← Chapters

အသုံးမကျတော့ဘူးလား

Vol. 62 Ch. 926

အသုံးမကျတော့ဘူးလား

Vol. 62 Ch. 926

ခဏခန့် စဉ်းစားပြီးနောက် ရန်ခရိုင်၌သာ ဆက်နေရန် လုချန်း ဆုံးဖြတ်လိုက်၏။ သူ၏ မိဖုရား အများစုမှာ ရန်ခရိုင်တွင် ရှိနေကြပြီး ယွမ်ရှန်ရှန်နှင့် ထိုကိစ္စကို ပြုလုပ်ရန်အတွက် သူ၏ မိဖုရားများနှင့် သားသမီးများကို စွန့်ပစ်ထား၍ မဖြစ်နိုင်ပေ။

အမှန်စင်စစ် အရေးကြီးဆုံးအချက်မှာ ကလေးများ ရရှိရန် သူကြိုးစားရဦးမည်ဖြစ်ပြီး အင်းကွက် လက်နက်များကိုလည်း တီထွင်ထုတ်လုပ်ရန် လိုအပ်သေး၏။ ထို့ပြင် ရှနိုင်ငံတော် တစ်ခုလုံးသည် သူ၏ အုပ်ချုပ်မှုကို လိုအပ်နေသည်။

ယွမ်ရှန်ရှန်နှင့်အတူ အိပ်ရာထဲတွင် ရက်ပေါင်းများစွာ ဆက်တိုက်နေထိုင်ခဲ့သော်လည်း လုချန်း၏ စိတ်ထဲတွင် နိုင်ငံ၏ အရေးကိစ္စများ ရှိနေဆဲ ဖြစ်သည်။

ထိုအခိုက်တွင် လုချန်းက

“ဆရာမက နဂါးနက်မြို့ကို သွားချင်တယ်ဆိုရင် သွားနိုင်ပါတယ်။ ဒါပေမဲ့…”

ထိုသို့ဆိုကာ လုချန်းက ယွမ်ရှန်ရှန်၏ လှပပြီး ချောမောလှသော မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။

လုချန်းက စကားဆက်ရန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က

“ဒါပေမဲ့ ဘာဖြစ်လဲ”

ဤသူပုန်တပည့်က သူ့မအား အလွယ်တကူ ထွက်သွားခွင့်ပြုမည် မဟုတ်ဟု ယွမ်ရှန်ရှန်က ခံစားမိသည်။

လုချန်းက ပြုံးလျက်

“ဆရာမ နဂါးနက်မြို့ကို လွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။ ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ နောက်တစ်လနေမှ သွားပါ။ ဒီတစ်လအတွင်းမှာတော့ ရန်ခရိုင်မှာ နေပေးပါ။”

သူ ယွမ်ရှန်ရှန်ကို မကြာသေးမီကမှ ရရှိခဲ့ခြင်းဖြစ်သည်။ သူမအား ဤမျှစောစောစီးစီး ထွက်သွားခွင့် မည်သို့ပေးနိုင်မည်နည်း။

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများမှာ မထိန်းနိုင်ပဲ အနည်းငယ် တွန့်ကွေးသွားပြီးနောက် သူမက အေးစက်စွာဖြင့်

“မင်း ဘာလုပ်ချင်တာလဲ”

ထို့နောက် လုချန်းက သူ၏လက်ကို မြှောက်ကာ ယွမ်ရှန်ရှန်၏ မေးစေ့ကို ပင့်လိုက်ပြီး သူမ၏ ခရမ်းဖျော့ရောင် မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလျက်

“ကျွန်‌တော်ဘာလုပ်ချင်လဲဆိုတာ ဆရာမ အသိဆုံးဖြစ်မှာပါ။”

“ကျွန်တော်က ဆရာ့မရဲ့ ကိုယ်ခန္ဓာကို အခုလေးတင်မှ ရထားတာလေ။ ဆရာမကို ဘယ်လိုလုပ် အလွယ်တကူ ထွက်သွားခွင့်ပေးနိုင်မှာလဲ။”

လုချန်း၏ အဖြေကို ကြားသောအခါ ယွမ်ရှန်ရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုသူပုန်တပည့်သည် ဤသို့ တွေးနေမည်ကို သူမ သိပြီးဖြစ်သော်လည်း များစွာ ဂရုမစိုက်ခဲ့ပေ။

ဖြစ်ခဲ့ပြီးသောအရာသည် ဖြစ်ပြီးသွားပြီဖြစ်ကာ ယခု သူမသည် ထိုအဖြစ်မှန်ကို လက်ခံနိုင်ပြီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံရန် သူမ လုချန်းကို လိုအပ်နေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်။

ထို့နောက် ယွမ်ရှန်ရှန်က

“ငါ့အတွက်တော့ မင်းက ကျင့်စဉ်လောကထဲက နတ်ဆိုးကျင့်ကြံသူတွေနဲ့ ဘာမှမခြားနားဘူး။”

လုချန်းက

“နတ်ဆိုးကျင့်ကြံသူ ဟုတ်လား။ တပည့်က ယင်ယန်ညီမျှခြင်း ကျင့်စဉ်ကို လေ့ကျင့်နေတာ မဟုတ်ပါဘူး”။

ယွမ်ရှန်ရှန်က

“ငါ သိချင်တာက ဒီလောကမှာ မိန်းမတွေ ဒီလောက်များတာ။ တစ်နေ့နေ့မှာ မင်း ဒီလောကကို မပြန်လာရတော့ပဲ ထွက်သွားရမယ်ဆိုရင် မင်းရဲ့ မိန်းမတွေကို မင်းနဲ့အတူ ခေါ်သွားမှာလား။”

လုချန်း၏ အဆင့်အတန်းနှင့် အင်အားအရ တစ်နေ့တွင် သူ ဤလောကမှ ထွက်ခွာနိုင်မှာ သေချာသည်ဟု ယွမ်ရှန်ရှန်က ယုံကြည်သည်။

အကယ်၍ သူသာ ဤလောကမှ ထွက်သွားခဲ့လျှင် သူ၏ မိဖုရားများနှင့် ကလေးများ မည်သို့ ဖြစ်သွားမည်နည်း။ သူတို့အားလုံးကို ကျင့်စဉ် မိသားစုဆီသို့ ခေါ်သွားရန် သူ စဉ်းစားထားတာလား။

ပုံမှန်အားဖြင့် ကျင့်စဉ် မိသားစုများသည် သွေးသားမျိုးရိုးကို အလေးထားလေ့ရှိ၏။ အဆင့်နိမ့်ကမ္ဘာများမှ အမျိုးသမီးများအပြင် အဆင့်နိမ့်ကမ္ဘာမှ အမျိုးသမီးများနှင့် လုချန်း ရထားသော ကလေးများအား ထိုကျင့်စဉ် မိသားစုများ၏ အမြင်တွင် နိမ့်ကျသူများဟု သတ်မှတ်မည်သာဖြစ်သည်။

လုချန်းက သူတို့အားလုံးကို တကယ် ပြန်ခေါ်သွားလျှင်ပင် သူ့မိသားစု၏ ကြိုဆိုခြင်း ခံရမည် မဟုတ်ပေ။ ထိုအစား လုချန်း၏ လုပ်ရပ်များကို သူ၏ မိသားစုဝင်များ မျက်မုန်းကျိုးကာ သူတို့အား စွန့်ပစ်စေရန် ဖိအားပေးခြင်းကိုပင် ဖြစ်စေနိုင်၏။

ဤသို့သော ကိစ္စမျိုးသည် အဆင့်မြင့် ကျင့်စဉ်လောကတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသော ကိစ္စဖြစ်သည်။ ပါရမီရှိသော တပည့်များသည် အဆင့်နိမ့်ကမ္ဘာများသို့ လေ့ကျင့်ရန် သွားရောက်ပြီး ထိုနေရာရှိ အမျိုးသမီးများစွာနှင့် အိပ်စက်ကာ ကလေးများစွာ ဖခင်ဖြစ်လာပြီးနောက် သူတို့၏ ကမ္ဘာသို့ ပြန်သည့်အခါ ကလေးများနှင့် မိခင်များကို စွန့်ပစ်ကြသည်။ နောက်ပိုင်းတွင် ကြီးပြင်းလာသော သားယောက်ျားလေးများသည် အဆင့်မြင့် ကျင့်စဉ်လောကရှိ ဖခင်များကို ရှာဖွေတတ်ကြသည်။

ယွမ်ရှန်ရှန်၏ မေးခွန်းကို ကြားသောအခါ လုချန်းက ပြုံးလျက်

“ဒါပေါ့။ သူတို့အားလုံးက ကျွန်တော့်မိသားစုတွေပဲ။ ကျွန်တော်သာ ဒီလောကကြီးကို ဘယ်တော့မှ မပြန်လာတော့ပဲ ထွက်သွားရမယ်ဆိုရင် သဘာဝအတိုင်း သူတို့အားလုံးလည်း ကျွန်တော်နဲ့အတူ လိုက်သွားရမှာပေါ့” ဟု ဆို၏။

“ဒါပေမဲ့ ကျွန်တော်သာ ယာယီ ထွက်သွားရမယ်ဆိုရင်တော့ သူတို့ကို ခေါ်သွားမှာ မဟုတ်ဘူး။ အပြင်လောကက ဘယ်လိုရှိလဲ မသိနိုင်ဘူးလေ။”

“အပြင်မှာ သိပ်အန္တရာယ်များနိုင်တယ်။ ဒါကြောင့် သူတို့ကို လုံခြုံတဲ့ ကမ္ဘာတစ်ခုမှာပဲ နေစေချင်တယ်။”

လုချန်း၏ အဖြေကို ကြားပြီးနောက် ယွမ်ရှန်ရှန် စကားဆက်မပြောတော့ပေ။ ဤသူပုန်တပည့်တွင် တာဝန်ယူစိတ် ရှိသည်ဟု သူမ ခံစားမိသည်။

ထိုအချက်က အမှန်တကယ်လည်း သိသာ၏။ ဤတပည့်သည် ကာမ လိုက်စားသော်လည်း သူ၏ အမျိုးသမီးများအပေါ် အလွန်ကောင်းမွန်သည်။ ဥပမာအားဖြင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်လိုမျိုး ကောင်းကင်အဆင့် ကျင့်စဉ်ကောင်းတစ်ခု ပေးအပ်ခြင်းမျိုးဖြစ်သည်။ အခု လုချန်း၏ အမျိုးသမီးအားလုံး ထိုကျင့်စဉ်ကို လေ့ကျင့်နေကြပြီဖြစ်သည်။

လုချန်း၏ အကူအညီဖြင့် သူ၏ မိဖုရားများထဲမှ သိုင်းပညာရှင်ပင် မဟုတ်ကြသော အချို့သည် ယခု အဆင့်လွန် ပညာရှင် အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။

အကယ်၍ လုချန်းသာ အလှအပကိုသာ လိုချင်သူ သက်သက်ဖြစ်ပါက သူ၏ ဇနီးများ၏ အင်အားကို တိုးမြှင့်ပေးရန် မလိုအပ်ပေ။

ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောနေစဉ် လုချန်းက သူမအား အိပ်ရာပေါ် တွန်းချလိုက်ပြီးနောက် သူ၏ လက်များကို သူမ၏ ဦးခေါင်းဘေးတစ်ဖက်တစ်ချက်စီတွင် ထောက်ကာ ဖိထားလိုက်သည်။

ယွမ်ရှန်ရှန်သည် သတိပြန်ဝင်လာပြီး အေးစက်စွာဖြင့်

“သူပုန်။ မင်း ဘာလုပ်နေတာလဲ။”

လုချန်းက ပြုံးလျက်

“ဆရာမ ကျွန်တော့်ကို ဘာပဲလုပ်စေချင်ချင် လုပ်ပေးမှာပါ။”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“ငါက သန့်ရှင်းတာကို ကြိုက်တယ်။ မင်းဆီမှာ တခြားမိန်းမတွေရဲ့ အနံ့တွေ ရှိနေတယ်။ မင်း ငါ့ကို မထိတာ အကောင်းဆုံးပဲ။”

လုချန်းက

“ကျွန်တော်သာ ရေချိုးပြီး အဝတ်အစားလဲလိုက်ရင် ဆရာမကို ကျွန်တော် ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့ သဘောလား။”

ယွမ်ရှန်ရှန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်း ချက်ချင်း ထလိုက်ပြီး ဘေးခန်းရှိ ရေချိုးခန်းဆီသို့ ဦးတည်သွားလိုက်သည်။

“ဆရာမ ခဏစောင့်ပါ။ ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်။”

သူပုန်တပည့်၏ ကျောပြင်ကို ကြည့်ရင်း ဒေါသများ တစ်ဟုန်ထိုး ထွက်လာသည်ကို ယွမ်ရှန်ရှန် ခံစားလိုက်ရသည်။ ဤလူဆိုးသည် လေပြင်းမိုးတိမ်ဆောင်၌ အခြားအမျိုးသမီးများနှင့် ပြဿနာရှာပြီးကာစဖြစ်တာတောင် ယခု သူမထံသို့ ရောက်လာရဲသေးသည်။

ဤသူပုန်၏ ခန္ဓာကိုယ်ကို အခြားတစ်ယောက်က သုံးစွဲခဲ့သည်ဟူသော အတွေးက ယွမ်ရှန်ရှန်ကို အလွန်အမင်း မသက်မသာ ဖြစ်စေသည်။

သို့သော် ထိုသို့သော အတွေးများ ရှိနေသော်လည်း ယွမ်ရှန်ရှန်သည် ထိုနေရာမှ ထွက်မပြေးခဲ့ပေ။

လုချန်း ရေချိုးပြီး ထွက်လာသောအခါ ယွမ်ရှန်ရှန်ကတော့ ကုတင်ပေါ်တွင် တရားထိုင်နေဆဲ ဖြစ်သည်။ သို့သော် သူမ အံ့အားသင့်သွားသည်။ လုချန်းက သူမအား ပွေ့ဖက်ထားပြီး သူမ၏ ဆံပင်မှ သင်းပျံ့သောရနံ့ကို ရှူရှိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သောကြောင့်ဖြစ်သည်။ ယောက်ျားနှင့် မိန်းမကိစ္စကို နည်းနည်းမှ မပြုလုပ်ခဲ့ပေ။

လုချန်း၏ မှန်မှန်ရှူနေသော အသက်ရှုသံကို ခံစားမိရင်း ယွမ်ရှန်ရှန် နှာခေါင်းရှုံ့လိုက်သည်။

“ဒီသူပုန်က အသုံးမကျတော့ဘူးထင်တယ်။”

လွန်ခဲ့သော ဆယ်ရက်ကျော်လုံး သူသည် သူမ၏ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကြောင့် အားအင်ကုန်ခမ်းခဲ့ရ၏။ အခု တစ်ရက်ကျော်မျှသာ အနားယူပြီးနောက် သူ၏ မယားများထံသို့ သွားရောက်ကစားခဲ့သဖြင့် သူ၏သန်မာသော ခန္ဓာကိုယ်ပင်လျှင် ထိုဒဏ်ကို မခံနိုင်ပေ။

လုချန်း၏ ခန္ဓာကိုယ် ယိုယွင်းသွားသည်ဟူသော အတွေးက ယွမ်ရှန်ရှန်၏စိတ်ထဲ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် ခံစားချက် အနည်းငယ် ဖြစ်ပေါ်စေသည်။

ဒါမျိုးက ဖြစ်သင့်ပေသည်။

…….

နဂါးနက်မြို့။

စားသောက်ဆိုင်တစ်ခု။

မြူခိုးမှော်ဂိုဏ်းမှ တပည့်များ အတူတကွ ထိုင်ကာ သောက်စားပျော်ပါးနေကြသည်။ တပည့်တစ်ဦးက ရယ်မောကာ

“ လင်ဟူဂိုဏ်းက တပည့်တွေကို ဒီလောက်မြန်မြန် ရှင်းပစ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။”

“လင်ဟူဂိုဏ်းက တပည့်တွေက အစကတည်းက သိပ်အစွမ်းမထက်ပါဘူး။ ပြီးတော့ ငါတို့ကို တန်ခိုးရှင် တစ်သောင်းဂိုဏ်းက ကူညီခဲ့သေးတယ်လေ။ သူတို့ကို ရှင်းပစ်ရတာက လွယ်လွန်းပါတယ်။”

“ရိုးရိုးသားသားပြောရရင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်တွေမပါရင်တောင် ငါတို့ မြူခိုးမှော်ဂိုဏ်းရဲ့ အင်အားတစ်ခုတည်းနဲ့တင် လင်ဟူဂိုဏ်းကကောင်တွေကို အလွယ်တကူ ရှင်းပစ်နိုင်လောက်ပါတယ်။”

“ဟုတ်တယ်။ ငါနားမလည်တာက ဘာလို့ငါတို့က တန်ခိုးရှင် တစ်သောင်းဂိုဏ်းနဲ့ မဖြစ်မနေ ပူးပေါင်းရတာလဲ ဆိုတာပဲ။”

……..

မြူခိုးမှော်ဂိုဏ်းမှ တပည့်များ အမျိုးမျိုး ဆွေးနွေးနေကြစဉ် အသံတစ်သံက စားသောက်ဆိုင်ဆီသို့ ပျံ့လွင့်လာသည်။

“နားမလည်စရာ ဘာရှိလို့လဲ။ ဂိုဏ်းနှစ်ခု ပေါင်းစည်းမှသာ ထျန်းချန်တိုက်ကြီးကို နှစ်ပိုင်းခွဲနိုင်မှာပေါ့။ မဟုတ်ရင် ထျန်းချန်တိုက်ကြီးကို အင်းအားစု အမျိုးမျိုးက ခွဲယူကြရင် မြူခိုးမှော်ဂိုဏ်းနဲ့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက မြေနေရာသေးသေးလေးတစ်ခုကိုပဲ သိမ်းပိုက်နိုင်မှာ။”

“မင်းတို့ တကယ်နားမလည်ရင် မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတဲ့အထိ စောင့်ပြီးတော့ မင်းတို့ရဲ့ မြူခိုးမှော်ဂိုဏ်းက အကြီးအကဲတွေကို မေးကြည့်ပေါ့။ တန်ခိုးရှင် တစ်သောင်းဂိုဏ်းနဲ့ ပူးပေါင်းခိုင်းတာက ပိုကောင်းလား ဒါမှမဟုတ် ရန်သူဖြစ်တာက ပိုကောင်းလားဆိုတာ။”

ထိုလူ၏ အသံကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ မျက်လုံးများအားလုံးသည် ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

All Chapters