Chapters

အာရုံလွဲဲခြင်း ~

Vol. 18 Ch. 265

အာရုံလွဲဲခြင်း ~

Vol. 18 Ch. 265

သူ လင်းမို့ သတ်ရန် ကြံစည်နေသော်လည်း လင်းမို့ လက်သီးက မထင်ထားသည့်နေရာမှ ထွက်ပေါ်လာမည်ဟု သူမမျှော်လင့်မိခဲ့ ။ လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်က သူမျှော်လင့် ထားသည်ထက် ပိုနေသည် ။

" မင်းငါ့ကို အလစ်တိုက်တာ.. "

ရီကျန့် အံကြိတ်၍ ပြောလိုက်သည် ။ လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်က သူထင်ထားသည်ထက် အားကောင်းသော်လည်း အလစ်တိုက်ခံရ၍ ရှုံးရခြင်းဖြစ်သည် ။ သူ တစ်ချက်ထဲဖြင့် ထိုးသတ်ရန် ကြံစည်နေခြင်းကြောင့် သတိလွတ်သွားမိသည် ။ ယခုတော့ အားလုံး ရေစုန်မျောလေပြီ ။ ရှုံးနိမ့်ခဲ့ပြီး ဖြစ်၍ မည်သို့ စိန်ခေါ်နိုင်တော့မည်နည်း ။

' ဒီအခွင့်အရေးကောင်း ငါ့ကြောင့် လွဲသွားရပြီ..'

" ဖူးးး.."

ရီကျန့် နောင်တကြောင့် သွေးအန်သွားသည် ။ ဤသို့သော အခွင့်အရေးက မည်သို့ ရနိုင်ပါတော့မည်နည်း ။

ယခုတော့ ဆရာကြီး ကျစ်ထျန်းကိုယ်တိုင် လှုပ်ရှားရတော့မည်ဖြစ်သည် ။ သူတို့အားလုံးလည်း သေဆုံးရမည်သာမက ချယ်ရီပန်းနိုင်ငံပါ ဘေးဒုက္ခ ရောက်ရတော့မည် ။

' ငါ့ကြောင့် နိုင်ငံ ဒုက္ခ ရောက်ရပြီ.. '

" ဝေါ့.."

ရီကျန့် သွေးတလုပ် ထပ်အန်လိုက်ပြီး...

" ဆရာ..."

သူ က ဆရာကြီးကျစ်ထျန်းအား ရှက်ရွံ့ဟန်ဖြင့် ကြည့်၍ ခေါ်လိုက်သည် ။

" အမှိုက်ကောင်.. "

ဆရာကြီး ကျစ်ထျန်းက ငေါက်လိုက်၏ ။ သူကဲ့သို့ မဟာသခင်တစ်ဦး၏ အသက်ဖြင့် လင်းမို့ အသက်ကို လဲရတော့မည် ဖြစ်သဖြင့် သူမည်သို့ ပျော်နိုင်ပါမည်နည်း ။

ကိုယ်စားလှယ်အဖွဲ့မှ လူများကလည်း ရီကျန့်အား မကြည်ကြည့် ကြည့်လိုက်ကြသည် ။ ရီကျန့်ကြောင့် သူတို့၏ အိမ်အပြန်လက်မှတ် ပျောက်ဆုံးသွားလေပြီ ။

**

ရီကျန့် စင်ပေါ်မှ ပြုတ်ကျလာသည်နှင့် အောင်ပွဲခံအားပေးသံများက မိုးလုံးဟိန်းထွက်သွားသည် ။

ရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များအား အနိုင်ယူခဲ့သော နတ်ဆိုးမှာ နောက်ဆုံး တွင် ကျရှုံးသွားလေပြီ ။ ပထမနှစ်လေးက ဤမျှ စွမ်းဆောင်နိုင်မည်ဟု မည်သူ ထင်ပါမည်နည်း ။

" လင်းမို့ နိုင်သွားပြီဟေ့.."

" ဟားဟားဟား နောက်ဆုံးတော့ ရီကျန့်ကို အနိုင်ယူနိုင်တယ့်သူ ပေါ်လာပြီကွ.. "

" ​ပထမနှစ် ကျောင်းသားက နိုင်မယ်လို့ ဘယ်သူထင်မှာလဲ.. "

" ချီးလား.. ဒီလောက် ကြမ်းပြထားတာကို ပထမနှစ်လို့ ခေါ်နေအုံးမှာလား.. "

" ဒီနေ့ကစပြီး လင်းမို့က ကျန်းနန်တက္ကသိုလ်ရဲ့ ကျောင်းသားခေါင်းဆောင်ပဲဟေ့.. သဘောတူကြလား.. "

" ကြည့်ကြည့် ရီကျန့်ကို ကြည့်လိုက် သွေးတောင် အန်နေပြီ.. "

" ပြိုင်ပွဲလေး ရှုံးတာနဲ့ သွေးအန်ရလား.. မသိရင် ရှုံးလို့ ညီမ ပေးလိုက်ရတာကြလို့.. "

" သူတို့ တစ်ဖွဲ့လုံး မျက်နှာတွေကို ကြည့်အုံး မည်းမှောင်နေတာပဲ.. "

" စိတ်ထားသေးသိမ်လိုက်ကြတာ.. သူတို့နိုင်တုန်းက ဒီလိုရုပ်မဟုတ်ပါဘူး.. "

" အရှုံးကို လက်မခံနိုင်ရင် ဘာလို့ လာပြိုင်နေကြသေးလဲ.. "

ကိုယ်စားလှယ်အဖွဲ့နားရှိ လူများက လှောင်ပြောင် ကဲ့ရဲ့လိုက်ကြသည် ။

ဟောက်ရန်က အပျော်ရွှင်ဆုံးပင် ။

" ငါနိုင်သွားပြီ.. ငါ့အကိုမို့ နိုင်သွားပြီကွ.. "

ဟောက်ရန်က သူ့ကိုယ်သူ ထည့်ပြောရန် မမေ့ပေ ။

Chapter 266

~