← Chapters

လူတွေအကြား ယုံကြည်မှု ရှိသင့်သည်မဟုတ်လော ~

Vol. 18 Ch. 270

လူတွေအကြား ယုံကြည်မှု ရှိသင့်သည်မဟုတ်လော ~

Vol. 18 Ch. 270

လင်းမို့က သူ့ခန္ဓာကိုယ်အား တိတ်တဆိတ် စစ်ဆေးကြည့်လိုက်၏ ။

မဟာသခင်က သူ့အား အသာအယာ ရိုက်သွားသော်လည်း သေလုမျောပါး ခံစားလိုက်ရသည် ။

' နာနိုဝတ်စုံကြောင့်သာ ..မဟုတ်ရင် နောက်ဘဝ ကူးနေရလောက်ပြီ.. '

လင်းမို့ သက်ပြင်းချလိုက်၏ ။ မဟာသခင်အဆင့်က ကြောက်စရာ ကောင်းလှပေသည် ။ တက္ကသိုလ်အတွင်းတွင် လုပ်ကြံရဲမည်ဟု သူတစ်ခါမှ မ​​မျှော်လင့်မိ ။ ဝတ်စုံကို အမြဲ ဝတ်ထား၍ တော်သေးသည် ။

' ငါခွန်အားကို ဖုံးကွယ်ထားလို့သာ ဒီလို အသာလေး ရိုက်သွားတာ ..ဒါတောင် သေလုဆဲဆဲပဲ.. '

လင်းမို့ ကြက်သီးများ ထသွားသည် ။

' ငါ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆို ခုချက်ချင်းပြန်ကောင်းအောင် ကုလို့ရတယ်.. ပြန်ကုလိုက်ရင် ကောင်းမလား.. '

တိုက်ခိုက်ရေးစွမ်းရည် အဆင့်၆ ရောက်လျှင် ပြင်ပဒဏ်ရာများက ချက်ချင်းပြန်လည်ကုသနိုင်သည် ။ အဘိုးကြီးကျစ်ထျန်း သတိထားမိသွားမည်ကို စိုး၍သာ သူပြန်လည် မကုသရဲခြင်းပင် ။

' သေနေတဲ့ လူတစ်ယောက်ကိုတော့ မတိုက်ခိုက်တော့လောက်ပါဘူး.. '

ဘေးနားတွင် ငိုကြွေးနေသော ဟောက်ရန်ရှိသဖြင့် သေချင်ယောင်ဆောင်နေသည်က ပိုပီပေသည် ။

လင်းမို့က ရဲဆေးတင်ပြီး သူ့ကိုယ်သူ ပြန်လည်ကုသလိုက်၏ ။

**

ကျစ်ထျန်းသည် မီတာတစ်သောင်းကျော် ပျံသန်းပြီးနောက် ဝိုင်းရံထားသော ငါးယောက်ကြားမှ လွတ်တော့မည်ဖြစ်သည် ။

သို့သော်လည်း သူ့စိတ်ထဲတွင် တစ်ခုခုကို မအီမလည် ခံစားနေရလေသည် ။ ထွက်ပြေးနေရချိန်ဖြစ်၍ စဥ်းစားရန် အချိန်မရ ။

သို့သော်လည်း ထိုအကြောင်းကို သူ့ခေါင်းထဲမှ ထုတ်မရဖြစ်နေသည် ။

' ဘယ်နားက မှားနေတာလား.. '

စဥ်းစားရင် သူရိုက်ခဲ့သော လက်ဝါးချက်ကို ပြန်သတိရလိုက်၏ ။

' ငါ လင်းမို့ကို ရိုက်လိုက်တုန်းက ကြားထဲမှာ အလွှာခြားနေသလိုပဲ.. '

ကျစ်ထျန်းတုန်လှုပ်သွား၏ ။ သူ့အမှားကို သိလိုက်လေပြီ ။ သူက လင်းမို့ရှိရာသို့ လှမ်းကြည့်လိုက်သည် ။

မဟာသခင်အဆင့်ဖြစ်၍ ဤကွာအဝေးအား ရှင်းရှင်းလင်းလင်း မြင်ရပေသည် ။

' လင်းမို့က လှုပ်လဲ မလှုပ်တော့ဘူး.. ငါ့စိတ်အာရုံနဲ့ စစ်ဆေးတုန်းကလဲ အသက်စွမ်းအား မရှိတော့ပါဘူး ..ဘေးက လူတွေလဲ ငိုနေတာဆို​တော့ ..သေလောက်ပါပြီ.. '

ကျစ်ထျန်း တွေးရင်း...

' သောက်ခွေး.. လင်းမို့ တကယ်သေရင် ဒီချိန်ဆို အရည်ဖြစ်နေပြီဟ.. သေချင်ယောင် ဆောင်နေတာပဲ.. '

" ဝှစ်.."

ကျစ်ထျန်းက သံမဏိအပ်ဖြင့် လင်းမို့ ထံသို့ လှမ်းပစ်လိုက်သည် ။ အပ်ဆိုသော်လည်း တစ်ထွာလောက်ရှိပြီး မဟာသခင်အဆင့်မှ အားကုန်ပစ်လိုက်သည်ဖြစ်၍ အသံထက် မြန်ပေသည် ။ ဤအပ်သာ လင်းမို့ကို ထိပါက တစ်စစီပေါက်ကွဲထွက်သွားပေမည် ။

" ဝှီးးးး..."

လေထုပွတ်တိုက်မှုကြောင့် အပ်တစ်ခုလုံး နီရဲလာ၏ ။

လင်းမို့ ချက်ချင်း သတိထားမိသွားသည် ။

' ချီး သောက်အဘိုးကြီး လူသေတောင် အလွတ်မပေးသေးဘူး..'

လင်းမို့သည် ချက်ချင်းခုန်ထလိုက်ပြီး ဟောက်ရန်ကို ဆွဲ၍ ထွက်ပြေးတော့သည် ။

" ဘုန်း.."

အပ်က လင်းမို့ လဲနေသည့် နေရာသို့ ထိမှန်သွားပြီး ဆယ်မီတာလောက်ကျယ်ဝန်းသည့် တွင်းကြီး ဖြစ်သွားသည် ။ ဟောက်ရန်သာ အနားရှိပါက လေဟပ်ရုံဖြင့် ဒုက္ခိတ ဖြစ်သွားနိုင်သည် ။

" အ...အကိုမို့.."

ဟောက်ရန်က ကြောက်လန့်သွားပြီး တုန်ရီနေ၏ ။ မဟာသခင် အဆင့်၏ တိုက်ခိုက်မှုက ကြောက်စရာ ကောင်းလှပေသည် ။

" ပြေး.. ပြေး.. ဆရာတွေ ဆီကိုပြေး.. "

လင်းမို့သည် ဟောက်ရန်ကို တွန်းလွှတ်ပြီး ချက်ချင်းထွက်ပြေးတော့သည် ။

လေပေါ်မှ ကျစ်ထျန်းက ပြန်လှည့်မလာဘဲ ဆက်ကြည့်နေ၏ ။

" လင်းမို့က မသေသေးဘူးလား.."

ရီကျန့်က ထိတ်လန့်စွာ ကြည့်နေ၏ ။ သူ ချက်ချင်း လင်းမို့ထံသို့ ပြေးဝင်သွားသည် ။

" မင်းကိုမင်း ဘာကောင်ထင်နေတာလဲ.. "

လင်းမို့က လှောင်လိုက်ပြီး ရီကျန့်အား လက်သီးဖြင့် ဆီးထိုးလိုက်သည် ။

" ဖောင်း.. "

ရီကျန့် လာရာလမ်းအတိုင်း ပျံသန်းသွားပြီး ဆဲလ်အမြောက်အများ သေဆုံးကာ ဒဏ်ရာပြင်းထန်စွာ ရသွားလေသည် ။

' လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်အဆင့်လဲ ငါ ရှောင်လို့တောင် မရလိုက်ဘူး.. Black Earth ထက်တောင် သာနေတာပဲ.. '

လင်းမို့က ဆက်လက် ပြေးသည် ။ လေပေါ်မှ ရန်သူကို ရင်ဆိုင်ရမည်ဖြစ်၍ မြေတွင်းတူးရန် နေရာကောင်း ရှာနေခြင်းပင် ။ မြေကြီးအား စိတ်အာရုံ ဖောက်မဝင်နိုင်၍ မြေကြီးထဲ ဝင်ပြေးသည်က အသင့်တော်ဆုံးပင် ။

လင်းမို့သည် သင့်တော်ရာနေရာ ရှာတွေ့သွားပြီး လေးဘက်ကုန်း တူးတော့သည် ။ သေရေးရှင်ရေးဖြစ်သဖြင့် ရှက်ချိန်မရ ။

' မြေတူး ပြေးမလို့လား.. '

ကျစ်ထျန်း ရယ်ချင်သွား၏ ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဝါရောင် အဆောင် တစ်ရွက် ထွက်ပေါ်လာသည် ။ အဆင့် ၇ စိတ်ထိန်းချုပ်သူ မစ္စတန့်ယွင် ပြင်ဆင်ပေးလိုက်သော အဆောင်စာရွက်ပင် ။ မစ္စတန့်ယွင်က Black Earth အားသတ်ရန် စိတ်စွမ်းအင်အဆီအနှစ် တဝက်လောက် ထုတ်သုံးခဲ့ရသလို ဤအဆောင်စာရွက်ပြုလုပ်ရန် ကျန်တဝက်ကို ထုတ်သုံးခဲ့ရသဖြင့် ပြန်လည်သက်သာရန် နှစ်ပေါင်းများစွာ ကုသရတော့မည် ။

' ဒီအဆောင်က နေအလင်းအဆင့်ကို အေးဆေးသတ်နိုင်တယ်.. '

ကျစ်ထျန်းသည် သူ့နောက်တွင် မဟာသခင် ငါးယောက်လိုက်လာသဖြင့် ပြန်မလှည့်ရဲပေ ။

" သေလိုက်တော့.. "

ကျစ်ထျန်းက စိတ်အာရုံဖြင့် လင်းမို့အား ပစ်မှတ်ထား၍ အဆောင်ကို အသက်သွင်းလိုက်လျှင် အဆောင်က မီးတောက်လောင်ပြီး ပြာဖြစ်သွား၏ ။

" ဝှစ်..."

ပြာများက လျှပ်စီးမြွေအသွင်ပြောင်းသွားပြီး လင်းမို့၏ စိတ်ပင်လယ် အတွင်းသို့ ချက်ချင်းရောက်ရှိသွားသည် ။

" ဝုန်း.."

လင်းမို့၏ အသိစိတ်သည် အမှောင်ထုအတွင်း ကျရောက်သွားပြီး ခန္ဓာကိုယ်က ပျော့ခွေကာ မြေပေါ်လဲကျသွားသည် ။

All Chapters