အာရုံလွှဲခြင်း ၂ ~
Vol. 18 Ch. 266
အမှန်တကယ်လည်း သူ မမှား ။ သူ့တွင် ပြောပိုင်ခွင့် ရှိပေသည် ။
ကိုယ်စားလှယ်အဖွဲ့တစ်ခုလုံးကို အားနည်းစေရန် သူကြိုးစားအားထုတ်ခဲ့ရ၏ ။
သူ ကိုယ်တိုင် ဝင်၍ မတိုက်ခိုက်ခဲ့ရသော်လည်း အကိုမို့အား ၃၀% အကူအညီ ပေးခဲ့သည်ဟု ဆိုနိုင်လေ၏ ။
**
ကျန်းမိသားစုက လူအုပ်ကြီး၏ အပြင်ဘက်နေရာတွင် ရပ်ကြည့်နေကြသည် ။
" ရှီး... လင်းမို့ရဲ့ ပါရမီက ငါတို့ထက်ထားတာထက်တောင် မြင့်နေပါလား.. "
ကျန်းကျန့်က ပြောလိုက်ပြီး...
" ဒီနေရာကို ငါတို့လာတာထက် အဖေကိုယ်တိုင်လာတာ ပိုကောင်းမယ်ထင်တယ်.. "
သူတို့ သုံးယောက်လာသည်က လုံလောက်ပြီဟု တွက်ခဲ့ကြသော်လည်း ယခု လုံလောက်ပုံမရတော့ ။ လင်းမို့က မဟာသခင်တစ်ဦး ကိုယ်တိုင်လာတွေ့၍ ဂုဏ်ပြုသည်နှင့် ထိုက်တန်ပေသည် ။
" အကို ..ကျွန်တော်တို့ ဘာဆက်လုပ်မလဲ.. "
ကျန်းကျိက...
" လင်းမို့ကို ဆက်သွယ်အုံးမှာလား.. "
" ရောက်ပြီးမှတော့ ဆက်သွယ်ရမှာပေါ့.. "
ကျန်းကျန့်က...
" လင်းမို့က ငွေလအဆင့်ဆိုတော့ လူအုပ်ထဲမှာ ငါတို့ရောက်နေတာကို မြင်ချင် မြင်မှာ.."
လင်းမို့သည် ယွင်ရှန် နှင့် ယွင်ဟိုင်တို့အား မြင်ဖူးသဖြင့် ကျန်းမိသားစုအား မှတ်မိနိုင်ချေရှိသည် ။
" ဒါပင်မယ့် အဖေ့ကို ဒီကို မြန်မြန်လိုက်လာဖို့ ပြောရမယ်.. "
**
ကျန်းနန် တက္ကသိုလ်၏ ဆရာ ဆရာမများအားလုံး ပျော်ရွှင်နေကြသည် ။
ရီကျန့်အား မည်သည့် ထိပ်တန်းတက္ကသိုလ်မှ အနိုင်မယူနိုင်သော်လည်း ကျန်းနန် တက္ကသိုလ်က အနိုင်ယူနိုင်ခဲ့လေပြီ ။
ထို့ကြောင့်အများအမြင်တွင် ကျန်းနန်တက္ကသိုလ်၏ သင်ကြားမှု ပုံစံက ပိုကောင်းသည်ဟု ထင်ကြပေမည် ။
" ဟားဟားဟား.. "
ကျောင်းအုပ်ထူက ဤသည်ကို တွေးပြီး မျက်နှာမည်းမှောင်နေသော ဆရာကြီးကျစ်ထျန်း၏ ပခုံးကို ပုတ်ကာ ကျယ်လောင်စွာရယ်လိုက်၏ ။
" ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်.. "
" ဆရာကြီးထူ..."
ရီကျန့်က ရှေ့သို့အနည်းငယ် တိုး၍ ခေါ်လိုက်ပြီး...
" ဒီပွဲ ကျွန်တော် ရှုံးတာကို လက်မခံနိုင်ဘူး.. ကျွန်တော့်ခွန်အားကို ထုတ်မသုံးရသေးဘူး.. ပြန်တိုက်ချင်ပါတယ်.. "
" အိုး.."
ကျောင်းအုပ်ထူက ရီကျန့်ကို ကြည့်၍...
" မင်း စင်ပေါ်မှာ လင်းမို့နဲ့ တိုက်ကွက် ရာဂဏန်း ဖလှယ်ပြီးပြီလေ.. ဒါကို အားမသုံးရသေးဘူးလား.. "
ကျောင်းအုပ်ထူသည် သူ၏ အဆင့်ဖြင့် ကလေးတစ်ယောက်အား ဆဲရန် မသင့်တော်၍ စကားလှအောင်သုံးလိုက်၏ ။ အရှုံးသမားတစ်ယောက်က စင်ပေါ်သို့ ပြန်တက်ချင်နေသည်လော ။
" ဆရာကြီး.. ကျွန်တော်က လင်းမို့ကို ထုတ်ဖော်ပြဖို့ အခွင့်အရေး ပေးမိလို့ပါ.. ကျွန်တော် တမင်အလျော့ပေးထားတာ .."
ရီကျန် ဆင်ခြေပေးလိုက်၏ ။ သူ စင်ပေါ်သို့ ပြန်တက်နိုင်မှ ကိုယ်စားလှယ်အဖွဲ့၏ အသက်ကို ကယ်တင်နိုင်ပေမည် ။ ဤသို့ ပြောရသည်မှာ အနည်းငယ် ရှက်စရာကောင်းသော်လည်း သူ ပြောရမည်ပင် ။
" ကျွန်တော်က အလျော့ပေးထားတာကို သူက အလစ်တိုက်တာလား.. "
ရီကျန့်က...
" ဆရာကြီး.. ဆရာကြီးတို့ နိုင်ငံက အင်အားကြီးနိုင်ငံဖြစ်ပြီးတော့ ဆရာကြီးတို့ တက္ကသိုလ်ကလည်း နှစ်ရာချီသက်တန်းရှိတဲ့ ထိပ်တန်းတက္ကသိုလ်နော်.. ဒါတောင် ဆရာကြီးတို့က မျှမျှတတ အနိုင်မယူချင်ဘူးလား.. "
ရီကျန့်က ခနဲ့ လိုက်၏ ။
ကျောင်းအုပ်ထူ မျက်နှာပျက်သွားသည် ။ သူငြင်းနေလျှင် တက္ကသိုလ်၏ ဂုဏ်သတင်းကို ဂရုမစိုက်ရာ ကျပေမည် ။ သို့သော်လည်း ကျောင်းအုပ်ထူက သဘောမတူသေးဘဲ ဘောလီဘော ပုတ်လိုက်သည် ။
" မင်း ငါ့ကို လာမေးရမှာ မဟုတ်ဘူးလေ.. လင်းမို့ကို ပြန်တိုက်ချင်လား မေးကြည့်ပေါ့.. "
ရီကျန့်က စင်ပေါ်တွင် ရပ်နေသော လင်းမို့ဘက်သို့ လှည့်၍ ကျယ်လောင်စွာဖြင့်...
" လင်းမို့.. နောက်တစ်ခါ တိုက်ခိုက်ရဲသေးလား .."
ရီကျန့်သည် ရှိသမျှ ခွန်အား အားလုံး အသုံးပြု၍ အော်လိုက်ခြင်းဖြစ်၍ သူ့အသံကို ကျန်းနန်တက္ကသိုလ် တစ်ခုလုံးပင် ကြားနိုင်လေသည် ။ လင်းမို့အား တွန်းအား ပေးချင်၍ပင် ။ လင်းမို့သာ သူ့ဂုဏ်သိက္ခာကို ဂရုစိုက်လျှင် သဘောတူပေမည် ။
" မင်းက ထပ်တိုက်ချင်သေးတာလား.."
လင်းမို့က မခိုးမခန့် ပြုံးလိုက်သည် ။ သူ ရီကျန့်အား ရှေးဦးစကြာဝဠာ အတွင်းတွင် တစ်ကြိမ် ယခု တစ်ကြိမ် နှစ်ကြိမ်အနိုင်ယူထားပြီးဖြစ်၏ ။ ထပ်မံ အနိုင်ယူရန် မလိုအပ်တော့ပေ ။
" ဟုတ်တယ်.."
ရီကျန့်က စိတ်လှုပ်ရှားစွာဖြင့်...
" မင်းခွန်အားကို သက်သေပြရဲလား.. "
" ငါက သက်သေပြရအုံးမှာလား.."
လင်းမို့က ခေါင်းခါလိုက်ပြီး...
" လိုတော့မယ် မထင်ဘူး.. "
" မင်းက ငကြောက်ပဲ.. "
ရီကျန့်၏ စကားများက ပိုမို ဆိုးလာ၏ ။
" ငါကြောက်လို့မဟုတ်ဘူး.. "
လင်းမို့က...
" မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး.. "
Chapter 267
~