← Chapters

ဒုတိယမြောက် အမြန်ခရီးသွားအင်း မရှိတော့ဘူလား

Vol. 62 Ch. 922

ဒုတိယမြောက် အမြန်ခရီးသွားအင်း မရှိတော့ဘူလား

Vol. 62 Ch. 922

ရှထျန်းယွမ်သည် လျှိုကျိန့်ချူအား မြေခွေးပုံရိပ်၏ တိုက်ခိုက်မှုကို ခုခံရာတွင် မကူညီခဲ့ပေ။ သူက မြို့ရိုးမျှော်စင်ပေါ်မှ တိုက်ရိုက်ဆင်းလာခဲ့ပြီး ချက်ချင်းပင် လင်ဟူဂိုဏ်း၏ တပည့်များရှေ့သို့ ရောက်ရှိလာကာ သူ၏ဓားကို လွှဲယမ်းလိုက်သည်။

ဤဓားချက်သည် မြေခွေးပုံရိပ်ကြီးကို တိုက်ရိုက်မထိုးဖောက်နိုင်ခဲ့သော်လည်း နည်းဗျူဟာ ပုံစံအပေါ် သိသာသော သက်ရောက်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ လင်ဟူဂိုဏ်းမှ တပည့်အချို့လည်း နည်းဗျူဟာပုံစံ၏ တန်ပြန်အရှိန်ကြောင့် ဒဏ်ရာများ ရရှိကာ သွေးများအန်ထွက်ကုန်ကြ၏။

ထိုအခိုက်အတန့်တွင် လေဝမ်တက ကောင်းကင်ပေါ်ရှိ မြေခွေးပုံရိပ်ကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး ရှထျန်းယွမ်ကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် မြေခွေးပုံရိပ်၏ နောက်တွင်

ရွှမ်ယွမ်ချောင်ကဲပေါ်လာပြီး မြေခွေးအား လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး မြေခွေးကြီးပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာသည်။

၌တကြိမ်တွင်တော့ လေဝမ်တလည်း နည်းဗျူဟာပုံစံ၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားခဲ့ရပြီး သွေးမအန်မိစေရန် အစွမ်းကုန်ကြိုးစားရင်း သွားများကို တင်းတင်းကြိတ်ထားရ၏။ သို့သော် ဤအတိုင်းသာ ဆက်သွားပါက သူ ကြာရှည်စွာ တောင့်ခံနိုင်မည်မဟုတ်ကြောင်း လေဝမ်တ နားလည်းလိုက်သည်။

ထို့နောက် လေဝမ်တက ခြိမ်းခြောက်လိုက်သည်။

“ကျုပ်တို့က လင်ဟူဂိုဏ်းက တပည့်တွေပဲ။ ကျုပ်တို့အပေါ် လက်ပါရဲတယ်ဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို ခင်ဗျားတို့ စဉ်းစားပြီးပြီလား။”

“မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတာနဲ့ ခင်ဗျားတို့တစ်တွေ လင်ဟူဂိုဏ်းက အပြတ်အသတ် ချေမှုန်းတာခံရလိမ့်မယ်။”

လေဝမ်တ၏ ခြိမ်းခြောက်စကားများကို လျှိုကျိန့်ချူနှင့် သူ၏အဖော်များ ဂရုမစိုက်ကြ‌ပေ။ သူတို့ လင်ဟူဂိုဏ်းကို မကြောက်ကြပါ။

လျှိုကျိန့်ချူက

“မိတ်ဆွေတို့။ အချိန်မဖြုန်းပဲ အပြီးသတ်လိုက်ကြရအောင်။ ဒီကိစ္စပြီးရင် ကျုပ်တို့ အရက်ဆက်သောက်ကြတာပေါ့။”

လျှိုကျိန့်ချူ၏ စကားကြောင့် ရွှမ်ယွမ်ချောင်ကဲနှင့် ရှထျန်းယွမ်တို့ ပြုံးလိုက်ကြပြီး ရယ်မောလိုက်ကြသည်။ ရွှမ်ယွမ်ချောင်ကဲက

“ကောင်းပြီလေ။ ဒါဆို ဒီကိစ္စကို အမြန်အဆုံးသတ်လိုက်ကြရအောင်။”

ထိုသို့ပြောပြီးနောက် ရွှမ်ယွမ်ချောင်ကဲလည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားအားလုံးကို စုစည်းကာ လက်ဝါးတစ်ချက်ထုတ်လိုက်သည်။ ထို့နောက် ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်တစ်ခု ကောင်းကင်တွင် ပေါ်ထွက်လာသည်။

ရွှမ်ယွမ်ချောင်ကဲ လှုပ်ရှားပြီးနောက် ရှထျန်းယွမ်လည်း သူ၏မူပိုင် ဓားသိုင်းကွက်ဖြစ်သော ဓားတစ်သောင်း အိမ်ပြန်ဓားကွက်ကို အသုံးပြုလိုက်သည်။ ထို့နောက် မရေမတွက်နိုင်သော ဓားပုံရိပ်များ ရှထျန်းယွမ်၏ ပတ်လည်တွင် ပေါ်ထွက်လာပြီး ဆက်လက်ပွားများလာခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ သူ၏အစွမ်းအစအမှန်ကို ထုတ်ပြရတော့မည်ဖြစ်ကြောင်း လေဝမ်တ သဘောပေါက် လိုက်သည်။ မဟုတ်ပါက သူတို့ သေချာပေါက် ပျက်စီးရတော့မည်ဖြစ်သည်။

ဤကောင်းကင်လူသား စွမ်းအားရှင်သုံးယောက်၏ အင်အားက သူတို့မျှော်လင့်ထား‌သော ဤကမ္ဘာလောကရှိ ကောင်းကင်လူသား စွမ်းအားရှင်များ၏ စွမ်းရည်အတိုင်းအတာကို သိသိသာသာ ကျော်လွန် နေသည်။ ဤကမ္ဘာလောက၌ ကောင်းကင်လူသား စွမ်းအားရှင်များ ရှိခဲ့လျှင်ပင် ထူးထူးခြားခြား အားကောင်းလိမ့်မည် မဟုတ်ဟု သူတို့ တထစ်ချ ယူဆထားခဲ့သည်။

သို့သော် ထိုသုံးယောက်၏ တိုက်ခိုက်မှုများအရ သူတို့သည် ကောင်းကင်လူသား စွမ်းအားရှင်များ၏ အင်အားအပြည့်အဝကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသည်။

အမှန်တော့ ဒါက လေဝမ်တ၏ စိတ်အထင်မှားမှုတစ်ခုသာ ဖြစ်သည်။ ဤကမ္ဘာလောက၏ စိတ်ဝိညာဉ် စွမ်းအားသည် အလွန်ပါးလွှာသဖြင့် လျှိုကျိန့်ချူတို့ အနှေနင့် သူတို့၏ အင်အားအထွတ်အထိပ်ဖြင့် လှုပ်ရှားရန်မှာ လုံးဝမဖြစ်နိုင်ပေ။

လင်ဟူဂိုဏ်း၏ တပည့်များသည် ဒဏ်ရာရရှိထားပြီးဖြစ်ကာ ယခု သူတို့သည် ကောင်းကင်လူသား စွမ်းအားရှင်သုံးယောက်နှင့် ရင်ဆိုင်နေရသည်။ လက်ရှိအချိန်တွင် ရင်ဆိုင်နေရသော ကြီးမားလှသည့် ဖိအားကြောင့် သူ၏ပြိုင်ဘက်များသည် မယုံနိုင်လောက်အောင် အားကောင်းနေသည်ဟု လေဝမ်တ ခံစားနေရခြင်း ဖြစ်သည်။

ထိုအချိန်တွင် လေဝမ်တက သူ၏အင်္ကျီလက်အတွင်းမှ ဝိညာဉ်ကျောက်တုံးများကို ချက်ချင်းထုတ်ယူကာ ပုံစံအတွင်းသို့ ပစ်ထည့်လိုက်သည်။ နောက်တစ်ခဏတွင် ပုံစံ၏ အလင်းရောင် ပို၍ပင် တောက်ပလာခဲ့သည်။

ကောင်းကင်ပေါ်ရှိ မြေခွေးပုံရိပ်သည်လည်း ပို၍ကြီးမားပြီး ပို၍အစစ်နှင့်တူလာသည်။

လေဝမ်တက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ခင်ဗျားတို့ ကောင်းကင်လူသား စွမ်းအားရှင် သုံးယောက်ဖြစ်တော့ ဘာဖြစ်လဲ။ လင်ဟူဂိုဏ်းရဲ့ ပုံစံတွေက အဆင့်နိမ့်ကမ္ဘာက ကောင်းကင်လူသား စွမ်းအားရှင်တွေ ဖျက်ဆီးနိုင်တဲ့အရာမျိုး မဟုတ်ဘူးဗျ။”

သူ၏အသံဆုံးသွားသည်နှင့် ကောင်းကင်ပေါ်ရှိ မြေခွေးပုံရိပ်မှဖိအား မြင့်တက်လာပြီး ရှထျန်းယွမ်နှင့် ရွှမ်ယွမ်ချောင်ကဲတို့ထံသို့ အပြာရောင်မီးတောက်နှစ်ခုကို ထွေးထုတ်လိုက်သည်။ ထို့နောက်ချက်ချင်းပင် မြေခွေးက လျှိုကျိန့်ချူထံသို့ တည့်တည့် တိုးဝင်သွားသည်။

ကောင်းကင်လူသား စွမ်းအားရှင်သုံးယောက်ရှိနေချိန်တွင် တစ်ယောက်ကို အရင်သတ်ခြင်းက အကောင်းဆုံးဖြစ်သည်။ မဟုတ်ပါက ထိုကောင်းကင်လူသား စွမ်းအားရှင်သုံးယောက်က နေရာပေါင်းစုံမှ တိုက်ခိုက်လာနိုင်ပြီး ပုံစံ၏ အားနည်းသောအချက်ကို ရှာတွေ့သွားပါက ပုံစံ အလွယ်တကူ ကျိုးပေါက်သွားမည်ဖြစ်သည်။

မြေခွေးက သူ့ထံသို့ တည့်တည့်တိုးဝင်လာသည်ကို မြင်သော်လည်း လျှိုကျိန့်ချူ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ သူက သူ၏စိတ်ဝိညာဉ် စွမ်းအားအားလုံးကို စုစည်းလိုက်ပြီး ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ နောက်တစ်ခဏတွင် ကြီးမားသော အနက်ရောင်နဂါးပုံရိပ်တစ်ခု သူ၏ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။

ထိုအရာကို မြင်သောအခါ လင်ဟူဂိုဏ်း၏ တပည့်များ နောက်တစ်ကြိမ် မှင်သက်သွားကြသည်။

တပည့်တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

“စိတ်ဝိညာဉ်ပုံရိပ်... ဒါက သိုင်းကွက် စိတ်ဝိညာဉ်ပုံရိပ်ပဲ... ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်က သိုင်းကွက် စိတ်ဝိညာဉ်ပုံရိပ်ကို ဘယ်လိုလုပ် ထုတ်သုံးနိုင်ရတာလဲ။”

လျှိုကျိန့်ချူက သူတို့ကို ဂရုမစိုက်ပဲ ဟစ်အော်လိုက်သည်။

“သွားစမ်း”

လျှိုကျိန့်ချူ၏ ခေါင်းပေါ်မှ အနက်ရောင်နဂါး စိတ်ဝိညာဉ်ပုံရိပ်သည် မြေခွေးထံသို့ တည့်တည့်တိုးဝင်သွားသည်။ နောက်တစ်ခဏတွင် ထိုနှစ်ခုသည် လေထဲတွင် တိုက်ခိုက်မိကြသွားပြီး ကျူးမြို့တော်ဟောင်းဝင်ပေါက်တစ်ဝိုက်ရှိ သဲနှင့်ကျောက်တုံးများကို လွင့်စင်သွားစေကာ ပေါက်ကွဲသံများ မရပ်မနား ထွက်ပေါ်လာသည်။

လျှိုကျိန့်ချူက မြေခွေးကို ထိန်းထားနိုင်သည်ကို မြင်သောအခါ ရွှမ်ယွမ်ချောင်ကဲနှင့် ရှထျန်းယွမ်တို့လည်း လက်ပိုက်ကြည့်မနေခဲ့ကြပေ။ သူတို့က လင်ဟူဂိုဏ်း၏ တပည့်များရှိရာနေရာသို့ တည့်တည့်တိုးဝင်သွားကြသည်။

ပုံစံတစ်ခုကို ဖျက်ဆီးလိုပါက ပုံစံချသူကို တိုက်ခိုက်လိုက်ရုံသာဖြစ်သည်။

ပုံစံချသူကို အနိုင်ယူလိုက်နိုင်သည်နှင့် မြေခွေးပုံရိပ် ပြိုကျသွားမည်ဖြစ်ပြီး သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မည်။

ဟုတ်ပါသည်။ ထိုကဲ့သို့သော ပုံစံ၏ အပြင်ဘက်တွင် အကာအကွယ်အတားအဆီးတစ်ခု မလွဲမသွေ ရှိရမည်ဖြစ်ပြီး အလွယ်တကူ ထိုးဖောက်နိုင်မည်တော့ မဟုတ်ပေ။

သို့သော် ကောင်းကင်လူသား စွမ်းအားရှင်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ညီညွတ်ခြင်း နယ်ပယ်အဆင့်လူတစ်စု တည်ဆောက်ထားသော ပုံစံတစ်ခု ပနေနှင့် ခံနိုင်ရည်ရှိရန် အခွင့်အလမ်း မရှိတော့ပေ။

ရှထျန်းယွမ်နှင့် ရွှမ်ယွမ်ချောင်ကဲတို့ သုံးကြိမ်သာ တိုက်ခိုက်လိုက်ရပြီး ပုံစံ၏ အတားအဆီး အက်ကွဲသွားသည်။

လင်ဟူဂိုဏ်း၏ တပည့်များ မတုံ့ပြန်နိုင်မီ ဓားအလင်းတန်းတစ်ခု သူတို့၏မျက်စိရှေ့တွင် ဖြတ်ပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လင်ဟူဂိုဏ်းမှ တပည့်အများအပြားသည် မြေပြင်ပေါ်တွင် လဲကျသွားကာ ဘယ်တော့မှ ပြန်မထနိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ကောင်းကင်ပေါ်ရှိ မြေခွေးပုံရိပ်လည်း ပျောက်ကွယ်သွားသည်။ပုံစံ ကျိုးပေါက်သွားသည်ကို မြင်သောအခါ ကျန်ရှိနေသော လင်ဟူဂိုဏ်းတပည့်များ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ယခုအချိန်တွင်တော့ သူတို့ ကောင်းကင်လူသား စွမ်းအားရှင်သုံးယောက်ကို အမှန်တကယ် မယှဉ်နိုင်ကြောင်း လေဝမ်တ သိမြင်လိုက်၏။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက သူတို့၏ တစ်ခုတည်းသော အဆုံးသတ်မှာ သေခြင်းတရားသာဖြစ်ကြောင်း သဘောပေါက်လာသောကြောင့် ချက်ချင်းပင် အမြန်ခရီးသွား အင်းတစ်ခုကို ထုတ်ယူလိုက်ပြီး အခြား လင်ဟူဂိုဏ်း တပည့်များကို ပြောလိုက်သည်။

“ဒီ ကောင်းကင်လူသား သုံးယောက်ကို ထိန်းထားကြ။ ငါ အခုချက်ချင်း ရန်ခရိုင်ကို အကူအညီသွားတောင်းလိုက်မယ်။”

လေဝမ်တ၏ စကားကို ကြားသောအခါ အခြား လင်ဟူဂိုဏ်း တပည့်များအားလုံး မှင်သက်သွားကြသည်။

ရန်ခရိုင်ကို အကူအညီသွားတောင်းမယ် ဟုတ်လား။

တကယ့်ကို ရယ်စရာကောင်းလှသည်။

ရန်ခရိုင်ကိုသွားပြီး သူတို့ကို ကယ်တင်ရန် ဘယ်သူ့ကို ရှာရမည်နည်း။

မုန်ထျန်းကို ရှာမှာလား။

ယခု အခြေအနေအရဆိုလျှင် မုန်ထျန်းနှင့် သူ၏အုပ်စုလည်း အစောကြီးကတည်းက ရှင်းလင်းခံလိုက်ရလောက်ပြီဖြစ်သည်။ သူတို့ကို ရှာတွေ့လျှင်ကော ဘာအသုံးဝင်မည်နည်း။

ဒီအကြောင်းပြချက်ပေးမည့်အစား သူတို့ကို သူ၏ဒိုင်းကာအဖြစ် အသုံးချချင်သည်ဟု တိုက်ရိုက်ပြောလိုက်ခြင်းက ပို၍ကောင်းဦးမည်။

ဤအချိန်တွင် အခြား လင်ဟူဂိုဏ်း တပည့်များ သူ့အပေါ် မည်သို့ထင်မြင်သည်ကို

လေဝမ်တ ဂရုမစိုက်တော့ပေ။ အမြန်ခရီးသွား အင်းကို မဆိုင်းမတွ အသုံးပြုလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်လည်း ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

လေဝမ်တ ထွက်ပြေးသွားသည်ကို မြင်သောအခါ ရှထျန်းယွမ်က ချက်ချင်း ပြောလိုက်သည်။

“ဗိုလ်ချုပ်လျှို၊ ပညာရှိကြီး ရွှမ်ယွမ်၊ ကျွန်တော် သူ့နောက်ကို လိုက်သွားမယ်။ ကျန်တဲ့ လင်ဟူဂိုဏ်း တပည့်တွေကို ခင်ဗျားတို့အတွက် ထားခဲ့လိုက်တော့မယ်။”

စကားပြောပြီးသည်နှင့် ရှထျန်းယွမ်လည်း လေဝမ်တ၏ အငွေ့အသက်ကို ချက်ချင်း အာရုံခံလိုက်ပြီး သူ၏အငွေ့အသက်လမ်းကြောင်းအတိုင်း လိုက်လံရှာဖွေခဲ့သည်။

လေဝမ်တ ထွက်ပြေးသွားသည်ကို မြင်သောအခါ ကျန်ရှိနေသော လင်ဟူဂိုဏ်း တပည့်များလည်း ဆက်လက်ခုခံခြင်းသည် အချည်းနှီးသာဖြစ်ပြီး သူတို့ မလွဲမသွေသေဆုံးရတော့မည့် အဖြစ်ကို သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူတို့အားလုံး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“ကျွန်တော်တို့ အရှုံးပေးပါတယ်။ ကျွန်တော်တို့ကို မသတ်ပါနဲ့။”

ထိုစကားများဆုံးသည်နှင့် လင်ဟူဂိုဏ်း တပည့်များ ချက်ချင်း ဒူးထောက်လိုက်ကြပြီး သူတို့၏ဓားများကို ခေါင်းပေါ်တွင် မြှောက်ကိုင်ထားလိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ရွှမ်ယွမ်ချောင်ကဲက လျှိုကျိန့်ချူဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဗိုလ်ချုပ်လျှို။ သူတို့ကို ဘယ်လိုစီစဉ်ဖို့ စိတ်ကူးထားလဲ။”

လျှိုကျိန့်ချူက ပြုံးလျက်

“သူတို့က မြူခိုးဒေသက လာတာဆိုတော့ အဲ့ဒီနေရာနဲ့ ပတ်သက်ပြီး အရမ်းကို ရင်းနှီးနေမှာပဲ။ မင်းကြီးက သူတို့ကို အရမ်း စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”

သူတို့သည် လက်ရှိတွင် မြူခိုးဒေသနှင့်ပတ်သက်သော သတင်းအချက်အလက်များ လိုအပ်နေသည်။ ဤလင်ဟူဂိုဏ်းမှ တပည့်များထံမှ မြူခိုးဒေသ၏ အခြေအနေကို သိရှိနိုင်ရုံသာမက လင်ဟူဂိုဏ်း၏ အတွင်းရေးအချက်အလက်အချို့ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ဤလင်ဟူဂိုဏ်း တပည့်များတွင် တန်ဖိုးတစ်ခုရှိ ရှိသေးသည်။ သူတို့၏တန်ဖိုးအားလုံးကို မညှစ်ထုတ်မီ သူတို့ကို သတ်ရန် မလိုအပ်ပေ။

ချက်ချင်းပင် လျှိုကျိန့်ချူက လင်ဟူဂိုဏ်း တပည့်များကို အဆိပ်ခတ်လိုက်ပြီး သူတို့၏ စိတ်ဝိညာဉ် စွမ်းအားကို ချိပ်ပိတ်ကာ အားလုံးကို ဖမ်းဆီးလိုက်သည်။

…….

ဆယ့်ငါးမိနစ်ခန့်အကြာတွင်။

ရှထျန်းယွမ်သည် လေဝမ်တ၏ အငွေ့အသက်ကို ခြေရာခံနေဆဲဖြစ်သော်လည်း အံ့အားသင့်စရာ ကောင်းသည်က လေဝမ်တ၏ အငွေ့အသက်သည် တဖြည်းဖြည်း အားနည်းလာပြီး သူ၏ တည်နေရာအတိအကျကို ရှာဖွေရန် ခက်ခဲလာသည်။

ဤအတိုင်းသာ ဆက်ဖြစ်နေပါက ခြေရာ မလွဲမသွေ ပျောက်သွားလိမ့်မည်။

သူအသုံးပြုခဲ့သော အမြန်ခရီးသွားအင်း‌ကြောင့် လေဝမ်တကို လိုက်မီရန် အမှန်တကယ် မလွယ်ကူတော့ပေ။

ထိုအချိန်တွင် လေဝမ်တကတော့ အလွန်ပျော်ရွှင်နေသည်။ သူ၏ နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက်သို့ လိုက်လာသူတစ်ယောက်မှ မရှိသည်ကို တွေ့လိုက်ရသဖြင့် ရယ်မောလိုက်ပြီး

“လင်ဟူဂိုဏ်းက မထွက်လာခင် အမြန်ခရီးသွား အင်းတစ်ခု ဝယ်လာခဲ့လို့ တော်သေးတာပေါ့။”

သီသီလေး လွတ်မြောက်ခဲ့သည့်အတွက် စိတ်သက်သာရာရနေစဉ်မှာပင် အမျိုးသမီးတစ်ယောက်၏ အသံသည် သူ၏ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသည်။

“အမြန်ခရီးသွားအင်းတစ်ခု ဟုတ်လား။ ဒါဆို ရှင်ပြောချင်တာက ရှင့်ဆီမှာ အခု ဒုတိယမြောက် အမြန်ခရီးသွားအင်း မရှိတော့ဘူးပေါ့။”

All Chapters