သားထားသည်။

***

All Chapters