← Chapters

အဆုံးသတ် ကောင်းလိမ့်မယ်လို့ ထင်နေတာလား

Vol. 62 Ch. 930

အဆုံးသတ် ကောင်းလိမ့်မယ်လို့ ထင်နေတာလား

Vol. 62 Ch. 930

မုယန်စီ၏နောက်မှ အိတ်ကို လှမ်းကြည့်လိုက်ပြီး ချင်ယူရှန်က

“မိဖုရားမု။ ကရိုင်းတယ်မထင်ဘူးဆိုရင် မေးပါရစေ။ မိဖုရားရဲ့နောက်က အိတ်ထဲမှာ ဘာပါပါသလဲ။”

ထို့နောက် မုယန်စီက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ချင်ယူရှန်၏ရှေ့သို့ ဂုန်နီအိတ် ပျံသန်းသွား၏။ နောက်တစ်ခဏတွင် အိတ်ပွင့်သွားပြီး အတွင်းမှလူတစ်ယောက် ထွက်လာသည်။

အိတ်ထဲတွင် ယောက်ျားတစ်ဦး ရှိနေပြီး ခြေလက်များ တုပ်နှောင်ခံထားရကာ ပါးစပ်ကိုလည်း ပိတ်ထားသောကြောင့် “အွန်း အွန်း အွန်း” ဟူသော အသံများကိုသာ ပြုနိုင်၏။

ဒါက...

ချင်ယူရှန် ထိုသူကို မသိနိုင်ပေ။ ထို့ကြောင့် မုယန်စီက ချက်ချင်းပင်

“ဒါက ကျွန်မတို့ကမ္ဘာကို ကျူးကျော်ဖို့လာတဲ့ လင်ဟူဂိုဏ်းရဲ့ ခေါင်းဆောင်တစ်‌ယောက်ပဲ။”

“လင်ဟူဂိုဏ်းရဲ့ တခြားတပည့်တွေကတော့ ရှင်တို့လူတွေရဲ့ လက်ထဲမှာ အဖမ်းခံလိုက်ရလောက်ပြီ။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ လွတ်သွားတယ်။ သူ့ကိုဖမ်းဖို့ ကျွန်မ တော်တော်လေး အားထုတ်ခဲ့ရတယ်။”

ထိုစကားကို ကြားသောအခါ ချင်ယူရှန်က “မိဖုရားမုက ဒီတစ်ကြိမ်မှာ ကြီးမားတဲ့အကျိုးပြုမှုကို ဆောင်ရွက်ခဲ့တာပဲ။ မင်းကြီးက မိဖုရားကို ရက်ရက်ရောရော ဆုချီးမြှင့်မှာ သေချာပါတယ်။”

မုယန်စီက

“ရက်ရောတဲ့ ဆုလာဘ်တွေမလိုပါဘူး။ ဒါက ကျွန်မရဲ့ တာဝန်ပဲ။”

“ကောင်းပြီ။ ကျွန်မ အခုပြန်တော့မယ်။”

ထိုသို့ပြောရင်း မုယန်စီ နန်းတော်သို့ သွားရန် ပြင်လိုက်သော်လည်း ပြဿနာတစ်ခုကို သူမ လျင်မြန်စွာ သဘောပေါက်သွား၏။ သူမသည် ချွမ်နိုင်ငံတော် နန်းတော်၌ ဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

ယခု သူမသည် ရန်မြို့၏ နန်းတော်တွင် ရှိနေသည်။ သူမ နန်းတော်ထဲသို့ မည်သို့ဝင်ရမည်နည်း။ သို့မဟုတ် ပို၍တိတိကျကျဆိုရလျှင် မည်သည့်နေရာသို့ သွားရမည်နည်း။

မုယန်စီ သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်ကို သတိပြုမိသောအခါ ချင်ယူရှန်လည်း သူမ ဘာတွေးနေသည်ကို လျင်မြန်စွာ နားလည်သွား၏။ သူက တိုက်ရိုက်ပင်

“မိဖုရားမုကို ရာထူးအပ်နှင်းပြီးနောက်မှာ နန်းတော်က မိဖုရားအတွက် နန်းဆောင်အသစ်တစ်ခု ပြင်ဆင်ထားပြီးသားပါ။ အခု ကျွန်တော် တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်။”

ထိုအခါ မုယန်စီက သူမ၏ခေါင်းကို လှည့်လိုက်ပြီး

“ဒါဆို အရမ်းကောင်းတာပေါ့။”

ထို့နောက် ချင်ယူရှန်က သတင်းများ မကြာခဏ ပို့ဆောင်ပေးလေ့ရှိသော

အမျိုးသမီး အထူးကိုယ်ရံတော်တစ်ဦးကို ခေါ်ကာ မုယန်စီ၏ အဆောင်သို့ လိုက်ပို့စေ၏။

မုယန်စီသည် နန်းတော်ထဲသို့ ဝင်ရောက်သည်နှင့် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်းထုတ်လွှတ်ကာ လျှိုချင်းချို၏ တည်နေရာကို ရှာဖွေလိုက်သည်။

မကြာမီတွင် သူမ လျှိုချင်းချို၏ တည်ရှိမှုကို ခံစားမိလိုက်ရ၏။

လျှိုချင်းချိုက အဆောင်တစ်ခုထဲ၌ အကျဉ်းချခံထားရခြင်း မရှိသကဲ့သို့ တရားထိုင်နေသည်ကို မြင်သောအခါ မုယန်စီက လမ်းပြရန် လိုက်လာသော အထူးကိုယ်ရံတော်အား မေးလိုက်၏။

“မိဖုရားလျှို နန်းတော်ကို ရောက်လာကတည်းက နန်းတွင်းအိပ်ဆောင်မှာ ဘယ်နှစ်ခါ အမှုထမ်းပြီးပြီလဲ။”

ထိုမေးခွန်းကို ကြားသောအခါ အထူးကိုယ်ရံတော် အမျိုးသမီး အံ့အားသင့်သွားပြီးနောက်

“ကျွန်မ အတွင်းဆောင်အကြောင်းကို သိပ်မသိပါဘူး။”

အစောင့်၏အဖြေအပြီးတွင် မုယန်စီက

“ထားလိုက်ပါတော့။ နောက်မှ ကျွန်မကိုယ်တိုင် သွားမေးလိုက်မယ်။”

ဤအချိန်တွင် မုယန်စီ တစ်စုံတစ်ခုကို ရုတ်တရက်စဉ်းစားမိပြီး ဆက်မေးလိုက်၏။

“ငါ မိဖုရားလျှိုရဲ့ အဆောင်ကို တိုက်ရိုက်သွားလို့ရလား။”

အမျိုးသမီးအစောင့်က

“ရတာပေါ့။ နန်းတော်ရဲ့ ဘယ်နေရာကိုမဆို သွားနိုင်ပါတယ်။ ပြီးတော့ မိဖုရားရဲ့အဆောင်က မိဖုရားလျှိုရဲ့ အဆောင်နဲ့ ကပ်လျက်မှာပါ။”

မုယန်စီ ခဏခန့် စဉ်းစားပြီးနောက်

“ဒါဆို ငါ့ကို မိဖုရားလျှိုရဲ့ အဆောင်ကို တိုက်ရိုက်ခေါ်သွားပေး။”

“အမိန့်အတိုင်းပါ။”

ထို့နောက် အစောင့်လည်း မုယန်စီကို လျှိုချင်းချို၏ အဆောင်သို့ ခေါ်ဆောင်သွား၏။

ဤအချိန်တွင် အဆောင်ထဲ တရားထိုင်နေသော လျှိုချင်းချို၏မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ အကြောင်းမှာ သူမလည်း မုယန်စီ၏ စိတ်ဝိညာဉ် စွမ်းအားကို ခံစားမိပြီးဖြစ်သောကြောင့် ဖြစ်သည်။

လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ခုမှ ပြန်လာဖို့ သတိရတယ်ပေါ့လေ။”

“ဟိုလူ ညှဉ်းပန်းတာကို ခံချင်နေပြီလား။”

“ဒါပေမဲ့ ဟိုမကောင်းဆိုးဝါးက ဒါကို ကြိုတင်ခန့်မှန်းခဲ့တာပဲ။”

ထိုစဉ်က တစ်နေ့နေ့တွင် မုယန်စီ သူမဘာသာ ပြန်လာလိမ့်မည်ဟု လုချန်း ပြောခဲ့ဖူး၏။ ထိုအချိန်က သူမ မယုံကြည်ခဲ့ပေ။ သို့သော်လည်း ယခု မုယန်စီ အမှန်တကယ် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဘယ်လောက်တောင် ကြာသွားပြီလဲ…

တစ်နှစ်တောင် မပြည့်သေးဘဲ မုယန်စီ ပြန်ပြေးလာခဲ့သည်။

မကြာမီတွင် မုယန်စီ လျှိုချင်းချို၏ အဆောင်အပြင်ဘက်သို့ ရောက်လာ၏။

မုယန်စီကို မြင်သောအခါ လျှိုချင်းချိုက အေးစက်စွာ စကားစလိုက်သည်။

“ဘာလို့ မြေခွေးနံ့ရနေတာလဲလို့ ထင်နေတာ။ လက်စသပ်တော့ ရှင်ပြန်လာတာကိုး။”

မုယန်စီက ခပ်ပြုံးပြုံးဖြင့်

“ဘာလို့ ဒီလောက် ရန်လိုနေရတာလဲ မိဖုရားလျှိုရယ်။ မဟာမိတ်တစ်ယောက်ကို ပြန်တွေ့ရတာ မပျော်ဘူးလား။”

လျှိုချင်းချိုက မုယန်စီ၏ စကားများကို လျစ်လျူရှုကာ တိုက်ရိုက်မေးလိုက်၏။

“ဘာလို့ ဒီကို ပြန်ပြေးလာတာလဲ။ ဘာလဲ။ ယောက်ျားတစ်ယောက်ရဲ့ ကုတင်ပေါ်မှာ ကစားစရာလုပ်ခံရတာကို တမ်းတနေလို့လား။”

မုယန်စီက ရယ်မောရင်း

“ရှင့် လေသံအရဆိုရင် ရှင်က အဲ့လို ကစားစရာ အလုပ်ခံပြီးသွားပြီပေါ့။”

“ဒါဆို ရှင် အပျိုရည် ပျက်သွားပြီပေါ့။”

“ကျွန်မတို့ရဲ့ဧကရာဇ်က တော်တော်သတ္တိရှိတာပဲ။ ရှင့်လို စွမ်းအားကြီးတဲ့ ကိုယ်ပွားတစ်ယောက်ကိုတောင် ရဲရဲတင်းတင်း ထိပါးရဲတယ်။”

လျှိုချင်းချိုက အေးစက်စွာ ရယ်မောလိုက်ပြီး

“အခု ရှင်ပြန်လာပြီးမှတော့ ရှင့်ကံကြမ္မာက ပိုကောင်းလာမယ်လို့ ထင်နေတာလား။”

“ရှင် ရန်ခရိုင်ကို ခြေချလိုက်တဲ့အချိန်ကတည်းက သူက ရှင်ပြန်လာတာကို သိလောက်ပြီ။ ဒီတစ်ခါတော့ ရှင်လွတ်မှာ မဟုတ်ဘူး။”

လုချန်းက မုယန်စီအား သေသည်အထိ ကစားသည်ကို မြင်တွေ့ရန် လျှိုချင်းချို မစောင့်နိုင်တော့ပေ။

လျှိုချင်းချို၏ စကားကို ကြားသောအခါ မုယန်စီက ပေါ့ပေါ့ပါးပါး ပုံစံဖြင့်

“ကျွန်မ ပြန်လာပြီးမှတော့ ဒါကို စိုးရိမ်မနေပါဘူး။ ကျွန်မကို ခြောက်ဖို့ မကြိုးစားနဲ့။”

လျှိုချင်းချိုက ခပ်ဖွဖွ ရယ်မောလိုက်ပြီး “ဒါဖြင့် ဘာလို့ ကျွန်မကို ဒီမှာ လာရှာနေတာလဲ။ ရှင့်အဆောင်က ဟိုဘက်မှာ။ ဒီမှာမဟုတ်ဘူး။ မြန်မြန်သွားလိုက်။ ဟိုလူက ရှင့်ကို ဟိုဘက်ခန်းမှာ စောင့်နေလောက်ပြီ။”

“ရှင်ပြန်လာရဲပြီ ဆိုမှတော့ အသင့်ဖြစ်နေပြီလို့ ဆိုလိုတာပဲ။ သွားလေ။ သွားပြီး ပျော်လိုက်ဦး။”

လျှိုချင်းချို၏ စကားကို ကြားသောအခါ မုယန်စီ၏ စိတ်ထဲ၌ ကြောက်ရွံ့မှုလှိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ လျှိုချင်းချို သူမကို အကောင်းမမြင်နိုင်သည်ကို သူမသိ၏။

သူမအား ထိုလူ၏ကစားစရာဖြစ်သည်ကို မြင်ရန် ဤမိန်းမ အလွန်စိတ်အားထက်သန်နေခြင်းက အကောင်းမဟုတ်ဟု ညွှန်ပြနေသည်။ အနည်းဆုံးတော့ လုချန်းနှင့်ဆိုလျှင် ကောင်းမည်မဟုတ်ချေ။

လျှိုချင်းချိုကဲ့သို့ တန်ခိုးကြီးသော ကိုယ်ပွားတစ်ဦးပင် ထိုသို့သောဆက်ဆံမှုကို ညှဉ်းပန်းနှိပ်စက်မှုအဖြစ် ရှုမြင်‌နေပါက ဤအာဏာရှင်က အလွန်ကြောက်စရာကောင်း နေလို့လား။

ဤအချိန်တွင် သူမပြန်လာခဲ့ခြင်းကို မုယန်စီ နောင်တရသွားပြီး နောက်တစ်ကြိမ် ထွက်ပြေးရန် စဉ်းစားမိ၏။

သို့သော် သူမ ကျင့်စဉ်လေ့ကျင့်သည့်အခါတိုင်း ခန္ဓာကိုယ်ထဲရှိ ပူလောင်သော ခံစားချက်များနှင့် သူမ၏စိတ်ထဲ ရံဖန်ရံခါ ပေါ်လာတတ်သော လုချန်း၏ပုံရိပ်ကို ပြန်စဉ်းစားမိသောအခါ သူမကိုယ်သူမ သတ္တိမကြောင်ရန် တိုက်တွန်းလိုက်၏။ သူမ သတ္တိကြောင်သွားပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လျှင်ပင် မကြာမီ ပြန်လာရပေဦးမည်။

ထိုလူ သူမအပေါ် တစ်ခုခုလုပ်မည်မှာ သေချာ၏။

ထိုအတွေးနှင့်အတူ မုယန်စီက စွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး တည်ငြိမ်စွာဖြင့် လျှိုချင်းချိုအား

“မိဖုရားလျှို။ ကျွန်မ မေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။”

လျှိုချင်းချိုက အေးစက်စွာဖြင့်

“မေးခွန်းလား။ ဘာမေးခွန်းလဲ။ ယောက်ျားတစ်ယောက်ရဲ့စွမ်းဆောင်ရည်အကြောင်း သိချင်လို့လား။”

“အဲ့ဒီအကြောင်းနဲ့ ပတ်သက်ရင်တော့ ပြောစရာမရှိဘူး။ ရှင်ကိုယ်တိုင်ကြုံဖူးသွားရင် နားလည်သွားလိမ့်မယ်။”

မုယန်စီက

“အဲ့ဒါမဟုတ်ပါဘူး။ ရှင် ရန်ခရိုင်ကိုရောက်လာကတည်းက သူ့အဆောင်မှာ ဘယ်နှစ်ခါ အမှုထမ်းပြီးပြီလဲဆိုတာပါ။”

လျှိုချင်းချိုသည် ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

“ဘာလဲ။ ရှင်က သူ့မိန်းမမဖြစ်သေးခင်မှာ‌တောင် မျက်နှာသာရဖို့အတွက် ပြိုင်ဆိုင်ဖို့ စဉ်းစားနေပြီလား။ အဲ့ဒါအတွက်တော့ ရှင် ကြိုးစားရလိမ့်မယ်။ သူ့မှာ မယားတွေက ဒီလောက်များတာ။ ရှင့်အလှည့် တော်တော်နဲ့ရောက်မှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် လျှိုချင်းချိုလည်း မုယန်စီနှင့် ဆက်လက်စကားပြောလိုစိတ် မရှိတော့ပဲ အထဲရှိ အစေခံအား

“ရှောင်ယာ။ ဧည့်သည်ကို အပြင်လိုက်ပို့လိုက်။”

လျှိုချင်းချို၏ စိမ်းကားမှုကို မြင်သောအခါ မုယန်စီ ရယ်မောလိုက်ပြီး နောက်ထပ်ဘာမှမပြောပဲ လှည့်ထွက်ကာ လျှိုချင်းချို၏ အဆောင်မှ ထွက်ခွာသွား၏။

မုယန်စီ၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်ဟန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လျှိုချင်းချို တစ်စုံတစ်ရာကို မတွေးပဲ မနေနိုင်ဖြစ်သွားသည်။

“လှချင်တိုင်းသာ လှနေလိုက်။ နောက်ရက်နည်းနည်းကြာရင် ရှင့်ခါးကို လှုပ်နိုင်သေးရဲ့လား ကြည့်ကြသေးတာပေါ့။

……..

ဝမ်ရွန်ဆောင်။

သက်ပြင်းရှည်ကြီးတစ်ချက်ချပြီးနောက် လုချန်း၏စိတ်ဓာတ်များ လုံးဝပြန်လည်လန်းဆန်းသွား၏။ သူသည် ယခု မူလအစကမ္ဘာ၏ နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မုယန်စီ နန်းတော်ထဲသို့ ဝင်ရောက်လာသည်ကို လွယ်ကူစွာပင် ခံစားသိရှိလိုက်၏။

လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားပြီးနောက် ယွမ်ရှန်ရှန်၏ မျက်နှာကို ပွတ်သပ်လိုက်ကာ

“လေးစားရတဲ့ ဆရာမ။ ကောင်းကောင်းအနားယူလိုက်ပါ။ ကျွန်တော် ခဏလောက် အလုပ်ရှုပ်တော့မှာမို့လို့ပါ။”

All Chapters