Chapters

ငါရှုံးသွားတာလား ၃ ~

Vol. 18 Ch. 264

ငါရှုံးသွားတာလား ၃ ~

Vol. 18 Ch. 264

' လင်းမို့ကို မြေဆွဲအားခန်းထဲ မဝင်ဖို့ မတားမိတာ ကံကောင်းတာပဲ ..'

ကျောင်းအုပ်ထူ ခေါင်းခါလိုက်သော်လည်း သူ့မျက်နှာတွင် မာနက အပြည့်ပင် ။ ဤသို့သော ပါရမီရှင်မျိုး ပေါ်လာသည်ကို မည်သည့် ကျောင်းအုပ်က ဂုဏ်မယူဘဲ နေနိုင်မည်နည်း ။

ကျောင်းအုပ်ထူနှင့် ယှဥ်လျှင် ဆရာဝေ့က အံ့သြသည်ထက်ပင် ပိုနေသည် ။

လင်းမို့က ငွေလအဆင့်သို့ ရောက်နေမည်ဟု အိမ်မက်ထဲတွင်ပင် ထည့်မမက်ဘူးပေ ။ သူကိုယ်တိုင်ပင် ငွေလအဆင့်သာ ရှိသေး၏ ။ လက်သီးပြင်းအားမှာ ငွေလအဆင့်မြင့် အဆင့်တွင် ရှိနေသော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင်မူ အဆင့် ၅ အစောပိုင်းသာ ရှိသေးသည် ။

လင်းမို့နှင့် ယှဥ်လျှင် သူသာ တစ်ဖက်စောင်းနင်း တိုးတက်သူ ဖြစ်နေပေသည် ။

' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ငါ့ထက် ပိုမြင့်နေတာပဲ.. ဒါတောင် ငါက သင်ပေးမယ်လို့ သွားပြောမိသေးတယ်.. သူ့ဟာ သူလေ့ကျင့်နေတာပဲ ကောင်းပါတယ် ငါဘာမှ သွားမပြော​တော့ဘူး ..'

ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်၏ တိုးတက်နှုန်းက သာမန်လူများ နားလည်နိုင်မည်မဟုတ်မှန်း ဆရာဝေ့သိသည် ။ လင်းမို့နှင့် ယှဥ်လျှင် ဆရာဝေ့က သာမန်လူတစ်ယောက်လိုသာ ဖြစ်သည် ။ သူလမ်းညွှန်ပေးသည်က လမ်းလွဲသွားနိုင်ပေသည် ။

**

ဆရာကြီး ကျစ်ထျန်းသည် ကျောင်းအုပ်ထူ၏ နားတွင် တိတ်တဆိတ် ရပ်နေ၏ ။ ကျောင်းအုပ်ထူ၏ မျက်နှာထက်မှ ဂုဏ်ယူမှုကို မြင်လိုက်ရစဥ် စိတ်ထဲမှ လှောင်ရယ် ရယ်လိုက်သည် ။

' ရယ်ထား.. ရီကျန့်က လင်းမို့ကို သတ်လိုက်ရင် ဝအောင် ငိုနေရမယ်.. '

ဆရာကြီးကျသ်ထျန်းသည် လင်းမို့၏ ခွန်အားကို စောင့်ကြည့်ပြီးနောက် အားလုံး သိလိုက်ပြီဟု ထင်လိုက်၏ ။

' ငွေလအဆင့်က ဘာဖြစ်လဲ ရီကျန့်က လူသတ်ဖို့ လေ့ကျင့်ထားတဲ့သူဆိုတော့ အေးဆေး သတ်နိုင်တယ်.. '

ဆရာကြီကျစ်ထျန်းက တွေးလိုက်သည် ။ ရီကျန့်က ခွန်အားဖုံးကွယ်၍ ယှဥ်ပြိုင်နေခြင်းဖြစ်ကြောင်း သူသိသည် ။ ရီကျန့် ခွန်အား ထုတ်ပြမည့်အချိန်က လင်းမို့ သေဆုံးမည့် အချိန်ပင် ။

' ရီကျန့် လှုပ်ရှားတာနဲ့ ငါ ကျောင်းအုပ်ထူကို နှောက်ယှက်ရမယ်.. '

ဆရာကြီးကျစ်ထျန်း တွေးလိုက်သည် ။

' ရီကျန့် မင်းလုပ်နိုင်ရမယ်.. ချယ်ရီပန်းနိုင်ငံရဲ့ အနာဂတ်က မင်းအပေါ်မူတည်နေပြီ.. "

သူက မျှော်လင့်ချက် အပြည့်ဖြင့် ဆက်ကြည့်နေစဥ်...

" ဖောင်း... "

လင်းမို့၏ လက်သီးက ရီကျန့်၏ ဟာကွက်ထဲသို့ တည့်တည့်တိုးဝင်သွားသည် ။

ရီကျန့် ရှောင်ရန် ကြိုးစားသော်လည်း မရလိုက် ။

" ဖုန်း..."

စင်ပေါ်မှ လွှင့်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည် ။

" ငါ.. ငါရှုံးသွားတာလား.. ''

Chapter 265

~