← Chapters

အဆင့်နိမ့်ကမ္ဘာက ကောင်းကင်လူသားတစ်ယောက်ပဲ

Vol. 62 Ch. 921

အဆင့်နိမ့်ကမ္ဘာက ကောင်းကင်လူသားတစ်ယောက်ပဲ

Vol. 62 Ch. 921

လျှိုကျိန့်ချူနှင့် သူ၏ အဖော်နှစ်ဦး သောက်စားနေစဉ်တွင် မြင်းစီးသူရဲတစ်စု ကျူးနိုင်ငံတော်၏ မြို့တော်ဟောင်းသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။

ဤမြင်းစီးသူရဲတစ်စုမှာ နဂါးနက်မြို့မှ ထွက်ပြေးလာသော လင်ဟူဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။

အဝေးရှိ ကျူးမြို့တော်ဟောင်းကို မြင်သောအခါ တပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါတို့ နောက်ဆုံးတော့ ကျူးနိုင်ငံတော်ရဲ့ နေပြည်တော်ကို ရောက်လာပြီ။”

“ငါတို့ အနားယူပြီး အားပြန်ပြည့်သွားရင် အဲ့ဒီကောင်တွေကို ပြန်ပြီး လက်စားချေမယ်။”

ထိုအခိုက်တွင် လေဝမ်တက

“ငါတို့ ဒီမှာ အနားယူလို့ မဖြစ်ဘူး။ တစ်ရက်ပဲ နားပြီး ရန်ခရိုင်ကို တန်းသွားကြမယ်။”

“မုန်ထျန်းက ရှနိုင်ငံတော်ရဲ့ ကောင်းကင်လူသားတွေနဲ့ မဟာမိတ်ဖွဲ့ပြီးလောက်ပြီ။ ငါတို့ ရောက်တာနဲ့ ဆွမ်ဧကရာဇ်ကို ရှင်းလင်းဖို့ လက်တွဲလုပ်ဆောင်ကြမယ်။ ပြီးရင် ရှနိုင်ငံတော်တစ်ခုလုံး ငါတို့အပိုင်ဖြစ်လာလိမ့်မယ်။”

ရှနိုင်ငံတော်၏ ထီးနန်းကို သိမ်းပိုက်ပြီးသည်နှင့် နဂါးနက်မြို့ရှိ တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့၏ တပည့်များကို တိုက်ခိုက်ရန် ရှနိုင်ငံတော်၏ စစ်တပ်အသုံးချရန် လေဝမ်တ စဉ်းစားထားသည်။

မည်သို့ပင်ဖြစ်စေ ထိုတိုက်ပွဲဖြစ်ပါက သေဆုံးကြမည်မှာ သူတို့ လင်ဟူဂိုဏ်းမှ လူများ မဟုတ်ပဲ ဤလောကမှ လူများသာဖြစ်သည်။

မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့၏ တပည့်များကို စဉ်းစားမိသောအခါ စူးရှသော မုန်းတီးမှုတစ်ခုကို လေဝမ်တ ခံစားလိုက်ရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက လင်ဟူဂိုဏ်း၏ တပည့်များ ထပ်မံ ဝင်ရောက်လာပြီး မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့၏ တပည့်များလည်း ဤတိုက်ထဲသို့ ဝင်ရောက်လာနေကြောင်း သတင်းပို့ခဲ့ကြသည်။ သို့သော် ဂိုဏ်းနှစ်ဂိုဏ်းသည် လင်ဟူဂိုဏ်း၏ တပည့်များကို အလွယ်တကူ မတိုက်ခိုက်ဟု ကတိပေးခဲ့ကြသည်။ သို့သော် လင်ဟူဂိုဏ်း၏ ခေါင်းဆောင်များက ဂိုဏ်းနှစ်ဂိုဏ်းကို သင့်တော်သလို ဒုက္ခပေးခွင့်ပြုထားခဲ့သည်။

ထိုအချိန်က သူ အလွန်စိတ်လှုပ်ရှားခဲ့ရသည်။ သို့သော် မမျှော်လင့်ပဲ တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့၏ တပည့်များက တိုက်ကြီးထဲ ဝင်ရောက်လာသည်နှင့် ချက်ချင်း ပူးပေါင်းကာ နဂါးနက်မြို့ကို တိုက်ရိုက် တိုက်ခိုက်ပြီး လင်ဟူဂိုဏ်း၏ တပည့်များကို သတ်ဖြတ်ဖြိုခွင်းခဲ့သည်။

လင်ဟူဂိုဏ်း၏ တပည့်များကို မထိခိုက်ရန် သူတို့သဘောတူထားသည် မဟုတ်ပါလား။

သူတို့သည် အမှန်တကယ်ပင် သစ္စာဖောက် လူယုတ်မာတစ်စု ဖြစ်သည်။

ယခုအခါ နဂါးနက်မြို့အား ထိုဂိုဏ်းနှစ်ခု၏ တပည့်များက သိမ်းပိုက်ထားပြီးဖြစ်၏။ လင်ဟူဂိုဏ်း၏ တပည့်များ အနေနှင့် အသက်ရှင်နိုင်ဖို့အတွက် ထွက်ပြေးရုံသာ တတ်နိုင်တော့သည်။

ရွေးချယ်စရာ မရှိတော့ပေ။ ယခု ထျန်းချန်တိုက်၏ အတွင်းပိုင်းသို့ ဝင်ရောက်ရန်သာ ရှိတော့သည်။ မြူခိုးဒေသ ပြန်သွားဖို့ကလည်းမဖြစ်နိုင်ပေ။ လင်ဟူဂိုဏ်းကလည်း သူတို့ ကြုံတွေ့ခဲ့နေရသည်များကို သိနိုင်မည် မဟုတ်ပေ။

ဤလောကတွင် အသက်ရှင်ရပ်တည်ရန် သူတို့ကိုယ်သူတို့သာ အားကိုးနိုင်တော့သည်။

ခဏအကြာတွင် လေဝမ်တနှင့် သူ၏အဖွဲ့သည် ကျူးနိုင်ငံတော်မြို့တော်၏ မြို့တံခါးများဆီသို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် မြို့တံခါးများ ပိတ်ထားပြီး အတော်လေး ထူးဆန်းသော အငွေ့အသက်တစ်ခုကို ဖြစ်ပေါ်နေသည်။

လင်ဟူဂိုဏ်းမှ လူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကျူးနိုင်ငံတော် သိမ်းပိုက်ခံခဲ့ရသော်လည်း ၎င်း၏ မြို့တော်သည် မပျက်မစီး တည်ရှိနေဆဲဖြစ်၏။ ရှနိုင်ငံတော်အတွက် ဤမြို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သောမြို့ကြီး တစ်ခုဖြစ်သည်။ ကုန်သည်များဖြင့် စည်ကားနေသင့်သော ကျူးမြို့တော်တံခါးများတွင် ယခုလိုခြောက်ကပ်မနေသင့်ပေ။

အချိန်က အစောကြီး ရှိသေး၏။

ကျူးမြို့တော်၏ မြို့တံခါးများ အဘယ်ကြောင့် ပိတ်ထားရသနည်း။

လေဝမ်တ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး ချက်ချင်းပင် သူ၏ဓားကို ဆုပ်ကိုင်လိုက်သည်။ ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသော လေဝမ်တကို မြင်သောအခါ လင်ဟူဂိုဏ်း၏ အခြားတပည့်များလည်း သတိထားလိုက်ကြသည်။

ထိုအခိုက်တွင် မြို့စောင့်မျှော်စင်ထက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“မြူခိုးဒေသက ဧည့်သည်တွေ။ ဘယ်သွားဖို့ ကြံနေကြတာလဲ။”

ထိုအသံကို ကြားသောအခါ လင်ဟူဂိုဏ်း၏ တပည့်များလည်း အသံလာရာသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် မြို့စောင့်မျှော်စင်ပေါ်၌ သေရည်အိုးတစ်လုံးကို ကိုင်ကာသောက်နေသော လူတစ်ဦးအားတွေ့လိုက်ရသည်။

ထိုလူထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားမိသောအခါ လင်ဟူဂိုဏ်း၏ တပည့်များလည်းတောင့်တင်းသွားကြပြီး သူတို့ထဲမှ တစ်ဦးက ကြောက်လန့်တကြား ပြောလိုက်သည်။

“ကောင်းကင်လူသားပဲ။ ဒါ ကောင်းကင်လူသားပဲ။”

လေဝမ်တ သူ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။

“ဘာကို ကြောက်နေတာလဲ။ ကြောက်စရာ ဘာရှိလို့လဲ။ သူက အဆင့်နိမ့်ကမ္ဘာက ကောင်းကင်လူသားတစ်ယောက်ပဲ။ ကောင်းကင်လူသားတစ်ယောက်ရဲ့ အင်အားအပြည့်ကို ထုတ်ဖော်နိုင်ပါ့မလားတောင် မသေချာဘူး။”

“နောက်ပြီး ငါတို့မှာ လင်ဟူနည်းဗျူဟာ ပုံစံကြီး ရှိတယ်။ ကောင်းကင်လူသားတစ်ယောက်လောက်က ငါတို့အတွက် ဘာကြောက်စရာ ရှိလို့လဲ။”

လေဝမ်တ၏ စကားကို ကြားသောအခါ လင်ဟူဂိုဏ်း၏ တပည့်များ စိတ်သက်သာရာရသွားကြသည်။ ဟုတ်ပါသည်။ သူတို့တွင် လင်ဟူနည်းဗျူဟာ ပုံစံ ရှိသည်။ ကောင်းကင်လူသားတစ်ယောက်ကို ဘာကြောင့် ကြောက်ရမည်နည်း။

ထို့ပြင် ဤလောက၏ ကောင်းကင်လူသားတစ်ယောက်သည် ကောင်းကင်လူသားတစ်ယောက်၏ အင်အားအစစ်တစ်ဝက်ကိုပင် ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ လင်ဟူဂိုဏ်း၏ တပည့်များ ချက်ချင်းပင် ယုံကြည်မှုရှိလာကြသည်။

ထိုအခိုက်တွင် လေဝန်တက လျှိုကျိန့်ချူကို ကြည့်ကာ

“အဘိုးကြီး။ ခင်ဗျားက ကျုပ်တို့ မြူခိုးဒေသကမှန်းတောင် သိနေမှတော့ ဘာလို့ ချက်ချင်း ဆင်းလာပြီး ကျုပ်တို့ကို ဦးမညွှတ်သေးတာလဲ။”

“ကျုပ်တို့ လင်ဟူဂိုဏ်းကို စော်ကားရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။”

လေဝမ်တ၏ စကားကို ကြားသောအခါ လျှိုကျိန့်ချူက ခပ်ပေါ့ပေါ့ပင် တုံ့ပြန်လိုက်သည်။

“ဟုတ်လို့လား။”

“ဒါဆို မြူခိုးမှော်ဂိုဏ်းနဲ့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့ကလည်း မင်းတို့ လင်ဟူဂိုဏ်းကို စော်ကားခဲ့တာပဲ။ ဘာလို့ သူတို့က နဂါးနက်မြို့မှာ အေးအေးဆေးဆေး နေနေပြီး မင်းတို့တတွေက ကြွက်တွေလို ကြောက်လန့်တကြား ပြေးလွှားနေကြတာလဲ။”

ထိုစကားများကြောင့် လင်ဟူဂိုဏ်းမှ လူများ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

“ခင်ဗျား ဘာပြောလိုက်တယ်။”

“အဘိုးကြီး။ သတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း။”

“ကျုပ်တို့ကို ဒီလို စကားမျိုးရဲတယ်ဆိုတော့ ဒီနေ့ကခင်ဗျားသေနေ့စေ့တဲ့နေ့ပဲ။”

………..

လင်ဟူဂိုဏ်းမှ လူများ ဒေါသထွက်သွားသည်ကို မြင်သောအခါ လျှိုကျိန့်ချူက

“ဒီလောက်တောင် ဒေါသထွက်နေကြတာလား။ အရှိုက်ထိသွားပုံရတယ်။”

ထိုအချိန်တွင် လေဝမ်တ၏ မျက်နှာ အလွန်အမင်း ညှိုးငယ်သွားသော်လည်း သူ ချက်ချင်း လှုပ်ရှားခြင်း မပြုသေးပေ။

ဤအဘိုးကြီးသည် လင်ဟူဂိုဏ်း၏ တပည့်များကို မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့က နဂါးနက်မြို့မှ မောင်းထုတ်ခဲ့သည်ကို မည်သို့ သိနေမှန်း သူ အလွန်အမင်း သိလိုနေသည်။

ထိုအခိုက်တွင် လေဝမ်တက

“အဘိုးကြီး ပြောစမ်း။ ခင်ဗျားဒါကို ဘယ်လို သိလာတာလဲ။”

“ခင်ဗျားရဲ့ သတင်းအရင်းအမြစ်ကိုသာ ပြောပြ။ ကျုပ်တို့ ခင်ဗျားရဲ့ အလောင်းကို အကောင်းအတိုင်း ထားပေးလိုက်မယ်။”

ထိုစကားကို ကြားသောအခါ လျှိုကျိန့်ချူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် သူ၏ခေါင်းကို မော့ကာ သူ၏သေရည်အိုးကို ကောက်ယူပြီး သေရည်များအား ပါးစပ်ထဲသို့ အဆက်မပြတ် လောင်းထည့်လိုက်သည်။

လျှိုကျိန့်ချူက သူတို့ကို လုံးဝမကြောက်သည့်ပုံစံ ပြုမူနေသည်ကို မြင်သောအခါ လင်ဟူဂိုဏ်း၏ တပည့်တစ်ဦးက မနေနိုင်တော့ပဲ

“အစ်ကို လေ။ ဒီအဘိုးကြီးနဲ့ စကားတွေ အချိန်ကုန်ခံပြီး ပြောမနေနဲ့တော့။ သူ့ကို ရှင်းပစ်လိုက်ရအောင်။”

လေဝမ်တက ပြန်မဖြေပေ။ မြူခိုးဒေသ၊ မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့အကြောင်း ဤအဘိုးအို သိနေခြင်းက တစ်ခုခု လွဲချော်နေပြီဟု သူ ခံစားနေရသည်။ ဤအဘိုးကြီးသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

ဤအဘိုးကြီးလည်း မြူခိုးဒေသမှ ဖြစ်နိုင်သည်ဟု လေဝမ်တ သံသယဝင်လာသည်။

ထိုအခိုက်တွင် လေဝမ်တက

“အဘိုးကြီး။ ခင်ဗျားရဲ့ကံကို စမ်းမနေနဲ့။ ကျုပ်ခင်ဗျားကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ်ပေးမယ်။ အခု မပြောရင် ကျုပ်တို့ကို ယဉ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်နဲ့။”

ထိုအခိုက်တွင် လျှိုကျိန့်ချူက သောက်လို့ကုန်သွားသော သေရည်အိုးကို လေဝမ်တထံသို့ ပစ်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ လင်ဟူဂိုဏ်း၏ တပည့်များလည်း လျှိုကျိန့်ချူ တိုက်ခိုက်တော့မည်ဟု ထင်ကာ အလျင်အမြန် နေရာယူလိုက်ကြ၏။ လေဝမ်တကလည်း သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

သေရည်အိုး သူ့ထံ ရောက်ခါနီးတွင် လေဝမ်တက သူ၏ဓားကို လွှဲကာ သေရည်အိုးကို နှစ်ပိုင်းကွဲသွားအောင် ခုတ်ပိုင်းလိုက်သည်။

သို့သော် လင်ဟူဂိုဏ်း၏ တပည့်များ အံ့အားသင့်သွားသည်က လျှိုကျိန့်ချူသည် တိုက်ခိုက်ခြင်းမပြုပဲ မြို့ရိုးပေါ်တွင် ရပ်ကာ သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေခြင်း ဖြစ်သည်။

ထိုအရာကို မြင်သောအခါ လေဝမ်တ ထပ်မံ ထိန်းချုပ်မထားနိုင်တော့ပေ။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ မကြောက် ဟန်ဆောင်နေတာပဲ။”

ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ပုံစံဖွဲ့။”

နောက်တစ်ခဏတွင် လင်ဟူဂိုဏ်း၏ တပည့်များသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းတွင် စက်ဝိုင်းပုံ နည်းဗျူဟာ ပုံစံတစ်ခု မြေပြင်ပေါ်တွင် ပေါ်လာပြီး မကြာမီတွင် ကြီးမားသော မြေခွေး ပုံရိပ်တစ်ခု ကောင်းကင်ယံတွင် ပေါ်လာသည်။

လေဝမ်တက လျှိုကျိန့်ချူကို ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျား မပြောချင်မှတော့ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျားနဲ့အတူ ယူသွားလိုက်တော့။”

သူ့စကားဆုံးသည်နှင့် ကောင်းကင်ယံရှိ မြေခွေး ပုံရိပ်က လျှိုကျိန့်ချူအပေါ် အပြာရောင်မီးတောက်များကို တိုက်ရိုက် မှုတ်ထုတ်လိုက်သည်။

ထိုအခိုက်တွင် လျှိုကျိန့်ချူက အေးဆေးစွာ ပြောလိုက်သည်။

“မိတ်ဆွေတို့။ လှုပ်ရှားချိန်တန်ပြီ။”

လျှိုကျိန့်ချူ၏ စကားကို ကြားသောအခါ လင်ဟူဂိုဏ်း၏ တပည့်များ ခဏခန့် ကြက်သေသေသွားကြသည်။

တခြားသူတွေ ရှိသေးတာလား။

လင်ဟူဂိုဏ်းမှ လူများ တုံ့ပြန်ခြင်းမပြုနိုင်မီ သူတို့၏ မျက်စိရှေ့တွင် ဓားလှိုင်းတစ်ချက် ဖြတ်ပြေးသွားသည်။

လေဝမ်တ၏ စိတ်ထဲ အလွန်ထိတ်လန့်သွားပြီး မကောင်းတော့ဘူးဟု တွေးလိုက်မိသည်။

ကောင်းကင်လူသားသုံးယောက်တောင် ရှိနေတာပဲ။

သူတို့၏ တပည့်များသည် ဒဏ်ရာရထားပြီးဖြစ်၏။ ဂိုဏ်းနှစ်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ရသဖြင့် သူတို့၏ အင်အားအချို့ကို ကုန်ဆုံးထားပြီးဖြစ်သည်။ သူတို့သည် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်နိုင်သော်လည်း ကောင်းကင်လူသားသုံးယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်‌တော့ ဤသုံးယောက် အင်အားနည်းနေလျှင်ပင် သူတို့အတွက် အနိုင်ရမည့် အခွင့်အရေး မရှိချေ။

All Chapters