Chapters

ငါရှုံးသွားတာလား ၂ ~

Vol. 18 Ch. 263

ငါရှုံးသွားတာလား ၂ ~

Vol. 18 Ch. 263

" ဖောင်း..ဖောင်း​..ဖောင်း..."

လင်းမို့နှင့် ရီကျန့်တို့ တိုက်ကွက်အနည်းငယ် ဖလှယ်လိုက်ကြသည် ။ နှစ်ယောက်လုံးက တစ်ဘက်လူ၏ ခွန်အားကို စမ်းသပ်ခြင်းဖြစ်သဖြင့် အားကုန်မသုံးပေ ။

လင်းမို့သည် ရီကျန့်၏ ခွန်အားကို သိထားပြီးဖြစ်၍ မအံ့သြသော်လည်း ရီကျန့်က အံ့သြနေ၏ ။

လင်းမို့၏ လက်သီးပြင်းအားက တန်၂၀၀ ကျော်လွန်နေသည်ကို သူသတိထားမိလိုက်သည် ။ လင်းမို့က ငွေလအဆင့်သို့ ရောက်နေသည်လော ။ ဤသည်က မည်သို့ဖြစ်နိုင်ပါမည်နည်း ။ ရီကျန့် မယုံကြည်နိုင် ဖြစ်သွားသည် ။

လင်းမို့အား အများဆုံးကြယ်ကိုးပွင့်ဟုသာ ထင်ထားခဲ့သော်လည်း ငွေလအဆင့် ဖြစ်နေမည်ဟု သူမမျှော်လင်ခဲ့မိ ။

' ငွေလအဆင့်ပင်မယ့် သတ်ဖို့တော့ မခက်သေးပါဘူး..'

ရီကျန့် တွေးသည် ။ သူ၏ ခွန်အားကို ယုံကြည်ပေသည် ။ သူသည် တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၅ အထွတ်အထိပ်ဖြစ်ရုံသာမက ငွေလအလယ်ဆင့်လည်း ဖြစ်သည် ။

ငွေလ အစောပိုင်း အဆင့်တွင် လက်သီးပြင်းအား တန်၂၀၀ ကျော်ရှိ၍ အလယ်ဆင့်တွင် တန် ၅၀၀ ကျော်ရှိသည် ။ အဆင့်မြင့်အဆင့်သို့ ရောက်ရန် လက်သီးပြင်းအား တန် ၁၀၀၀ လိုအပ်သည် ။

သူ၏ လက်သီးပြင်းအားက လင်းမို့၏ လက်သီးပြင်းအားထက် ၃ ဆနီးပါး ပိုများပေသည် ။ ထို့နောက် လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်အဆင့်ကိုသိရန် တိုက်ကွက်အနည်းငယ် ဖလှယ်လိုက်ပြန်သည် ။

' သူ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ အစောပိုင်းပဲ ရှိသေးတယ်ထင်တယ်.. '

သူ၏ အဆင့်ဖြင့် လင်းမို့ ဖုံးကွယ်ထားသည်ကို မြင်ရမည်မဟုတ်ပေ ။

လင်းမို့လည်း ရီကျန့်၏ လက်သီးပြင်းအားကို ခံစားမိလိုက်သည် ။

' တန် ၆၀၀ ကျော်လောက်မယ်ထင်တယ်.. ဒီကောင့်ကို နိုင်တယ့်သူမရှိတာ အံ့သြစရာ မရှိဘူး.. ချယ်ရီပန်းနိုင်ငံမှာ ဒီလို အစွမ်းထက်တဲ့ ပါရမီရှင်ရှိနေတာပဲ.. ဒီပွဲနိုင်ချင်ရင် ငါအများကြီး ဖုံးကွယ်ထားလို့ မရတော့ဘူး.. '

လင်းမို့ တွေးသည် ။ ရီကျန့်အား အနိုင်ယူရန် မလွယ်သလို ခက်လဲ မခက်ပေ ။

**

ပွဲကြည့်နေကြသူများအားလုံး အံ့သြကုန်ကြ၏ ။ ရီကျန့်က အလွယ်တကူ အနိုင်ရမည်ဟု သူတို့ထင်ထားကြသော်လည်း လက်ရည်တူ နေကြသည် ။

" လင်းမို့က အဲ့လောက်ကြမ်းတာလား.. "

" ရီကျန့်နဲ့ လက်ရည်တူ တိုက်နိုင်တာ သူပထမဆုံးပဲ.. "

" လင်းမို့က သန်မာတာလား ရီကျန့်က အလျော့ပေးထားတာလား.."

" ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံး ငွေလအဆင့်ဆိုတာသေချာတယ်.. "

" လင်းမို့က ဘယ်လိုလုပ်ငွေလအဆင့်ကို ရောက်နေတာလဲ.. "

" လင်းမို့က ဖုန်ကျစ်ဝေနဲ့ တိုက်ခိုက်တုန်းက ခွန်အား ဖုံးကွယ်ထားတာ ဖြစ်ရမယ် .."

" ခုတောင် ဖုံးကွယ်ထားတာ ဖြစ်ရင် ဖြစ်နေအုံးမယ်.. "

" မဖြစ်နိုင်ဘူး.. ဒါသူ့ရဲ့ ကန့်သတ်ချက်ဆိုတာ သေချာတယ်.. မယုံရင် လောင်းမလား .."

ကျောင်းအုပ်ထူသည် လင်းမို့၏ ခွန်အားကြောင့် အလွန်အံ့အားသင့်သွားသည် ။

" ကောင်းတယ်.. ကောင်းတယ်..ကောင်းတယ်.. "

ဆယ်စုနှစ်များစွာ စာသင်ကြားလာခဲ့သော်လည်း ယနေ့မှ သူ၏ အမြင်ကျယ်ပြန့်လာခဲ့သည် ။ တစ်လကျောင်းတက်ပြီး​နောက် ငွေလအဆင့်သို့ ရောက်နေသည့် ပါရမီရှင် အား အရှင်လတ်လတ် တွေ့နေရလေသည် ။

လူတိုင်းလင်းမို့လို မြေဆွဲအားခန်းထဲ ဝင်၍ လေ့ကျင့်ရုံဖြင့် ငွေလအဆင့်သို့ ရောက်နိုင်ပါက ကျောင်းအုပ်ထူကိုယ်တိုင် ကျောင်းသားများအား မြေဆွဲအားခန်းထဲတွင် ပိတ်လှောင်ထားမိပေမည် ။

Chapter 264

~