← Chapters

ဘာတွေကြံစည်နေလဲဆိုတာ မသိဘူးများထင်နေလား

Vol. 62 Ch. 917

ဘာတွေကြံစည်နေလဲဆိုတာ မသိဘူးများထင်နေလား

Vol. 62 Ch. 917

ဤအချိန်တွင် ယွမ်ရှန်ရှန် အရာရာကို သဘောပေါက်သွားခဲ့၏။ သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးပြီးဖြစ်သောကြောင့် သူမ၏ ခန္ဓာကိုယ်ကို အလွန်စွဲလန်းနေသော ဤသစ္စာဖောက်တပည့်ကို အသုံးချရန် စဉ်းစားလိုက်သည်။

အကယ်၍ သူမ ဤသစ္စာဖောက်တပည့်၏ တန်ဖိုးကို အပြည့်အဝ အသုံးမချခဲ့ပါက သူမ၏ နှလုံးသားထဲမှ အမုန်းတရားများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်းက အပြုံးတစ်ခုကို ဖော်ပြပြီး ယွမ်ရှန်ရှန်၏ လှပသောမျက်လုံးများကို တည့်တည့်ကြည့်ကာ

“ဆရာမရဲ့ရန်သူကို ကျွန်တော် မယှဉ်နိုင်ဘူးလို့ ထင်နေတာလား။”

ယွမ်ရှန်ရှန်က

“မင်းနောက်မှာ တန်ခိုးရှင်တွေရဲ့ ထောက်ပံ့မှုရှိနိုင်တာကို ငါသိတယ်။ ဒါပေမဲ့ ငါ့ရန်သူက အင်ပါယာတစ်ခုရဲ့ အုပ်စိုးသူတစ်‌ယောက်။ အဆင့်မြင့် ကျင့်စဉ်နယ်ပယ်မှာ ဘယ်တန်ခိုးရှင်အင်အားစုကမှ ငါ့ရန်သူနဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။”

လုချန်းက ယွမ်ရှန်ရှန်၏ ဖြူဖွေးသောဆံပင်များကို ပွတ်သပ်ရင်း

“ဆရာမ စိတ်ချပါ။ တစ်နေ့နေ့မှာ ကျွန်တော်ဟာ ဧကရာဇ်အဆင့် ဖြစ်လာမှာပါ။ အဲ့ဒီအခါကျရင် ဆရာမ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။ ကျွန်တော် ဧကရာဇ်ဖြစ်သွားတဲ့အခါ ဆရာမ အတွက် အဲ့ဒီရန်သူကို ကိုယ်တိုင် ရှင်းလင်းပေးပါ့မယ်။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် ဟားတိုက်ရယ်မောလိုက်ကာ

“ဧကရာဇ်ဖြစ်မယ် ဟုတ်လား။”

“မင်းက ဧကရာဇ်အဆင့် ဖြစ်မယ် ဟုတ်လား။”

“မင်းက ဧကရာဇ်အဆင့် မဖြစ်ခင်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာပဲ သေသွားလောက်တယ်။”

“အမျိုးသမီးတွေကြားထဲမှာ အချိန်ကုန်နေတဲ့ ကျင့်စဉ်ကျင့်သူတစ်ယောက် ဧကရာဇ်အဆင့် ဖြစ်သွားတယ်ဆိုတာကို ငါတစ်ခါမှ မကြားဖူးဘူး။”

ကျင့်စဉ်လောကတွင် စုံတွဲကျင့်စဉ်များ အမှန်တကယ်ရှိပြီး ထူးခြားသော အကျိုးသက်ရောက်မှုများလည်း ရှိသော်လည်း စုံတွဲကျင့်စဉ်သည် သာမညလမ်းကြောင်းတစ်ခုသာ ဖြစ်နိုင်၏။ နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူများပင် ၎င်းကို သူတို့၏ အဓိကကျင့်ကြံနည်းအဖြစ် မမှတ်ယူကြချေ။

လုချန်းကို သူမ သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ အလေးအနက်ထား ကျင့်ကြံလေ့ကျင့်သည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဤလူသည် စုံတွဲကျင့်စဉ်ကိုသာ ကျင့်တတ်၏။

ထိုသို့သော နည်းလမ်းများဖြင့် သူ ဧကရာဇ်အဆင့် ဖြစ်နိုင်မည်ဟု သူမ လုံးဝမယုံကြည်ပေ။ အကယ်၍ သူဖြစ်ခဲ့ပါက ယင်းသည် ကောင်းကင်ဘုံ လမ်းစဉ်၏ မတရားမှုသာ ဖြစ်ပေလိမ့်မည်။

ကျင့်စဉ်လောကရှိ အခြားကျင့်ကြံသူများသည် ကောင်းကင်နှင့် သူတို့အချင်းချင်းကြား အပြင်းအထန် ရုန်းကန်တိုက်ခိုက်ကြရပြီး အများစုတွင် ဧကရာဇ်အဆင့် ဖြစ်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြသည်။ လုချန်းသာ ဤသို့သော သာယာပျော်ပါးသည့် နည်းလမ်းဖြင့် ဧကရာဇ်ဖြစ်နိုင်မည်ဆိုလျှင် ကျင့်စဉ်လောကရှိ ကျင့်ကြံသူများအားလုံး ဤအကြောင်းကို သိသွားပါက မရေမတွက်နိုင်သော ကျင့်ကြံသူတို့၏ စိတ်နှလုံးများ ကြေမွသွား စေပေလိမ့်မည်။

ယွမ်ရှန်ရှန်က သူ့ကို မယုံကြည်သည်ကို မြင်သောအခါ လုချန်းက

“ဧကရာဇ်တိုင်းရဲ့ လမ်းကြောင်းက မတူညီဘူး။ ရှေးလူတွေက ဒီနည်းနဲ့ ဧကရာဇ်မဖြစ်နိုင်ခဲ့တာက ဘယ်သူမှ ဒီလမ်းကို အရင်က မတွေ့ခဲ့ဖူးလို့ပဲ။”

“ပြီးတော့ တခြားသူတွေ မလုပ်နိုင်တာနဲ့ ကျွန်တော်မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဆရာမကကျွန်တော်ကို မယုံကြည်နိုင်ပေမဲ့ ကျွန်တော် ဆရာမကို အာမခံနိုင်တာကတော့ ကျွန်တော်ဟာ နောက်ဆုံးမှာ ဒီစကြာဝဠာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်မှာပါ။”

လုချန်း၏ စကားကြောင့် ယွမ်ရှန်ရှန် ကျယ်လောင်စွာ ရယ်မောမိမတတ် ဖြစ်သွား၏။ အမျိုးသမီးများပေါ်၌ အမြဲလဲလျောင်းနေတတ်သော ဤသစ္စာဖောက်တပည့်က တစ်နေ့တွင် စကြာဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်မည်ဟု ဆိုနေသည်။

သူ၏ယုံကြည်မှု မည်သည့်နေရာက လာသနည်း။

ယွမ်ရှန်ရှန်က

“ငါမင်းကို တစ်ခေါက်ထပ်မေးမယ်။ မင်းငါ့ကို တကယ်ကြိုက်တာ သေချာလား

ငါနဲ့ စုံတွဲကျင့်စဉ်ကျင့်ဖို့ သက်သက်မဟုတ်ဘူးလား။”

ကျင့်စဉ်လောကတွင် အချို့သော ကျင့်ကြံသူများသည် ကျင့်ကြံရေး မီးဖိုအဖြစ် သုံးပြုရန် အထူးသင့်တော်သော ကိုယ်ခန္ဓာဖွဲ့စည်းပုံများ ရှိတတ်ကြပြီး ထိုသို့သော ကျင့်ကြံသူများနှင့် စုံတွဲကျင့်စဉ်ကျင့်ပါက သူတို့၏ အင်အားကို အလွန်တိုးတက်စေနိုင်၏။

သူမ၏ အထူးကိုယ်ခန္ဓာဖွဲ့စည်းပုံကြောင့်သူမ၏ ခန္ဓာကိုယ်ကို လုချန်းက လိုချင်နေခြင်း ဖြစ်မည်ဟု ယွမ်ရှန်ရှန် သံသယဝင်နေသည်။ သူမကို စုံတွဲကျင့်စဉ်အတွက် အသုံးချကာ ကျင့်ကြံရေး မီးဖိုအဖြစ် ပြုလုပ်ရန် ရည်ရွယ်သည်ဟု သူမသံသယရှိ၏။

လုချန်းအသုံးပြုသော နည်းစနစ်သည် နတ်ဆိုးကျင့်စဉ်တစ်ခု မဟုတ်ဟု ထင်ရသော်လည်း သူ၏ကျင့်ကြံနည်းသည် လုံးဝပုံမှန်ဖြစ်သည်ဟုတော့ မည်သူမှ သေချာပေါက် မပြောနိုင်ပေ။ ထို့ပြင် သူမ လုချန်း၏ လက်ထဲသို့ မထင်မှတ်ပဲ ကျရောက်ခဲ့ရသည်မှာ ဤကျင့်ကြံခြင်းနည်းစနစ်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် ဖြစ်နိုင်၏။

အကယ်၍ ၎င်းသည် လူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားကို ပိတ်ဆို့စေနိုင်သော အစွမ်းသတ္တိရှိပါက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် မှန်ကန်သော ကျင့်စဉ်တစ်ခု မဟုတ်နိုင်တော့ပေ။

လုချန်းက

“ဆရာမက ဘာလို့ ထပ်ခါထပ်ခါ မေးနေရတာလဲ။ ကျွန်တော် ဘယ်လိုလူလဲဆိုတာ ဆရာမသိသင့်ပါတယ်။ ကျွန်တော်က အလှတရားကို တကယ် တပ်မက်တဲ့လူပါ။ ဆရာမရဲ့ အလှကိုလည်း အရမ်း နှစ်သက်မိတာက အမှန်ပါ။”

ထိုအချိန်တွင် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက်စဉ်းစားမိသွားပြီး

“ကျွန်တော်က ဆရာမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အခြား တန်ဖိုးတစ်ခုခုကို မြင်နေတယ်လို့ ဆရာမ ထင်နေတာများလား။ ဒါကြောင့် ကျွန်တော်ကဆရာမရဲ့ ခန္ဓာကိုယ်ကို ကျင့်စဉ်အတွက် သက်သက် အသုံးချချင်တယ်လို့ ခံစားနေရတာလား။”

လုချန်းက သူမ၏အတွေးများကို တိုက်ရိုက်ပြောသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“မဟုတ်လို့လား။”

“ငါက နတ်ဝိညာဉ်ခန္ဓာပိုင်ရှင်။ ငါ့ကို ကျင့်ကြံရေး မီးဖိုအဖြစ် အသုံးချတာက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအခြေအနေနဲ့ အင်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်တယ်။”

သူမ၏ ထူးခြားသော ကိုယ်ခန္ဓာဖွဲ့စည်းပုံအကြောင်း ထုတ်ပြောရန် ယွမ်ရှန်ရှန် မကြောက်ပေ။ အကြောင်းမှာ လုချန်းသည် သူမ၏ အထူးအခြေအနေကို သိရှိပြီးဖြစ်နိုင်သောကြောင့်သာ သူမကို ရက်ပေါင်းများစွာ ဖိနှိပ်ခဲ့ပြီး ထွက်ခွာခွင့်မပြုခြင်းဖြစ်သည်ဟု သူမယုံကြည်သောကြောင့် ဖြစ်သည်။

ထိုသို့ကြားသောအခါ လုချန်းက ရယ်မောကာ

“ဒါကြောင့်ကိုး။ ဒါကြောင့်မို့ ဆရာမက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေ မရိုးနိုင်ဘူးလို့ သံသယဝင်နေခဲ့တာကိုး။”

ထို့နောက် လုချန်းက

“စိတ်ချပါ ဆရာမ။ နောက်ပိုင်းဆရာမရဲ့ ခွင့်ပြုချက်မရပဲ ဆရာမနဲ့ ဘယ်တော့မှ စုံတွဲကျင့်စဉ် ကျင့်မှာမဟုတ်ပါဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများ မြင့်တက်သွားပြီး လုချန်းကို သံသယဖြင့် ကြည့်ကာ

“မင်းစကားကို ငါယုံမယ်လို့ ထင်နေတာလား။ ငါသာ ရန်ခရိုင်မှာ ဆက်နေရင် ငါ့ကံကြမ္မာက မင်းရဲ့ဇနီးတွေနဲ့ ဘာမှမခြားပဲ မင်းရဲ့ကစားစရာတစ်ခု ဖြစ်လာမှာ စိုးရိမ်ရတယ်။ မင်းငါ့ခန္ဓာကိုယ်ကို မထိဘူးဆိုတာ ငါမယုံဘူး။”

လုချန်းက

“ဆရာမ နားလည်မှုလွဲနေပြီ။ ကျွန်တော့် ပြောတာက ဆရာမနဲ့ စုံတွဲကျင့်စဉ် မကျင့်ဖို့ပါ။ ထိတွေ့ဆက်ဆံတာကတော့ ရှိနေရမှာပဲ။ ကျွန်တော်ရဲ့ရည်ရွယ်ချက်တွေ မရိုးသားဘူးလို့ ဆရာမ စိုးရိမ်တယ်ဆိုရင် စုံတွဲကျင့်စဉ်မပါပဲ ရိုးရိုးရှင်းရှင်း ခံစားတော့မှာပေါ့။”

“မင်း”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် မှင်တက်သွား၏။

စုံတွဲကျင့်စဉ် မကျင့်ခြင်းက သူမ၏ ခန္ဓာကိုယ်ကို မထိခြင်းဟု သူမထင်ခဲ့သည်။ ဤသစ္စာဖောက်တပည့်က ဘယ်လိုလုပ် ဒီလောက်ကြင်နာတတ်မှာလဲဟုပင် သူမတွေးမိသည်။

အခွင့်အရေးယူပြီးမှ သူက သူမကို မထိပဲနေမည် မဟုတ်ပေ။ ဒါက ဒီသစ္စာဖောက်တပည့်ရဲ့ ဆိုးယုတ်တဲ့ အကြံအစည်ပဲ ဖြစ်ရမည်။

မဖြစ်ပါ။အကယ်၍ သူတို့ စုံတွဲကျင့်စဉ် မကျင့်ကြံပါက သူမလည်း ဘာအကျိုးအမြတ်မှ ရရှိမည်မဟုတ်ပေ။ ဤသစ္စာဖောက်တပည့်ကို ပေးဆပ်ခဲ့ရတာ အလဟဿ ဖြစ်သွားမည်မဟုတ်ပါလား။

ယွမ်ရှန်ရှန်က စကားမပြောပဲ သူမ၏ ခရမ်းရောင်မျက်လုံးများဖြင့် လုချန်းကို စိုက်ကြည့်နေ၏။ သူမ၏ မျက်နှာအမူအရာတွင် ဒေါသရိပ် အနည်းငယ်ကို မြင်သောအခါ လုချန်းက ဆက်ပြောလိုက်သည်။

“ကျွန်တော့မှာ ဆရာမကျင့်ကြံဖို့ အလွန်သင့်တော်တဲ့ ကောင်းကင်အဆင့် ကျင့်ကြံခြင်းကျင့်စဉ်တစ်ခု ရှိတယ်။ ကျွန်တော့်ရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ဒီကောင်းကင်အဆင့် ကျင့်စဉ်ကို အခုပဲ ဆရာမဆီကို ပို့လွှတ်ပေးပါ့မယ်။”

“ဆရာမ ကျင့်ချင်သလား မကျင့်ကြံချင်ဘူးလားဆိုတာကတော့ ဆရာမရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။”

လုချန်းအား မည်သို့သော ကောင်းကင်အဆင့် ကျင့်ကြံကျင့်စဉ်ဖြစ်သည် ယွမ်ရှန်ရှန် မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် လုချန်းက လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်၏ အကြောင်းအရာများကို ယွမ်ရှန်ရှန်၏ စိတ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်၏ အကြောင်းအရာများ ယွမ်ရှန်ရှန်၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် သစ္စာဖောက်တပည့်၏ ရည်ရွယ်ချက်ကို သူမ ချက်ချင်းနားလည်သွား၏။

ဤသစ္စာဖောက်တပည့်က သူမဆီကို ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု ပို့လွှတ်ပေးခဲ့သည်။

သူမ ကျင့်သင့်သလား၊ မကျင့်ကြံသင့်ဘူးလား။

မကျင့်ကြံပါက ဤကောင်းကင်အဆင့် ကျင့်စဉ်ကို ဖြုန်းတီးရာကျပေမည်။

သို့သော် ကျင့်ကြံမည်ဆိုလျှင် သူမအတွက် ယောက်ျားတစ်ယောက် လိုအပ်မည်ဖြစ်သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်ကို ကြာရှည်စွာကျင့်ဖို့အတွက် ခံနိုင်ရည်ရှိပုံရသော ဤကမ္ဘာပေါ်ရှိ တစ်ဦးတည်းသောသူက လုချန်း ဖြစ်နေသည်။

ယွမ်ရှန်ရှန်က အေးစက်စွာ

“သစ္စာဖောက်တပည့်။ မင်းဘာတွေကြံစည်နေလဲဆိုတာ မင်းဆရာမက မသိဘူးများထင်နေလား။”

လုချန်းက ပြုံးကာ

“ကျွန်တော် ပြောခဲ့သလိုပဲ။ ဒီကျင့်စဉ်ကို ကျင့်ချင်သလားဆိုတာက ဆရာမ အပေါ်မှာပဲ လုံးဝမူတည်ပါတယ်။”

ယွမ်ရှန်ရှန်က

“ငါ တခြားယောက်ျားတစ်ယောက်ကို ရှာသွားမှာ မင်းမကြောက်ဘူးလား။”

လုချန်းက

“မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာမက ကျွန်တော့်အပေါ်မှာ ခံစားချက်တွေရှိတယ်လို့ ကျွန်တော် ယုံကြည်လို့ပါ။”

လုချန်း၏ စကားကြောင့် ယွမ်ရှန်ရှန် ရုတ်တရက် အနည်းငယ် မှင်တက်သွားပြန်၏။ သတိပြန်ဝင်လာပြီးနောက်တွင် သူမက အေးစက်စွာဖြင့်

“အရှက်မရှိတဲ့လူ။ ကမ္ဘာပေါ်က မိန်းမတိုင်းက မင်းကို ချစ်မိသွားမယ်လို့ တကယ်ပဲ ထင်နေတာလား။”

လုချန်းက

“ကျွန်တော့်မှာ ဘယ်တုန်းကမှ အဲ့ဒီလိုအတွေးမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆရာမကျွန်တော်ကို တကယ် ချစ်မိနေပြီဆိုတာကိုတော့ ခံစားမိတယ်။”

All Chapters