မုယန်စီ ပြန်လာခြင်း
Vol. 62 Ch. 929
လုချန်း၏ အတွေးက အလွန်ရှင်းလင်းလှ၏။ သူသာ ယွမ်ရှန်ရှန်ကို ကိုယ်ဝန်ရှိစေနိုင်ပါက အနာဂတ်တွင် ယွမ်ရှန်ရှန် ထွက်ပြေးနိုင်မည် မဟုတ်ပေ။
သို့သော် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ကိုယ်ဝန်ဆောင်စေရန်က တကယ့် စိန်ခေါ်မှုတစ်ခုဖြစ်၏။ အထူးသဖြင့် ယွမ်ရှန်ရှန်၏ မူလစွမ်းအားက ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး၏ စွမ်းအားကဲ့သို့ မရိုးရှင်းသောကြောင့်ဖြစ်သည်။
ယွမ်ရှန်ရှန်ကလည်း ဤတပည့်ယုတ်က သူမကို ပစ်မှတ်ထားရန် နည်းလမ်းမျိုးစုံ သုံးလိမ့်မည်ဟု ယခုလ အစကတည်းကပင် သဘောပေါက်ခဲ့၏။ ဖြစ်လာသည်ကလည်း သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။ ယခုအခါတွင် သူက သူမအား ကျင့်စဉ်မီးဖိုတစ်ခုလိုမဟုတ်ပဲ သူ၏ကစားစရာတစ်ခုအဖြစ်သာ ဆက်ဆံနေသည်ဟု သူမခံစားနေရ၏။
လုချန်းက သူ၏စကားကို အမှန်တကယ်တည်၏။ သူက သူမနှင့် စုံတွဲကျင့်စဉ်ကို ကျင့်မည်မဟုတ်ဟု ပြောခဲ့သည့်အတိုင်း အမှန်တကယ်လည်း မကျင့်ခဲ့ပေ။ စိတ်ဝိညာဉ်စွမ်းအားကိုပင် အသုံးမပြုဘဲ ထိုအကြောင်းပြချက် သက်သက်အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ယွမ်ရှန်ရှန် ခံစားလိုက်နေရသည်။ သူမသည် တောထဲရှိ တိရစ္ဆာန်များထဲမှ တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ မူလဗီဇအသိကိုသာ လိုက်နေသကဲ့သို့ ဖြစ်၏။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် လုချန်းက ယွမ်ရှန်ရှန်၏ ကျောပြင်ကို ညင်သာစွာပွတ်သပ်ရင်း ပြုံးလျက်
“လေးစားရတဲ့ ဆရာမ။ ဘာလို့ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို မကျင့်တော့တာလဲ။ ခဏနေရင် ဆရာမ နဂါးနက်မြို့ကို သွားရတော့မှာ မဟုတ်လား။ ကျွန်တော်တို့ခွဲနေရပြီဆိုရင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ဖို့အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။”
သူမ၏နောက်မှ လုချန်း၏စကားကို ကြားသောအခါ ယွမ်ရှန်ရှန်က ဂရုမစိုက်ပဲ နေလိုက်သည်။ ဤတပည့်ယုတ်က အမှန်ပင် လိုချင် လောဘကြီးနေသည်။ သူမ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ပါက သူ အလွန်ပျော်ရွှင်ပေလိမ့်မည်။
ကျင့်စဉ်ကို မလည်ပတ်ပဲ ထိုသို့သော အပြုအမူများ သက်သက်ကိုသာ ပြုလုပ်ပါက ယောက်ျားနှင့်မိန်းမကြား သာယာမှုအတွက်သာ လုပ်ဆောင်နေသလို ဖြစ်သွားပေလိမ့်မည်။
သူမကဲ့သို့ ကျင့်စဉ်ကျင့်သူတစ်ဦးသည် ထိုသို့သော လောကီသုခများကို အလွန်အကျွံမလိုက်စားသင့်ပေ။။
ဤသို့တွေးပြီးနောက် ယွမ်ရှန်ရှန်လည်း နောက်ဆုံးတွင် သူမ၏ ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်။ သို့သော် ထိုကျင့်စဉ်က လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်မဟုတ်ချေ။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် တစ်ဖက်သတ်ကျင့်ရသော ကျင့်စဉ်ဖြစ်ပြီး လုချန်းအား အတိုင်းအဆမရှိသော သာယာမှုများ ပေးစွမ်းနိုင်သောကြောင့် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျင့်ခြင်းက ပိုကောင်း၏။
သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ စီးဆင်းနေသည်က
အနည်းငယ် ပိုကောင်းသည်ဟု ယွမ်ရှန်ရှန် ခံစားရပြီး စိတ်ဝိညာဉ်စွမ်းအား လည်ပတ်မှုက ထိုအပြုအမူကို ပြုလုပ်နေခြင်းသက်သက်မဟုတ်ပဲ ကျင့်စဉ်ကျင့်နေသည်ဟု သူမအား ခံစားစေ၏။
ယွမ်ရှန်ရှန် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို လည်ပတ်နေသည်ကို ခံစားမိသောအခါ လုချန်းက ရှေ့သို့ကိုင်းကာ သူမ၏နားနားကပ်၍ တိုးတိုးလေးဆိုလိုက်၏။
“ကျွန်တော့်ရဲ့ လေးစားရတဲ့ ဆရာမ။ ကျွန်တော်က ဆရာမကို ကျင့်စဉ်မီးဖိုတစ်ခုလို အသုံးချမှာ ကြောက်ခဲ့တယ်မဟုတ်လား။ အခုကျတော့ ဘယ်လိုဖြစ်ပြီး ဆရာမဘက်က ကျင့်စဉ်ကို စတင်လိုက်ရတာလဲ။”
လုချန်း၏ စကားကိုကြားသော်လည်း ယွမ်ရှန်ရှန်က တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး တုံ့ပြန်ခြင်း မရှိပေ။
ထို့နောက် လုချန်းက ယွမ်ရှန်ရှန်၏ ဆံပင်ဖြူများကို ညင်သာစွာမကာ သူ၏ခေါင်းကို သူမ၏ လည်တိုင်ပေါ်တွင် တင်လိုက်၏။ ထိုအခါ ယွမ်ရှန်ရှန်၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းသွားပြီး ခပ်ဖျော့ဖျော့ တုန်ယင်သွား၏။
အလွန်မုန်းစရာကောင်းသော တပည့်ပင်ဖြစ်သည်။
ဤအချိန်တွင် သူမ၏အာရုံကို လွှဲပြောင်းရန် ယွမ်ရှန်ရှန်က စကားစလိုက်၏။
“မင်း ဘယ်လိုအဆင့်မြင့် ကျင့်စဉ်လောကက လာတယ်ဆိုတာကို ငါ နည်းနည်း သိချင်မိတယ်။”
ထိုစကား ကြားသောအခါ လုချန်းက သူ၏ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူ၏မေးစေ့ကို ယွမ်ရှန်ရှန်၏ ပခုံးပေါ်တွင် တင်လိုက်ကာ
“ကျွန်တော် ဆရာမကို အစောကြီးကတည်းက ပြောပြီးသားပါ။ ကျွန်တော်က အောက်ကမ္ဘာက လာတာပါ။”
ယွမ်ရှန်ရှန်က နှာခေါင်းကို ခပ်ဖွဖွရှုံ့လိုက်ပြီး
“မင်းက ငါ့ဆီက အရာအားလုံးကို ယူသွားပြီးနေပြီ။ ဒါပေမဲ့ မင်းက ငါ့အပေါ်မှာ ခုထိ သတိကြီးနေတုန်းပဲ။”
ယွမ်ရှန်ရှန်၏အမြင်တွင် လုချန်း ဖွင့်မပြောရန် ရွေးချယ်ခြင်းက သူမကို သူ မယုံကြည်ခြင်းဟု ဆိုလိုသည်။ သို့သော် အခြား အကြောင်းရင်းအချို့ကြောင့် လုချန်း အနေနှင့် ပေါ့ပေါ့ဆဆ ပြောပြ၍ မရခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ဤတပည့်ယုတ်၏ မိန်းမဖြစ်သွားခဲ့ပြီးနောက်တွင်တော့ ထိုတပည့်က သူမအား အရာအားလုံးကို ဖုံးကွယ်ထားဆဲဟူသော အတွေးက ယွမ်ရှန်ရှန်ကို အနည်းငယ် မသက်မသာဖြစ်စေ၏။
ဤတပည့်က သူမအား သူ၏မိန်းမအဖြစ် အမှန်တကယ် သဘောထားပုံ မရပေ။ သူ၏အလိုဆန္ဒများ ဖြေဖျောက်ရာ အရာတစ်ခုအဖြစ်သာ ဆက်ဆံခဲ့ခြင်းဖြစ်နိုင်၏။
ယွမ်ရှန်ရှန် သူ့ကိုမယုံကြည်ကြောင်း လုချန်း သိသော်လည်း သူဘာမှ မတတ်နိုင်ပေ။ သူ စနစ်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း လုံးဝ ဖွင့်ပြော၍ မဖြစ်နိုင်ပေ။
ထို့နောက် လုချန်းက
“ ကျွန်တော်ပြောတာ အမှန်တွေ ဆိုတာကို ဆရာမ တစ်နေ့နေ့မှာ နားလည်လာမှာပါ။ ဒါပေမဲ့ ကျွန်တော့်မှာ ပြောမပြနိုင်တဲ့ အခက်အခဲတချို့ရှိနေလို့ ဆရာမကို အရာအားလုံး ဖွင့်မပြောနိုင်တာပါ။”
သူစကားပြောနေစဉ် လုချန်း၏နှုတ်ခမ်းက ယွမ်ရှန်ရှန်၏ နားရွက်အနီးသို့ ကပ်သွားပြီး လေကိုညင်သာစွာမှုတ်ထုတ်ကာ
“ဆရာမ ကျွန်တော့ကို နားလည်ပေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာစကားမှ တုံ့ပြန်ခြင်း မပြုပေ။
ထို့နောက် ကျင့်စဉ်ကိုဆက်လက်လည်ပတ်လိုက်ကြ၏။ ထိုအချိန်တွင် ယွမ်ရှန်ရှန်၏ နှုတ်ခမ်းများ အနည်းငယ်ဟနေကာ သူမ၏အသက်ရှုနှုန်းကို အဆက်မပြတ် ညှိယူနေ၏။
ခဏအကြာတွင် လုချန်းက
“ကျွန်တော် သိချင်တာတစ်ခုရှိတယ် ဆရာမ။ ဆရာမက ကျင့်စဉ်လောကမှာ နှစ်တစ်ထောင်ကျော် ကျင့်ကြံလာတာ ဘာလို့ အဖော်တစ်ယောက်မှ မထားခဲ့တာလဲ။ နောက်ဆုံးမှာတော့ ဘာလို့ ကျွန်တော့်အတွက်ပဲ အကျိုးဖြစ်သွားရတာလဲ။”
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ဘာလို့လဲဆိုတော့ မင်းလို ယုတ်ညံ့တဲ့တပည့်မျိုးကို အရင်က တစ်ခါမှ မကြုံဖူးလို့ပဲ။ မင်းတစ်ယောက်ပဲ ဒီလောက် အနိုင်ကျင့်နိုင်တာ။”
လုချန်းက ရယ်မောရင်း
“ဘာတွေပြောနေတာလဲ ဆရာမရယ်။ ကျွန်တော်က ဆရာမရဲ့ စွမ်းအားတွေပြန်ရအောင် ကူညီပေးခဲ့တာလေ။ အဲ့ဒါအတွက် ဆုလာဘ်တော့ရှိရမှာပေါ့။”
ယွမ်ရှန်ရှန်က သက်ပြင်းခပ်ဖွဖွချလိုက်ပြီး
“ဟူး… ငါ မင်းနဲ့ ဒီအကြောင်းကို ငြင်းခုံဖို့ ပျင်းနေပြီ…”
အခြေအနေက အခုလို ဖြစ်နေပြီဖြစ်သဖြင့် စကားအပိုပြောနေခြင်းက အသုံးမဝင်တော့ချေ။ ဖြစ်ပြီးသောအရာများက ဖြစ်ပြီးခဲ့ပြီဖြစ်သည်။
ထို့နောက် ယွမ်ရှန်ရှန်လည်း စကားပြောခြင်းကိုရပ်တန့်ကာ သူမ၏ ကျင့်စဉ်ကို အလေးအနက်ထား၍ ပြန်လည်စတင်လိုက်၏။ ယွမ်ရှန်ရှန်က သူမ၏ ကျင့်စဉ်တွင် အလွန်စိတ်အားထက်သန်နေသည်ကိုမြင်သောအခါ လုချန်း သည်းမခံနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ဘက်က အလွန်ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သော်လည်း ကျင့်စဉ်ကျင့်နေသူမှာ သူမဖြစ်နေသောကြောင့် ဖြစ်၏။
ထို့နောက်တွင် လုချန်းက ယွမ်ရှန်ရှန်အပေါ် ပြင်းထန်မှုကို တိုးမြှင့်လိုက်၏။
မကြာမီတွင် အပြင်ဘက် အဆောင်ငယ် ထဲ၌ထိုင်ကာ လက်ဖက်ရည်သောက်နေကြသော လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့လည်း ယွမ်ရှန်ရှန်၏အသံကို ကြားလာရပြန်သည်။
လုချန်း ကြိုးစားအားထုတ်နေစဉ် အစောင့်အမျိုးသမီးတစ်ဦး ဝမ်ရွန်နန်းဆောင်သို့ ရောက်လာပြီး
“မင်းကြီး။ နဂါးနက်မြို့က ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။”
ထိုအခါ အခန်းတွင်းမှ အသံများ ရုတ်တရက် ရပ်တန့်သွားကာ ယွမ်ရှန်ရှန်လည်း အနားယူခွင့် ရသွားတော့သည်။
အစောင့်အမျိုးသမီး၏အသံကို ကြားသောအခါ ဧည့်သည်ဆိုသူ မည်သူဖြစ်သည်ကို လုချန်း ခန့်မှန်းမိလိုက်၏။ ဂိုဏ်း၏အခြေအနေများကို သတင်းပို့ရန်လာသော တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်တစ်ဦးဖြစ်သည်မှာ ထင်ရှား၏။
ထို့နောက် လုချန်းက
“ဧည့်သည်ကို နန်းတွင်းစာကြည့်ခန်းမှာ စောင့်နေဖို့ ပြောလိုက်။ ငါ မကြာခင် ရောက်လာခဲ့မယ်။”
“ဟုတ်ကဲ့ပါ။”
အစောင့်အမျိုးသမီးလည်း လုချန်းကို ဦးညွှတ်အရိုအသေပြုပြီးနောက် ဝမ်ရွန်နန်းဆောင်မှ ထွက်ခွာသွား၏။
ထို့နောက်လုချန်းက ထွက်မသွားသေးပဲ ယွမ်ရှန်ရှန်အပေါ်တွင် ဆက်လက်ဖိထားသဖြင့် သူမက
“တပည့်ယုတ်… ဘာလို့ မဖယ်သေးတာလဲ။”
လုချန်းက ရယ်လျက်
“ဘာလို့ လောနေတာလဲ။ ဆရာမရဲ့ကျင့်စဉ်က အခုမှစတာလေ။ ကျွန်တော် အခုထွက်သွားရင် ဆရာမ အရမ်းမသက်မသာ ဖြစ်နေမှာမဟုတ်ဘူးလား။”
ထို့နောက်တွင် လုချန်းလည်း သူ၏အလုပ်များကို ဆက်လက်လုပ်ဆောင် နေလိုက်သည်။
……
တစ်ချိန်တည်းမှာပင်။
ရန်ခရိုင်ရှိ လမ်းတစ်လမ်းပေါ်တွင်။
ပိုးဝတ်စုံပါး ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး အထူးကိုယ်ရံတော် အကျဉ်းထောင်ဘက်သို့ လျှောက်လာ၏။ ထိုအမျိုးသမီး၏နောက်တွင် ဂုန်နီအိတ်တစ်လုံး ပါ၏။ ထိုဂုန်နီအိတ် အတွင်း၌ တိရစ္ဆာန်တစ်ကောင်ကောင် ထည့်ထားသကဲ့သို့ အဆက်မပြတ် လူးလွန့်နေ၏။
မကြာမီပင် ထိုအမျိုးသမီး အထူးကိုယ်ရံတော် အကျဉ်းထောင်၏ ဝင်ပေါက်သို့ ရောက်ရှိလာ၏။ သူမကိုမြင်သောအခါ အထူးကိုယ်ရံတော်များက သူမ၏လမ်းကို ချက်ချင်းပိတ်ဆို့လိုက်ပြီး
“ဘယ်သူလဲ”
ထိုစဉ် ချင်ယူရှန် အကျဉ်းထောင်ထဲမှ ထွက်လာပြီး ထိုအမျိုးသမီးကို မြင်သောအခါ အလျင်အမြန် ဦးညွှတ်လိုက်ပြီး
“မိဖုရားမုကို ဂါရဝပြုပါတယ်။”
ချွမ်နိုင်ငံတော်တွင် ရှိစဉ်က မုယန်စီကို ချင်ယူရှန် မြင်ဖူးသောကြောင့် သူမကို ချက်ချင်းမှတ်မိလိုက်ခြင်းဖြစ်သည်။ သို့သော် မုယန်စီ ချွမ်နိုင်ငံတော်တွင် ရှိစဉ်က ထွက်ပြေးခဲ့သည်ကို သူသတိပြုမိ၏။
မည်သို့ပင်ဖြစ်စေ လုချန်းက သူမအား ရာထူးအပ်နှင်းထားခဲ့သောကြောင့် မုယန်စီသည် မိဖုရားမုဖြစ်ပြီး ချင်ယူရှန်နှင့် အခြားလက်အောက်ငယ်သားများက သူမကိုမြင်လျှင် ဦးညွှတ်ရမည်ဖြစ်၏။
ချင်ယူရှန် ပြောနေသည်များကို ကြားသောအခါ အကျဉ်းထောင်ဝင်ပေါက်မှ အစောင့်များလည်း ချက်ချင်းသဘောပေါက်သွားပြီး မုယန်စီအား ချက်ချင်းဦးညွှတ်ကာ
“မိဖုရားမုကို ဂါရဝပြုပါတယ်။”
မုယန်စီက အနည်းငယ်ချောင်းဟန့်လိုက်ပြီး
“အရိုအသေပြုစရာမလိုပါဘူး။”
မုယန်စီ အနည်းငယ် ရှက်ရွံ့သွား၏။ သူမသည် မကြာသေးမီကမှ ရာထူးအပ်နှင်းခံခဲ့ရပြီး ထို့နောက် မကြာခင်မှာပင် ထွက်ပြေးခဲ့သော်လည်း ယခု ဤနေရာတွင် လုချန်း၏ လက်အောက်ငယ်သားများက သူမအား ဦးညွှတ်နေကြသည်။