အကြံအစည် ၂
Vol. 18 Ch. 256
~
" ဆရာကြီးကျစ်ထျန်း.. အဲ့လိုပြောလို့မရဘူးလေ.. "
ကျောင်းအုပ်ထူက...
" သိုင်းလမ်းစဥ်မှာ အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းပဲလေ.. ကျုပ် တက္ကသိုလ်က ကျောင်းသားတစ်ယောက်ကို ခင်ဗျားတို့ အဖွဲ့က လူတွေ မယှဥ်နိုင်တာ ကျုပ်နဲ့ ဘာဆိုင်လို့တုန်း.. "
ကျောင်းအုပ်ထူက စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည် ။ သူ့အား သေသည်အထိ ရိုက်သတ်လျှင်ပင် ဝန်ခံမည်မဟုတ်ချေ ။
ဆရာကြီးကျစ်ထျန်းက ကျောင်းအုပ်ထူးအား ငါသိပါတယ် ဟူသော အကြည့်ဖြင့်ကြည့်၍ ...
" ဒါပေါ့ ကျောင်းအုပ်ထူပြောတာ မှန်တာပဲ.. သူတို့ ဒီနေ့ပွဲမှာ ကောင်းကောင်း မစွမ်းဆောင်နိုင်ရင် သူတို့ထိုက်နဲ့ သူတို့ကံပဲ.. ထိန်းချုပ်မှုအားနည်းတာကိုပဲ အပြစ်တင်ရမယ်.. "
" ပြီးတော့.. ပြိုင်ပွဲစည်းမျဥ်းကို နည်းနည်းလောက် ပြောင်းရအောင် ..ရီကျန့် တစ်ယောက်ထဲနဲ့ ထိပ်တန်း တက္ကသိုလ်တွေ အကုန်လုံးကို အနိုင်ယူနေရတာ အဓိပ္ပါယ်မရှိတော့ဘူး.. "
" အင်း.. "
ကျောင်းအုပ်ထူ စိတ်ဝင်စားသွားပြီး...
" ဘယ်လို ပြောင်းချင်လဲ.. "
ဆရာကြီးကျစ်ထျန်းက...
" အရင်တုန်းက ၂၁ နှစ်အောက်တွေကို ရီကျန့် တစ်ယောက်ထဲနဲ့ အနိုင်ယူခဲ့တာ.. "
" အင်း ဟုတ်တယ်လေ.. "
ကျောင်းအုပ်ထူက ခေါင်းညိတ်လိုက်သည် ။ ရီကျန့်က ၂၁ နှစ်အောက်များအား တစ်ယောက်ထဲ အမှောက်သိပ်ခဲ့သဖြင့် ပြိုင်ပွဲနှင့်မတူဘဲ ရီကျန့်၏ တစ်ကိုယ်တော်ပြပွဲနှင့်ပင် တူနေချေသေးသည် ။
" ကျုပ် ဆိုလိုချင်တာက.. "
ဆရာကြီးကျစ်ထျန်းက...
" ဒီတစ်ကြိမ် အသက် ၁၈.. ၁၉..၂၀..၂၁ ဆိုပြီး ကျုပ်တို့ဘက်က ပါရမီရှင် လေးယောက်လွှတ်မယ်.. "
" နှစ်အလိုက် ပြိုင်မှာလား.."
ကျောင်းအုပ်ထူ၏ မျက်လုံးများ တောက်ပလာသည် ။ ရီကျန့် တစ်ယောက်ထဲ တက်လာမည်ဆိုလျှင် သူ ယုံကြည်မှု သိပ်မရှိသော်လည်း နှစ်အလိုက်ဆိုပါက အနိုင်ရရန် ယုံကြည်မှူရှိသည် ။
ကောင်းဟောက်ရန်ကြောင့် ရီကျန့် အနည်းငယ် အားနည်းသွားသော်လည်း ကျန်းနန် တက္ကသိုလ်ရှိ အသက် ၂၁ နှစ်အောက်များက ရီကျန့်အား အနိုင်ယူနိုင်မည်ဟု သူမထင်သေးပေ ။ ယခု အနိုင်ရရန် အခွင့်အရေး ပိုလာခဲ့ချေပြီ ။
ကျောင်းအုပ်ထူ၏ အမြင်အရ ရီကျန့်လို ပါရမီမျိုး လူတိုင်းတွင် မရှိနိုင်ပေ ။ ချယ်ရီပန်း နိုင်ငံတွင် ရီကျန့် ပေါ်လာသည်ကပင် ရှားရှားပါးပါးဖြစ်ချေမည် ။ နောက်တစ်ယောက် ဘယ်နည်းနှင့်မျှ ရှိနိုင်မည်မဟုတ် ။ ထို့ကြောင့် ယခုစည်းမျဥ်းအား သဘောတူမှ ဖြစ်ပေမည် ။
" ဆရာကြီးကျစ်ထျန်းရဲ့ အကြံက ကောင်းတယ်.. ဒါက တက္ကသိုလ်ပြိုင်ပွဲဆိုတော့ စတုတ္ထနှစ်တွေကြည့် စင်ပေါ်တင်မနေဘဲ.. အခြားနှစ်တွေကိုလဲ အရည်အချင်း ထုတ်ပြခွင့် ပေးရမှာပေါ့.. "
ကျောင်းအုပ်ထူက ရယ်လိုက်၏ ။
" အဲ့တာဆို ဒီလိုပဲ လုပ်တော့မှာ မှတ်လား.. "
ဆရာကြီးကျစ်ထျန်းက မေးလိုက်သည် ။
" သေချာတာပေါ့.."
ကျောင်းအုပ်ထူက ဆုံးဖြတ်လိုက်တော့၏ ။
ကျောင်းအုပ်ထူသည် ကိုယ်စားလှယ်အဖွဲ့တွင် ပါလာကြသူများက ပါရမီရှင်များ မဟုတ်ဘဲ တမင်ပျိုးထောင်ပေးထားသည့် အသေခံတပ်သားများဖြစ်နေမှန်းမသိ ။ အရင်းအမြစ်များ ပုံအော၍ ပျိုးထောင်ထားသည့် အမှိုက်များသာ ဖြစ်သည် ။ ချယ်ရီပန်း နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွင် ရီကျန့်လို လူများစွာ ပါလာ၏ ။ နှစ်အလိုက် တိုက်ခိုက်လျှင်ပင် ကျန်းနန်တက္ကသိုလ်အနိုင်ရနိုင်မည့် အခွင့်အရေး မရှိပေ ။
ဆရာကြီးကျစ်ထျန်းသည် အရင်ပြိုင်ပွဲများတွင် ရီကျန့် တစ်ယောက်ထဲအား တိုက်ခိုက်ခိုင်းထားသည်မှာ ရှားနိုင်ငံမှ သံသရ ဝင်မည်စိုး၍ ဖြစ်သည် ။ ပြိုင်ဘက်ကင်း ပါရမီရှင်များ အများကြီးထွက်ပေါ်လာပါက ရှားနိုင်ငံရှိ ကျွမ်းကျင်သူများက သေချာ စစ်ဆေးပေလိမ့်မည် ။ ယခု ရှားနိုင်ငံ သတိထားမိ သွားလျှင်ပင် နောက်ကျသွားလေပြီ ။
ထို့အပြင် ယနေ့ လုပ်ကြံတော့မည် ဖြစ်သဖြင့် အာရုံလွဲထားရန် လူပိုသုံးရမည် ။ လင်းမို့ဆိုသည့် ငနဲအားလည်း ရှာမတွေ့သေး ။
ဆရာကြီးကျစ်ထျန်းသည် လင်းမို့အား ရှာဖွေရန် စိတ်အာရုံ မသုံးရဲပေ ။ သူ စိတ်အာရုံ သုံးလိုက်လျှင် ကျောင်းအုပ်ထူက သံသရဝင်ပြီး သတိထားနေပေတော့မည် ။ ထို့ကြောင့် လင်းမို့ ထွက်လာစေရန် ဤနည်းအား အသုံးပြုခြင်းပင် ။ ခဲ တစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်သည်ဟုပင် ခေါ်ဆိုနိုင်ပေမည် ။
' ကျန်းနန် တက္ကသိုလ်က ပါရမီရှင်တွေ အကုန်ရှုံးပြီးရင် လင်းမို့ ထွက်မလာဘဲ မနေပါဘူး.. '
Chapter 257