လုပ်ကြံရန် အခွင့်အလမ်း ~
Vol. 18 Ch. 261
" လင်းမို့.."
စန်းကျင့်ဖန်း အံကြိတ်လိုက်၏ ။ သူသည် လင်းမို့၏ ပြိုက်ဘက်မဖြစ်နိုင်မှန်း သိသော်လည်း အစော်ကားခံရသည်ကိုတော့ သည်းမခံနိုင် ။ သူ့အား ဤမျှ နှိမ့်ချ ကြည့်နေသည်လော ။
" လင်းမို့ မင်းလွန်သွားပြီ.. "
သူဒေါသထွက်နေသော်လည်း လင်းမို့က ယုံကြည်မှုရှိ၍ ပြောခြင်းဖြစ်ကြောင်း သိပေသည် ။ ဤအခြေအနေဖြင့် သူရှုံံးလျှင် ပို၍ အရှက်ကွဲပေမည် ။
ထို့ကြောင့် လင်းမို့က ဘာမှ ပြန်မလုပ်ဘဲ ငြိမ်ခံနေမည်ဟု ပြောသော်လည်း သူတိုက်ခိုက်ရန် ချိတုံချတုံ ဖြစ်နေခြင်းပင် ။
သူက ဆရာကြီးကျစ်ထျန်းအား တစ်ချက် ခိုးကြည့်လိုက်သော်လည်း ဆရာကြီးကျစ်ထျန်းက လှုပ်ရှားမည့်ဟန် မရှိသေး ။
ဆရာကြီးကျစ်ထျန်းသည် လင်းမို့အား မြင်နေရပြီဖြစ်သော်လည်း လက်လွတ်စပယ် မလှုပ်ရှားရဲချေ ။ ကျောင်းအုပ်ထူ သတိလွတ်မည့်အချိန်ကို စောင့်နေ၏ ။ သူ့တွင် အခွင့်အရေးတစ်ခုသာ ရှိပေသည် ။ သားကောင်လွတ်မသွားစေရန် သူစိတ်ရှည်ရှည်ဖြင့် စောင့်ရမည် ။
စန်းကျင့်ဖန်းက ခေတ္တ စောင့်ကြည့်နေသော်လည်း ဆရာကြီးကျစ်ထျန်းက အေးဆေးထိုင်နေသည်ကိုမြင်လျှင် သူလှုပ်ရှားရတော့မည်ကို သိလိုက်၏ ။
စန်းကျင့်ဖန်း၏ မျက်လုံးများက စူးရှလာပြီး ဆုံဖြတ်ချက်ပြတ်သားစွာ ချလိုက်သည် ။
' ငါတိုက်ခိုက်တာကို ဘာမှမခုခံဘဲ ရပ်နေမယ်ဆိုတာ မယုံဘူးကွ.. မင်းငါ့ထက် ဘယ်လောက်သန်မာနိုင်မှာ မို့လဲ.. '
စန်းကျင့်ဖန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လင်းမို့ထံသို့ ပြေးဝင်သွားသည် ။
သူ၏ ခွန်အား အကုန်လုံးကို လက်သီးတွင် စုစည်း၏ လင်းမို့၏ ဝမ်းဗိုက်သို့ ပြေးထိုးလိုက်သည် ။
လက်သီးချက် ထိခံနီးတွင် လင်းမို့၏ ဝမ်းဗိုက်က အနည်းငယ် တောင့်တင်းသွားသည် ။
" ဘုတ်.."
စန်းကျင့်ဖန်းသည် သူ၏ လက်သီးချက် လင်းမို့ကို ထိသော်လည်း သားရေဘောလုံးကို ထိုးလိုက်ရသလို ခံစားမိပြီး တန်ပြန်ကန်အားကြောင့် လွှင့်ထွက်သွားသည် ။
သူပြေးလာသည့် အရှန်ထက်ပင် ပိုမိုလျင်မြန်စွာ လွင့်ထွက်သွားပြီး စင်ပေါ်မှ ပြုတ်ကျသွား၏ ။
" ငါ..ဖူးးးး..."
စန်းကျင့်ဖန်း သွေးအန်သွားသည် ။ ဒဏ်ရာရ၍ မဟုတ်ဘဲ ရှက်လွန်း၍ပင် ။ ဂြိုလ်ပြာ၏ သမိုင်းတစ်လျောက် ဤသို့ ရှုံးနိမ့်ဖူးသူ ရှိပါ၏လော ။
ကြည့်ရှုနေကြသူများလည်း အံ့သြကုန်ကြ၏ ။
" ဟာ..မိုက်လိုက်တာ.. "
" စန်းကျင့်ဖန်းအစား ရှက်လိုက်တာ.. သူ့နေရာသာ ငါသာဆို ရေမရှိတဲ့ ချောင်း နှာခေါင်းဖော် သေပလိုက်ပြီ .."
" စန်းကျင့်ဖန်း အားနည်းလို့ မဟုတ်ဘူးဟ.. လင်းမို့ခွန်အားက တတိယနှစ်မှာတောင် ပြိုင်ဘက်ရှိတာမဟုတ်ဘူး.. "
" လက်သီးပြင်းအားတင်မဟုတ်ဘူး.. လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က စန်းကျင့်ဖန်းထက် ပိုမြင့်နေပြီ.. "
" ဖုန်ကျစ်ဝေနဲ့ တိုက်ကတည်းက လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ ရောက်နေပြီလေ.. "
" အရင်တုန်းက လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အားနည်းတယ်လို့ ဘယ်သောက်ခွေး ကောလဟာလလွှင့်တာလဲ မသိဘူး.. "
**
ဆရာကြီးကျစ်ထျန်းက လင်းမို့၏ ခွန်အားကို အလေးအနက်ထားပြီး သုံးသပ်နေသည် ။
လင်းမို့က ဗိုက်ကို တောင့်ခံလိုက်ရုံသာ ဖြစ်သော်လည်း မဟာသခင်တစ်ယောက်၏ မျက်လုံးထဲတွင် များစွာ မြင်လိုက်ရပေသည် ။
' လင်းမို့က ငါထင်ထားတာထက် အများကြီး သန်မာတာပဲ.. ဆက်စောင့်ကြည့်အုံးမှ.. '
**
လင်းမို့သည် ကိုယ်စားလှယ်အဖွဲ့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏ ။
လင်းမို့ လှမ်းကြည့်လိုက်လျှင် အဖွဲ့ထဲမှ အသက် ၁၉ နှစ် ပါရမီရှင်က ထရပ်ရန် ပြင်လိုက်သော်လည်း လင်းမို့က...
" မင်းတို့ထဲမှာ အသန်မာဆုံးက ရီကျန့်ဆိုတဲ့ကောင်လား.. "
လင်းမို့က...
" အချိန်ဖြုန်းမနေနဲ့ မြန်မြန်တက်လာခဲ့ ငါအားတာ မဟုတ်ဘူး.. "
ရီကျန့် အံ့သြသွားပြီး မသေချာ၍ လှမ်းမေးလိုက်သည် ။
" မင်း ငါ့ကို စိန်ခေါ်နေတာလား.. "
" ဟုတ်တယ်.. "
လင်းမို့က အေးအေးဆေးဆေးပြန်ဖြေလိုက်သည် ။
" ဟားဟားဟားဟား..... "
ရီကျန့်နှင့် ကိုယ်စားလှယ်အဖွဲ့မှ လူများ ဝိုင်းရယ်ကြတော့သည် ။ သို့သော်လည်း သူတို့အားလုံး၏ မျော်လင့်ချက်များ တောက်ပလာကြ၏ ။ လင်းမို့အား သတ်ဖြတ်ပြီး သူတို့နိုင်ငံသို့ အသက်ရှင်လျက် ပြန်သွားနိုင်တော့မည်လော ။ ယှဥ်ပြိုင်ရင်း ကွင်းထဲတွင် မတော်တဆ အသတ်ခံရပါက သူတို့အား အပြစ်တင်၍ ရမည်မဟုတ်ချေ ။
ရီကျန့်သည် ဆရာကြီး ကျစ်ထျန်းက သူ့အား ကြည့်နေသည်ကို မြင်လျှင် သဘောပေါက်သွားပြီး...
" မင်းက စိန်ခေါ်ချင်ရင်တော့ ငါလက်ခံပေးလိုက်မယ်.. ဒါပင်မယ့် လက်တွေခြေထောက်တွေမှာ မျက်စိမပါဘူးနော်.. ထိခိုက်ဒဏ်ရာ ရတာမျိုးဖြစ်ရင် ငါ့ကို အပြစ်လာမတင်နဲ့.. "
မတော်တဆ ထိခိုက်နိုင်သည့်အကြောင်းကို ကြိုတင်သတိပေးထားမှ လင်းမို့ သေဆုံးလျှင် သူ့အား အမှုမပတ်မည်ဖြစ်သည် ။
" ကျောင်းအုပ်ထူ.."
ဆရာကြီးကျစ်ထျန်းက...
" ရီကျန့်ကြောင့် ခင်ဗျားတို့ ပါရမီရှင် လင်းမို့ ဒဏ်ရာရရင် ကျုပ်တို့ကို အပြစ်မတင်ဘူးမှတ်လား.. "
" ဟမ့်..."
ကျောင်းအုပ်ထူက နှာခေါင်းရှုံ့လိုက်ပြီး...
" ခင်ဗျားတို့ လူကိုသာ စိတ်ပူစမ်းပါ.. "
" ရီကျန့်က ဘာစိတ်ပူစရာရှိမှာလဲ.. ဟားဟားဟား.. "
ဆရာကြီးကျစ်ထျန်း အနည်းငယ် ပျော်ရွှင်လာ၏ ။ သူတို့အဖွဲ့ ရှားနိုင်ငံမှ အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည်လော ။ ထိုသို့ဆိုလျှင် သူ၏ အမည်က ချယ်ရီပန်းနိုင်ငံတွင် ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားပေမည် ။
" ရီကျန့်.. အရမ်းကြီး အားကုန် မသုံးနဲ့.. "
ဆရာကြီး ကျစ်ထျန်းက အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်၍ ပြောလိုက်သည် ။
ရီကျန့်က နားလည်စွာဖြင့် ခေါင်းညိတ်လိုက်၏ ။
Chapter 262
~