နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့
Vol. 18 Ch. 258
~
ယဲ့ရီသည် လင်းမို့နှင့် Black Earth ပေါ်မလာမီက ရှားနိုင်ငံ၏ နံပါတ်၁ ပါရမီရှင် ဖြစ်ခဲ့၏ ။ လင်းမို့နှင့် Black Earth ၏ လွှမ်းမိုးမှုကြောင့်သာ သူ၏ နာမည် တိမ်မြုပ်နေရခြင်းဖြစ်သည် ။
သူ ကျန်းနန် တက္ကသိုလ် ရောက်စဥ်ကတည်းက အရင်ကထက် ပိုကြိုးစားခဲ့ပြီး သူ၏ ပါရမီကို ထုတ်ပြနိုင်မည့် အခွင့်အရေး စောင့်နေခဲ့၏ ။
ထို့အပြင် ကိုယ်စားလှယ်အဖွဲ့မှ ပါရမီရှင်များ၏ မျက်နှာထက်တွင် ပင်ပန်းနွယ်နယ်မှုကို အတိုင်းသားမြင်နေရသည် ။ ဤသည်က သူ့အတွက် သေချာသော နိုင်ပွဲပင် ။ သူပြန်လည် တောက်ပရမည့်အချိန်သို့ ရောက်ခဲ့လေပြီ ။
ယဲ့ရီက စင်ပေါ်သို့ ခုန်တက်လိုက်သည် ။
" ငါ ယဲ့ရီ.. အသက် ၁၈ နှစ်.. "
ယဲ့ရီ က စန်းကျင့်ဖန်းအား စူးစူးရှရှ ကြည့်နေ၏ ။
" အိုး.."
စန်းကျင့်ဖန်းက ယဲ့ရီအကြောင်းကြားဖူးသော်လည်း မထီမဲ့မြင်အပြုံး ပြုံးလိုက်သည် ။
ကျောင်းအုပ်ထူနှင့် စင်အောက်တွင် အတူရပ်နေသော ဆရာကြီး ကျစ်ထျန်း၏ မျက်လုံးအတွင်းထဲတွင် လှောက်ရယ်လိုဟန်ကို ဖုံးကွယ်ထား၏ ။
' ယဲ့ရီက ထိပ်တန်းပါရမီရှင်ပဲ.. ငါတို့နိုင်ငံမှာ မင်ကျင့်ကလွဲရင် သူ့လောက်ပါရမီရှိတဲ့သူမျိုး မပေါ်ဖူးသေးဘူး.. "
ဆရာကြီယကျစ်ထျန်းက တွေးလိုက်သည် ။
' သနားစရာလေး.. ဘယ်လောက်ပါရမီရှိရှိ စန်းကျင့်ဖန်းကို ယှဥ်နိုင်မှာ မဟုတ်ဘူး.. စန်းကျင့်ဖန်းက နေအလင်းအဆင့်ကို မရောက်နိုင်တော့ပင်မယ့် ဒီပွဲကို လွယ်လွယ်အနိုင်ယူနိုင်တယ် .. ဟူး အသေခံတပ်သားတစ်ယောက်ကို ပျိုးထောင်ရတာ ကုန်ကျစားရိတ် များလို့သာပေါ့.. မဟုတ်ရင် နှစ်တိုင်း လာအနိုင်ကျင့်လို့ရတယ်.. "
ဆရာကြီးကျစ်ထျန်းက တွေးရင် ကျောင်းအုပ်ထူဘက်ကို လှည့်၍ မေးလိုက်သည် ။
" ကျောင်းအုပ်ထူ.. စန်းကျင့်ဖန်းရဲ့ အသက်ကို စမ်းသပ်ချင်သေးလား.. "
ပါရမီရှင်များအကြား အသက်ကွာခြားမှုရှိလျှင် ခွန်အားကွာခြားမည်ဖြစ်သည် ။ ထို့ကြောင့် စမ်းသပ်ချင်သလောဟု မေးလိုက်ခြင်းပင် ။
" ရပါတယ်.. ကျုပ်ခင်ဗျားတို့ကို ယုံတယ်.. "
ကျောင်းအုပ်ထူက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏ ။ ဤသည်က ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပါရမီရှင်များကို သူတိတ်တဆိတ် အကဲခပ်ပြီး၍ ဖြစ်သည် ။ စန်းကျင့်ဖန်း အသက် ၁၈ နှစ်သာ ရှိသေးကြောင်း သေချာပေသည် ။
သူ သေချာအကဲခပ်ပြီးကြောင်းကိုတော့ ထုတ်ပြောမည်မဟုတ် ။ တဘက်လူအား ချီးမြှောက်စကား ပြောလိုက်သည်က ပိုကောင်းပေသည် ။
ကျောင်းအုပ်ထူ၏ စကားကိုကြားလျှင် ဆရာကြီးကျစ်ထျန်းက စိတ်ထဲမှ ခိုးရယ်လိုက်မိ၏ ။ လုပ်ကြံသတ်ဖြတ်ရန် လာသူများကို ယုံကြည်နေသည်လော ။ ကျောင်းအုပ်ထူ၏ အကဲခပ်အကြည့်များကို သူ သတိထားမိပေသည် ။
" ကျောင်းအုပ်ထူ ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်.. "
ဆရာကြီးကျစ်ထျန်းက...
" ခုပြိုင်ပွဲက နိုင်ငံနှစ်ခု ပိုပြီး ရင်းနှီးစေဖို့ ကျင်းပတာပဲလေ.. ကျုပ်တို့နိုင်ငံက မသမာတဲ့ ကိစ္စမျိုး ဘယ်လုပ်မလဲ.. "
' ငါတို့က အသက်လိမ်ပြီး မတိုက်ခိုင်းပါဘူး.. စန်းကျင့်ဖန်းက ပါရမီရှင် မဟုတ်တာလေး တစ်ခုပဲ.. '
ဆရာကြီးကျစ်ထျန်က စင်ပေါ်ရှိ စန်းကျင့်ဖန်းအား အစွမ်းကုန် အားထုတ်ရန် တိတ်တဆိတ်အချက်ပြလိုက်သည် ။ စန်းကျင့်ဖန်းအား ယှဥ်နှိုင်သူ မရှိမှ လင်းမို့ ထွက်လာမည်ဖြစ်သည် ။ ထိုအခါမှ အလွယ်တကူ လုပ်ကြံနိုင်ပေမည် ။
စန်းကျင့်ဖန်းက ဆရာကြီးကျစ်ထျန်းအား နားလည်သည်ဟူသော အကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီး ...
" ယဲ့ရီ ဆိုတာ မင်းကို.. "
သူက ယဲ့ရီအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည် ။
" မင်းနာမည်ကို ငါကြားဖူးတယ်.. "
" အိုး.."
ယဲ့ရီ အနည်းငယ် အံ့သြသွားသော်လည်း ဤသည်က ပုံမှန်သာ ဖြစ်ကြောင်းသိလိုက်သည် ။ ချယ်ရီပန်းနိုင်ငံနှင့် ရှားနိုင်ငံမှာ ပြိုက်ဘက်များသာဖြစ်၍ သူ့အကြောင်းကို စုံစမ်းထားကြပေမည် ။
" မင်းငါ့ကို သိလိမ့်မယ် ထင်မထားဘူး.. "
ယဲ့ရီက ပြုံးပြီး ပြောလိုက်သည် ။ သူ့စကားက နှိမ့်ချဟန် ပေါက်နေသော်လည်း မောက်မာသည့် စကားဖြစ်၏ ။ ဆိုလိုရင်းမှာ မင်းငါ့နာမည်ကို ကြားဖူးရင် ဘာလို့ အရှုံးမပေးလဲ ဟုပင် ။
' မတိုက်ရပဲ အနိုင်ရရင် ငါ့နာမည်က ပိုကြီးသွားမှာ.. '
ယဲ့ရီ တွေးသည် ။ အတန်းထဲမှ ဟက်စကီးဖြစ်သော ကောင်းဟောက်ရန်က နေ့တိုင်း အတန်းထဲတွင် လျောက်ကြွားနေသည်ကို မြင်နေရ၍ မနာလိုဖြစ်မိသည် ။ သူလည်း ကြွားချင်သည် ။ ဝင့်ကြွားရသည့် ခံစားချက်ကို သူလည်း ခံစားဖူးချင်သည် ။
ယဲ့ရီက စန်းကျင့်ဖန်းအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏ ။ အရှုံးပေးတော့မည်လော ။
သို့သော်လည်း သူသာ အံ့သြသွားရသည် ။ စန်းကျင့်ဖန်းက သူ့ထက်ပင် မောက်မာနေသေး၏ ။
" အင်း.. ငါမင်းနာမည်ကိုသိသလို မင်းရဲ့ ခွန်အားကိုလည်းသိတယ်.. "
စန်းကျင့်ဖန်းက ခပ်ဖြော့ဖြော့ ပြုံးလိုက်ပြီး...
" မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မမီဘူး.. အရှုံးပေးပြီး စင်ပေါ်က ဆင်းသွားလိုက်တော့.. "
" ဘာ.. "
ယဲ့ရီ ဆွံ့အ သွားသည် ။ ရှုံးနိမ့်မှုကို ဝန်ခံရမည့်အစား သူ့ကိုပင် အရှုံးပေးခိုင်းနေ၏ ။ သူမည်သို့ သည်းခံနိုင်ပါမည်နည်း ။
" မင်းကို ကြည့်ရတာ မင်းတို့နိုင်ငံမှာ ပါရမီရှင် အစစ်အမှန်ကို မကြုံဖူးဘူးထင်တယ်.. "
ယဲ့ရီက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး၏ လေသံဖြင့်...
" ပါရမီရှင် အစစ်အမှန်တစ်ယောက်က ဘယ်လိုလဲဆိုတာ မင်းသိအောင် သင်ခန်းစာပေးရသေးတာပေါ့.. "
စကားပြောနေရင်း ယဲ့ရီက လက်နှစ်ဖက်ကို နောက်ပစ်၍ ဆရာကြီး စတိုင်ဖြင့် ...
" မင်း အရင်စလိုက်.. "
" ငါ အရင်စပြီး တိုက်ခိုက်ရမှာ သေချာပြီလား.. "
စန်းကျင့်ဖန်းက ပြုံးလိုက်သည် ။
" မင်းက ဧည့်သည်ပဲ.. အိမ်ရှင် တစ်ယောက်အနေနဲ့ ဧည့်သည်ကို ဦးစားပေးရမှာပေါ့.. "
ယဲ့ရီက မောက်မာစွာဖြင့် ...
" ငါအရင်စတိုက်လိုက်ရင် မင်းပြန်တိုက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး.. "
' ဟမ့်.. ငါ့ရှေ့မှာ လာပြီးမောက်မာပြရဲတယ်လား..'
' တစ်ကွက်နှစ်ကွက် အကျောပေးပြီးမှ အနိုင်ယူ ပြလိုက်ယ်.. အဲ့တာဆို ငါ့ခွန်အားကို ပိုပြီး အထင်ကြီး သွားကြမှာ.. '
ယဲ့ရီ တွေးလိုက်သည် ။
Chapter 259
~