← Chapters

အင်မော်တယ်များ၏ နည်းလမ်းများ

Vol. 57 Ch. 787

အင်မော်တယ်များ၏ နည်းလမ်းများ

Vol. 57 Ch. 787

ဗီဗီယန်နီ ဖြတ်သန်းတွေ့ကြုံလာရသည့် အခက်အခဲများကို ထန်ရှု နားထောင်မိလေလေ စိတ်ထဲမှ သူမ၏စွမ်းရည်ကို သူ လေးစားမိလာလေဖြစ်သည်။ ရှေးဟောင်းဆင်ရိုင်း၏လူများသည် တကယ့်ကိုပင် ကြောက်မက်ဖွယ်ခွန်အား ပိုင်ဆိုင်ထားသူများ ဖြစ်ကြပြီး ငွေရောင်ဆံပင်အဘိုးအိုကဲ့သို့ တစ်ချို့သူများသည် အခြေခံတည်ဆောက်ရေး စဦးပိုင်းအဆင့် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

ဗီဗီယန်နီသည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင် ရှိသူများထက် သာလွန်သော စွမ်းရည် ပြသနိုင်သောကြောင့် သူမ၏ခွန်အားသည်လည်း လွန်စွာ ကြောက်စရာ ကောင်းပေသည်။ သူမကို လိုက်ရှာနေသော ရန်သူအရေအတွက် များလွန်းလာသည့်အပြင် ထိုသူများကြားတွင် ကျွမ်းကျင်သူ ပိုပိုများလာခဲ့သည်။ သူမသည် ထိုသူတို့အားလုံးကို သတ်ခဲ့လျှင်တောင်မှ သူမသည် အလွန်ညှာတာလွန်းသည့်အချိန်များ ရှိခဲ့သဖြင့် သူမ ထွက်ပြေးနိုင်စွမ်း ရှိခဲ့လျှင်ပင် ဤ ရှေးဟောင်းဆင်ရိုင်းအဖွဲ့ဝင်များကြားတွင် လုံလောက်အောင် ပြေးနိုင်မည်မဟုတ်ပေ။

ထန်ရှုက တစ်ချက်ပြုံးပြီး ကျိချွိမိန်ကို လက်ဟန်ပြလိုက်သည်။ ကျိချွိမိန်သည် အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်စဉ်တွင် ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏ကျွမ်းကျင်သူများစွာသည် ၎င်းတို့၏လည်ပင်းကို မမြင်နိုင်သောလက်ဖြင့် ဆုပ်ကိုင်လိုက်သကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။ ထိုသူတို့သည် အခန်းအပြင်ဘက်သို့ ရုတ်တရက် ပင့်မြှောက်ခံလိုက်ရပြီး ခြေထောက်များသည် လေထဲတွင် ဝရုန်းသုန်းကား တုန်ရီနေသည်။

ထူးဆန်းသော သည်မြင်ကွင်းက ဗီဗီယန်နီ၏မေးရိုးအား အောက်သို့ ပြုတ်ကျစေပြီး သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် အမူအရာတို့ ပြည့်နှက်သွားစေသည်။

ထန်ရှုက ဓားမြှောင်တစ်ချောင်းကို ထုတ်ပြီး ဗီဗီယန်နီ၏လက်ထဲသို့ ထည့်ပေးကာ အပြုံးဖြင့် "သူတို့က မင်းရဲ့ရန်သူပဲ။ သူတို့အသက်တွေကို ဘာလုပ်ချင်လဲဆိုတာ မင်းအပေါ်မှာ မူတည်တယ်။"

ဗီဗီယန်နီ တုန်လှုပ်သွားကာ သူ့လက်ထဲက ဓားမြှောင်ကို ငုံ့ကြည့်လိုက်သည်။ လေထဲတွင် ချိတ်ဆွဲထားသကဲ့သို့ ဖြစ်နေသော ရှေးဟောင်းအဖွဲ့ဝင်များ၏မျက်နှာများကို အချိန်ကြာကြာ ကြည့်နေလေလေ သူမ၏မျက်နှာသည် ပိုနီလာလေလေ ဖြစ်သည်။ သူမသည် တခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ထိုလူများဆီသို့ တရွေ့ရွေ့ လျှောက်သွားခဲ့သည်။

ဇွက်...

ဓားမြှောင်က ထိုသူတို့ထဲက တစ်ယောက်၏ နှလုံးသားထဲသို့ စိုက်သွားပြီး သူမက လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် ရှေးဟောင်းဆင်ရိုင်း၏ ကျန်အဖွဲ့ဝင်များအား မိနစ်ဝက်အတွင်း သူမ အပြတ်ရှင်းပစ်လိုက်သည်။ သူမသည် ငွေရောင်ဆံပင် အဘိုးအို၏အရှေ့သို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းသွားပြီး ထန်ရှုကို လှည့်ကြည့်ရင်း

"သူ့ကိုရော ငါ သတ်လို့ရမလား။"

ထန်ရှုက ခွင့်ပြုသည်ဟူသော အမူအရာကို ပြကာ အပြုံးဖြင့်

"ဒီလူတွေက မျိုးပြောင်းတွေလား ဒါမှမဟုတ် ပုံပြောင်းတဲ့ကောင်တွေလား ငါ မသိဘူး။ လူရော သားရဲတွေရော မင်းဆန္ဒရှိတဲ့အတိုင်း လုပ်နိုင်တယ်။”

ဗီဗီယန်နီက လေးပင်စွာ ခေါင်းညိတ်ပြီး ထန်ရှုကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် ငွေရောင်ဆံပင်အဘိုးအို၏ နှလုံးသားကို ဓားမြှောင်နှင့် အညှာအတာမဲ့စွာ ထိုးစိုက်လိုက်သည်။ ထို့နောက်တွင် စိတ်ထဲ၌ သူမ၏ ပြင်းထန်သော ခံစားချက်များကို မထုတ်ဖော်ရသေးသည့်အလား ငွေရောင်ဆံပင်အဘိုးအို၏လည်ချောင်းကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ သူမသည် ယခုအချိန်တွင် အတော်လေး အားနည်းနေသော်လည်း စင်တီမီတာများစွာ နက်အောင် ဓားဖြင့် ထိုးစိုက်နိုင်ပါသေးသည်။

ဗီဗီယန်နီသည် ဓားမြှောင်ကို အားဖြင့် ဆွဲထုတ်လိုက်သောကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားသည်။ ထန်ရှုက သူမကို ထိန်းပေးထားဖို့ အမြန်မလာခဲ့ပါက လဲကျသွားနိုင်ပေသည်။

"ဆိုတော့ … မင်း အခု ဘယ်လိုခံစားရလဲ။"

ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

“ငါ အတော်လေး ရှုပ်ထွေးတယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် ပိုကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့ ငါ သေလုမျောပါး ဖြစ်ခဲ့ရတယ်။” ဗီဗီယန်နီက လေးလေးနက်နက် ပြန်ဖြေလာသည်။

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ရည်ရွယ်ချက်အမှန်ကို မပြောမီတွင်ပင် ဗီဗီယန်နီသည် အမှန်တကယ် ထက်မြက်ကာ လိမ္မာပါးနပ်ပြီး ဤအကြောင်းအရာကို ပြောဆိုလာလိမ့်မည်ဟု သူ အနည်းငယ်မျှပင် ထင်မထားမိပေ။ ထို့နောက် သူက အပြုံးဖြင့် စကားဆက်လိုက်သည်။

"ကြောက်မက်ဖွယ်အစွမ်းသတ္တိရှိဖို့က မရေမတွက်နိုင်တဲ့ လူတွေရဲ့အိပ်မက်ပါပဲ။ ဒါပေမယ့် အိပ်မက်က လူများစွာအတွက် အိပ်မက်တစ်ခုမျှသာပါပဲ။ သူတို့ရဲ့ခွန်အားကို မြှင့်တင်နိုင်တဲ့ အခွင့်အရေးကို ရရှိနိုင်သူတွေက အရမ်း ရှားပါးတယ် -ရွေးချယ်ခံထားရတဲ့ လူက နည်းနည်းလေးပဲ။ မင်းသာ ဒီလိုအခွင့်အရေး ရလာရင် မင်း ဘာလုပ်မလဲ။ ဒါပေမယ့် အဲ့ဒါအတွက် တန်ဘိုးကို မင်း ပေးရမယ်ဆိုရင်ရော။"

“ငါက တန်ဖိုး ဘယ်လောက် ပေးရမှာလဲ။" ဗီဗီယန်နီက မေးလိုက်သည်။

"ဥပမာပေးရင် လွတ်လပ်မှုပေါ့။"

ထန်ရှုက ဖြေလိုက်သည်။

ထန်ရှု၏အဖြေသည် ဗီဗီယန်နီအား အချိန်ကာလတစ်ခုကြာမျှ တိတ်ဆိတ်သွားစေပြီးနောက် သူမ ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ

“ငါ အဲ့ဒါကို ကျေကျေနပ်နပ်ကြီး ပေးမှာပါ။”

"မင်း ဆန္ဒရှိရင် လိုက်ခဲ့ပါ။"

ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

"အစောပိုင်းက ကြောက်စရာကောင်းတဲ့ ဖြစ်စဉ်ကို မင်းလည်း မြင်လိုက်တယ်မဟုတ်လား။ မင်းရဲ့အနောက်ကို လိုက်တဲ့ ဒီပုံပြောင်းတွေကို ချေမှုန်းဖို့မဆိုထားနဲ့ မင်းသာ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းကို လိုက်ရှာနေတဲ့ ရှေးဟောင်းဆင်ရိုင်းအဖွဲ့တစ်ခုလုံးနဲ့ မင်းကို လိုက်ရှာနေတဲ့ ရန်သူတွေကိုတောင် ချေမှုန်းနိုင်လိမ့်မယ်။"

"ရှင် ငါ့ကို ဒီလိုအခွင့်အရေးမျိုး တကယ် ပေးနိုင်တာလား။"

ဗီဗီယန်နီ အံ့အားသင့်သွားသည်။

"ဒါပေါ့ ဒါကို ငါလုပ်နိုင်တာပဲ။ နို့မဟုတ်ရင် မင်းကို ဘာလို့ ငါ အဲ့ဒါကို ပြောမှာလဲ။" ထန်ရှုက ပြောသည်။ “ကောင်းပြီ။ အဲ့ဒီအကူအညီပေးတဲ့လူကို နှုတ်ဆက်ရအောင်။ ပြန်ဖို့ အချိန်တန်ပြီ။"

ဗီဗီယန်နီသည် အဝေးမှ သင်္ဘောနှစ်စင်းကို လှမ်းကြည့်လိုက်ရာ သင်္ဘောတစ်စင်းပေါ်၌ ရပ်နေသော ဝမ်ယွီကို တွေ့လိုက်သည်နှင့်

"ရှင်ဆိုလိုတာက မစ္စတာဝမ်လား။"

"မင်း သိပါတယ်။ ငါလည်း မစ္စတာဝမ်ကို သိတယ်လေ။" ထန်ရှုက ရယ်လိုက်ပြီး

"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သူ မမြင်သင့်တဲ့အရာတစ်ခုကို သူ မြင်ပြီးသွားပြီမို့ ငါ ဒါကို ဖြေရှင်းရမှာပေါ့"

ထိုသို့ပြောပြီးနောက် ထန်ရှုသည် ဗီဗီယန်နီ၏ လက်များကို ဆွဲကိုင်ကာ တစ်ကီလိုမီတာအကွာရှိ သင်္ဘောဆီသို့ လေထဲမှ  ပျံကာသွားလိုက်သည်။ ထိုသင်္ဘော၏အထက်ကောင်းကင်ယံသို့ ရောက်သောအခါ အံ့သြတုန်လှုပ်နေသော ချင်းချန်တောင် အဘိုးအို၊ ဝမ်ယွီနှင့် သူ၏လူများကို ငုံ့ကြည့်ကာ ထူးမခြားနားသော အပြုံးဖြင့် ထိုသူတို့အား

"ဒီလိုပြပွဲကို ကြည့်ရတာ မင်း ဘယ်လိုခံစားရလဲ ဝမ်ယွီ။"

"ထ - ထန် ... ထန်ရှု မင်းက ကျင့်ကြံသူလား။" ဝမ်ယွီ ရုတ်တရက် မေးလိုက်သည်။ သူ့လည်ချောင်းက အနည်းငယ် ခြောက်နေပြီး နှုတ်ခမ်းများ အကြိမ်အနည်းငယ် တုန်ရီနေသည်။

"ဟုတ်တယ်။" ထန်ရှုက ဖြေလိုက်သည်။

ဝမ်ယွီ၏မျက်နှာပေါ်တွင် ခါးသီးသောအမူအရာတစ်ခုကို ဖြစ်ပေါ်လာပြီး ဖြည်းညှင်းစွာ ပြောလာသည်။

"မင်း ငါနဲ့ ဘာကြောင့် မတိုက်ခိုက်ချင်တာလဲဆိုတာ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ ကြည့်ရတာ ငါ တကယ်ကို မာနကြီးပြီး ဘဝင်မြင့်လွန်းသွားတယ် ထင်တယ်။”

"မင်းရဲ့အားနည်းချက်တွေကို မင်း သဘောပေါက်တဲ့အတွက် မင်း တတ်နိုင်ရင် အနာဂတ်မှာ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါနဲ့ ဒါက ချင်ချန်းတောင်ရဲ့ အကြီးအကဲလား။ မဆိုးပါဘူး … ခင်ဗျားက သိုင်းပညာရှင်ကြီးအဆင့်ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ပိုမြင့်တဲ့အဆင့်ကို ရောက်နိုင်တယ်။"

ထန်ရှုက အပြုံးဖွဖွဖြင့် ဆိုလိုက်သည်။

ချင်ချန်းတောင်အဘိုးအိုသည် လက်သီးစုကာ အရိုအသေပေးရင်း လေးစားသော အကြည့်တို့ဖြင့် "ဝမ်လုကျုံးက စီနီယာအင်မော်တယ်ကို နှုတ်ဆက်ပါတယ်။"

"တခမ်းတနားတွေ မလုပ်ပါနဲ့။"

ထန်ရှုက လက်ဝှေ့ယမ်းကာ ဆိုလိုက်ရင်း

"တိုက်ဆိုင်မှုတစ်ခုကြောင့် ငါတို့ ဆုံကြတာပဲ။ ခင်ဗျားက ကျင့်ကြံမှုမှာ အတော်လေး ထက်မြက်တယ်ဆိုပေမယ့် အချို့အကျင့်စရိုက်တွေမှာ အားနည်းနေတယ်။ ဒီလို အကျင့်ဆိုးတွေကို နောင်မှာ ပြောင်းလဲနိုင်မယ်လို့ အတော် မျှော်လင့်ပါတယ်။ ဝမ်ယွီဆီကနေ ဒီကိစ္စမှာ သင်ယူသင့်တယ်လို့ ငါ ထင်တယ်။”

ချင်ချန်းတောင်အဘိုးအိုသည် ထန်ရှု မည်သည်ကို ရည်ညွှန်းသည်ကို သူသိသောကြောင့် အနေရခက်သွားဟန်ရသည်။ နောက်ဆုံးတွင် သူသည် ဗီဗီယန်နီကို စွန့်ပစ်ကာ ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏ လူများက သူမကို ဖမ်းဆီးခွင့်ပြုခဲ့သည်။ ထန်ရှု၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသော်လည်း အနည်းငယ်မျှ မကျေနပ်ဝံ့ဘဲ လေးစားသော အမူအရာဖြင့်

“ငါ သေချာပေါက် ငါ့ကိုယ်ငါ ပြင်ပါ့မယ်။”

ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဝမ်ယွီဘက်သို့ လှည့်ကာ တုံ့ပြန်လိုက်သည်။

"မင်း ဒီနေ့ ဗီဗီယန်နီကို ကူညီပေးခဲ့တဲ့အတွက် ဒီကျေးဇူးကြွေး သူမ တင်သွားပြီ။ ဒီကျေးဇူးကို ဆပ်ဖို့ သူမကို လိုအပ်ချိန်ရောက်ရင် ငါ့ဆီ ဖုန်းဆက်လိုက်ပါ။ ဒါပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ကျန်တဲ့သူတွေ မှတ်မိဖို့ မလိုဘူး။”

ထို့နောက်တွင် ကျိချွိမိန်သည် သူမ၏ဆန်းကြယ်သော အစွမ်းကို ထုတ်လွှတ်ပြီး ချင်ချန်းတောင်အဘိုးအိုနှင့် ကျန်လူများ၏ဦးခေါင်းဆီသို့ အလင်းတန်းများ ပစ်ခတ်လိုက်ရာ ဝမ်ယွီ၏မျက်နှာ ရုတ်ခြည်းပင် ပျက်သွားခဲ့သည်။

"ထန်ရှု … မင်း ... "

ထန်ရှုက သူ့လက်ကို မြှောက်ကာ ဝမ်ယွီ၏စကားကို ကြားဖြတ်လိုက်သည်။ မိနစ်ဝက်ခန့် တိတ်ဆိတ်သွားပြီးနောက် ချင်ချန်းတောင်အဘိုးအိုသည် မျက်လုံးများကို ပွင့်လာပြီး ခေါင်းယမ်းကာ ကြမ်းပြင်ပေါ်မှ ထလိုက်ရင်း သူ၏သွင်ပြင်သည် မူးဝေနေဟန် ရှိသည်။

"ငါ ဘာဖြစ်နေတာလဲ။ ဒီလူတွေက ဘယ်သူတွေလဲ။”

ဝမ်ယွီ၏နှလုံးသားထဲ တုန်လှုပ်သွားပြီး သူ၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားရသည်။ ၎င်းသည် လူတို့၏မှတ်ဉာဏ်များကို ဖျက်ပစ်ရန် ကြောက်စရာ ကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်ကို သူ နားလည်သွားသည်။

သူမက ဘယ်သူများလဲ။ ဤအကြီးအကဲ အမျိုးသမီးကြီးသည် ဤမျှကြောက်စရာကောင်းသော စွမ်းရည်ကို မည်သို့ရှိနေနိုင်ပါသနည်း။

ထန်ရှုသည် ဗီဗီယန်နီ၏လက်မောင်းကို ကိုင်ထားဆဲဖြစ်ပြီး ကြမ်းပြင်ပေါ်သို့ မချထားသောကြောင့် သူမထံမှ ခပ်သင်းသင်းရနံ့ကို ရှူရှိုက်မိနေသည်။ ထန်ရှုက သူမ၏လက်မောင်းကို အသာပုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အပြုံးဖြင့်

"ဒီနေ့ အဖြစ်အပျက်ပြီးရင် ဘာလုပ်ရမယ်ဆိုတာ မင်း သိပြီထင်တယ် ဝမ်ယွီ။ ဗီဗီယန်နီ ဒဏ်ရာရသွားလို့ သူ့ကို ငါနဲ့အတူ ခေါ်သွားရမယ်။ ငါတို့ မင်းကို အခုပဲ နှုတ်ဆက်လိုက်တယ်။ တစ်နေ့ကျရင် ပြန်ဆုံတာပေါ့။”

"ငါတို့ တနေ့ကျရင် ပြန်ဆုံကြမလား။"

ထန်ရှု၊ ဗီဗီယန်နီနှင့် ကြောက်စရာကောင်းသော အကြီးအကဲ အမျိုးသမီးတို့ ကောင်းကင်ပြာတွင် ပျောက်ကွယ်သွားချိန်တွင် ဝမ်ယွီသည် သူ့အရှေ့တွင် ဟာလာဟင်းလင်းဖြစ်သွားသလို ခံစားရသည်။ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ထန်ရှုကို မည်သည့်အခါမှ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သူ သိသောကြောင့် ဤအခိုက်အတန့်တွင် သူ့စိတ်အတွင်း၌ နက်ရှိုင်းသော ဆုံးရှုံးခြင်းတည်းဟူသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူနှင့် ထိုလူများသည် လုံး၀ ကမ္ဘာမတူကြပေ။

ချင်ချန်းတောင်အဘိုးအိုသည် လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး

“အဲ့ဒါက ဘာစွမ်းရည်လဲ။ ဒီလိုအရှိန်…”

ဝမ်ယွီသည် ထန်ရှု ပျောက်ကွယ်သွားသည့်နေရာကို စူးစူးနစ်နစ် ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "သူတို့က ဘယ်သူလဲဆိုတာ ကျွန်တော် မပြောနိုင်ပေမယ့် ခင်ဗျား ခုနက မြင်လိုက်တဲ့ မြင်ကွင်းကို မေ့နိုင်မယ်လို့ မျှော်လင့်တယ်။ ဒါမှပဲ ကျွန်တော်တို့ ချင်ချန်းတောင်တန်းအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်မလာရှိနိုင်မှာ။”

ကျင်းမန်ကျွန်း ထာဝရခန်းမ…

ဗီဗီယန်နီသည် သူမ၏မျက်လုံးများရှေ့တွင် ပွင့်နေသော ပန်းပွင့်ဝဲဂယက်ကိုသာ ခံစားလိုက်ရသည်။ ကောင်းကင်ယံ မိုးခြိမ်းသံနှင့် ပြင်းထန်သော ရာသီဥတု ပျောက်ကွယ်သွားသည်။ ထန်ရှုက သူမကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ထန်ရှုသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ရပ်လိုက်သည်ကို တွေ့လိုက်ရပြီး ပတ်ဝန်းကျင်တွင် သစ်ပင်များနှင့် အဆောက်အဦးများကို တွေ့ရှိသောကြောင့် အံ့အားသင့်သွားသည်။

"ဒီနေရာက ဘာလဲ။"

သူ့စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ရင်း ဗီဗီယန်နီက အံ့သြတကြီး မေးသည်။

"ငါ မင်းကို နောက်ဆုံးမေးခွန်းတစ်ခု မေးချင်တယ် ဗီဗီယန်နီ…" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"မင်းမှာ တခြားစိုးရိမ်စရာတွေ ရှိသေးလား။ ဒါမှမဟုတ် မင်း အပြီးမသတ်ရသေးတဲ့အရာတစ်ခု ရှိနေလား။"

ဗီဗီယန်နီက တခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ရှိတယ်။ ရှေးဟောင်းဆင်ရိုင်းအဖွဲ့ကို ချေမှုန်းပစ်ချင်တယ်။ ဒီအဖွဲ့အစည်းက လူတွေနဲ့ ငါ ရင်ဆိုင်ရတာတွေ ရှိတယ်။၊ ဒီလူတွေက တကယ့်ကို ဆိုးရွားတဲ့ မကောင်းဆိုးဝါးတွေချည်းပဲ။”

"ဒီတစ်ခုပဲဆိုရင် မနည်းဘူးလား။" ထန်ရှုက ထပ်မေးသည်။

“ငါ … ဒီတစ်ခုလောက်ပါပဲ။ ငါ့မှာ မိသားစု မရှိတော့သလို ဗာတီကန်နဲ့လည်း ဆက်ဆံရေး မရှိတော့လို့ ငါ့မှာ စိတ်ပူစရာ ဘာမှမကျန်တော့ဘူး။"

ဗီဗီယန်နီက ဖြေသည်။

ထန်ရှုက ခေါင်းညိတ်ရင်း

"ဒီလိုဆိုမှဖြင့် မင်း ဒီမှာပဲ ထာဝရခန်းမရဲ့ အသင်းဝင်အဖြစ်နဲ့နေပါ။ မင်း သေသွားရင် ဒီမှာပဲ ဝိညာဉ်ဖြစ်လာမယ်။ ဒါက ကျင်းမန်ကျွန်း … ထာဝရ ခန်းမရဲ့ ဌာနချုပ်ပါ။ မင်း ဒီမှာ လောလောဆယ် နေနိုင်တယ်။ မင်းဘဝရဲ့နေ့စဉ်လိုအပ်တာတွေကို စီစဉ်ပေးဖို့နဲ့ ဒီနေရာကို ရင်းနှီးအောင် လမ်းညွှန်ပေးဖို့ တစ်ယောက်ယောက်ကို ငါ လွှတ်လိုက်မယ်။"

"ကောင်းပါပြီ။" ဗီဗီယန်နီက ထပ်မေးလိုက်သည်။

"ငါ အဲ့ဒီအခွင့်အရေးကို ဘယ်အချိန် ရနိုင်မှာလဲ။"

ဘေးမှာ ရပ်နေသော ကျိချွိမိန်က ကြားဖြတ်ပြောလိုက်သည်။

"မင်းကို ဒီနေရာ ခေါ်လာတာနဲ့တင် အခွင့်အရေးတစ်ခု ဖြစ်နေပြီ မိန်းကလေး။"

"ဒါအမှန်ပဲ။ မင်း ဒီနေရာနဲ့ အကျွမ်းတဝင် ဖြစ်သွားရင် တစ်ယောက်ယောက်က မင်းဆီလာပြီး မင်း ပိုပြီးသန်မာလာစေမယ့် ကျင့်ကြံနည်းစနစ်ကို မျှဝေပေးလိမ့်မယ်။"

သူတို့ စကားပြောဆိုနေစဉ်တွင် ဂူရှောင်ရွှဲ့၏ပုံရိပ်သည် ခပ်လှမ်းလှမ်းမှ ပေါ်လာပြီး အသက်ရှူချိန် အနည်းငယ်အတွင်း ထန်ရှု၏အရှေ့သို့ ရောက်လာသည်။ သူမက ဗီဗီယန်နီကို တစ်ချက်စူးစမ်းလိုက်ပြီးနောက် “ဆရာအဘိုး … လူလူ ကျွန်မဆီ ဖုန်းဆက်တယ်။ သူက ရှင့်ကို လိုက်ရှာနေတာ အရမ်းအရေးကြီးတယ်လို့ ပြောတယ်။"

"အိုးရန်လူလူလား…"

ထန်ရှု သိလိုစိတ်အနည်းငယ် ဖြစ်သွားသည်။ ထန်ရှု သူ့ဖုန်းကို ထုတ်ပြီး အိုးရန်လူလူဆီ ဆက်လိုက်သည်။ သူ ဖုန်းခေါ်ဆိုပြီး ခဏအကြာတွင် အိုးရန်လူလူ၏အသံ လျင်မြန်စွာ ထွက်လာသည်။

"ထန်ရှု … နင်လား။"

"ဟုတ်တယ်။ ဘာတွေ ဖြစ်တာလဲ။"

"နင် အခု ဘယ်မှာလဲ။" အိုးရန်လူလူက လျင်မြန်စွာ မေးလိုက်သည်။

"နင် ရှန်ဟိုင်းကို အမြန်ပြန်လာနိုင်လား။ ဟန်ကျင်းဝူ မတော်တဆမှုတစ်ခု ကြုံလိုက်ရတယ်။”

ထန်ရှု၏အမူအရာ ပြောင်းလဲသွားပြီး အသံလေးလေးဖြင့် မေးလိုက်သည်။

“သူ ဘာဖြစ်သွားလို့လဲ။”

All Chapters