← Chapters

ဒုက္ခရောက်နေချိန် အခွင့်ကောင်းယူဖို့ လာတာပဲလို့ ထင်တယ်

Vol. 62 Ch. 928

ဒုက္ခရောက်နေချိန် အခွင့်ကောင်းယူဖို့ လာတာပဲလို့ ထင်တယ်

Vol. 62 Ch. 928

တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း ဟင်းပွဲများနှင့် သေရည်များ တည်ခင်းပြီးနောက် တစ်ဖက်နှင့်တစ်ဖက် သံသယ မဖြစ်စေရန် ရှောင်ရှားသည့်အနေနှင့် ပုံမှန်အတိုင်း စားသောက်ကြ၏။

မျက်နှာချင်းဆိုင် အခန်းမှ ထွက်ပေါ်လာနေသော တန်ခိုးရှင် တစ်သောင်းဂိုဏ်း တပည့်များ၏ အသံများကို နားထောင်ရင်း ရှဖုန်းယွဲ့၏ အပြုံးများ အလွန်တောက်ပနေခဲ့သည်။ သူ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ပုံပျက်လုနီးပါးပင် ဖြစ်နေသည်။

ထိုအခိုက်တွင် တပည့်တစ်ဦးက သူ၏ စိုးရိမ်မှုကို ထုတ်ပြောပြလိုက်သည်။

“အစ်ကိုရှ။ ကျွန်တော်တို့ အဲ့ဒီလို တကယ်လုပ်လိုက်ရင် တားမြစ်ချက်တွေ ပြီးသွားတဲ့အချိန် ဂိုဏ်းနှစ်ခုကြားမှာ ပဋိပက္ခ ဖြစ်လာနိုင်မလား။”

ရှဖုန်းယွဲ့က ညင်သာစွာ ပြုံးလိုက်ပြီး အသံကို နှိမ့်ကာ

“အဲ့ဒီလူတွေ အားလုံး ပျောက်ကွယ်သွားရင် ထျန်းချန်တိုက်ကြီးမှာ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ။ အဲ့ဒီအချိန်ကျရင် ငါတို့က အားလုံးကို လင်ဟူဂိုဏ်းအပေါ် အပြစ်ပုံချလိုက်လို့ ရတာပဲ။”

ရှဖုန်းယွဲ့၏ စကားကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း စဉ်းစားကြည့်လိုက်ပြီး ဤအစီအစဉ် မဆိုးဟု ခံစားမိကြသည်။

ရှဖုန်းယွဲ့က ဆက်လက်၍

“နောက်ပြီး ငါ ထျန်းချန်တိုက်ကြီးကို ထွက်လာတုန်းက ဂိုဏ်းချုပ်က ငါ့ကို အရိပ်အမြွက် ပြောခဲ့တယ်။ တစ်ခုခုဖြစ်ရင် သူက ငါတို့ကို ထောက်ခံပေးမယ်တဲ့။ ဒါကြောင့် ငါတို့က ရဲရဲဝံ့ဝံ့နဲ့ ယုံကြည်မှုရှိရှိ လုပ်လိုက်ရုံပဲ။”

ဂိုဏ်းနှစ်ခုကြားမှ ပူးပေါင်းဆောင်ရွက်မှုသည် စစ်မှန်ခြင်း မရှိခဲ့ပေ။ အရေးကြီးဆုံးအချက်မှာ ဂိုဏ်းနှစ်ခုလုံးမှ တပည့်များ ထျန်းချန်တိုက်ကြီးသို့ ဝင်ရောက်ပြီးနောက် ပင်မဂိုဏ်းမှ မသိနိုင်သော အခြေအနေတစ်ခုသို့ ရောက်သွားကြမည်ဖြစ်သည်။ တစ်ဖက်မှ တပည့်များက သူတို့၏ မဟာမိတ်ဖွဲ့မှုကို အမှန်တကယ် လိုက်နာမည်လားဟု ဘယ်လိုမှ အာမှမခံနိုင်ပေ။

ဂိုဏ်းနှစ်ဂိုဏ်းက လင်ဟူဂိုဏ်းမှ တပည့်များကို မထိခိုက်စေရဟု ရှင်းလင်းစွာ ကတိပြုခဲ့သော်လည်း သူတို့ ဝင်ရောက်လာသည်နှင့် လင်ဟူဂိုဏ်းမှ တပည့်များကို လိုက်လံသတ်ဖြတ်ခဲ့သလိုမျိုးပင်ဖြစ်သည်။

သူတို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များအားလုံးကို ရှင်းလင်းနိုင်ပါက မြူခိုးဒေသ၏ တားမြစ်ချက်များ ပယ်ဖျက်ပြီးသည်နှင့် ထျန်းချန်တိုက်ကြီး တစ်ခုလုံးသည် မြူခိုးမှော်ဂိုဏ်းအပိုင် ဖြစ်လာမည် ဖြစ်သည်။

သူ့အပေါ်သို့ ကျရောက်လာမည့် ကြီးမားသော ဂုဏ်ဒြပ်များကို ရှဖုန်းယွဲ့ တွေးတောလာမိသည်။ သူသည် မြူခိုးမှော်ဂိုဏ်းအတွင်း ထင်ရှားကျော်ကြားလာမည်မှာ သေချာပြီး ဂိုဏ်းချုပ်၏ လက်ရင်းတပည့်ပင် ဖြစ်လာနိုင်သည်ဟု ယုံကြည်သည်။

ရှဖုန်းယွဲ့၏ စကားကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ ဂိုဏ်းနှင့် ဂိုဏ်းချုပ်က သူတို့ကို ကျောထောက်နောက်ခံ ပေးနေမှတော့ ဆက်ပြောစရာ အကြောင်းမရှိတော့ပေ။

လုပ်ကြရုံသာရှိသည်။

ထိုအတွေးဖြင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ စားသောက် ပြီးသည်နှင့် ချက်ချင်း လှုပ်ရှားရန် အသင့်ပြင်ဆင်ထားကြတော့သည်။

တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များသည် အစကတည်းက အရေအတွက် နည်းပါး၏။ စိတ်ဝိညာဉ်စွမ်းအားကို ဖိနှိပ်သော ဆေးအခတ်ခံရပါက သူတို့ကို ရှင်းလင်းခြင်းက လက်ဖဝါးလှန်သကဲ့သို့ လွယ်ကူပေလိမ့်မည်။

မည်မျှကြာသွားသည်မသိ တန်ခိုးရှင် တစ်သောင်းဂိုဏ်းဘက်မှ အသံများ တဖြည်းဖြည်း ပိုမိုတိတ်ဆိတ်သွားသည်။ ထိုအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ချက်ချင်း သတိရှိလာကြသည်။

ဤအခိုက်တွင် မြူခိုးမှော်ဂိုဏ်းမှ လူများသည် အချိန်မရွေး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှိနေကြပြီဖြစ်သည်။ သူတို့၏ ဓားများကို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။

ခဏအကြာတွင် ပိုင်ကွမ်းယု၏ အသံ မျက်နှာချင်းဆိုင် အခန်းမှ ထွက်ပေါ်လာသည်။

“သွားစမ်း။ မင်းတို့ဆိုင်ရှင်ကို ဒီကိုခေါ်ခဲ့။ ဒီသေရည်ထဲမှာ မင်းတို့ ဘာတွေထည့်ထားလဲ ငါသိချင်တယ်။”

ပိုင်ကွမ်းယု၏ အသံသည် အထူးကျယ်လောင်ပြီး သူ အလွန် ဒေါသထွက်နေသကဲ့သို့ ထင်ရသည်။

ဤအသံကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ တပည့်များ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြ၏။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအား ဖိနှိပ်ဆေးသည် အာနိသင်ပြပြီဟု ထင်ရသည်။

အာနိသင်ပြပြီ ဖြစ်သောကြောင့် လှုပ်ရှားရမည့်အချိန် တန်ပြီ ဖြစ်သည်။

ထို့နောက် ရှဖုန်းယွဲ့က သူတို့အခန်းတံခါးကို လက်ဝါးရိုက်ချက်ဖြင့် ခွဲဖွင့်လိုက်ပြီးနောက် ပိုင်ကွမ်းယု ရှိနေသော အခန်းတံခါးကို ဆက်လက်၍ ချိုးဖျက်ဖွင့်လှစ်လိုက်သည်။

မြူခိုးမှော်ဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ ရန်လိုသော အမူအရာဖြင့် တံခါးဝကို ပိတ်ဆို့ထားသည့် ရှဖုန်းယွဲ့ မြင်သောအခါ ပိုင်ကွမ်းယုက ပြုံးလိုက်ကာ

“ရှဖုန်းယွဲ့။ ခင်ဗျား ဘာလုပ်ချင်တာလဲ”

ရှာဖုန်းယွဲ့က ပြန်ပြုံးလိုက်ပြီးနောက် “တစ်ယောက်ယောက်က ခင်ဗျားတို့ရဲ့ ဟင်းပွဲတွေနဲ့ သေရည်ထဲမှာ တစ်ခုခုခတ်သွားတယ်လို့ ကြားလို့ ကျုပ်လာစစ်ဆေးတာ။ ခင်ဗျားတို့အတွက် တရားမျှတမှု ရယူပေးဖို့ မြူခိုးမှော်ဂိုဏ်းရဲ့ အကူအညီ လိုအပ်မလားလို့ပါ။”

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့ မြူခိုးမှော်ဂိုဏ်းနဲ့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက အခု မိတ်ဖက်တွေပဲ မဟုတ်လား။”

ရှဖုန်းယွဲ့၏ စကားကို ကြားသောအခါ ပိုင်ကွမ်းယုက ပြုံးလိုက်ကာ

“တရားမျှတမှု ဟုတ်လား။ ကျုပ်တို့ ဒုက္ခရောက်နေချိန် အခွင့်ကောင်းယူဖို့ လာတာများလားလို့။”

သူ စကားပြောနေစဉ်ပင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များအားလုံး သူတို့၏ ဓားများကို ဆွဲထုတ်ကြ၏။ မြူခိုးမှော်ဂိုဏ်းမှ တပည့်များကလည်း ချက်ချင်းပင် သူတို့၏ ဓားများကို ဆွဲထုတ်ကြရာ သူတို့ကြားမှ အခြေအနေက ချက်ချင်းပင် လေးကိုင်းပေါ် မြားတင်ထားသကဲ့သို့ တင်းမာသွားသည်။

ရှဖုန်းယွဲ့က မျက်မှောင်ကြုတ်လိုက်ကာ “မိတ်ဆွေပိုင်။ ဒါတော့ မဟုတ်သေးဘူး။ ကျုပ်က ကူညီဖို့လာတာကို ခင်ဗျားတို့က စေတနာကို နားမလည်ပဲ့ ဓားနဲ့ ရွယ်တယ်ပေါ့။”

ပိုင်ကွမ်းယုက မသက်မသာဖြစ်နေဟန်ဖြင့်

“ရှဖုန်းယွဲ့။ ဟန်ဆောင်မနေနဲ့တော့။ ခင်ဗျားတို့ မြူခိုးမှော်ဂိုဏ်းက ဘယ်လိုလူစားတွေနဲ့ ဖွဲ့စည်းထားလဲဆိုတာ ကျုပ်တို့ အားလုံး ကောင်းကောင်းသိတယ်။”

“ကြည့်ရတာ ခင်ဗျားတို့က သူများဒုက္ခရောက်တာကို အခွင့်ကောင်းယူချင်နေပုံပဲ။”

ရှာဖုန်းယွဲ့က မဲ့ရွဲ့လိုက်ပြီး

“မိတ်ဆွေပိုင်က ကျုပ်တို့ကို ယဉ်ကျေးမှု မရှိပဲ ဒီလောက်တောင် ရိုင်းရိုင်းပြပြ ဆက်ဆံနေ မှတော့ ကျုပ်တို့ ဆက်ပြောစရာ မရှိတော့ဘူးပေါ့။”

“တိုက်”

ရှဖုန်းယွဲ့၏ စကားဆုံးသည်နှင့် နှစ်ဖက်စလုံး လှုပ်ရှားလိုက်ကြ၏။ နောက်တစ်ခဏတွင် စားသောက်ဆိုင်၏ အမိုးတစ်ခုလုံးသည် ရှုပ်ထွေးနေသော ဓားစွမ်းအင်များကြောင့် စုတ်ပြဲထွက်သွားသည်။

ထိုအခိုက်တွင် ပိုင်ကွမ်းယုက သူ၏ ဓားကို ရှဖုန်းယွဲ့ထံသို့ ဦးတည်ထိုးစိုက်လိုက်၏။ ရှာဖုန်းယွဲ့က ထိုတိုက်ကွက်ကို ဂရုမစိုက်ပဲ သူ၏ ကျင့်စဉ်နည်းစနစ်ကို အသုံးပြုရန် စဉ်းစားလိုက်သော်လည်း ရုတ်တရက် သူ၏ ကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအား စီးဆင်းမှု နှေးကွေးသွားသည်ကို တွေ့ရှိရပြီး သူ၏ ကျင့်စဉ်ကိုလည်း အသက်မသွင်းနိုင်တော့ပေ။

ရှဖုန်းယွဲ့ အလွန်တုန်လှုပ်သွားပြီး သူ၏ ဓားဖြင့် အလျင်အမြန် ခုခံလိုက်သော်လည်း ပိုင်ကွမ်းယု၏ ထိုးချက်က ရှဖုန်းယွဲ့ ခံနိုင်ရည်ရှိနိုင်သည့် အင်အားမဟုတ်‌ပေ။ ဓားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ရှဖုန်းယွဲ့၏ ခန္ဓာကိုယ်လည်း လွင့်စင်သွားသည်။

ရှဖုန်းယွဲ့သည် စားသောက်ဆိုင် တတိယထပ်မှ အောက်သို့ ကျလာပြီး မြေပြင်‌ပေါ်ကို သူ၏ ဓားဖြင့်ထောက်လိုက်ကာ လတ်ဆတ်သော သွေးတစ်ပွက် ပြင်းထန်စွာ အန်ထုတ်လိုက်သည်။

သူ၏ ရင်ဘတ်ကို ဖိထားရင်း ခပ်လှမ်းလှမ်းရှိ ပိုင်ကွမ်းယုကို စိုက်ကြည့်ကာ

“ခင်ဗျား အဆိပ်သုံးတယ်။ ကျုပ်တို့ကိုအကောက်ကြံတယ်။”

ရှဖုန်းယွဲ့သည် ထက်မြက်သူတစ်ယောက် မဟုတ်သော်လည်း ယခုလိုအခြေအနေတွင်တော့ ပိုင်ကွမ်းယု အဆိပ်မိဟန်ဆောင်ခဲ့ပြီး အမှန်တော့ သူတို့အထဲမှ မည်သူမှ ထိခိုက်ခဲ့ခြင်း မရှိသည်ကို သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုအစား မြူခိုးမှော်ဂိုဏ်းမှ တပည့်များသာ အဆိပ်မိနေခြင်း ဖြစ်သည်။

ထိုအခိုက်တွင် မြူခိုးမှော်ဂိုဏ်းမှ တပည့်များလည်း တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ လူများ၏ သတ်ဖြတ်ခြင်းကို တစ်ဖက်သတ် ခံနေရသည်။ လမ်းများပေါ်တွင် မြူခိုးမှော်ဂိုဏ်း တပည့်များ၏ အလောင်းများ ပြန့်ကျဲနေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရှာဖုန်းယွဲ့က “ပိုင်ကွမ်းယု။ ဒီကိစ္စသာ ကျုပ်တို့ ဂိုဏ်းချုပ်ရဲ့ နားထဲကို ရောက်သွားပြီး ကျုပ်တို့ဂိုဏ်းတွေကြားမှာ အက်ကြောင်းဖြစ်သွားမှာ ခင်ဗျား မစိုးရိမ်ဘူးလား။”

“ကျုပ်တို့ ဂိုဏ်းတွေကြားက ဆက်ဆံရေး ပျက်သွားရင် ခင်ဗျား တာဝန်ယူနိုင်လို့လား။”

ပိုင်ကွမ်းယုက ရယ်မောကာ

“ ခင်ဗျား ခုနက တိုက်ပွဲကို စတုန်းက ဘာလို့ အဲ့ဒါကို မစဉ်းစားခဲ့တာလဲ။”

“အခုမှ ဒါကို ပြောတာက နည်းနည်း နောက်ကျနေပြီ မဟုတ်ဘူးလား။”

ထို့နောက် ပိုင်ကွမ်းယုက သူ၏ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းလိုက်ရာ မရေမတွက်နိုင်သော ဓားအရိပ်များသည် သူ၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရှဖုန်းယွဲ့ အနည်းငယ် ထိတ်လန့်သွားပြီး အလျင်အမြန်ပင်

“ ခင်ဗျားကျုပ်ကို သတ်လို့မရဘူး။ ခင်ဗျားကျုပ်ကို သတ်ရင် မြူခိုးမှော်ဂိုဏ်းက ကျိန်းသေ လက်စားချေလိမ့်မယ်။”

ပိုင်ကွမ်းယုက အေးစက်စွာ နှာခေါင်းရှုံ့ကာ “မြူခိုးမှော်ဂိုဏ်းလည်း ခင်ဗျားနောက်ကို မကြာခင် လိုက်လာရမှာပါ။”

သူ စကားပြောနေစဉ်ပင် ပိုင်ကွမ်းယုက သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ဓားရိပ်များ ရှဖုန်းယွဲ့ထံသို့ ပျံသန်းသွားတော့သည်။

ရှဖုန်းယွဲ့ အလျင်အမြန် ခုခံလိုက်သော်လည်း အရာမထင်ခဲ့ပေ။ သူ၏ စိတ်ဝိညာဉ်စွမ်းအား ကန့်သတ်ခံထားရသောကြောင့် သူ၏ ကျင့်စဉ်ကို အသက်သွင်းနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ပိုင်ကွမ်းယု၏ ဓားရိပ်များကို ခုခံနိုင်စရာအကြောင်းမရှိတော့ပေ။

စက္ကန့်ပိုင်းအတွင်း ဓားရိပ်များက ရှဖုန်းယွဲ့၏ ကိုယ်ကို ထိုးဖောက်သွားပြီး သူ၏ခန္ဓာကိုယ်လည်း ဖြည်းညင်းစွာ ပြိုလဲကျသွားသည်။

သူ၏ မျက်လုံးများသည် ကျယ်ပြန့်စွာ ပွင့်နေပြီး မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

……..

ရက်အနည်းငယ်ကြာပြီးနောက်။

ရှနိုင်ငံ။

ရန်ခရိုင်။

ဝမ်ရွန်နန်းဆောင်တွင်။

လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် အဆောင်ငယ်အတွင်း၌ အေးအေးလူလူလက်ဖက်ရည် သောက်နေကြ၏။ ထိုစဉ် အခန်းတစ်ခန်းမှ ထွက်ပေါ်လာသော တိုက်ခိုက်သံများနှင့် ဟိန်းဟောက်သံများကို သူတို့ကြားနေကြရသည်။

“သစ္စာဖောက်။ မင်း… မင်းရဲ့ဆရာကို ဒီလိုလုပ်ရဲတယ်ပေါ့”

“သစ္စာဖောက်။ မင်းဆရာကို လွှတ်…”

“ဆရာမ။အမှားဝန်ခံပြီလား”

“အား။ ဆရာမ အမှားဝန်ခံပါတယ်…”

…..

ယွမ်ရှန်ရှန်သည် တစ်လအတွင်း နဂါးနက်မြို့သို့ ထွက်ခွာတော့မည်ဖြစ်သည်။ ထို့နောက် ယွမ်ရှန်ရှန် မကြာခဏ ပြန်လာနိုင်မလားဆိုတာ မသေချာသောကြောင့် သူမ ထွက်မခွာမီ သူ့အပေါ် သံယောဇဉ်ဖြစ်သွားရန် မျှော်လင့်ရင်း ဤတစ်လတာ၏ နေ့ရက်တိုင်း ဝမ်ရွန်နန်းဆောင်သို့ လာရောက်လည်ပတ်ရန်

လုချန်း ဆုံးဖြတ်ခဲ့သည်။

All Chapters