လင်းမို့ သေဆုံးခြင်း ၃ ~
Vol. 18 Ch. 269
မဟာသခင် လေးယောက်က ကျစ်ထျန်းဆီသို့ လေးဘက်လေးတန် မှ ပျံသန်းလာကြ၏ ။ ကျောင်းအုပ်ထူက ကျစ်ထျန်းအား လိုက်လံ ဖမ်းဆီးနေသည်ကို မြင်လိုက်သောကြောင့်ပင် ။ အကြောင်းရင်းကို တော့ သူတို့မသိ ။
သို့သော်လည်း ကျစ်ထျန်းက နည်းနည်းမှ မကြောက် ။ လေပေါ်တွင် ဝန်းရံ ခံရသည်က ရှောင်ထွက်ရန် လွယ်ကူပေသည် ။ ကျောင်းအုပ်ထူသာ ဒဏ်ရာမရပါက သူ့အား လိုက်မီနိုင်သော်လည်း ယခု ဒဏ်ရာ ရထားသဖြင့် သူ့ထက် များစွာနှေးကွေးလှ၏ ။
**
ကျစ်ထျန်းနှင့် မဟာသခင်များ အဝေးရောက်သွားမှ ကျစ်ထျန်း၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းက ပေါက်ကွဲထွက်လာသည် ။
" ဝုန်း..."
" ဘာလဲ.. ဘာဖြစ်သွားတာလဲ.. "
" ဆရာကြီးကျစ်ထျန်းက ကျောင်းအုပ်ထူကို အလစ်တိုက်တာလား.."
" မဟုတ်ဘူး လင်းမို့ကို လုပ်ကြံတာဟ.. "
" ဟိုမှာ ဟိုမှာ လင်းမို့ လဲနေတယ် .."
" သေပြီလား မသိဘူး.. "
အကုန်လုံး အံ့သြသွားကြပြီး အကုန်လုံး လန့်ဖြန့်သွားကြသည် ။ ချယ်ရီပန်းနိုင်ငံ၏ မဟာသခင်က လုပ်ကြံသူ ဖြစ်နေပါသည်လော ။
" လင်းမို့... "
လင်းမို့နှင့် ရင်းနှီးသူများက ယခုလို ဖြစ်သွားသည်ကို မည်သို့ တုန့်ပြန်ရမည်ကို မသိကြ ။ ရုတ်တရက် ဖြစ်သဖြင့် အားလုံး ကြောင်အသွားကြသည် ။
" အကိုမို့........"
ဟောက်ရန်က အသံကုန် အော်ဟစ်လိုက်၏ ။ သူ သူ့ကိုယ်သူ အပြစ်တင်မိလိုက်သည် ။ မြေဆွဲအားခန်းထဲမှ မခေါ်ခဲ့လျှင် ဤသို့ဖြစ်မည်မဟုတ် ။ သူ့ ရင်ထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်သွား၏ ။ သူလက်စားချေလိုသော်လည်း သူ၏ နည်းပါးလှသော ပါရမီကြောင့် ဖြစ်နိုင်မည် မဟုတ်ချေ ။
ဟောက်ရန်က လင်းမို့အား လှုပ်၍ ငိုနေချိန်တွင် လင်းမို့၏ အသံအား သူ၏ စိတ်ထဲတွင် ကြားလိုက်ရ၏ ။
" သောက်တုံး..သေချင်ယောင်ဆောင်နေတာဟ.. မလှုပ်နဲ့ ..ဆက်လှုပ်နေရင် မင်းနဲ့ငါ သေခန်းပြတ်ပဲ.. "
ဟောက်ရန် လန့်သွား၏ ။ သရဲခြောက်နေသည်လော ။
' အမ်..မဟုတ်ဘူးဟ.. အကိုမို့ မသေသေးဘူး.. '
ဟောက်ရန်က...
" ရှေးလူကြီးတွေ ပြောတဲ့အတိုင်းပဲ.. သက်ဆိုးရှည်တယ်တဲ့.. အကိုမို့ သေအုံးမှာ မဟုတ်တာ ငါသိသားပဲ.. "
" ချီး.. ရပ်မနေနဲ့ ဆက်ငိုဟ.."
လင်းမို့၏ အသံက ဟောက်ရန်၏ စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာသည် ။
" ငါမသေမှန်းသိရင် ဟိုသောက်အဖိုးကြီး ပြန်လာလိမ့်မယ်.. "
" အင်းအင်း.."
ဟောက်ရန်က နားလည်သွားပြီး ...
" အကိုမို့ ဝူးး... ဘာလို့ သေရတာလဲ.. အကိုမို့.. မင်းကလပ်က အမွှာလေးတွေကို ထားခဲ့ပြီလား... အီးရွှတ်ရွှတ်..."
ဟောက်ရန်က ရင်ဘက်ကို စည်တီး၍ အော်ငို လိုက်သည် ။
Chapter 270
~