Chapters

လင်းမို့ သေဆုံးခြင်း ၂ ~

Vol. 18 Ch. 268

လင်းမို့ သေဆုံးခြင်း ၂ ~

Vol. 18 Ch. 268

ဆရာကြီးကျစ်ထျန်းက လက်သီးကို မသုံးဘဲ လက်ဝါးကို အသုံးပြုခြင်းမှာ ဧရိယာနှင့် တုန်ခါမှု ပိုမို ပြန်နှံ့စေရန် ဖြစ်သည် ။

သူ၏ တိုက်ခိုက်မှုက လင်းမို့၏ အရေးကြီးအဂ်ါများကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တုန်ခါမှုကို အသုံးပြု၍ လင်းမို့၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ဆဲလ်များကို သတ်ပစ်ခြင်းဖြစ်သည် ။

" ပါရမီရှင်လား နတ်ဆိုးလား.. "

ဆရာကြီးကျစ်ထျန်း ပြုံးလိုက်သည် ။

" မင်းမှာ သာလွန်စစ်နတ်ဘုရား ဖြစ်နိုင်တဲ့ ပါရမီ ရှိပင်မယ့် ဒီနေ့ ငါသတ်လို့ သေရတော့မယ်.. "

သူ၏ လက်ဝါးက လင်းမို့စီသို့ ဖြေးဖြေးလေး ဝင်လာနေသည် ထင်ရသော်လည်း ထိုသည်က အရှိန်ကြောင့် အမြင်အာရုံ လွဲမှားမှု တစ်ခုသာဖြစ်၏ ။

" ဗုန်း..."

ဆရာကြီးကျစ်ထျန်း၏ လက်ဝါးက လင်းမို့ပေါ်သို့ ကျရောက်သွား၏ ။ ရိုးရှင်းသော လက်ဝါးချက်ဖြစ်သော်လည်း လင်းမို့သည် ကျည်ဆန်ရထား ဝင်တိုက်ခံလိုက်ရသလို လွင့်ထွက်သွားသည် ။ ဆရာကြီးကျစ်ထျန်း၏ လက်သီးပြင်းအားက တန် ၅၀၀၀၀ ကျော်ရှိပေသည် ။

လက်သီးပြင်းအား တန် ၂၀၀ ကျော်သာ ရှိသော လင်းမို့မှာ မြေပြင်တွင် တရွတ်တိုက်၍ မီတာ ရာဂဏန်းနီးပါး လွင့်ထွက်သွားသည် ။ သူ လွင့်ရာ လမ်းတစ်လျောက် စွတ်ကြောင်းကြီး ဖြစ်သွားပြီး လမ်းတွင် ရှိနေသော ပွဲကြည့်သူအားလုံး လွင့်စင်ကုန်ကြသည် ။

လင်းမို့၏ အသက်စွမ်းအား အော်ရာက ချက်ချင်း ပျောက်ကွယ်သွားသည် ။

" ဟမ့်.."

ဆရာကြီး ကျစ်ထျန်းက လင်းမို့၏ အလောင်းပို မထီမဲ့မြင် ကြည့်၍ ပြုံးလိုက်သည် ။ သူ၏တာဝန် ပြီးဆုံးသွားလေပြီ ။ လင်းမို့၏ ဆဲလ်များ သေဆုံးသွားသဖြင့် စက္ကန့်အနည်းငယ်အတွင်း လင်းမို့၏ ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်သွားပေတော့မည် ။

ထိုအခိုက် ဆရာကြီး ကျစ်ထျန်းသည် ကျောင်းအုပ်ထူ လွင့်သွားရာဘက်သို့ ကြည့်လိုက်၏ ။

ကျောင်းအုပ်ထူက ဒေါသတကြီး ပြေးလာနေသည် ။ သူ၏ စောင့်ကြပ်မှု အောက်တွင် လင်းမို့အား သတ်ရဲသည်လော ။ သူ သည် ချယ်ရီပန်းနိုင်ငံတစ်ခုလုံးအား မြေလှန်ပစ်ချင်နေလေပြီ ။

" ကျစ်ထျန်းးးးးး..."

" ဟားဟားဟား.. ကျောင်းအုပ်ထူ.. ဒဏ်ရာ ရသွားတာလား.. "

ဆရာကြီးကျစ်ချန်းက လှောယ်ပြောင်ရယ်လိုက်၏ ။ သူ၏ အလစ်တိုက်ခိုက်မှုက အကျိုးရှိပေသည် ။

' ကျောင်းအုပ်ထူ ဒဏ်ရာ ရနေပြီဆို​တော့ ငါထွက်ပြေးမှာကို ဘယ်သူမှ မတားနိုင်တော့ဘူး.. '

ဆရာကြီး ကျစ်ထျန်းက ခြေဆောင့် အားယူပြီး လေပေါ်ပျံ ပြေးတော့သည် ။ မဟာသခင်များက လေပေါ်ပျံသန်းနိုင်ကြ၏ ။ မဟာသခင်များ တိုက်ခိုက်လျှင် များသောအားဖြင့် လေပေါ်တွင်သာ တိုက်ခိုက်ကြသည် ။

" ယီးမှ ပြေးဖို့မစဥ်းစားနဲ့.. "

ကျောင်းအုပ်ထူလည်း ခြေဆောင့် အားယူပြီး လေပေါ်ပျံတက်သွား၏ ။ သူ၏ ခွန်အားကြောင့် ကွန်ကရစ် ကြမ်းခင်းမီတာ ရာဂဏန်း အက်ကွဲသွားသည် ။

ထိုအချိန်တွင်...

တခြားနေရာများမှ မဟာသခက်အဆင့်များ လေပေါ်ပျံသန်းလာကြ၏ ။ မည်သူများ တိုက်ခိုက်နေကြမှန်း သူတို့မသိသော်လည်း တိုက်ခိုက်နေကြသည်ကို ခံစားမိသဖြင့် ပြေးလာကြခြင်းပင် ။

Chapter 269