← Chapters

အခန်း (၉၂၄ )

Vol. 62 Ch. 924

အခန်း (၉၂၄ )

Vol. 62 Ch. 924

ပြီးခဲ့သော ဆယ်ရက်ကျော်အတွင်း စုပုံနေခဲ့သော အရေးကိစ္စများကို ကိုင်တွယ်ရန် လုချန်း စီစဉ်ထားသော်လည်း ရတနာခုနစ်သွယ် ဧကရာဇ်ဆေးလုံးကို သောက်သုံးပြီးနောက် သူ၏တစ်ကိုယ်လုံးတွင် စိတ်ဝိညာဉ် စွမ်းအားများ တိုးပွားလာသည်ကို တွေ့ရှိခဲ့ပြီး နိုင်ငံရေးကို စိတ်မဝင်စားနိုင်တော့ပေ။

ထို့နောက် လုချန်း နန်းတွင်းစာကြည့်ခန်းတွင် တစ်နေ့လုံး တရားထိုင်နေခဲ့ပြီး ညနက်မှသာ လေပြင်းမိုးတိမ်ဆောင်သို့ ပြန်လာခဲ့သည်။

လုချန်း လေပြင်းမိုးတိမ်ဆောင်သို့ ပြန်ရောက်သောအခါ ချူးယုချင်နှင့် အခြားမိဖုရားများက ညစာ ပြင်ဆင်ပြီးဖြစ်သည်။ ခန်းမကျယ်ကြီးထဲရှိ ဟင်းလျာအပြည့်နှင့် စားပွဲကို စိုက်ကြည့်ရင်း လုချန်း ခဏခန့် ရပ်တန့်သွား၏။

သူ၏မိဖုရားများနှင့် ဤကဲ့သို့ အတူတကွ မစားဖြစ်သည်မှာ အချိန်အ‌တော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူတို့ သီးခြားစီ စားသောက်ကြပြီး‌နောက်ပိုင်း မိသားစု စားသောက်ပွဲများတွင်ပင် လူတိုင်းအတွက် ကိုယ်ပိုင်ပန်းကန်နှင့် ကိုယ်ပိုင်နေရာများ သတ်မှတ်ထား ရှိလာကြသည်။

ထိုအခိုက်တွင် လုချန်းက ခန်းမကျယ်ကြီးထဲရှိ အမျိုးသမီးသုံးဦးကို လှမ်းကြည့်လိုက်သည်။ မုကျိရွှမ်း၊ ချူးယုချင်နှင့် ရဲလိနန်ရန်တို့ အားလုံးရှိနေကြသည်။

သူတို့ ကလေးမွေးဖွားပြီးသည့် အချိန်မှစ၍ သူတို့၏ အမူအရာသည် ပို၍ သိက္ခာရှိပြီး နန်းဆန်လာသည်။

သူတို့၏ ခန္ဓာကိုယ်များမှာလည်း ပို၍ ပြည့်ဖြိုးလာ၏။ ဟုတ်ပါသည် ရှိသင့်သည့်နေရာတွင် ပြည့်ဖြိုးပြီး ပိန်သွယ်သင့်သည့်နေရာတွင် ပိန်သွယ်နေသည်။

အစိမ်းရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ချူးယုချင်က လုချန်းထံ ချဉ်းကပ်လာပြီး

“ချန်း‌လေး။ ညစာအသင့်ဖြစ်ပြီ။ အရင်စားရအောင်။”

ကလေးနှစ်ယောက် မွေးဖွားပြီးဖြစ်သော ချူးယုချင်သည် ပို၍ပင် နူးညံ့သိမ်မွေ့လာပြီး သူမ၏ အသံမှာလည်း ပို၍ နူးညံ့လာသည်။ သူ၏ရှေ့မှ လှပသော အမျိုးသမီးကို ကြည့်ရင်း လုချန်း၏ အတွင်းထဲမှ အပြည့်အဝ အနည်မထိုင်သေးသော စိတ်ဝိညာဉ် စွမ်းအားများ မငြိမ်မသက် လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် ပြေးလွှားနေတော့သည်။

နောက်တစ်ခဏတွင် လုချန်းက ချူးယုချင်အား သူ့ရင်ခွင်ထဲသို့ အလျင်အမြန် ဆွဲသွင်းလိုက်၏။ သူမလည်း ရုတ်တရက် ဟန်ချက်ပျက်သွားကာ

“အား”

ချူးယုချင် သတိပြန်ဝင်လာချိန်တွင် သူမ၏ နှုတ်ခမ်းများကို လုချန်းက သိမ်းပိုက်ထားပြီး ဖြစ်သည်။ ခန်းမကျယ်ကြီးထဲရှိ မုကျိရွှမ်းနှင့် ရဲလိနန်ရန်တို့လည်း ထိုမြင်ကွင်းကို ကြည့်ကာ အချင်းချင်းကြည့်၍ ပြုံးလိုက်ကြသည်။

ဒီည ညစာစားရဖို့ အချိန်အနည်းငယ် စောင့်ရဦးမည်ဟု ထင်ရသည်။

ချူးယုချင် ဟန်ချက်မထိန်းနိုင်မီတွင်ပင် လုချန်း၏လက်က သူမ၏ နန်းတွင်းဝတ်စုံအ‌ပေါ် ထိလိုက်သည်ကို ခံစားလိုက်ရသည်။ သူမ၏ ရင်ထဲ၌ အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။ ဤလူဆိုးလေး၏ မိန်းမဖြစ်လာခြင်းက သူမအတွက် ကျိန်စာတစ်ခုလား။

ချူးယုချင်တွင် လုချန်း၏ အလိုကို လိုက်လျောရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူက ချူးယုချင်ကို နမ်းရှိုက်ရင်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ကုလားထိုင်ဆီဆီသို့ ဖြည်းညင်းစွာ တွန်းပို့လိုက်သည်။

ကုလားထိုင်ဆီသို့ ရောက်သောအခါ ချူးယုချင်လည်း စိတ်ပါလာခဲ့သည်။ လုချန်းက သူမကို ညင်သာစွာ လှဲချလိုက်ပြီး ထိအခိုက်အတန့်တွင် သူမ၏ မျက်လုံးများ ဝေဝါးနေသည်။ သူမ သတိမပြန်ဝင်မီမှာပင် အဝတ်စုတ်ဖြဲသံကို ကြားလိုက်ရသည်။

ရုတ်တရက် အေးစက်သော လေဟာနယ်ကို ခံစားလိုက်ရသောအခါ ချူးယုချင်က လုချန်းအား မကျေမနပ်တစ်ချက် ကြည့်လိုက်၏။ ဤလူဆိုးလေးက အချိန်တစ်စက္ကန့်မျှပင် အလဟဿ မဖြစ်စေခဲ့ပေ။

ချူးယုချင် စကားမပြောနိုင်မီတွင် လုချန်းက ကိုင်းညွှတ်ကာ သူမနှင့် ရင်းနှီးမှုစတင်ခဲ့သည်။

ချူးယုချင်နှင့် ရင်းနှီးနေစဉ်အတွင်း လုချန်း၏ အတွင်းထဲမှ မကုန်ဆုံးသေးသော စိတ်ဝိညာဉ် စွမ်းအားများ သူမထံသို့ စီးဝင်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကြားတွင် လည်ပတ်‌နေပြီး လုချန်းကို အလွန်နေသာထိုင်သာရှိစေခဲ့သည်။

သူမ၏ အတွင်းထဲ၌ စိတ်ဝိညာဉ် စွမ်းအား စီးဆင်းမှုကို ခံစားမိသောအခါ ချူးယုချင်လည်း ၎င်းကို အခွင့်အရေးတစ်ခုအဖြစ် အသိအမှတ်ပြုပြီး လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း လည်ပတ်လိုက်သည်။

ကုလားထိုင်ပေါ်တွင် ကျင့်ကြံနေသော နှစ်ယောက်ကို မြင်သောအခါ မုကျိရွှမ်းနှင့် ရဲလိနန်ရန်တို့သည် ဘေးတွင် ဆက်လက်မရပ်နေတော့ပဲ အလျင်အမြန် ချဉ်းကပ်လာကြသည်။

ညနက်သန်းခေါင်ယံ အချိန်တွင် လုချန်း၏ ကိုယ်တွင်းမှ စိတ်ဝိညာဉ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး နန်းတွင်းတစ်ခွင် ပျံ့နှံ့သွားကာ စိတ်ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များ ဖြစ်ပေါ်စေခဲ့သည်။

သူ၏ အတွင်းစိတ်ဝိညာဉ် ပင်လယ် ဆယ်ဆထက်မက ကျယ်ပြန့်လာသည်ကို ခံစားမိသောအခါ မူလအစကမ္ဘာ၏ နယ်ပယ်သို့ သူတက်လှမ်းသွားပြီဖြစ်ကြောင်း လုချန်း သိလိုက်သည်။

ထိုအခိုက်တွင် လုချန်း အနည်းငယ် မယုံကြည်နိုင်ဖြစ်နေ၏။ ရတနာခုနစ်သွယ် ဧကရာဇ်ဆေးလုံးတစ်လုံးသည် သူ့ကို ကောင်းကင်လူသားအဆင့်မှ မူလအစကမ္ဘာ၏ နယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းစေခဲ့သည်။

တကယ့်ကို အံ့ဖွယ်ဆေးလုံးဖြစ်သည်။

သတိပြန်ဝင်လာပြီးနောက် လုချန်းက သူ၏ရှေ့မှ အမျိုးသမီးသုံးဦးကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

“မိဖုရားတို့ ပင်ပန်းသွားကြပြီ။”

အကယ်၍ သူတို့သုံးဦးသာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို အသုံးပြု၍ သူ၏ အနည်မထိုင်သေးသော စိတ်ဝိညာဉ် စွမ်းအားများကို သက်သာအောင် မကူညီခဲ့ပါက သူ မူလအစကမ္ဘာ နယ်ပယ်သို့ တက်လှမ်းရန် အချိန်ပိုကြာနိုင်သည်။ ဟုတ်ပါသည်။ ၎င်းသည် သူတို့သုံးဦးစလုံးအတွက်လည်း အကျိုးရှိသည်။

ထိုအခိုက်တွင် ချူးယုချင်၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ဖြစ်ပျက်‌နေသည့်အရာကို သူတို့ နားမလည်နိုင်မီတွင်ပင် သူမ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ထိုစိတ်ဝိညာဉ် ဖိအားကို အလျင်အမြန် ထိန်းချုပ်ရန် ချူးယုချင် ကြိုးစားသော်လည်း နောက်တစ်ခဏတွင် လေပြင်းမိုးတိမ်ဆောင်ထဲရှိ အရာဝတ္ထုအမျိုးမျိုး လေထဲသို့ မြောက်တက်လာကြသည်။

ချူးယုချင်ထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် ဖိအားကို ခံစားမိသောအခါ လုချန်းသည် ခဏခန့် မှင်သက်သွားသည်။

ဒါက...

ကောင်းကင်လူသားအဆင့်မှာရှိတဲ့ သူတွေအတွက် သီးသန့်ဖြစ်တတ်‌သော စွမ်းအား အရှိန်မျိုး ဖြစ်သည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဤကမ္ဘာတွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်လာရန် စမ်းသပ်မှုများကို ကျော်ဖြတ်ရန် လိုအပ်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ချူးယုချင် ရုတ်တရက် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာရသနည်း။

သို့မဟုတ် ချူးယုချင်က ကောင်းကင်ဘုံ လမ်းစဉ်၏ စမ်းသပ်မှုများကို ပြီးမြောက်ခဲ့ပြီးဖြစ်၍ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာခဲ့တာလော။

ဤအချိန်တွင် ချူးယုချင် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ သူမသည် သူမအပေါ် ဖိထားသော လုချန်းကို စိတ်ဗလာကြည့်ဖြင့် ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ချန်း... ချန်းလေး။ ဒေါ်လေး.. ကောင်းကင်လူသားအဆင့်ကို ရောက်သွားသလိုပဲ။”

အခြားသူများ မဆိုထားနှင့် ချူးယုချင် ကိုယ်တိုင်ပင် ဘာဖြစ်နေသည်ကို ရှင်းမပြနိုင်ခဲ့ပေ။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်လာရန် ကောင်းကင်ဘုံ လမ်းစဉ်၏ စမ်းသပ်မှုများကို ခံနိုင်ရည်ရှိရမည်ဟု

လုချန်းထံမှ သူမ ကြားသိခဲ့သည်မှာ ကြာပြီဖြစ်သည်။

တစ်နည်းအားဖြင့် ကျင့်စဉ်လောကမှ ပြောသော ညီညွတ်ခြင်းဖြစ်သည်။ သို့သော် ချူးယုချင်ကတော့ သူမ၏ ကိုယ်ပိုင်စမ်းသပ်မှုက ဘာလဲဆိုတာပင် မသိသေးပဲ ကောင်းကင်လူသားအဆင့်သို့ တိုက်ရိုက် တက်လှမ်းခဲ့သည်။

မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူမ နားမလည်သော်လည်း ဒါက ချူးယုချင်အတွက် သတင်းကောင်းတစ်ခုဖြစ်သည်။ ခဏခန့် မှင်သက်နေပြီးနောက် လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက သူ၏လက်ကို မြှောက်ကာ ချူးယုချင်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း

“ဒေါ်လေးချူး။ ဒါက ကောင်းတဲ့ကိစ္စပဲ။”

“ခုချိန်ကစပြီး ကျွန်တော်တို့မိသားစုမှာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက် တိုးလာပြီ။ နောင်အနာဂတ်မှာ ကျွန်တော် အပြင်ထွက်တဲ့အခါ ပိုပြီး စိတ်အေးရပြီ။”

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်၏ စိတ်အတွင်းထဲတွင် အလွန် ပျော်ရွှင်သွားသည်။ သူမသည် လုချန်းအတွက် များစွာ အကူအညီမဖြစ်ဟု အမြဲတစေ ခံစားခဲ့ရ၏။

အထူးသဖြင့် လုချန်း ရန်ခရိုင်သို့ ပြန်ရောက်လာပြီးနောက်ပိုင်းတွင် ဖြစ်သည်။ သူမသည် လုချန်းအတွက် ကလေးနှစ်ယောက် မွေးဖွားပေးခဲ့သော်လည်း သူ့အတွက် တန်ဖိုးမရှိဟု ခံစားနေရဆဲဖြစ်သည်။ ယခု သူမသည်လည်း ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး၏ အင်အားကို ပိုင်ဆိုင်နေပြီဖြစ်သောကြောင့် နောက်ဆုံးတွင် လုချန်းကို ကာကွယ်ရန် အရည်အချင်းပြည့်မီသွားပြီဖြစ်သည်။

ဘေးတွင် ရပ်နေသော မုကျိရွှမ်းနှင့် ရဲလိနန်ရန်တို့လည်း ချူးယုချင်၏ စကားကို ကြားသောအခါ အလွန်အမင်း အားကျစိတ်မျာဖြစ်သွားကြ၏။ အထူးသဖြင့် ရဲလိနန်ရန် ဖြစ်သည်။

ရဲလိနန်ရန်သည် အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း ညီညွတ်ခြင်း အဆင့်သို့ပင် မဝင်ရောက်သေးပေ။ မူလက ချူးယုချင်၏ အဆင့်သည် သူမနှင့် အတူတူဖြစ်သော်လည်း ယခု ချူးယုချင်က ကောင်းကင်လူသားအဆင့်သို့ ရုတ်တရက် တက်လှမ်းသွားခဲ့သည်။ ယင်းက မည်သို့ အားကျမှုမဖြစ်စေပဲ နေမည်နည်း။

ဤအချိန်တွင် လုချန်းက

“ဒေါ်လေးချူးက အခုမှ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာတာ။ ဒေါ်လေးရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအားကို အမြန်ဆုံး တည်ငြိမ်အောင်လုပ်လိုက်ပါ။”

ထိုစကားများနှင့်အတူ လုချန်း ဖြည်းညင်းစွာ ထရပ်လိုက်သည်။

ချူးယုချင် မျက်နှာနီရဲသွားပြီး

“ကောင်းပြီ။ကောင်းပါပြီ။”

ထိုအခိုက်တွင် ချူးယုချင်လည်း ထလိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားကို တည်ငြိမ်စေရန် တရားထိုင်လိုက်သည်။ ထိုအရာကို မြင်သောအခါ မုကျိရွှမ်းနှင့် ရဲလိနန်ရန်တို့လည်း ဒီညအတွက်‌တော့ ဒီလောက်နဲ့ အဆုံးသတ်ပြီဟု ထင်လိုက်ကြသည်။

သို့သော် လုချန်းက ရုတ်တရက် လှည့်ကာ မုကျိရွှမ်းနှင့် ရဲလိနန်ရန်တို့ကို ကြည့်ပြီး ပြုံးလျက်

“မိဖုရားတို့။ ဒေါ်လေးချူးက ကောင်းကင်လူသားအဆင့်ကို ရောက်သွားပြီ။ မင်းတို့နှစ်ယောက်လည်း ကြိုးစားဖို့လိုတယ်။”

“ကောင်းပြီ။ ဆက်ကြရအောင်။”

အမျိုးသမီးနှစ်ဦး မတုံ့ပြန်နိုင်မီတွင် လုချန်းရဲလိနန်ရန်၏ ရှေ့တွင် ကိုင်းညွှတ်လိုက်သည်။

…

ထိုအချိန်တွင်။

ဝမ်ရွန်နန်းဆောင်၌။

ယွမ်ရှန်ရှန် တရားထိုင်နေစဉ် နန်းတော်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် လှိုင်းထန်မှုများကို ခံစားမိသောအခါ သူမ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

လေပြင်းမိုးတိမ်ဆောင်ဘက်သို့ လှမ်းကြည့်ကာ ယွမ်ရှန်ရှန် ရေရွတ်လိုက်သည်။

“တစ်စုံတစ်ယောက်က ကောင်းကင်လူသားအဆင့်ကို တိုက်ရိုက်ရောက်သွားတာလား။”

“ကန့်သတ်ချက်တွေက တကယ်ကို ပျောက်ကွယ်တော့မှာထင်တယ်။”

ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်စွမ်းအင်များ ဤကမ္ဘာသို့ စီးဝင်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ပေါ်ပေါက်လာပြီး ဤကမ္ဘာရှိ ညီညွတ်ခြင်း အဆင့် ကျင့်စဉ်ကျင့်သူများအတွက် ကောင်းကင်လူသားစွမ်းအားရှင်များ ဖြစ်လာရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

သူတို့သည် စမ်းသပ်မှုများဟု ခေါ်သောအရာကို မလိုအပ်တော့ပေ။ သူတို့၏ အဆင့် အတိုင်းအတာတစ်ခုအထိ ရောက်သောအခါ တိုက်ရိုက် တက်လှမ်းနိုင်မည်ဖြစ်သည်။

ဤကမ္ဘာအတွက်တော့ ချူးယုချင် ကောင်းကင်လူသားအဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခြင်းက ကောင်းသော လက္ခဏာ မဟုတ်ပေ။

ယင်းအချက်က မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်တော့မည်ဖြစ်ကြောင်းနှင့် ဤကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာတော့မည်ကို ညွှန်ပြနေသည်။

All Chapters