လင်းမို့ သေဆုံးခြင်း ~
Vol. 18 Ch. 267
" ဝုန်း.."
အားလုံး သတိမမူမိ ကြသည့်အချိန်တွင် ဆရာကြီးကျစ်ထျန်း၏ ခွန်အားက ပေါက်ကွဲထွက်လာသည် ။ သူ၏ ပစ်မှတ်မှာ လင်းမို့ မဟုတ်ဘဲ ကျောင်းအုပ်ထူ ဆီသို့ပင် ။ သူ တွေးနေသည်က ။
' ဒီတက္ကသိုလ်မှာ ကျောင်းအုပ်ထူ တစ်ယောက်ပဲ ငါနဲ့ အဆင့်တူရှိတာ.. သူဒဏ်ရာရ သွားရင် လင်းမို့ကို သတ်လို့ရပြီ.. ပြီးရင် ငါထွက်ပြေးဖို့ အခွင့်အရေး ရှိနိုင်တယ်.. '
" ယီး.."
ကျောင်းအုပ်ထူ ထိတ်လန့်သွား၏ ။ သူ လင်းမို့အား အာရုံအပြည့်အဝ စိုက်ထားသဖြင့် ခုခံရန် မဖြစ်နိုင်တော့ ။ ကျစ်ထျန်းသာ လင်းမို့အား တိုက်ခိုက်ပါက သူအချိန်မီ တားဆီးနိုင်သည် ။ သူက ကျစ်ထျန်းထက် ပို၍ သန်မာပေသည် ။
" ဘုန်း..."
ကျောင်းအုပ်ထူ ဒဏ်ရာပြင်းထန်စွာ ရသွားပြီး လွင့်ထွက်သွား၏ ။
" ကျစ်ထျန်းးးး..."
လေထဲတွင် လွင့်သွားသော ကျောင်းအုပ်ထူက ဒေါသတကြီး...
" မင်း လင်းမို့ကို သတ်ရဲရင် မင်းတို့တစ်နိုင်ငံလုံးကို မီးပုံရှို့ပစ်မယ်ကွ.. "
ဆရာကြီးကျစ်ထျန်း လှုပ်ရှား လိုက်သည်နှင့် လင်းမို့အား သတ်တော့မည်ဖြစ်ကြောင်း သူသိလိုက်သည် ။ မဟာသခင်တစ်ယောက်သတ်ချင်သည်ကို ငွေလအဆင့်က မည်သို့ တားဆီးနိုင်ပါမည်နည်း ။ လင်းမို့ အန္တရာယ် ကျရောက်နေလေပြီ ။
ဆရာကြီး ကျစ်ထျန်းက ကျောင်းအုပ်ထူအား တိုက်ခိုက်ပြီးသည်နှင့် လင်းမို့ထံ ပြေးဝင်သွား၏ ။
လင်းမို့သည် လူသတ်ချင်သည့်အော်ရာကို ခံစားမိ၍ လှည့်ကြည့်လိုက်ရာ ဆရာကြီးကျစ်ထျန်း အနားသို့ ရောက်လာသည်ကို မြင်လိုက်ရသည် ။ ဆရာကြီးကျစ်ထျန်း လှုပ်ရှားသည်က အသံထက်မြန်သဖြင့် ကျောင်းအုပ်ထူအား တိုက်ခိုက်လိုက်သောကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းကပင် နောက်တွင် ကျန်ခဲ့သည် ။
လင်းမို့က တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ အထွတ်အထိပ်ရောက်နေခြင်းကြောင့်သာ မြင်နိုင်ခြင်းပင် ။ သို့သော်လည်း မရှောင်တိမ်းနိုင်တော့ ။ ခွန်အားချင်း ကွာခြားလှသဖြင့် အချိန်က ရပ်တန့်နေသလိုပင် ဖြစ်နေသည် ။
ဆရာကြီး ကျစ်ထျန်း၏ လက်ဝါးက သူ၏ ရင်ဘက်ဆီသို့ ဝင်လာသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေရ၏ ။
Chapter 268
~