ငါရှုံးသွားတာလား ~
Vol. 18 Ch. 262
ရီကျန့်က စင်ပေါ်သို့ ခုန်တက်လိုက်၏ ။ ယခု ကိုယ်စားလှယ်အဖွဲ့တစ်ခုလုံး၏ မျှော်လင့်ချက်ကို သူထမ်းထားရပေသည် ။
' ငါတို့ သေဖို့ ဆုံးဖြတ်ထားပင်မယ့် ဒီလို အပြောင်းအလဲ ဖြစ်လာမယ် မထင်ထားဘူး.. '
ရီကျန့် တွေးသည် ။ အသက်ရှင်ရန် အခွင့်အလမ်း ရှိပါက အသေခံတပ်သားများပင် အသက်ရှင်လိုကြပေမည် ။
' ဆရာကြီး မလှုပ်ရှားသေးတာ ကံကောင်းသွားတယ်.. '
ရီကျန့် ၏ အမူအရာက အလွန်လေးနက်နေသည် ။ ဤသည်က အသက်ရှင်နိုင်မည့် ကောက်ရိုးတစ်စဖြစ်သည် ။ သူ အမိအရ ဆုပ်ကိုင်ရမည်ပင် ။
ဆရာကြီး ကျစ်ထျန်းသာ လုပ်ကြံရပါက သူတို့အားလုံး သေဆုံးရမည့်အပြင် ချယ်ရီပန်း နိုင်ငံအား ရှားနိုင်ငံ၏ မဟာသခင် ခန်းမမှ လက်တုန့်ပြန်ပေမည် ။
မဟာသခင် ခန်းမ၏ သခင်ဖြစ်သူမှာ စစ်နတ်ဘုရားအဆင့် ဖြစ်သဖြင့် ချယ်ရီပန်းနိုင်ငံတွင် ယှဥ်နိုင်သည့်သူ မရှိပေ ။ ထို့ကြောင့် သူ လင်းမို့အား သတ်နိုင်လျှင် အကောင်းဆုံးဖြစ်သည် ။
ချယ်ရီပန်းနိုင်ငံမှ မစ္စတန်ကျင့် သည် Black Earth အား လုပ်ကြံရန် ကြိုးပမ်းသဖြင့် မဟာသခင်ခန်းမ၏ အကြီးအကဲဖစ်သူ ဇီကျင့် ကိုယ်တိုင် ချယ်ရီပန်းနိုင်ငံသို့ လာ၍ သောင်းကြမ်းခဲ့သည် ။ ယခု လင်းမို့ လုပ်ကြံခံလိုက်ရပါက ခန်းမသခင်ကိုယ်တိုင် ရောက်လာ၍ အကြွေးတောင်းပေမည် ။ စစ်နတ်ဘုရားတစ်ယောက်၏ တိုက်ခိုက်မှုက မည်မျှ ကြောက်စရာ ကောင်းလိုက်ပါမည်နည်း ။
လင်းမို့အား လုပ်ကြံသတ်ဖြတ်မှုကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ထားပြီး ချယ်ရီပန်းနိုင်ငံ၏ ပါရမီရှင် မင်ကျင့်ကို ကာကွယ်နိုင်ရန် အသင့်ပြင်ထားကြသည် ။ စစ်နတ်ဘုရား ရောက်လာပြီး တစ်နိုင်ငံလုံးအား သတ်လျှင်ပင် မင်ကျင့် ရှင်သန်စေရမည်ဖြစ်သည် ။
ဤသည်ကို တွေးရင်း ရီကျန့် သည် ဖိအားများစွာကို ခံစားမိလိုက်၏ ။ နိုင်ငံ၏ အနာဂတ်ကို သူပခုံးထမ်းထားရပေသည် ။ သူအောင်မြင်လျှင် မည်သည့် ပြသနာမှ ရှိလာမည်မဟုတ် ။
' အသေသတ်နိုင်ဖို့ အခွင့်အရေးတစ်ခါပဲ ရှိတယ်.. ငါသေချာ ဖုံးကွယ်ထားရမယ်.. '
ရီကျန့်က အကြာကြီးတွေးပြီးနောက် လင်းမို့အား လူသေတစ်ယောက်ကို ကြည့်သလို စိုက်ကြည့်လိုက်၏ ။
လင်းမို့သည် ရီကျန်း စင်ပေါ်သို့ ခုန်တက်လာပြီး အကြာကြီး ငိုင်နေသည်ကို မြင်လျှင် စိတ်မရှည်တော့ဘဲ..
" စကြတော့မလား.. "
" စတာပေါ့.. "
ရီကျန့်က...
" မင်းလို ပါရမီရှင်နဲ့ ယှဥ်ပြိုင်ရမှာဆိုတော့ ငါ့ခွန်အားကို အကုန်သုံးမှရမယ်.. လက်တွေ ခြေထောက်တွေမှာ မျက်စိမပါလို့ သတိထားပါ.. "
" ဘုန်း.. "
ရီကျန့်က စကားပြောပြီးသည်နှင့် ခြေကို အရှိန်ပြင်းပြင်းဆောင့် ၍ ပြေးဝင်လိုက်သည် ။
" ဘုန်း.."
လင်းမို့လည်း ရီကျန့်လို အရှိန်တင်၍ ပြေးဝင်လိုက်၏ ။ သူက ရီကျန့်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည် ။
သူသည် Black Earth နာမည်ဖြင့် ရှေးဦးစကြာဝဠာ တွင် ရီကျန့်နှင့် တိုက်ခိုက်ခဲ့ဘူးသည် ။ ရီကျန့်၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ အထွတ်အထိပ်သာဖြစ်၏ ။ ဤမျှ အချိန်တို အတွင်း အဆင့် ၆ သို့ တက်လှမ်းနိုင်မည်မဟုတ်ချေ ။
' ငါတိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၆ အထွတ်အထိပ်ဆိုတော့ ရီကျန့်ထက် အများကြီးသာတယ်.. '
လင်းမို့ တွက်ချက်ကြည့်သည် ။
' လက်သီးပြင်းအားတော့ သူ့ထက်နည်းမှာသေချာတယ်.. ဒါပင်မယ့် ငါ အေးဆေးနိုင်လောက်တယ်.. '
လင်းမို့က ခွန်အားအလွန်အကျွံ ထုတ်မပြပဲ အနိုင်ယူရန် ဆုံးဖြတ်ထား၏ ။ သိုသိုသိပ်သိပ်နေမှ လုပ်ကြံသူများအား ရှောင်ကျဥ်နိုင်ပေမည် ။
Chapter 263
~