Chapters

နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့ ၂ ~

Vol. 18 Ch. 259

နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့ ၂ ~

Vol. 18 Ch. 259

" ဘွမ်း.. "

ယဲ့ရီက မည်သို့ ထုတ်ဖော်ပြသရမည်ကို တွေးနေစဥ် ပြင်းထန်သော လေပြင်းများ က သူ့မျက်နှာအား ဖြတ်သန်းသွားသည် ။

သူ၏ မျက်လုံးထဲတွင် စန်းကျင့်ဖန်း နီးကပ်လာနေသည်ကို မြင်လိုက်ရ၏ ။

" သောက်ခွေး.. မြန်လိုက်တာ.. "

ယဲ့ရီ ထိတ်လန့်သွား၏ ။ ဤခံစားချက်ကို လင်းမို့နှင့် တိုက်ခိုက်ခဲ့ဖူးသော ချီဖုန့်ပို နှင့် ဖုန်ကျစ်ဝေတို့သာ နားလည်နိုင်သည် ။ လျင်မြန်လွန်းသဖြင့် မည်သို့ ခုခံရမည်ကို မသိ​တော့ ။

ယဲ့ရီက ခုခံရန် ကြိုးစားလိုက်သော်လည်း အလွန်နှေးကွေးနေသည်ဟု ခံစားမိလိုက်သည် ။ စန်းကျင့်ဖန်း၏ လက်သီးကို မြင်နေရသော်လည်း သူ၏ လက်များက ခုခံရန် နှေးကွေးနေ၏ ။ သူ့ ဝမ်းဗိုက်ဆီသို့ ဝင်လာနေသော လက်သီးကိုသာ ကူကယ်ရာမဲ့ ကြည့်နေလိုက်ရသည် ။

" ဘုန်း ..."

ယဲ့ရီ လေပေါ်သို့ လွှင့်ထွက်သွားသည် ။ မီတာ ရာဂဏန်းအကွာအဝေးအထိ ပျံသန်းသွား၏ ။

လေပေါ်ပျံတက်သွားသော ယဲ့ရီကို ကြည့်၍ လူတိုင်း ထိတ်လန့်သွားကြသည် ။

ယဲ့ရီ ... ရှားနိုင်ငံ၏ အဆင့် ၃.. ရှားရှားပါးပါး ပါရမီရှင်က ဤသို့ လွှင့်ထွက် သွားပါသည်လော ။

" ချီး.. ချယ်ရီပန်းနိုင်ငံရဲ့ ပါရမီရှင်တွေက ကြောက်စရာကောင်းလိုက်တာ.. "

" ရီကျန့် တစ်ယောက်နဲ့ကို လွန်နေပြီ ခု နောက်တစ်ယောက် ပေါ်လာပြန်ပြီလား.."

" နိုင်ငံသေးသေးလေးမှာ ဘာလို့ ပါရမီရှင်တွေ ဒီလောက်ပေါနေတာလဲဟ.. "

" ငါတို့နိုင်ငံမှာ လင်းမို့နဲ့ Black Earth ရှိလို့ တော်သေးတာပေါ့.. "

" လင်းမို့ ဘယ်ရောက်နေလဲဟ.. "

" စင်ပေါ်က ကောင်ကို သောက်ခွက် ဖြတ်ရိုက်ခိုင်းရမယ်.. "

" လင်းမို့ ဒီမှာ မရှိဘူးလား.. "

" မတွေ့ဘူး ..ဘယ်သွားနေလဲ မသိဘူး.. "

" နတ်ဘုရားမို့က ဘယ်သွားရမှာလဲဟ.. ဒီချိန်ဆို မြေဆွဲအားခန်း ထဲမှာပေါ့.. "

လင်းမို့ ကျန်နေသေး၍ မည်သူမှ အားမငယ်ကြချေ ။ စန်းကျင့်ဖန်း မည်မျှပင် သန်မာစေကာမူ လင်းမို့အား ယှဥ်၍ရမည်မဟုတ် ။ လင်းမို့ ဆိုသည်က တတိယနှစ်၏ ပါရမီရှင်ကိုပင် လေပေါ် ပျံသန်းခိုင်းခဲ့သူဖြစ်သည် ။

စင်ပေါ်ရှိ စန်းကျင့်ဖန်း၏ အသံက ပို၍ မောက်မာလာ၏ ။

" မင်းတို့ တက္ကသိုလ်ရဲ့ ထိပ်တန်းပါရမီရှင်က ဒီလောက်ပဲလား.. "

စန်းကျင့်ဖန်းက...

" ဒါပဲဆို မြန်မြန် အရှုံးပေးလိုက်ကြတော့.. ငါ ဒုတိယနှစ်တွေကို ဆက်ပြီး စိန်ခေါ်လိုက်တော့မယ်.. "

" ငိုးမတား.. တစ်ပွဲလေး နိုင်တာနဲ့ သောက်ကြီးသောက်ကျယ်နဲ့.. "

" ဟမ့် ငါ့အကိုမို့လာရင် မင်းတစ်ချက်တောင် ခံမှာမဟုတ်ဘူး.. "

ဟောက်ရန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။

' ငလူးမသား.. မနေ့ည ဓားကြီးပြိုင်တုန်းက ဒီသောက်ခွက်မဟုတ်ဘူး ခုမှ မောက်မာနေလိုက်တာ.. '

ဟောက်ရန် တွေးသည် ။

" ငါတို့ လင်းမို့ လာမှ ဆင်းမပြေးနဲ့.. "

" ထမင်းသာကုန်အောင်စားကွ စကားကုန်အောင်မပြောရဘူး.. "

" ဟဟ.."

စန်းကျင့်ဖန်းက အထင်သေးဟန်ဖြင့် ရယ်လိုက်ပြီး...

" အဲ့တာဆို မင်းတို့အကိုမို့ ဆိုတဲ့ကောင်က ဘယ်မှာလဲ.. ကြောက်လို့ ပုန်းနေတာလား.. စင်ပေါ်တက်မလာရဲဘဲနဲ့ အာချောင်နေကြတာ.. "

" အကိုမို့က ကြောက်စရာလားကွ.."

ဟောက်ရန်က ဒေါသထွက်သွားပြီး လင်းမို့အား သွားခေါ်ရန် ထရပ်လိုက်သည် ။

ထိုအခိုက် သွယ်လျသော ပုံရိပ်တစ်ခုက စင်ပေါ်သို့ ခုန်တက်သွား၏ ။

ဟောက်ရန် မော့ကြည့်လိုက်ရာ ယန်ယီမို ဖြစ်နေသည် ။

' သူက စင်ပေါ်တက်သွားတာလား.. ယဲ့ရီ စူပါမန်း ဖြစ်သွားတာတောင် သူက တက်ရဲသေးတယ်လား.. '

အခြေအနေကို ဆက်လက် စောင့်ကြည့်ရန် သူဆုံးဖြတ်လိုက်၏ ။ ယီမိုသာ အနိုင်ရပါက လင်းမို့အား နှောက်ယှက်စရာ မလိုတော့ပေ ။

တခြားသူများလည်း အံ့သြသွားကြသည် ။

" ယန်ယီမိုရဲ့ စာမေးပွဲအမှတ်က ယဲ့ရီထက် မြင့်ပင်မယ့် သူက ပိုအားနည်းတယ်ဆို.. "

" အင်း .. ဒါပင်မယ့် ယန်ယီမိုက စိတ်ထိန်းချုပ်သူလေ.. အနိုင်ရချင်ရမှာ ပြောမရဘူး.. "

" ခဏနေ သိလိမ့်မယ်.. "

အားပေးနေကြသူများက ယန်ယီမိုအား သိပ်မမျှော်လင့်ကြ ။ သူမ သာ အနိုင်ရခဲ့ပါက အလွန်အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်လာပေမည် ။

Chapter 260

~