ဆရာမ ဝန်ခံလိုက်တာလား
Vol. 62 Ch. 918
လုချန်းက ဤမျှသေချာစွာ ပြောဆိုသည်ကို ကြားသောအခါ ယွမ်ရှန်ရှန် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ဤသစ္စာဖောက်တပည့်က သူမ၏စိတ်ကို မည်သို့ဖောက်ထွင်းမြင်နိုင်ခဲ့သည်ကို သူမ စဉ်းစားမရနိုင်ခဲ့ပေ။
သူမ လုချန်းကို အမှန်တကယ် ချစ်မိသွားသည်ဟု မယုံကြည်သော်လည်း သူမအပေါ်တွင် သူ၏ လွှမ်းမိုးမှု အချို့ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤသစ္စာဖောက်တပည့်နှင့် တွေ့ဆုံခဲ့သည့် အချိန်မှစ၍ သူ၏ပုံရိပ်သည် သူမ၏စိတ်ထဲတွင် ရံဖန်ရံခါ ပေါ်လာတတ်၏။
သို့သော် လုချန်းက သူမ၏ စိတ်ခံစားမှုများကို စမ်းသပ်ခြင်းဖြစ်သည်ဟုပင် သံသယဝင်ခဲ့ပြီး ၎င်းကို အောင်မြင်စွာ ကျော်လွှားရမည်ဟုသာ တွေးခဲ့သည်။
သို့သော် ဤသစ္စာဖောက်တပည့်က သူမကို လုံးလုံးလျားလျား သိမ်းပိုက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဟုတ်ပါသည်။ သူမသည် ယခုအချိန်တွင်လည်း ထိုစမ်းသပ်မှုကို ကျော်ဖြတ်နိုင်သေး၏။ လုချန်းက သူမကို လွှတ်ပေးသည့်အခွင့်အရေးကို အသုံးချပြီးနောက် ထွက်ပြေးကာ သူမ၏ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ပြန်မလာပဲ နေနိုင်သည်။
ဤစိတ်ခံစားမှုဆိုင်ရာ စမ်းသပ်မှု၏ အဆုံးစွန်ကို ကျော်လွှားနိုင်ခြင်း ရှိမရှိကတော့ သူမ၏ အတွင်းစိတ်ပိုင်းဖြတ်မှု မည်မျှခိုင်မာသည်ဟူသည့် အပေါ်တွင်သာ မူတည်သည်။
စိတ်တည်ငြိမ်မှု ပြန်ရသွားသည်နှင့် ယွမ်ရှန်ရှန်က
“မင်းလိုလူနဲ့ ဒီလိုစကားတွေပြောပြီး ငါ အချိန်မဖြုန်းချင်တော့ဘူး။ ငါဘာပဲပြောပြော မင်းက ငါ့မှာ မင်းအပေါ် ခံစားချက်တွေရှိတယ်လို့ပဲ ထင်နေမှာပဲ။”
ယွမ်ရှန်ရှန်က ငြင်းခုံခြင်းပင် မလုပ်လိုတော့သည်ကို မြင်သောအခါ လုချန်းက ပြုံးကာ
“ဒါဆို ဆရာမ ဝန်ခံလိုက်တာပေါ့လေ။ ငြင်းတောင်မငြင်းတော့ဘူးပဲ။”
ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားဆက်မပြောတော့ပေ။
တစ်ဖက်တွင် သူမ သူမဘာပဲပြောပြော အသုံးမဝင်ဟု အမှန်တကယ် ခံစားရပြီး အခြားတစ်ဖက်တွင်မူ သူမစိတ်ထဲ၌ ဤသစ္စာဖောက်တပည့်အပေါ် အချို့သော အတွေးများ အမှန်တကယ်ရှိနေသည်ကို ရှင်းရှင်းလင်းလင်း သိနေသောကြောင့် ယွမ်ရှန်ရှန် ငြင်းခုံနိုင်ခြင်း မရှိပေ။
လုချန်းက ဆက်ပြောလိုက်သည်။ “ကျွန်တော် ဆရာမနားမှာ မရှိတဲ့အခါ ဆရာမက ကျွန်တော့်အကြောင်းကို ခဏခဏပြောတယ်လို့ ရွန်ရွန်က ပြောပြတယ်။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် အနည်းငယ် ဒေါသထွက်သွား၏။ သူမ မွေးမြူခဲ့သော တပည့်တိုင်းက အဘယ်ကြောင့် သူမကို သစ္စာဖောက်ရသနည်း။ သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုပင် ဤသစ္စာဖောက်တပည့် လုချန်းကို ပြောပြရလား။
သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ယွမ်ရှန်ရှန်က
“ မင်းကွယ်ရာမှာ ငါက မင်းကို အမြဲကျိန်ဆဲနေတယ်လို့ကော အဲ့ဒီသစ္စာဖောက် တပည့်မက မပြောပြဘူးလား။”
လုချန်းက ရယ်မောကာ
“ရိုက်တာက ချစ်လို့။ ဆူတာက မြတ်နိုးလို့တဲ့။ ဆရာမက ကျွန်တော့်အပေါ်မှာ ခံစားချက်မရှိဘူးဆိုရင် ဘာလို့ ကျွန်တော့်အကြောင်းကို အမြဲတမ်း တွေးနေမှာလဲ။”
လုချန်း၏ စကားကို ကြားသောအခါ သူမဘာပဲပြောပြော အသုံးဝင်တော့မည်မဟုတ်ဟု သဘောပေါက်လိုက်ပြီး ဘာမှမတုံ့ပြန်ပဲ နေလိုက်တော့သည်။
အေးစက်သော နတ်သမီးက ဤသို့ပြုမူနေသည်ကို မြင်သောအခါ လုချန်းစိတ်ထဲ သူမကို သိမ်းပိုက်လိုစိတ်များ တစ်ဖန်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သူက ချက်ချင်းခေါင်းငုံ့ကာ ယွမ်ရှန်ရှန်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
“အွန်း...”
လုချန်း၏ တုံ့ပြန်မှုကို ခံစားမိသောအခါ ယွမ်ရှန်ရှန် အနည်းငယ် ဆွံ့အသွား၏။
ဤသစ္စာဖောက်တပည့်။
သူပြန်လာပြန်ပြီ...
ဤတစ်ကြိမ်တွင် လုချန်းသည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးမပြုပဲ ထိုအကြောင်းအတွက် သက်သက်သာ လုပ်ဆောင်နေခြင်းဖြစ်သည်။
ယွမ်ရှန်ရှန် သဘောမတူပါက သူမနှင့် စုံတွဲကျင့်စဉ် ကျင့်မည်မဟုတ်ဟု လုချန်းပြောထားခဲ့ပြီး ဖြစ်သည်။
ယခုတစ်ခေါက်တွင် လုချန်းက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးမပြုသည်ကို ယွမ်ရှန်ရှန်လည်း သတိပြုမိ၏။ သူမ၏ စိတ် အတွင်း၌ အနည်းငယ် လှုပ်ရှားသွားသည်။
နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးမပြုခြင်းက သူမဘက်က ဘာအကျိုးကျေးဇူးမရပဲ ဤသစ္စာဖောက်တပည့်ကို အလကားသက်သက် အခွင့်အရေးပေးလိုက်ရသလို ဖြစ်နေသည်ဟု ဆိုလိုသည်။
ယွမ်ရှန်ရှန် ထိုသို့တွေးနေစဉ်မှာပင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ရရှိလာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူမသည် အလွန်အံ့အားသင့်သွား၏။ သူမ၏ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ရရှိလာသည်နှင့် ဤသစ္စာဖောက်တပည့်ကို တွန်းဖယ်ကာ ထွက်ပြေးသွားနိုင်သည်။
သို့သော် လုချန်းပေးသော ခံစားမှုများကို ခံစားနေရသောကြောင့် ယွမ်ရှန်ရှန် သူ့ကို တွန်းဖယ်ရန် စိတ်မကူးနိုင်ခဲ့ပေ။
ယွမ်ရှန်ရှန် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ ရှင်းရှင်းလင်းလင်း ပြန်လည်ရရှိနေပါလျက် အဘယ်ကြောင့် ဤသို့ခံစားနေရသနည်း။
အချိန်ကြာလာသည်နှင့်အမျှ ယွမ်ရှန်ရှန်၏ အသိစိတ်များ တဖြည်းဖြည်း မှေးမှိန်သွား၏။ သူမ၏ နောက်ဆုံးအသိစိတ်ကြည်လင်နေသည့် အခိုက်အတန့်တွင် သူမတွေးလိုက်မိသည်။
ဤသစ္စာဖောက်တပည့်က သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးဖြစ်သောကြောင့် သူမလည်း အကျိုးအမြတ်အချို့ ရယူလိုက်မည်ဟူ၍ ဖြစ်သည်။
မကြာမီပင် ယွမ်ရှန်ရှန်၏ စိတ်ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို လုချန်း သတိပြုမိလိုက်သည်။ ထို့နောက်တွင် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို သူ ခံစားမိလာသည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သူမဘာသာသူမ စတင်ကျင့်ကြံနေသည်။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံပြီးနောက် အေးစက်သော နတ်သမီး၏ ပုံစံက ပို၍ပင် ဆွဲဆောင်မှုရှိလာ၏။ ထိုအခိုက်တွင် လုချန်း၏ သိမ်းပိုက်လိုစိတ်များ အထွတ်အထိပ်သို့ ရောက်သွား တော့သည်။
ဤအေးစက်သည့် နတ်သမီးကို သူ၏အမျိုးသမီး လုံးလုံးလျားလျား ဖြစ်စေရန် လုချန်း ဆုံးဖြတ်ချက်ချလိုက်သည်။
…….
မြူခိုးဒေသ။
အက်ကွဲကြောင်း၏ တည်နေရာကို သိရှိပြီးနောက် မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့လည်း အက်ကွဲကြောင်းရှိရာသို့ သူတို့၏ လူများကို ချက်ချင်းစေလွှတ်လိုက်သည်။
တပည့်အချို့ကို ထျန်းချန်တိုက်ကြီးထဲသို့ စေလွှတ်ပြီးနောက် ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခြင်းရှိမရှိ သူတို့ စမ်းသပ်ခဲ့ကြည့်ကြသည်။
သို့သော် အဆုံးတွင် ဂိုဏ်းနှစ်ခုလုံး ကျရှုံးခဲ့ပြီး ကန့်သတ်ချက်များကတော့ ရှိမြဲ ရှိနေဆဲဖြစ်သည်။
ဤအခိုက်တွင် ဂိုဏ်းကြီးနှစ်ခုမှ ဂိုဏ်းချုပ်များသည် အက်ကွဲကြောင်းရှေ့တွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
အချိန်မည်မျှကြာသွားသည်ကို မသိ နောက်ဆုံးတွင် ဟန်ယွမ်ခိုင်က နောက်ဆုံးတွင် စကားစလိုက်သည်။
“ဂိုဏ်းချုပ်ကျိ။ ဒီကန့်သတ်ချက်က အလွယ်တကူ ဖယ်ရှားလို့မရဘူးထင်တယ်။”
မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့သည် ပြိုင်ဘက်များဖြစ်ကြသော်လည်း ထျန်းချန်တိုက်ကြီးသို့ ဝင်ရောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ကန့်သတ်ချက်များက သူတို့မျှော်လင့်ထားသည်ထက် ပို၍ပြဿနာများ၏။
အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသောကြောင့် သူတို့အားစိုက်ဆောင်ရွက်ပါက ကန့်သတ်ချက်များ ပိုမိုစောစီးစွာ ပျောက်ကွယ်သွားနိုင်သည်ဟု ယူဆခဲ့ကြသည်။
သို့သော် ယခုမူ ကန့်သတ်ချက်များက သူတို့ထင်ထားသလောက် မရိုးရှင်းကြောင်း ထင်ရှားနေ၏။
ကျိဟုန်ဝမ်က
“ဒီကန့်သတ်ချက်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးက သတ်မှတ်ထားတာဖြစ်ရမယ်။ ကျုပ်တို့ရဲ့အင်အားနဲ့ ဒီကန့်သတ်ချက်ကို ဖယ်ရှားလို့မရနိုင်ဘူး။”
ထိုအခိုက်တွင် ကျိဟုန်ဝမ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး
“ကြားဖူးတာက တစ်ခါတုန်းက မြူခိုးဒေသက ကန့်သတ်ချက်တွေဟာ လှုပ်ခတ်သွားခဲ့ပြီး မြူခိုးမှော်ဂိုဏ်းကလူတွေလည်း အဲ့ဒီတုန်းက ထျန်းချန်တိုက်ကြီးထဲကို ဝင်ရောက်ခဲ့တယ်တဲ့။ ဂိုဏ်းချုပ်ဟန် ဒါကိုသိလားမသိဘူး။”
ဟန်ယွမ်ခိုင်က ဖုံးကွယ်မထားပဲ တိုက်ရိုက်ပြန်ဖြေလိုက်သည်။
“ကျုပ်ရဲ့ ညီမက တစ်ခါက ထျန်းချန်တိုက်ကြီးထဲကို ဝင်ရောက်ခဲ့ဖူးတယ်။”
ကျိဟုန်ဝမ်က
“အိုး။ ယင်ယန်နယ်ပယ်အဆင့် တစ်ယောက်က ကန့်သတ်ချက်ကို ကျော်လွှားပြီး ထျန်းချန်တိုက်ကြီးထဲကို ဝင်ရောက်နိုင်ခဲ့တယ်ပေါ့။”
ဟန်ယွမ်ခိုင်က
“ဒါက ကံကောင်းမှု သက်သက်ပါ။ အဲ့ဒီတုန်းက ကန့်သတ်ချက်က လုံးဝပျောက်ကွယ်သွားခဲ့တာပါ။”
ကျိဟုန်ဝမ်က ဆက်လက်စူစမ်းလိုက်သည်။
“ဒါဆို အကြီးအကဲစုက ထျန်းချန်တိုက်ကြီးထဲမှာ အလားအလာရှိတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ခဲ့လားမသိဘူး။”
ဟန်ယွမ်ခိုင်က ရိုးရှင်းစွာပင်
“ ဒါကိုတော့ ကျုပ်လည်း မသိဘူး။”
ဟန်ယွမ်ခိုင်က ဆက်လက်ဆွေးနွေးရန် စိတ်မပါတော့သည်ကို မြင်သောအခါ ကျိဟုန်ဝမ်လည်း သူ့ကို ဆက်မမေးတော့ပေ။
ထိုအချိန်တွင် ဟန်ယွမ်ခိုင်က
“ဂိုဏ်းချုပ်ကျိ။ ကျွန်တော်တို့ဂိုဏ်းတွေရဲ့ တပည့်တွေ ဝင်သွားပြီးတဲ့နောက်မှာ ထျန်းချန်တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်ရှိမယ်လို့ ထင်လဲ။”
ကျိဟုန်ဝမ်က တိုက်ရိုက်ပြန်မေးလိုက်သည်။
“ဂိုဏ်းချုပ်ဟန်က ဘာကိုဆိုလိုတာလဲ။”
ဟန်ယွမ်ခိုင်က
“ကျွန်တော့်အတွေးက ရိုးရှင်းပါတယ်။ တခြားသူတွေကို ထျန်းချန်တိုက်ကို ထိန်းချုပ်ခွင့်ပေးမယ့်အစား ကျွန်တော်တို့ ဂိုဏ်းနှစ်ဂိုဏ်းပူးပေါင်းပြီး ထျန်းချန်တိုက်ကို တစ်ဝက်စီ ခွဲယူလိုက်ရင် ဘယ်လိုလဲ။ တစ်ဝက်က မြူခိုးမှော်ဂိုဏ်းအတွက်၊ တစ်ဝက်က တန်ခိုးရှင် တစ်သောင်းဂိုဏ်းအတွက်ပေါ့။ ဘယ်လိုသဘောရလဲ။”
ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ ပူးပေါင်းအင်အားဖြင့် ဆိုပါက မြူခိုးဒေသ၏ အခြားအင်အားစုများ အနေနှင့် နယ်မြေအတွက် သူတို့နှင့်ယှဉ်ပြိုင်ဖို့ အင်အားရှိမည် မဟုတ်ပေ။
ဟန်ယွမ်ခိုင်၏ စကားကို ကြားပြီးနောက်
ကျိဟုန်ဝမ် ခဏစဉ်းစားပြီးနောက် ပြုံးကာ
“ဂိုဏ်းချုပ်ဟန်က စိတ်ကောင်းစေတနာနဲ့ ဒီလိုအကြံပြုမှတော့ ကျွန်တော်သဘောမတူရင် စိတ်ပျက်စရာဖြစ်သွားမှာပေါ့။”
ကျိဟုန်ဝမ်၏ သဘောတူညီမှုကို မြင်သောအခါ နှစ်ဦးလုံး ပြုံးလိုက်ကြသည်။
ဂိုဏ်းနှစ်ခု ပူးပေါင်းပါက မည်သူတွေနစ်နာမည် ဆိုသည်မှာ အတော်လေး ရှင်းလင်းနေ၏။
သို့သော် နှစ်ဘက်စလုံးသည် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းမရှိပေ။ ကျိဟုန်ဝမ်သည် လုချန်းဘက်တွင် ရှိနေသောကြောင့် ထျန်းချန်တိုက်ကြီးအား မြူခိုးမှော်ဂိုဏ်းကို သိမ်းပိုက်ခွင့်ပြုမည် မဟုတ်ပေ။
ဟန်ယွမ်ခိုင်ကလည်း ထျန်းချန်တိုက်ကြီးကို သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အသုံးပြုရန် ရည်ရွယ်ထားသူဖြစ်သည်။ သူသည်လည်း တိုက်၏တစ်ဝက်ကို အခြားသူများနှင့် အမှန်တကယ် မျှဝေမည်မဟုတ်ပေ။
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တတိယအဖွဲ့အစည်းများကို ဖယ်ရှားရန် ရည်ရွယ်သော ယာယီပူးပေါင်းမှုတစ်ခုသာ ဖြစ်သည်။ တတိယအဖွဲ့အစည်းများကို ဖယ်ရှားပြီးသည်နှင့် သူတို့နှစ်ဦးကြားက ပဋိပက္ခများ စတင်လာပေလိမ့်မည်။