ချိုသာတဲ့ စကားတွေကြောင့် ယိမ်းယိုင်သွားမှာ မဟုတ်ဘူး
Vol. 62 Ch. 916
လုချန်း၏ မေးခွန်းကို ကြားသောအခါ ယွမ်ရှန်ရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တုံ့ပြန်ခြင်းမပြုပေ။
လုချန်းက ယွမ်ရှန်ရှန်၏ မျက်နှာကို ဆက်လက်ပွတ်သပ်ရင်း သူမ၏ ရှုပ်ပွနေသော ဆံပင်များကို ညင်သာစွာ ဘေးသို့ဖယ်ပေးလိုက်သည်။
ယွမ်ရှန်ရှန်က တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် လုချန်းက ဦးအောင် ပြောလိုက်၏။
“လေးစားရတဲ့ဆရာမ။ ကျွန်တော်က ဆရာမကို ဘယ်လို စီစဉ်မလဲဆိုတာ မေးချင်နေတာတော့ မဟုတ်ဘူးမလား။”
ထိုစကားများကြောင့် ယွမ်ရှန်ရှန် တိတ်ဆိတ်သွား၏။ ဤသစ္စာဖောက်တပည့်က သူမကို နောက်ဆက်တွဲ ဘာလုပ်ရန် စီစဉ်ထားသည်ကို သူမ အမှန်တကယ်ပင် သိချင်နေသည်။
လွန်ခဲ့သော သုံးရက်အတွင်း သူမသည် လုချန်း၏ ကစားစရာဖြစ်ခဲ့ရသည်။ သူက သူမကို မည်သို့ပင် နှိပ်စက်စေကာမူ သူမတွင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။ ယခု လုချန်း၏ သဘောထားအရ သူ၏ ကစားလိုစိတ်များ လျော့ကျသွားပြီဖြစ်ပြီး သူမကို မည်သို့ဆက်ဆံမည်ဟူသော ကိစ္စက နောက်ဆက်တွဲ လိုက်လာမည်မှာ သေချာသည်။
ယွမ်ရှန်ရှန်၏ အမြင်အရ ဤသစ္စာဖောက်တပည့်သည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက်ပိတ်စို့ထားပြီးနောက် သူမကို အကျဉ်းချကာ သူ၏ အိမ်မွေးတိရစ္ဆာန်အဖြစ် သဘောထားရန် ဖြစ်နိုင်ခြေများ၏။
သူမ၏ ဖြစ်နိုင်ခြေရှိသော ကံကြမ္မာကို တွေးမိသောအခါ အထီးကျန်ဆန်မှု တစ်ခုကို ယွမ်ရှန်ရှန် ခံစားလိုက်ရသည်။ အောက်ကမ္ဘာသို့ ကျရောက်ပြီးနောက် ထွက်ခွာနိုင်ခြင်းမရှိပဲ ဤကဲ့သို့သော ဒုက္ခမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမ ကြိုတင်မမှန်းဆခဲ့မိပေ။
အဆင့်မြင့် ကျင့်စဉ်နယ်ပယ်တွင် အမျိုးသားကျင့်စဉ်ကျင့်သူများက သူမကို မကြာခဏ တပ်မက်ကြသော်လည်း သူမ ယခုလို မတော်တဆမှု တစ်ခါမှ မကြုံခဲ့ဖူးချေ။ သို့သော် ယခုမူ ဤအောက်ကမ္ဘာတွင် သူမသည် တစ်စုံတစ်ယောက်၏ ကစားစရာ ဖြစ်နေခဲ့ရသည်။
ယွမ်ရှန်ရှန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက
“ဆရာမ။ ကျွန်တော့်ရဲ့အမျိုးသမီးတွေကို ကြည့်ပါဦး။ သူတို့အားလုံး အရမ်းလွတ်လပ်ကြတယ် မဟုတ်လား။ အထူးသဖြင့် ရွန်ရွန်ပေါ့။ ကျွန်တော့်အမျိုးသမီး ဖြစ်သွားပြီးတဲ့နောက်မှာတောင် သူက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်အဖြစ် ရှိနေတုန်းပဲ။”
ထိုအခိုက်တွင် ယွမ်ရှန်ရှန်က အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်။
“မင်း ဘာကိုဆိုလိုချင်တာလဲ။”
လုချန်းက
“ကျွန်တော်ဆိုလိုတာက ကျွန်တော့်ဇနီးမယားတွေရဲ့ လွတ်လပ်ခွင့်ကို ဘယ်တော့မှ မကန့်သတ်ဘူး။ သူတို့သွားချင်တဲ့နေရာကို သွားလို့ရတယ်။ ကျွန်တော်က သူတို့ရဲ့ချစ်သူဖြစ်ပြီး တစ်ချိန်ပြန်လာရမယ်ဆိုတာကို သူတို့သတိရနေသရွေ့ပေါ့။”
ထိုသို့ပြောပြီးနောက် လုချန်းက ကိုင်းညွှတ်လိုက်ပြီး ယွမ်ရှန်ရှန်၏ နားနားကပ်ကာ
“ဒါကြောင့် ဆရာမ အတွက်လည်း အတူတူပါပဲ။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်သည် ခဏမျှ မှင်သက်သွားပြီးနောက် အေးစက်စွာ ပြန်ပြောလိုက်သည်။
“ငါသာ ရန်ခရိုင်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ရင် မင်းမကြောက်ဘူးလား။”
လုချန်းက ယွမ်ရှန်ရှန်၏ ဖြူဖွေးသောဆံပင်များကို ကစားသလိုကိုင်တွယ်ရင်း
“ဆရာမက ကျွန်တော့်ကို ပစ်မသွားဘူး။ ဂရုမစိုက်ပဲ ထားမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။”
ယွမ်ရှန်ရှန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်းငါ့အပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တွေပြီးမှ ဒီလိုစကားတွေပြောရဲတဲ့ မျက်နှာ မင်းမှာရှိသေးတယ်ပေါ့။”
ထိုအခိုက်တွင် လုချန်းက ယွမ်ရှန်ရှန်၏ ခရမ်းရောင်ဖျော့ဖျော့ မျက်လုံးများကို အလွန်ချစ်ခင်ကြင်နာသော အကြည့်ဖြင့် စိုက်ကြည့်ကာ
“ဆရာမ။ ဆရာမကို မြင်မြင်ချင်းပဲ ကျွန်တော်ချစ်မိသွားတာပါ။ ပြီးတော့ ဆရာမကလည်း ကျွန်တော့်အပေါ်မှာ ခံစားချက်တွေရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်။”
ယွမ်ရှန်ရှန်က ချက်ချင်းပြန်ပြောလိုက်သည်။
“ငါ့ကို ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာမပြောနဲ့။ ငါက မင်းရဲ့တခြားဇနီးမယားတွေလို အလွယ်တကူ လှည့်စားလို့ရတဲ့သူ မဟုတ်ဘူး။ မင်းရဲ့ ချိုသာတဲ့စကားလုံးတွေနောက်ကို ငါလိုက်မှာမဟုတ်ဘူး။”
လုချန်း၏ ရည်ရွယ်ချက်များကို တစ်ချက်ကြည့်ရုံဖြင့် ယွမ်ရှန်ရှန် သိမြင်လိုက်၏။ ဤလူသည် သူမကို ချော့မော့သော စကားများဖြင့် ဆွဲဆောင်လိုနေ၏။ သူမကတော့ ထိုအရာကို လက်ခံမည်မဟုတ်ပေ။
လုချန်းက ရယ်မောကာ
“ကောင်းပြီလေ။ ဒါဆို လက်တွေ့ကျတဲ့ အကျိုးအမြတ်တွေအကြောင်း ပြောကြတာပေါ့။ အပျိုစင်ဘဝ ဆုံးရှုံးသွားတာကလွဲရင် ကျွန်တော်တို့ရဲ့ စုံတွဲကျင့်စဉ်ကနေ ဘယ်လို အားနည်းချက်တွေ ဆရာမ ခံစားခဲ့ရလို့လဲ။”
လုချန်း၏ မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ သူ့လက်ထဲ ကျရောက်ပြီးနောက် သူမကြုံတွေ့ခဲ့ရသော အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရန် ယွမ်ရှန်ရှန် စဉ်းစားနေမိ၏။
သို့သော် များစွာစဉ်းစားပြီးနောက် မည်သည့်အားနည်းချက်ကိုမှ ရှာမတွေ့ခဲ့ပေ။
ထို့ပြင် စုံတွဲကျင့်စဉ်သည် သူမ၏အင်အားကို အပြည့်အဝနီးပါး ပြန်လည်ရရှိစေခဲ့ပြီး မည်သည့် မသက်မသာမှုကိုမှ မခံစားခဲ့ရပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမ ကြာရှည်စွာ ခံစားခဲ့ရသော ဖိအားများ လွတ်မြောက်သွားခဲ့သည်။ အရင်တုန်းက လုချန်းနှင့်အတူ ကျင့်ကြံပြီးနောက်တွင် သူမသည် အမြဲတမ်း မသက်မသာဖြစ်ခြင်းကို ခံစားခဲ့ရပြီး ထိုခံစားချက်သည် အချိန်နှင့်အမျှ စုပုံလာပုံရ၏။
သို့သော် ဤတစ်ကြိမ်ပြီးနောက်တွင်မူ သူမ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ပေါ့ပါးသွားပြီး ဒုက္ခမရောက်တော့ချေ။
သို့သော် တစ်ခုတည်းသော ပြဿနာမှာ သူမ ဤသစ္စာဖောက်၏ အမျိုးသမီး ဖြစ်သွားခြင်းပင်ဖြစ်သည်။
ယွမ်ရှန်ရှန်က အေးစက်စွာဖြင်
“မင်းမျက်လုံးထဲမှာ ငါက အပျိုစင်ဘဝကို ဂရုမစိုက်တဲ့သူလို့ ထင်နေတာလား။”
အမှန်စင်စစ် သူမ၏ အသက်အရွယ်အရ အပျိုစင်ဘဝကို သိပ်ဂရုမစိုက်တော့ချေ။ နှစ်ထောင်ပေါင်းများစွာ နေခဲ့ပြီးဖြစ်၍ သူမ၏ အသက်သုံးဆယ်ကျော်အရွယ်က ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်မျိုး မရှိတော့ပေ။
သို့သော် အတွင်းစိတ်ထဲတွင်တော့ သူမ အနည်းငယ် မသက်မသာဖြစ်နေဆဲဖြစ်သည်။ လုချန်းနှင့် ထိုသို့သော အဖြစ်အပျက်ရှိခြင်းက လုချန်း၏ ကံကြမ္မာနှင့် သူမ ဆက်နွယ်နေပြီဟု အဓိပ္ပာယ်ရသည်။ သူမ၏ ဘဝတစ်လျှောက်လုံး ဤအရာကြောင့် သက်ရောက်မှုရှိနိုင်ပြီး သူမ၏ ကျင့်ကြံမှုကို ပြင်းထန်စွာ ထိခိုက်စေနိုင်စရာရှိသည်။
ဤအခိုက်တွင် လုချန်းက ကိုင်းညွှတ်ကာ သူမ၏ ပါးပြင်ကို နမ်းလိုက်သည်။ ယွမ်ရှန်ရှန်လည်း ရှောင်တိမ်းခြင်းမပြုပဲ လုချန်းအား နမ်းခွင့်ပြုလိုက်၏။ လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ရယူပြီးဖြစ်သောကြောင့် ယခု ရှောင်တိမ်းနေခြင်းသည် အဓိပ္ပာယ်မရှိတော့ချေ။
နမ်းပြီးနောက်တွင် လုချန်းက ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း
“ဆရာမ။ ကျွန်တော့်မှာ တကယ်ပဲ ကာမစိတ် ပြင်းပြတဲ့ သဘာဝရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က တာဝန်ယူစိတ် အလွန်ပြင်းပြတဲ့ ယောက်ျားတစ်ယောက်လည်း ဖြစ်ပါတယ်။”
“ကျွန်တော့်ရဲ့ဇနီးမယားတွေကို ကြည့်ပါ။ ကျွန်တော် သူတို့ထဲက ဘယ်တစ်ယောက်ကိုမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ဘေးမှာနေပါ။ ကျွန်တော် ဆရာမကို တကယ်ကြိုက်တာပါ။ ဆရာမရဲ့ ခန္ဓာကိုယ်တစ်ခုတည်းကို မဟုတ်ပဲ စိတ်ဝိညာဉ်ကိုပါ ကြိုက်တာပါ။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် တိတ်ဆိတ်သွား၏။
လုချန်းနှင့် ဤမျှကြာအောင် ဆက်ဆံခဲ့ပြီးနောက် သူ ဘယ်လိုလူစားမျိုးလဲဆိုတာ သူမ မသိဘဲနေပါ့မလား။ သူပြောသည့်အတိုင်းပင် လုချန်းသည် ကာမစိတ်ပြင်းသော်လည်း တာဝန်ယူတတ်သော ယောက်ျားတစ်ယောက် ဖြစ်သည်။
သူ့တွင် အမျိုးသမီးများစွာ ရှိသော်လည်း သူသည် တစ်ယောက်ချင်းစီကို သေချာဂရုစိုက်၏။ အရေးကိစ္စများကို ကိုင်တွယ်ခြင်းမှလွဲ၍ ဤလူသည် သူ၏အာရုံစိုက်မှုအားလုံးကို အမျိုးသမီးများအပေါ်တွင်သာ မြှုပ်နှံထားသည်ဟု ဆိုနိုင်သည်။
ဟုတ်ပါသည်။ လုချန်းက သူတို့နှင့် စုံတွဲကျင့်စဉ် ကျင့်လိုသောကြောင့် သူတို့ကို ကောင်းမွန်စွာ ဆက်ဆံခြင်းဖြစ်သည်ဟူသော ဖြစ်နိုင်ခြေကိုတော့ မဖယ်ထုတ်နိုင်ပေ။
ထိုအတွေးပေါ်လာသောအခါ ယွမ်ရှန်ရှန်သည် လုချန်း၏ မျက်လုံးများကို ကြည့်ကာ
“ငါသိချင်တာက မင်းငါနဲ့ စုံတွဲကျင့်စဉ်ကျင့်ဖို့ ငါ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ခဲ့တာလား။
ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်အတွက် သက်သက်ပဲလား။”
ထိုမေးခွန်းက လုချန်းကို အံ့အားသင့်သွား စေ၏။ ယွမ်ရှန်ရှန် ထိုသို့သော မေးခွန်းမျိုး မေးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
စိတ်တည်ငြိမ်မှု ပြန်ရပြီးနောက် လုချန်းက တိုက်ရိုက်ပြန်ဖြေလိုက်သည်။
“ကျွန်တော်ကဆရာမနဲ့ စုံတွဲကျင့်စဉ် မကျင့်ရင်တောင်မှ ဆရာမရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ နည်းလမ်းရှာမှာပဲ။ ဆရာမရဲ့ အလှတရားကြောင့် ကျွန်တော် စိတ်ယိုင်သွားတာပါ။”
လုချန်းက ထိုသို့ပြောသော်လည်း အမှန်တကယ်တော့ သူလိမ်ညာနေခြင်းဖြစ်သည်။ သူ ယွမ်ရှန်ရှန်ကို လိုချင်တပ်မက်ရခြင်း၏ အခြေခံအကြောင်းရင်းမှာ စနစ်၏ ရွေးချယ်မှုကြောင့်ဖြစ်သည်။
အကယ်၍ စနစ်က ယွမ်ရှန်ရှန်၏ အမှတ် ကိုးဆယ်ကျော်ကြောင်း မပြခဲ့ပါက သူမမည်မျှပင် လှပနေပါစေ လုချန်း သူမကို ရွေးချယ်မည် မဟုတ်ပေ။
ဤလောကတွင် လှပသော အမျိုးသမီးများ ပေါများလှသည်။ လုချန်း ယခင်က ကိုယ်လုပ်တော်များ ရွေးချယ်ခဲ့စဉ်က သူရွေးချယ်ခဲ့သော အမျိုးသမီးများသည် နတ်သမီးကဲ့သို့ လှပကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ အမှတ်ကိုးဆယ် မကျော်ခဲ့ကြပေ။ သူမည်မျှ ကာမစိတ် ပြင်းထန်နေပါစေ ထိုအမျိုးသမီးများကို ကိုယ်လုပ်တော်အဖြစ် လုချန်း မထားခဲ့ချေ။
အမှတ်ကိုးဆယ်ရှိသော အမျိုးသမီးများကို များများစားစား သူ မကြုံတွေ့သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့နှင့် ပိုတွေ့ဆုံလာရမည်ကို လုချန်း ကောင်းစွာသိ၏။
အမျိုးသမီးတိုင်းကို သူ၏ မိဖုရားဆောင်ထဲသို့ ခေါ်သွင်းပါက အနာဂတ်တွင် သူ အလွန်အလုပ်များပြီး မနိုင်မနင်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် စနစ်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသော အမျိုးသမီးများ မည်မျှပင် လှပနေပါစေ သူတို့ကို လုချန်း လိုချင်မည် မဟုတ်ပေ။
သို့သော် စနစ်နှင့်ပတ်သက်သည့် အကြောင်းကို ယွမ်ရှန်ရှန်အား သူ ထုတ်ဖော်ပြောမည်မဟုတ်ပေ။ သူမက သူ့ကို ကာမစိတ် ပြင်းပြသော ယောက်ျားတစ်ယောက်ဟု ထင်နေလျှင်လည်း သူဂရုမစိုက်ချေ။ အကြောင်းမှာ သူသည် အလှတရားကို အမှန်တကယ် တန်ဖိုးထားသောကြောင့် ဖြစ်သည်။
လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ ယွမ်ရှန်ရှန် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ ဤသစ္စာဖောက်သည် ထိုသို့သော စကားများကို ပြောရဲလောက်သည်အထိ အတင့်ရဲလှသည်။
ယွမ်ရှန်ရှန်က ဆက်ပြောလိုက်သည်။
“မင်းရဲ့အပျော်အတွက် ငါ့ကို မင်းဘေးမှာနေစေချင်တယ်ဆိုရင်တော့ မင်းမှာ လုံလောက်တဲ့စွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့။”
လုချန်း အံ့အားသင့်သွားပြီး တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ယွမ်ရှန်ရှန်က ဆက်ပြောလိုက်သည်။
“ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာမှာ ကြောက်စရာကောင်းတဲ့ ငါရဲ့ ရန်သူတစ်ယောက်ရှိတယ်။”