← Chapters

အရှုံးပေးခြင်း

Vol. 62 Ch. 919

အရှုံးပေးခြင်း

Vol. 62 Ch. 919

လုချန်းသည် ယွမ်ရှန်ရှန်၏ ဘေးတွင် တာဝန်မဲ့အုပ်စိုးသူတစ်ဦးကဲ့သို့ ပျော်ရွှင်မှုများကို ခံစားနေခဲ့ပြီး နန်းတွင်းစာကြည့်ခန်းနှင့် သူ၏တာဝန်များကို ဆယ်ရက်ကျော်ကြာ ဆက်တိုက် လျစ်လျူရှုကာ အေးစက်သောနတ်သမီး ဆောင်ကြဉ်းပေးသော သာယာမှုတွင် ဆက်လက်နှစ်မြောနေခဲ့သည်။

အစက လုချန်း၏ ဇနီးမယားများ

ဝမ်ရွန် ဆောင်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မသိရှိခဲ့ကြပေ။ လုချန်း ဝမ်ရွန်ဆောင်မှ ရက်ပေါင်းများစွာ မထွက်သည်ကို သိရှိပြီးနောက်မှသာ အခြေအနေကို နားလည်သွားကြသည်။

သူ၏အမျိုးသမီးများအားလုံးသည် အနည်းငယ် စိတ်လှုပ်ရှားမိကြ၏။ နတ်သမီးတစ်ပါးသည် သူမ၏နာမည်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။ သူတို့အနေနှင့် တစ်ညခန့်ကိုပင် မနည်းကျော်ဖြတ်ရသော်လည်း လုချန်း၏ ဆရာမကမူ သူနှင့်အတူ ဆယ်ရက်ကျော်ကြာ နေထိုင်နိုင်ခဲ့သည်။

လုချန်း တာဝန်မဲ့အုပ်စိုးသူ ဖြစ်လာမည်လားဟူသော ကိစ္စအတွက်မူ အမျိုးသမီးများ အနည်းငယ်မှ စိုးရိမ်ခြင်း မရှိကြပေ။ သူတို့ လုချန်းကို ယုံကြည်နေဆဲဖြစ်၏။ ပထမအကြိမ်တွင် အသစ်အဆန်းဖြစ်ခြင်းကြောင့် အချိန်ပိုကြာကြာ အနားယူကောင်းယူနိုင်သော်လည်း ထို့နောက်တွင်မူ သူ ထိုသို့ထပ်မံလုပ်တော့မည် မဟုတ်ပေ။

…….

ထိုအချိန်တွင်။

လုချန်းသည် နှုတ်ခမ်းများဟကာ အားနည်းစွာဖြင့် အဆက်မပြတ် အသက်ရှူနေသော ယွမ်ရှန်ရှန်ကို ကြည့်နေ၏။

ဤအပတ်တွင် နန်းတွင်းအစည်းအဝေးငယ်တစ်ခု ရှိသောကြောင့် စောစောထရန်

လုချန်း စီစဉ်ထားခဲ့သည်။ သို့သော် ယွမ်ရှန်ရှန်က သူမ၏ ညှို့ငင်ကျင့်စဉ်ကို အသုံးပြု၍ သူ၏အတွင်းစိတ်ဆန္ဒများကို မည်မျှအထိ တိုးပွားစေခဲ့စေမှန်း သူ မသိနိုင်ပေ။

ထို့ပြင် ယွမ်ရှန်ရှန်က လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်ကို ကျင့်ကြံနေသဖြင့် လုချန်းလည်း သူမ၏ လုံးဝထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီး သားရဲ တိရစ္ဆာန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု သူ့ကိုယ်သူ ခံစားလိုက်ရသည်။

လုချန်းကိုယ်တိုင်လည်း အလွန် အားနည်းနေပြီဖြစ်သော်လည်း ယွမ်ရှန်ရှန်အတွက်လည်း လွယ်ကူနေသည်တော့ မဟုတ်ပေ။ သူမ လုံးဝမလှုပ်ရှားနိုင်တော့ပေ။ စကားတစ်ခွန်းပင် မပြောနိုင်တော့ချေ။

ယွမ်ရှန်ရှန်၏ အတွေးက ရိုးရှင်း၏။ သူမသည် ဤကျေးဇူးမသိတတ်သော တပည့်၏ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်။ ထို့ကြောင့် ကာမကိစ္စကို အလွန်နှစ်သက်သော ထိုတပည့် သူမနှင့် ပတ်သက်မိသည်ကို နောင်တရသည်အထိ သူ့ကို နှိပ်စက်လိုခဲ့သည်။

မမျှော်လင့်ပဲ ရက်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ထိုလူက မလျော့သော ဇွဲလုံ့လဖြင့် ရှိနေဆဲဖြစ်သည်။ ယခုအခါတော့ သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ အလွန် မငြိမ်မသက်ဖြစ်နေပြီဖြစ်သည်။ သူမ၏ ကျင့်စဉ်များကိုပင် ကျင့်နိုင်‌သော အင်အား မရှိတော့ချေ။

အဆုံးတွင်မူ အရှုံးပေးလိုက်ရသူမှာ ယွမ်ရှန်ရှန်ပင် ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ယွမ်ရှန်ရှန်က နောက်ဆုံးတွင်

“ငါ… ငါ မင်းရဲ့ဆရာအနေနဲ့ အရှုံးပေးပါတယ်…”

အေးစက်သော နတ်သမီး နောက်ဆုံးတွင် အရှုံးပေးသည်ကို မြင်သောအခါ လုချန်း၏ မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်နေသော အပြုံးတစ်ခု ပေါ်လာ၏။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသုံးပြု၍ သူ့ကို အနိုင်ယူရန် ကြိုးစားခြင်းက အလွန်ရယ်စရာကောင်းသည်ဟု သူတွေးနေမိသည်။

ယွမ်ရှန်ရှန်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ရင်း လုချန်းက

“ဆရာမ အခု ကျွန်တော့်ကို ထားသွားတော့မှာ မဟုတ်ဘူးမလား။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ ယွမ်ရှန်ရှန် တိတ်ဆိတ်သွား၏။ ယခု ဘာလုပ်ရမည်ကို သူမကိုယ်တိုင်ပင် မသေချာတော့ပေ။

အကျိုးစီးပွားရှုထောင့်မှဖြစ်စေ စိတ်ခံစားမှုရှုထောင့်မှဖြစ်စေ ဤကျေးဇူးမသိတတ်သော တပည့်၏ ဘေးတွင်နေခြင်းက အလွန်သင့်တော်သော်လည်း…

ဤကျေးဇူးမသိတတ်သော တပည့်၏ မိဖုရားဆောင်ရှိ အမျိုးသမီးများအားလုံးကို တွေးမိသောအခါ သူမ အနည်းငယ် မသက်မသာဖြစ်နေဆဲဖြစ်သည်။

ယွမ်ရှန်ရှန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူမ၏ အတွင်းစိတ်ထဲတွင် ပဋိပက္ခဖြစ်နေဆဲဟု လုချန် ရိပ်မိသွားပြီး

“ဆရာမက ကျွန်တော့်ကို ထားသွားရင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ဖို့ ဆရာမနဲ့ ဘယ်သူက အဖော်လုပ်ပေးမှာလဲ။ ဒီလောကမှာ ဆရာမရဲ့ ကျင့်ကြံမှု အရှိန်အဝါအောက်မှာ ဒီလောက်ရက်ပေါင်းများစွာ နေနိုင်တာ ကျွန်တော်တစ်ယောက်ပဲ ရှိလောက်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ဒါက ဝါကြွားစရာကိစ္စလို့ မင်းကထင်နေတာလား။”

လုချန်းက ရယ်မောကာ

“ဘာလို့ မဟုတ်ရမှာလဲ။ ဒါက ယောက်ျားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပဲလေ။ ကျွန်တော့်မှာ ဒီစွမ်းရည်မရှိရင် ကျွန်တော့်ရဲ့ဆရာကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။”

ထိုသို့ပြောပြီးနောက် လုချန်းက ယွမ်ရှန်ရှန်၏ မျက်နှာကို ဆက်လက်ပွတ်သပ်ရင်း သူ၏လက်ကို သူမ၏ နူးညံ့သောနှုတ်ခမ်းများပေါ်တွင် တင်ကာ ညင်သာစွာ ထိတွေ့လိုက်သည်။

ယွမ်ရှန်ရှန်က ခေါင်းလွှဲလိုက်ပြီး နောက်ထပ်ဘာမှမပြောတော့ပေ။

ဤကျေးဇူးမသိတတ်သော တပည့်တွင် အစွမ်းအစအချို့ အမှန်တကယ်ရှိပြီး သူမ သူ့ကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။

လုချန်းက ကိုယ်ကိုကိုင်းညွှတ်ကာ ယွမ်ရှန်ရှန်၏ နားနားကပ်၍

“ ကျေးဇူးပြုပြီး ကျွန်တော်နဲ့နေပါ ဆရာမ။ ကျွန်တော် ဆရာမကို လိုအပ်ပါတယ်။”

ယွမ်ရှန်ရှန်လည်း လုချန်းနှင့် ဆက်လက်ငြင်းခုံမနေလိုတော့ပဲ

“ဒီကမ္ဘာလောကကနေ ထွက်သွားဖို့ နည်းလမ်းမရှာတွေ့မချင်း ငါ မင်းရဲ့အမျိုးသမီးအဖြစ် နေပေးနိုင်တယ်။”

အဖြစ်အပျက်များက ဖြစ်ပျက်ပြီးဖြစ်၏။ သူမကိုယ်တိုင်လည်း ထိုခံစားချက်ကို စွဲလမ်းသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် သူမသည် ဤလောကမှ ထွက်ခွာရန် နည်းလမ်းကို မတွေ့သေးသောကြောင့် ဤနေရာတွင် နေထိုင်ခြင်းက ကြီးမားသော ပြဿနာ မဟုတ်ပေ။

ဤကျေးဇူးမသိတတ်သော တပည့်၏ အမျိုးသမီးဖြစ်ရခြင်းကလည်း အလွန်ဆိုးရွားသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် ကာယပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်၏။ သူသည် တာအိုကျင့်ကြံဖော်အဖြစ် အလွန်သင့်တော်သော်လည်း အနည်းငယ် အပျော်မက်လွန်းသည်။

မတတ်နိုင်ပါ။ ဤလောကတွင် အဆင့်အတန်းရှိသော ယောက်ျားများအားလုံး၌ ဇနီးသုံးလေးယောက် အမြဲရှိတတ်ကြသည်။ ဤသစ္စာဖောက်တပည့်ကို အခွင့်အရေးအချို့ ယူခွင့်ပေးလိုက်မည်။

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ယွမ်ရှန်ရှန်က သူ၏ဘေးတွင် တစ်သက်တာနေရန် ကတိမပေးခဲ့သော်လည်း သူမ၏စကားများအရ အနာဂတ်တွင် ယွမ်ရှန်ရှန်နှင့် ယောက်ျားမိန်းမကိစ္စများ လုပ်ဆောင်ရန် ပိုမိုလွယ်ကူသွားပေမည်။

အကယ်၍ သူသာ ထိုနတ်သမီးကို ကိုယ်ဝန်ဆောင်စေနိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ ထိုအခါ ကလေးကြောင့် ယွမ်ရှန်ရှန် သူ့ကို ထားသွားနိုင်တော့မည်မဟုတ်ဟု မျှော်လင့်ရသည်။

ဟုတ်ပါသည်။ ထိုသို့ဖြစ်နိုင်ရန် အတော်လေးခက်ခဲနိုင်သည်ကို လုချန်း ကောင်းစွာသဘောပေါက်၏။

ထိုအခိုက်တွင် ယွမ်ရှန်ရှန်က လုချန်း၏ ရင်ဘတ်ကို ညင်သာစွာ တွန်းလိုက်ပြီး

“မင်းအပြင်မထွက်တာ ဆယ်ရက်ကျော်ပြီ။ မင်းရဲ့ဇနီးမယားတွေ မင်းအတွက် စိုးရိမ်နေလောက်ပြီ။ ထဖို့အချိန်တန်ပြီ။”

အေးစက်သော နတ်သမီးတစ်ဦး၏ သွင်ပြင်ကို ယွမ်ရှန်ရှန် တစ်ဖန်ပြန်လည် ရရှိသွားခဲ့ပြီဖြစ်သည်။

လုချန်းက

“ကောင်းပါပြီ။”

စကားဆုံးသည်နှင့် လုချန်း ဖြည်းညင်းစွာ ထလိုက်၏။ သူထလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသည်ကို ယွမ်ရှန်ရှန် ချက်ချင်းခံစားလိုက်ရသည်။

ယွမ်ရှန်ရှန်သည် ရုတ်တရက် နောင်တရသွား၏။ သူမ၏ ဒေါသကြောင့် လုချန်းကို ဆုံးမရန်ကြိုးစားခဲ့သည်။ သို့သော် ယခု သူမကိုယ်တိုင် ဤခံစားချက်ကို စွဲလမ်းသွားခဲ့ပြီဟု တွေးမိလိုက်သည်။

ယခု သူမ၏ ခန္ဓာကိုယ်နှင့် စိတ်နှလုံးနှစ်ခုလုံးကို အမှန်တကယ် ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ သူမ ဒီသစ္စာဖောက်တပည့်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီ‌။

လုချန်းက ထလိုက်ပြီးနောက် ချက်ချင်းထွက်မသွားပဲ ယွမ်ရှန်ရှန်ကို ပွေ့ချီလိုက်သည်။ ယွမ်ရှန်ရှန် ခဏခန့် မှင်တက်သွားပြီး

“မင်း ဘာလုပ်နေတာလဲ။”

လုချန်းက

“ဆယ်ရက်ကျော်ပြီလေ ဆရာမ။ ကျွန်တော်တို့ ရေချိုးသင့်ပြီ။”

ယွမ်ရှန်ရှန်လည်း နှုတ်ခမ်းများစေ့ကာ ဘာမှမပြောတော့ပေ။ လုချန်းက သူမကို ရေချိုးခန်းသို့ ပွေ့ချီသွားသည်ကို ငြိမ်ခံနေလိုက်သည်။

…….

လုချန်း ဝမ်ရွန်ဆောင်မှ ထွက်လာသောအခါ လမ်းလျှောက်ရင်း လေထဲတွင် မျောနေသကဲ့သို့ ခံစားလိုက်ရသည်။ အမှတ်တစ်ရာရှိသော အမျိုးသမီးတစ်ဦးသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။

အထူးသဖြင့် ယွမ်ရှန်ရှန်၏ ညှို့ငင်ကျင့်စဉ်သည် သူ့ကို လုံးဝအသိစိတ်လွတ်စေနိုင်သည်။ ထိုခံစားချက်က ဖော်ပြရန်ပင်ခက်ခဲလှသည်။ အကယ်၍ ယွမ်ရှန်ရှန်ဘက်က စတင်မရပ်တန့်ခဲ့ပါက သူ သူမနှင့် အခုထိ ဆက်လက်ကျင့်ကြံနေဦးမည်ဖြစ်သည်။

နတ်သမီးသည် အမှန်ပင် နတ်သမီးပင်ဖြစ်သည်။

လုချန်း ဝမ်ရွန်ဆောင်မှ ထွက်ခွာပြီးနောက် နန်းတွင်းစာကြည့်ခန်းသို့ မသွားပဲ လေပြင်းမိုးတိမ်ဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

သူ ကောင်းကောင်းမွန်မွန် အနားယူရန် အမှန်တကယ် လိုအပ်နေသည်။

လေပြင်းမိုးတိမ်ဆောင်သို့ ဝင်ရောက်သောအခါ သူ၏ ဇနီးမယားများ အစည်းအဝေးငယ်တစ်ခု ကျင်းပနေသည်ကို တွေ့လိုက်ရသည်။

လုချန်းရောက်ရှိလာသည်ကို မြင်သောအခါ အမျိုးသမီးများအားလုံး လျင်မြန်စွာ ထလိုက်ကြပြီး

“မင်းကြီးကို ဂါရဝပြုပါတယ်။”

အားအင်မရှိသော လေသံဖြင့် လုချန်းက “မင်းတို့ ဆက်ပြောကြ။ ကိုယ်သွားအိပ်တော့မယ်။”

ထိုသို့ပြောပြီးနောက် လုချန်းလည်း လေပြင်းမိုးတိမ်ဆောင်၏ အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။

လုချန်း၏ ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ကို မြင်သောအခါ အမျိုးသမီးများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ လုချန်း ဤမျှနွမ်းနယ်နေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ယွမ်ရှန်ရှန်သည် အမှန်တကယ်ပင် နတ်သမီးဟုခေါ်ဆိုထိုက်သည်ဟု သူတို့စိတ်ထဲ ပြိုင်တူရေရွတ်လိုက်ကြသည်။

အမျိုးသမီးများ အတွေးထဲနစ်မြောနေစဉ်တွင် ချူးယုချင်၊ ရဲလိနန်ရန်နှင့် မုကျိရွှမ်းတို့ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး လေပြင်းမိုးတိမ်နန်းတော်၏ အတွင်းပိုင်းသို့ တိုက်ရိုက်ပျံသန်းသွားကြ၏။ တစ်ချိန်တည်းတွင် လုချန်း၏ အသံထွက်ပေါ်လာသည်။

“ကိုယ့်ရဲ့မိဖုရားသုံးယောက် ဝင်လာပြီး ကိုယ့်ကိုဖက်ထားပေး။”

အမျိုးသမီးများလည်း တစ်စိတ်တစ်ပိုင်း ဝမ်းနည်းမိပြီး တစ်စိတ်တစ်ပိုင်း ရယ်မောမိကြ၏။ ဖက်ထားရန် အမျိုးသမီးတစ်ယောက်မရှိပါက သူတို့၏ ချစ်သူ အမှန်တကယ် အိပ်မပျော်နိုင်ပေ။

မုကျိရွှမ်းနှင့် အခြားအမျိုးသမီးနှစ်ဦး အိပ်ဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် လုချန်းလည်း ချူးယုချင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်လဲလျောင်းလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ အမျိုးသမီးသုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် အပြုံးများကို မထိန်းနိုင်ပဲ ဖော်ပြလိုက်ကြသည်။

All Chapters