နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့ ၃
Vol. 18 Ch. 260
~
" နင်က.."
စန်းကျင့်ဖန်းက အံ့သြဟန်ဖြင့်ကြည့်၍...
" ငါ နင့်အကြောင်းကြားဖူးတယ်.. ဒီနှစ်ရဲ့ တစ်ယောက်ထဲသော စိတ်ထိန်းချုပ်သူ မှတ်လား.. "
" ကျေးဇူးပြုပြီး စတိုက်ပါ.. "
ယီမိုက ပြန်မဖြေဘဲ တိုက်ပွဲစတင်ရန်သာ ပြောလိုက်၏ ။
စန်းကျင့်ဖန်းက ခေါင်းခါလိုက်ပြီး...
" နင်က ယဲ့ရီလောက်တောင် မသန်မာဘူး.. ကိုယ့်ကိုကိုယ် အရှက်ခွဲချင်မနေနဲ့.. မိန်းကလေးတစ်ယောက်ကို ရိုက်ရတာ အားနာစရာကြီး.. ကိုယ့်ဘာသာ ပြန်ဆင်းသွားလိုက်စမ်းပါ.. "
" မကြိုးစားဘဲ ဘယ်လိုလုပ် ပြောနိုင်မှာလဲ.. "
ယီမိုက ရယ်လိုက်သည် ။
" နင်က သတ္တိတော့ မခေဘူးပဲ.."
စန်းကျင့်ဖန်းလည်း ရယ်လိုက်ပြီး ယီမိုထံသို့ ပြေးဝင်လာသည် ။
" ဝှစ်.."
သူ ယီမိုအား လက်သီးဖြင့် ထိုးလိုက်သော်လည်း သူမ ပုံရိပ်က ပျောက်ကွယ်သွားသည် ။ ထိုနေရာတွင် ဘာမှ မရှိ ။
' အမ်.. ဘာလဲဟ.. ပုံရိပ်ယောင်လား..'
စန်းကျင့်ဖန်း ရုတ်တရက် ဟန်ချက်ပျက်သွား၏ ။ လူအစစ်မှတ်၍ အားသုံးမိလိုက်သည် ။ သူ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ပေသည် ။
ထိုအခိုက် သူ၏ နောက်ကျောဘက်မှ လေတိုးသံကို ကြားလိုက်ရသည် ။
ပုံရိပ်ယောင်စွမ်းရည် သုံးထားသော ယန်ယီမိုက အနောက်မှ အလစ်ဝင်တိုက်ခြင်းပင် ။ ဟန်ချက်ပျက်သွားချိန်ကို အကောင်းဆုံး အသုံးချတက်ပေသည် ။
' ညဏ်ကောင်းသားပဲ.. ဟီးဟီး.. ကံမကောင်းတာက ငါတို့နှစ်ယောက်က အဆင့်တူတွေ မဟုတ်ဘူး.. '
စန်းကျင့်ဖန်းက ဟန်ချက်ပျက်သွားသည့်အတိုင်း အလိုက်သင့် လှဲချ၍ ကိုယ်ကို လှည့်လိုက်ပြီး ယန်ယီမိုကို စင်ပေါ်မှာ ကန်ထုတ်လိုက်သည် ။
" ဖုန်း..."
ယန်ယီမိုက စင်ပေါ်မှ ကန်ချခံလိုက်ရသော်လည်း မြေပေါ်သို့ လဲကျမသွားဘဲ ယိုင်တိယိုင်တိုင် ရပ်လိုက်နိုင်သည် ။ သူမ၏ အခြေအနေက မီတာရာဂဏန်း ပျံသန်းသွားသော ယဲ့ရီထက် များစွာပိုကောင်း၏ ။
တိုက်ပွဲက လျင်မြန်စွာ ပြီးဆုံးသွားသော်လည်း ကွင်းတစ်ခုလုံး အာမေဍိတ်သံများ ညံစီသွားသည် ။
ယန်ယီမို ပုံရိပ်ယောင် စွမ်းရည် သုံးလိုက်သည်နှင့် လူအချို့က သတိပြုမိလိုက်သည် ။
" စန်ကျင့်ဖန်း ယန်ယီမိုရဲ့ ပုံရိပ်ယောင်ထဲ ကျသွားပြီ.. "
" ကြည့်ကြည့်.. ဟန်ချက်ပျက်သွားပြီ..ယန်ယီမို နိုင်တော့မှာလား.. "
" ဟာ.. ယန်ယီမိုက စန်းကျင့်ဖန်းထက် အတွေ့အကြုံနိမ့်လို့သာပေါ့.. "
" သူ ရှုံးသွားပြီ နှမျောစရာပဲ.. "
" ဘာပဲဖြစ်ဖြစ် ယဲ့ရီထက် အများကြီးသာနေပြီ .."
" ဟုတ်တယ်နော်.. ယန်ယီမိုက ယဲ့ရီထက် သန်မာတာပဲ.. သူတို့နှစ်ယောက်သာ တိုက်ခိုက်ရင် ယန်ယီမို နိုင်လောက်တယ်.. "
ထိုစဥ် စင်ပေါ်မှ စန်းကျင့်ဖန်းက...
" ဒီလောက်ပဲလား ပျင်းစရာကောင်းလိုက်တာ.. ပထမနှစ်က တက်လာရဲတယ့်သူမရှိရင် ဒုတိယနှစ်ကို စိန်ခေါ်တော့မယ်နော်.."
ပထမနှစ်များအား လက်ညိုးဖြင့်ထိုး၍ လှောင်ပြောင်လိုက်ခြင်းပင် ။ လင်းမို့သာ ကြားပါက ချက်ချင်း ပေါ်လာစေရန်ဖြစ်သည် ။ လင်းမို့ပေါ်လာလျှင် ဆရာကြီးတာဝန်ပေးထားသော တွင်းထဲမှ မြွေကို ဆွဲထုတ်ခြင်း တာဝန် ပြီးဆုံးသွားမည်ဖြစ်သည် ။
ကျန်းနန်တက္ကသိုလ်မှ ကျွမ်းကျင်သူများက အခုတထိ သတိမထားမိကြသေးပေ ။
" ဟေ့ကောင် စန်းကျင့်ဖုန်း မင်းသောက်ရမ်းမောက်မာမနေနဲ့.. "
ဟောက်ရန်သည် မနေ့ညက ခင်မင်ရင်းနှီးခဲ့မှုကို ဘေးဖယ်၍ ဆဲတော့သည် ။
" ဟမ့် ငါမနေ့တုန်းက မင်းကို ပြောဖူးသားပဲ.. ငါ့အကိုမို့ဘယ်လောက်စွမ်းလဲဆိုတာ.. သူထွက်လာရင် မင်းတော့သေပြီ.. "
" လာလာ လင်းမို့ကို သွားခေါ်ကြမယ်.. "
" ဟုတ်တယ်.. ငါလည်းလိုက်ခဲ့မယ်.. "
" အတူတူသွားမယ်.. အတူတူသွားမယ်.. "
" လင်းမို့က လေ့ကျင့်နေပင်မယ့် ကျောင်းအတွက်ဆို ထွက်လာလောက်တယ်.. "
" ဒီသောက်ခွေးကို ရိုက်ဖို့ အချိန်တစ်မိနစ်တောင် ကြာမှာမဟုတ်ဘူး.. ပြီးမှ ပြန်လေ့ကျင့်လို့ရတယ်.. "
" ဒီကောင်ကို ငါတို့နတ်ဘုရားမို့ ရဲ့ ပျံသန်းခြင်းလက်သီးသိုင်း ကျွေးခိုင်းရမယ်.. "
" သွားမယ်.. သွားမယ်.. မြန်မြန်သွားမယ်.. "
ကျောင်းသားတစ်ရာကျော်က လင်းမို့အား ဖိတ်ခေါ်ရန် ပြေးကြတော့သည် ။ ထိုထဲတွင် လက်ရွေးစဥ်အတန်းမှ တစ်ဒါဇင်ကျော်ပါ၏ ။ ပထမနှစ်များဖြစ်သဖြင့် ခံစားရဆုံးမှာ သူတို့သာဖြစ်သည် ။ မည်သည့်ပါရမီရှင်က ခေါင်းတက်နင်းသည်ကို ခံနိုင်ပါမည်နည်း ။
သို့သော်လည်း အားလုံးထက် ပိုစောနေသူ တစ်ယောက်ရှိပေသည် ။ ထိုသူက ယဲ့ရီပင် ။ သူပျံသန်းသွားသည်က မြေဆွဲအားခန်း ဧရိယာ ဖြစ်သဖြင့် ပြန်ထလာနိုင်သည်နှင့် နာကျင်နေသော ခန္ဓာကိုယ်ကို ဆွဲ၍ မြေဆွဲအားခန်း မန်နေဂျာထံ လင်းမို့ ဝင်လေ့ကျင့်နေသော အခန်းနံပါတ်အား မေးထားပြီးဖြစ်သည် ။
ထိုအခိုက် ဟောက်ရန်တို့ အုပ်စု ရောက်လာသဖြင့် ယဲ့ရီက...
" လင်းမို့က အခန်းနံပါတ် ၈၇ မှာ.. "
လူတစ်ရာကျော်က ချက်ချင်း အခန်းနံပါတ် ၈၇ သို့ပြေး၍ အခန်းသတ္တုတံခါးကို ဝိုင်းကန်ကြတော့သည် ။
မြေဆွဲအားခန်းက လှုံခြုံရေး ကောင်းမွန်ပြီး အသံလုံသော်လည်း လူတစ်ရာကျော် ဝိုင်းကန်ခံနေရသဖြင့် အတွင်းမှ အသံသဲ့သဲ့ ကြားနေရသည် ။
" ဘာလဲ.. ဘာလဲ.. "
အိပ်စက်နေသူ လင်းမို့ လန့်နိုးလာ၏ ။ မည်သူ တံခါးခေါက်နေပါသနည်း ။ သူ ထ၍ ဖွင့်ကြည့်လိုက်သည် ။
" အကိုမို့......."
လင်းမို့ အပြင်သို့ ထွက်လာသည်နှင့် ဆီးအော်လိုက်သော ဟောက်ရန်ကြောင့် လန့်ဖြန့်သွား၏ ။ အခြားကျောင်းသားများကလည်း ဝိုင်းအော်ကြသည် ။
" နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့.. "
" နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့ .."
" နတ်ဘုရားမို့ ထွက်လာခဲ့ပါတော့.. "
လင်းမို့... "......"
" အကိုမို့ ဟိုကိုယ်စားလှယ်အဖွဲ့ထဲမှာပါလာတဲ့ အသက် ၁၈နှစ် ပါရမီရှင်က ယဲ့ရီနဲ့ ယီမိုကို အနိုင်ယူလိုက်တယ်.. မင်းမထွက်လာရင် ကျန်းနန်တက္ကသိုလ်က အရှက်ကွဲတော့မှာ.."
ဟောက်ရန်က ကမန်းကတမ်းပြောလိုက်သည် ။
" အဲလို ဖြစ်နေပြီလား.. "
လင်းမို့လည်း အနည်းငယ်စပ်စုချင်သွားပြီး...
" ချယ်ရီပန်းနိုင်ငံက ပါရမီရှင်တွေ ဘယ်လိုစွမ်းရည်ရှိလဲ ကြည့်ရသေးတာပေါ့.. "
" နတ်ဘုရားမို့ရဲ့ ပါရမီကို ထုတ်ပြလိုက်ပါ.. "
" အဲ့ကောင် သောက်ခွက်ကို ရိုက်ပစ်.."
" သူ့ကိုယ်သူ အမှိုက်ဆိုတာ သိအောင် လုပ်ပစ်ပါ.. "
လင်းမို့က အုပ်စုအား ဦးဆောင်၍ ပြိုင်ကွင်းဆီ ထွက်လာခဲ့သော်လည်း သေမင်းက စောင့်ကြိုနေသည်ကိုတော့ မသိ ။
Chapter 261
~