← Chapters

ယွမ်ရှန်ရှန် ထွက်သွားတော့မှာလား

Vol. 62 Ch. 925

ယွမ်ရှန်ရှန် ထွက်သွားတော့မှာလား

Vol. 62 Ch. 925

ချူးယုချင်သည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများကို တည်ငြိမ်စေရန် တရားထိုင်‌သော်လည်း ပတ်ဝန်းကျင်ရှိ ဆူညံသံများကြောင့် သူမအား အနှောင့်အယှက်ဖြစ်စေမည်ကို လုချန်းက လုံးဝဂရုမစိုက်ပုံရသည်။

လုချန်း အလုပ်များနေစဉ်တွင် အစေခံမ လေးတစ်ဦး၏ အသံ လေပြင်းမိုးတိမ်ဆောင်၏ ဝင်ပေါက်မှ ထွက်ပေါ်လာသည်။

“မင်းကြီး။ ယွမ်သခင်မက ဝမ်ရွန်နန်းဆောင်ကို လာဖို့ပြောပါတယ်။”

အစေခံမလေး၏ အသံကိုကြားသောအခါ လုချန်းသည် ခဏခန့် ရပ်တန့်သွားသည်။

သူမနှင့် ဆယ်ရက်ကျော်ကြာ အတူနေခဲ့သည်ကို ထည့်သွင်းစဉ်းစားလျှင် ယွမ်ရှန်ရှန် သူ့ကို ဤမျှမြန်မြန် ပြန်တွေ့ချင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုချန်းက သူလုပ်နေသည်ကို ရပ်တန့်လိုက်ပြီး ရဲလိနန်ရန်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ကာ သူမ၏ ချွေးစိုနေသော ဆံပင်များကို ဘေးသို့ ဖယ်ပေးလိုက်သည်။

အစေခံမလေးက

“မြူခိုးဒေသနဲ့ ပတ်သက်တယ်လို့ သခင်မယွမ်က ပြောပါတယ်။”

လုချန်းသည် ခဏစဉ်းစားလိုက်၏။ မြူခိုးဒေသနှင့် သက်ဆိုင်သောကြောင့် ချက်ချင်းသွားကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။

ချက်ချင်းပင် လုချန်းက

“ခဏနေရင် ရောက်လာမယ်လို့ ပြောလိုက်။”

သူ၏စကားဆုံးသည်နှင့် လုချန်းက သူ၏ကိုယ်ကို ကိုင်းညွှတ်ကာ ရဲလိနန်ရန်၏ နှုတ်ခမ်းများကို ဖုံးအုပ်လိုက်ပြီးနောက် သူတို့၏ ချစ်ခင်မှုကို ထပ်မံပြုစုပျိုးထောင်ခဲ့သည်။

……

အစေခံမလေး ပြန်လည်သတင်းပို့သည်ကို ကြားသောအခါ ယွမ်ရှန်ရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

နန်းတွင်း၌ ဖြစ်ပျက်သမျှကို အာရုံခံနိုင်စွမ်းရှိသောကြောင့် ထိုအချိန်တွင် လုချန်း ဘာလုပ်နေသည်ကို သူမ သိရှိပြီးဖြစ်သည်။ ဤပုန်ကန်တတ်သော တပည့်သည် မြူခိုးဒေသမှ ကျူးကျော်သူများအတွက် စိုးရိမ်ပုံမရပဲ သူ၏ မိဖုရားများနှင့် သာယာမှုကို ခံစားရန်သာ အာရုံစိုက်နေသည်။

ယွမ်ရှန်ရှန် ဆက်မတွေးတော့ပဲ သူမ၏ တရားထိုင်ခြင်း လုပ်ငန်းစဉ်ကို ဆက်လုပ်ခဲ့သည်။ ဤပုန်ကန်တတ်သော တပည့်သည်လည်း ဤကမ္ဘာ၏ ကန့်သတ်ချက်များ မကြာမီ ပျောက်ကွယ်တော့မည်ကို သိရှိပြီး သူ၏နောက်ကွယ်မှ အင်အားစုများကလည်း ပြင်ဆင်ပြီးဖြစ်သောကြောင့် သူ လုံးဝ အလျင်မလိုခြင်းဖြစ်မည်ဟု သူမ သံသယဝင်မိသည်။

မည်သို့ပင်ဖြစ်စေ အတားအဆီး ပျောက်ကွယ်သွားသည်နှင့် တိုက်ခိုက်ခံရမည်မှာ သူမ၏ နိုင်ငံ မဟုတ်ပေ။

ထို့နောက် ယွမ်ရှန်ရှန် တရားထိုင်ရင်း စိတ်ကို တည်ငြိမ်စေခဲ့သည်။

တစ်နာရီခန့်အကြာတွင် ယွမ်ရှန်ရှန် ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။ နောက်တစ်ခဏတွင် လုချန်း သူမ၏ အိပ်ရာ‌ ပေါ်တွင် ပေါ်လာပြီး သူ၏လက်ကို သူမ၏ ပေါင်ပေါ်တွင် တင်လိုက်သည်။

“ဆရာမ။ ဆရာမတပည့်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စရှိတယ်လို့ ကြားမိလို့ပါ။”

ယွမ်ရှန်ရှန်က မျက်ခုံးတွန့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်းက မြူခိုးဒေသက ကျူးကျော်သူတွေကို နည်းနည်းလေးမှ ကြောက်ပုံမရဘူးပဲ။”

လုချန်း၏ ကိုယ်နံ့ကို ရရှိပြီးနောက် ယွမ်ရှန်ရှန်၏ တစ်ကိုယ်လုံး မသက်မသာဖြစ်သွားသည်။ ထို့နောက် သူမက

“နောက်တစ်ခါ ငါ့ကိုလာတွေ့ရင် အရင်ဆုံး ရေချိုးခဲ့။ မင်းဆီက တခြားမိန်းမတွေရဲ့အနံ့ရတာ ငါမကြိုက်ဘူး။”

လုချန်းက ယွမ်ရှန်ရှန်၏ ခရမ်းရောင်မျက်လုံးများကို စိုက်ကြည့်ကာ ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်သည်။

“ဆရာမ။ ဆရာမက သဝန်တိုနေတာတော့ မဟုတ်ပါဘူးနော်။”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“ငါ မင်းနဲ့ ဒီလိုကိစ္စတွေ အရေးလုပ်ပြောနေမှာမဟုတ်ဘူး။ ငါ မင်းကို ပြောချင်တာက မြူခိုးဒေသရဲ့ အတားအဆီးက နောက်ထပ် အနှစ်နှစ်ဆယ်တောင် ခံနိုင်မှာမဟုတ်တော့ဘူး။”

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။

လုချန်း၏ မှင်သက်နေသော မျက်နှာအမူအရာကို မြင်သောအခါ ယွမ်ရှန်ရှန်က ရယ်မောလိုက်သည်။

“မင်းမျက်နှာကို ကြည့်ရတာ မင်း ဒါကို မသိခဲ့ဘူးထင်တယ်။”

လုချန်းက တိုက်ရိုက်မေးလိုက်သည်။ “ကျွန်တော် တကယ်မသိခဲ့ပါဘူး။ ဆရာမက ဒီလို ဘာလိုကောက်ချက် ချနိုင်တာလဲဆိုတာ မေးခွင့်ပြုပါ။”

ယွမ်ရှန်ရှန်က

“မင်း ခုနက လေပြင်းမိုးတိမ်ဆောင်မှာ ပျော်ပါးနေခဲ့တာဆိုတော့ တစ်ယောက် ယောက် ကောင်းကင်လူသားအဆင့်ကို တက်သွားတာ မင်း သိသင့်တယ်။”

လုချန်းက

“ ကျွန်တော်သိပါတယ်။”

ဟုတ်ပါသည်။ ချူးယုချင် သူ့ရှေ့တွင်ပင် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းခဲ့သောကြောင့် သူ သိရှိပြီးဖြစ်သည်။

ယွမ်ရှန်ရှန်က ဆက်လက်၍

“ဒီကမ္ဘာမှာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်လာဖို့ စမ်းသပ်မှုတွေ ဖြတ်သန်းဖို့ လိုအပ်တယ်။ အဲ့လိုဖြစ်ရတာကတော့ အဓိကအားဖြင့် စိတ်ဝိညာဉ်စွမ်းအင် ရှားပါးမှုကြောင့်ပဲ။ စိတ်ဝိညာဉ်စွမ်းအင်တွေက ကောင်းကင်လူသား စွမ်းအားရှင် အမြောက်အမြား ပေါ်ပေါက်အောင် မထောက်ပံ့နိုင်လို့ပဲ။ ဒါ့ကြောင့် ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံ လမ်းစဉ်က ကောင်းကင်လူသား စွမ်းအားရှင် အရေအတွက်ကို ကန့်သတ်ထားတာ။”

“ ဒါပေမဲ့ အခု မြူခိုးဒေသက ကန့်သတ်ချက်တွေက ပြိုလဲလုနီးပါးဖြစ်နေပြီ။ အဲဒီအခါကျရင် ဒိီကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီး ဒီကမ္ဘာရဲ့ ညီညွတ်ခြင်း အဆင့် ကျင့်စဉ်ကျင့်သူတွေအတွက် နောင်ဆိုရင် ဘာစမ်းသပ်မှုမှ မလိုတော့ဘူး။ သူတို့ရဲ့ အင်အားအဆင့်အတန်းတစ်ခုအထိ ရောက်လာရင် ကောင်းကင်လူသား စွမ်းအားရှင် အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်လိမ့်မယ်။”

“အခု တစ်ယောက်က ကောင်းကင်လူသားအဆင့်ကို တိုက်ရိုက် တက်လှမ်းသွားတယ်ဆိုတော့ မြူခိုးဒေသက အတားအဆီးတွေ ပျောက်ကွယ်နေပြီ ဆိုတဲ့သဘောပဲ။ ဒီကမ္ဘာက တစ်နေရာရာမှာ အခု စိတ်ဝိညာဉ်စွမ်းအင်များ ပေါများနေလို့ ကောင်းကင်ဘုံ လမ်းစဉ်က ကောင်းကင်လူသား စွမ်းအားရှင်တွေအပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်တာပဲ။”

ယွမ်ရှန်ရှန်၏ ရှင်းပြချက်ကို နားထောင်ရင်း လုချန်း တိတ်ဆိတ်သွား၏။ ချူးယုချင် ရုတ်တရက် အောင်မြင်သွားခဲ့ပြီဟူသော အတွေးဖြင့် သူ ပျော်ရွှင်နေခဲ့ခြင်း ဖြစ်သည်။

အခုတော့ ၎င်းသည် မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်နေခြင်း၏ လက္ခဏာဖြစ်ကြောင်း သူသိလာရသည်။

ယွမ်ရှန်ရှန်က ဆက်လက်၍

“ မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ပျောက်ကွယ်ဖို့ အနှစ်နှစ်ဆယ်လောက် ကြာဦးမယ်လို့ ငါပြောခဲ့တယ် ဆိုတာက ဘယ်သူမှဝင်မစွက်ဖက်မဲ့ အခြေအနေကိုပြောတာ။”

“ဒီတိုက်ကြီးထဲကို ဝင်ချင်ကြတဲ့ မြူခိုးဒေသက အင်အားစုတွေက တားမြစ်ချက် မြန်မြန်ပျောက်ဖို့ နည်းလမ်းတစ်ခု မလွဲမသွေ ရှာဖွေကြမှာပဲ။ အဲ့ဒီလိုအခြေအနေဆိုရင်တော့ နှစ်၂၀မကြာခင်မှာပဲ ကန့်သတ်ချက်တွေပျောက်ကွယ်သွားဖို့ရှိတယ်။”

လုချန်းက

“အခုအခြေအနေတွေကို ဆရာမအကဲဖြတ်ကြည့်ပြီး မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ဘယ်နှစ်နှစ်လောက် ထပ်ခံနိုင်မလဲဆိုတာ ပြောပြလို့ရမလား။”

ယွမ်ရှန်ရှန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“မင်းလက်ကို ဖယ်လိုက်။”

ထိုပုန်ကန်တတ်သော တပည့်၏ လက်က သူမ၏ ပေါင်ပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်သဖြင့် မြူခိုးဒေသရှိ တားမြစ်ချက်များ၏ အခြေအနေကို အာရုံခံရန် စိတ်စုစည်းဖို့ ခက်နေခဲ့သည်။

လုချန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ

“ကျွန်တော်တို့က လင်မယားအဖြစ် ရင်းနှီးပြီးသားပဲလေ။ နည်းနည်းလောက်ထိတာ ဘာဖြစ်လို့လဲ။”

ယွမ်ရှန်ရှန်သည် အေးစက်စွာဖြင့်

“တားမြစ်ချက်တွေ ဘယ်တော့ပျောက်ကွယ်မလဲ သိချင်ရင် မင်းလက်ကို ဖယ်လိုက်။”

“ကောင်းပါပြီ။”

ထို့နောက် လုချန်း ချက်ချင်း သူ၏လက်ကို မြှောက်လိုက်၏။ မည်သို့ပင်ဖြစ်စေ ဤနတ်သမီးသည် သူ၏ မိန်းမဖြစ်နေပြီဖြစ်သည်။ သူ ဤတစ်ခဏအတွက်လောက်တော့ အလျင်လိုစရာအကြောင်း မရှိပေ။

လုချန်း သူ၏လက်ကို မြှောက်သည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း သူမ၏ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်ပြီး နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အေးစက်သော လေထုတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ယွမ်ရှန်ရှန်နှင့် တစ်ထေရာတည်းတူသော စိတ်ဝိညာဉ် ပုံရိပ်တစ်ခု သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။

ဤပုံရိပ်ယောင်ကို မြင်သောအခါ သူ၏ ဆရာမက သူ့ကို ဘာပညာကောင်းကောင်းမှ မသင်ပေးခဲ့ပါလား လုချန်း သူ့ဘာသာသူ တွေးလိုက်သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ယွမ်ရှန်ရှန်၏ မျက်လုံးများ ပြန်ပွင့်လာ၏။

လုချန်းက

“ဘယ်လိုလဲ ဆရာမ။”

ယွမ်ရှန်ရှန်က

“ငါ့ရဲ့ လေ့လာတွေ့ရှိချက်အရ မြူခိုးဒေသရဲ့ တားမြစ်ချက်တွေဟာ ငါးနှစ်အတွင်း လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ ပြီးတော့ ယခင် နဂါးနက်တိုင်းပြည်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထမှုဖြစ်နေတဲ့ ကျယ်ပြန့်တဲ့ နေရာတစ်ခု ပေါ်ထွန်းနေပြီ။”

“ငါလည်း နဂါးနက်မြို့ကို သွားသင့်ပြီ။”

ယွမ်ရှန်ရှန်သည် အစကတည်းက ဤပုန်ကန်တတ်သော တပည့် လုချန်းအတွက် လင်ဟူဂိုဏ်း၏ တပည့်များနှင့် ရင်ဆိုင်ပေးရန် နှင့် စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို စုဆောင်းရန် နဂါးနက်မြို့သို့ သွားရန် စီစဉ်ခဲ့သည်။

သို့သော် ထို့နောက် သူမ ဤပုန်ကန်တတ်သော တပည့်၏ ကစားခြင်းကို ဆယ်ရက်ကျော်ကြာ ခံခဲ့ရ၏။ ယခုမူ လင်ဟူဂိုဏ်းတပည့်များထံမှ စိတ်ဝိညာဉ်ကျောက်တုံးများ လုယူရန် မလိုတော့ပေ။

ယခု နဂါးနက်မြို့တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီဖြစ်သဖြင့် သူမ ထိုနေရာသို့ သွားရုံဖြင့် သူမ၏ ကျင့်ကြံမှုအရှိန် များစွာ တိုးတက်လာနိုင်မည်ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင် လုံလောက်စွာရှိလျှင် ထိုစိတ်ဝိညာဉ်ကျောက်တုံးများက သူမအတွက် များစွာ အသုံးဝင်တော့မည်မဟုတ်ပေ။

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း မှင်သက်သွားသည်။

ယွမ်ရှန်ရှန် ထွက်သွားတော့မှာလား။

ဒါတော့ မဖြစ်ပေ။

လုချန်းသည် ချက်ချင်း ပြောလိုက်သည်။ “ဆရာမ။ ဆရာမက လောလောဆယ် ကျွန်တော့်ဘေးမှာနေမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား။”

ယွမ်ရှန်ရှန်က မျက်နှာသေဖြင့် ပြောလိုက်သည်။

“ငါ ဘယ်တုန်းကမှ ဒီလိုစကား မပြောခဲ့ဘူး။ငါက မင်းရဲ့မိန်းမဖြစ်နိုင်တယ်လို့ပဲ ပြောခဲ့တာ။”

“ဘာလဲ။ မင်းက ငါ့ရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပြီး မင်းရဲ့ကစားစရာအဖြစ် ငါ့ကို အကျဉ်းချထားချင်တာလား။”

လုချန်း စကားပြောမည်အပြုတွင် ယွမ်ရှန်ရှန်က ဆက်ပြောလိုက်သည်။

“ငါထွက်ပြေးသွားမှာ စိုးရိမ်ရင် မင်းလည်း ငါနဲ့အတူ နဂါးနက်မြို့ကို လိုက်ခဲ့လို့ရတယ်။”

ထိုအခိုက်တွင် ယွမ်ရှန်ရှန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး

“အခု မင်းက မူလအစကမ္ဘာ နယ်ပယ်ကို ရောက်နေပြီဆိုတော့ ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်တော့ဘူး။ မင်းရှေ့ကနေ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး။”

လုချန်း ရောက်လာကတည်းက သူ့ထံမှ ထုတ်လွှတ်သော ဖိအားကို ယွမ်ရှန်ရှန် အာရုံခံမိခဲ့၏။ ဤကောင်လေး ဤအဆင့်နိမ့် ကမ္ဘာတွင် ဒီလောက်မြန်မြန် မည်သို့ ကျင့်ကြံနိုင်ခဲ့သည်ကို သူမ မသိသော်လည်း လုချန်း၏ နောက်ကွယ်တွင် ရှိနိုင်သော အင်အားစုကို ထည့်သွင်းစဉ်းစားကာ ယွမ်ရှန်ရှန် ဆက်လက်မမှန်းဆတော့ပေ။

All Chapters