Chapters

မင်းငါ့ကိုမယှဥ်နိုင်ဘူး ~

Vol. 18 Ch. 257

မင်းငါ့ကိုမယှဥ်နိုင်ဘူး ~

Vol. 18 Ch. 257

ကျောင်းအုပ်ထူက ပြိုင်ပွဲစည်းမျဥ်းများ ပြောင်းလဲသွားသည့် အကြောင်းကို ချက်ချင်း ကြေညာလိုက်၏ ။

လူတိုင်း အံ့သြသွားကြသည် ။

" နှစ်အလိုက်ပြိုင်ပွဲ ဖြစ်သွားပြီလား.."

" သောက်ခွေး.. မောက်မာလိုက်တာ ငါတို့ တက္ကသိုလ်အလှည့်မှ နှစ်အလိုက် အနိုင်ယူပြချင်တယ်ပေါ့.. "

" တခြား ထိပ်တန်းတက္ကသိုလ်တွေကြ မလုပ်ရဲဘူး.. သက်သက်မဲ့ ငါတို့ တက္ကသိုလ်ကို အထင်သေးတာ.. "

" ကိုယ့်လူတို့ အဲ့ ဂျပုတွေကို သောက်ခွက်ဖြတ်ရိုက်ပြီး အနိုင်ယူပြပါဗျို့.. "

" သူတို့က ဒီလို စိန်ခေါ်ရဲမှတော့ ယုံကြည်မှု အပြည့်ရှိလို့ပေါ့ဟ.. "

" ချီးကိုယုံ.. ရီကျန့်လို ပါရမီရှင်မျိုး ပေါ်လာတာ သူတို့နိုင်ငံရဲ့ နှစ်တစ်ထောင်လောက် ကောင်းချီးတွေ စုထားလို့ကွ.. နောက်တစ်ယောက်ရှိနိုင်မယ်ထင်လို့လား.."

" အဲ့တာဟုတ်တယ်.. "

" ရီကျန့်ကလွဲရင် ငါတို့ တက္ကသိုလ်က အနိုင်ရနိုင်တယ် .."

" ဒီပွဲပြီးရင် ငါတို့ တက္ကသိုလ်က နာမည်ပိုကြီးလာတော့မယ်ထင်တယ်.. "

ကျန်းနန်တက္ကသိုလ်၏ ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယနှစ် ကျောင်းသားများက ပျော်ရွှင်နေကြပြီး စတုတ္ထနှစ်များသာ ဝမ်းနည်းနေကြသည် ။ သူတို့၏ ပါရမီရှင်က ရီကျန့်အား အနိုင်ယူနိုင်မည် မဟုတ်ချေ ။

ဆရာများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြသည် ။

" ပထမနှစ် ဒုတိယနှစ်နဲ့ တတိယနှစ်တွေ နိုင်ရင် စတုတ္ထနှစ်တွေရှုံးတာ ပြသနာမရှိတော့ဘူး.. ငါတို့ ကျန်းနန်တက္ကသိုလ်က နောက်ဆုံး အနိုင်ရမှာပဲ.. "

ကျန်းနန် တက္ကသိုလ်သာ အနိုင်ရခဲ့ပါက ရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်အဆင့် အောက်ဆုံးနေရာတွင် ရှိနေတော့မည် မဟုတ်ပေ ။ ကျန်းနန် တက္ကသိုလ်က ပို၍ ကျော်ကြားလာပေတော့မည် ။ ရှားနိုင်ငံ၏ အဆင့် ၁ ထိပ်တန်းတက္ကသိုလ်ပင် ဖြစ်လာနိုင်သည် ။

**

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပွဲစတင်မည့်အချိန် မနက် ၉ နာရီ တိတိ ရောက်ရှိသွားသည် ။

" ဝှစ်...ဘုတ်.."

ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှ မျက်လုံးမှေးမှေး ဂျပန်ဂတုံးရုပ်နှင့် လူငယ်တစ်ယောက် စင်ပေါ်သို့ ခုန်တက်လာ၏ ။ သူ့နာမည်သူ ကြေညာလိုက်သည် ။

" ငါ.. ချယ်ရီပန်းနိုင်ငံက စန်းကျင့်ဖန်း .. အသက် ၁၈ နှစ်.. အသက်ဆယ့်ရှစ်နှစ် ဆို ကြိုက်တဲ့ကောင် စင်ပေါ်ကို တစ်ယောက်ချင်းတက်လာခဲ့.. "

စန်းကျင့်ဖန်းက ကျန်းနန်တက္ကသိုလ်၏ ပထမနှစ်အားလုံးကို စိန်ခေါ်လိုက်၏ ။

ဒေါသထွက်ကုန်သော ကျောင်းသားများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည် ။

" တစ်ယောက်ပြီးတစ်ယောက် တက်လာရမှာလား.."

" ယီးပဲ.. အဲ့ကောင်က မောက်မာလိုက်တာ.. ငါတို့အကုန်လုံးကို တစ်ယောက်ထဲနဲ့ နိုင်မယ်ထင်တယ်ပေါ့.. "

" အဲ့ကောင် သောက်ခွက် ဖြတ်ရိုက်ပစ်.. "

" ဘယ်သူ အရင်တက်မလဲ.. "

ကျောင်းသားများအားလုံး ပထမနှစ်၏ လက်ရွေးစင်အတန်းကို ကြည့်လိုက်ကြသည် ။

ပထမနှစ်ထဲတွင် လင်းမို့က အသန်မာဆုံးဖြစ်ပြီး စတုတ္ထနှစ်များနှင့်ပင် ယှဥ်၍ တိုက်ခိုက်နိုင်သည် ။

ကျောင်းသားအားလုံး လင်းမို့ စင်ပေါ်သို့ တက်လာမည့်အချိန်ကို စောင့်နေကြသော်လည်း လင်းမို့ဆိုသည့်ငနဲ၏ အရိပ်အယောင်ပင် မမြင်ရ ။

" လင်းမို့ ဘယ်မှာလဲ.. "

" အဲ့ကောင် မြေဆွဲအားခန်းထဲက မထွက်လာသေးဘူးတဲ့.. "

" ဒီလောက် အရေးကြီးတဲ့ တိုက်ပွဲရှိတာ​တောင် လေ့ကျင့်နေတုန်းလားဟ.. "

" ကြိုးစားခြင်းနတ်ဘုရားဆိုမှတော့ ဒီလိုပဲပေါ့ကွ.. "

" အဲ့တာကြောင့်လဲ အဲ့ နာမည်ရထားတာပဲလေ.. "

" အဲ့တာဆို လင်းမို့ မရှိရင် ဘယ်သူ တိုက်မှာလဲ.. "

မကြာမီပင် အားလုံး၏ အကြည့်က ယဲ့ရီအပေါ်သို့ ရောက်ရှိသွားသည် ။

ယဲ့ရီသည် ယခုနှစ်စာမေးပွဲတွင် တတိယအဆင့်သာ ရရှိခဲ့သော်လည်း အများအမြင်တွင် ယန်ယီမိုထက် သန်မာသူဖြစ်သည် ။

လင်းမို့မရှိလျှင် ပထမနှစ်၏ အသန်မာဆုံးသူက ယဲ့ရီပင် ။ ဆရာဝေ့နှင့် ​ကျောင်းအုပ်ထူတို့ပင် ယဲ့ရီအား ကြည့်နေကြသည် ။

အားလုံး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသဖြင့် ယဲ့ရီ၏ တိုက်ပွဲဝင်လိုစိတ်က မီးတောင်တလုံးလို ပေါက်ကွဲထွက်လာ၏ ။

Chapter 258

~