← Chapters

နားလည်ရန်ခက်သည့် အန်လင်း

Vol. 3 Ch. 34

နားလည်ရန်ခက်သည့် အန်လင်း

Vol. 3 Ch. 34

“ခွေးကြီးချုပ်ထားတာ ခံနေရတဲ့သူက လျှိုကျန်းနဲ့ မတူဘူးလား … သူက အင်မော်တယ်အဆင့် ဇယားရဲ့ နံပါတ်၄၅လေ …”

“ညီအစ်ကို … ခင်ဗျားရဲ့ မျက်လုံးတွေက စူးရှလိုက်တာ … သူ့မျက်နှာက စုတ်ပြတ် နေအောင် ထိုးခံထားတာ တောင်မှပဲ ခင်ဗျားက မှတ်မိနေတုန်းပဲ …”

***

“တစ်ယောက်ယောက်များ အဲဒီခွေးက ဘာဖြစ်နေတယ် ဆိုတာ ကျုပ်ကို ရှင်းပြနိုင်မလားဗျာ …”

ထိုသို့ ပြောလိုက်သည့် အခိုက်အတန့်မှာပင် ရင်ပြင်တစ်ဝှမ်း တိတ်ဆိတ် သွားကြပြန်သည်။

“အဲဒီခွေးကိုတော့ မသိဘူးဗျ … ဒါပေမဲ့ လူကတော့ ကျောင်းသားသစ် အန်လင်းလို့ ထင်နေတယ် …”

“ဘယ်လို ဘယ်လို … တာအိုခန္ဓာ ဗလာအဆင့်နဲ့ ကျောင်းကို ဝင်ခွင့်ရတဲ့ကောင် ဟုတ်လား …”

ကြည့်ရှုနေကြ သူများမှာ အန်လင်း၏ မျက်နှာ တစ်ခြမ်းကိုသာ မြင်နေရသည့် အတွက် ကျောင်းသား အများစုသည် သူ့အား မမှတ်မိကြခြင်း ဖြစ်သည်။

အစဖော်ပေး လိုက်သည်နှင့် ကျောင်းသား အများစုသည် ကျောင်းနာမည်ကြီး လူပုဂ္ဂိုလ်မျာ စာရင်းတွင် ရှိနေသည့်ပုံနှင့် တူညီမှုများကို စတင် မြင်လာ ကြတော့သည်။

“သောက်ခွေးနဲ့မှ … တကယ်ကြီး အဲကောင်ဟ …”

“သူကျောင်းအပ်တုန်းက တာအိုခန္ဓာ ဗလာအဆင့်မှာပဲ ရှိနေတာ မဟုတ်ဘူးလား … ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာလာတာလဲ …”

ကျောင်းသား များစွာသည် သူတို့ မြင်လိုက်ရသည် များကြောင့် အလွန်အံ့အား သင့်လျက် ရှိနေသည်။

သူတို့က ကျောက်သား မျက်နှာပြင်မှနေသာ တိုက်ပွဲကို ကြည့်ရှု့ နေကြရသော်လည်း အန်လင်း လက်သီးချက်များမှ ထုတ်လွှတ် လိုက်သည့် စွမ်းအားသည် သာမန် ကျောင်းသားများ ထုတ်လွှတ် နိုင်သည်ထက် ပိုမိုပြင်းထန်သည်ကို ပြောနိုင်ကြပေသည်။

လက်သီးထိုးသွင်း လိုက်သည့် အခါတွင် ကြောက်မက်ဖွယ် ကောင်းသည့် လေအော်သံများကို ကြားရပြီး လက်သီးချက် ထိမိသည့် အခါတွင်တော့ လျင်မြန်ကာ ပြင်းထန် လွန်းသည်။

ဘုရားရေ …။ တာအိုခန္ဓာ ဗလာအဆင့်နှင့် ကျောင်းတော်သို့ ဝင်ရောက် လာသည့် နောက်ခံ အကောင်းဆုံးသော မရိုးဖြောင့်သည့် ကျောင်းသား တစ်ဦးမှာ အင်မော်တယ် အဆင့်ဇယား ပါရမီရှင်ကို အပြင်းအထန် ထိုးနှက်လျက် ရှိနေသည်မှာ မမျှော်လင့် ထားသည့် မြင်ကွင်းပင်။

သေမျိုးတွေက ဒီလိုမျိုးပဲလား … ဒါမှမဟုတ် အရှုံးသမား တစ်ယောက်ရဲ့ တန်ပြန် တိုက်ခိုက်မှု…

ကျောင်းသား အများစိတ်က တဖြည်းဖြည်းနှင့် အသိစိတ် ပြန်လည် လာကြသည်။ အထူးသတင်းဟေ့ …။

ကျောက်စိမ်းဖြူရင်ပြင်၏ အခြေအနေသည် တက်ကြွလာပြီး ကျောင်းသား အများစုသည် ထိုတိုက်ပွဲ အကြောင်းကို အတောမသတ် နိုင်အောင် ငြင်းခုန်လျက် ရှိနေကြသည်။

ကျောင်းသား အချို့က အန်လင်းသည် ကျောင်းဝင်စဉ်အခါက သူ့ခွန်အားများကို ဖိနှိပ်ထားခြင်း ဖြစ်ရမည်ဟု ထင်ကြသည်။ အချို့သည်တော့ အန်လင်း ပိုင်ဆိုင် ထားသည့် အထွတ်အထိပ် နတ်ဘုရား သွေးမျိုးဆက်မှာ လက်တလော အချိန်ကာလတွင် နိုးထလာခြင်း ဖြစ်ရမည်ဟု ထင်ကြသည်။ ထို့အပြင် အချို့သော ကျောင်းသူလေး များသည် အန်လင်းအား ပိုလို့ စိတ်ဝင်စား လာကြသည်။ ထိုအချိန်မှာပင် စကားတစ်ခွန်း ထွက်ပေါ် လာပြန်သည်။

“မင်းတို့ ဘာပဲပြောပြေ ငါကတော့ အဲဒီခွေးကိုပဲ စိတ်ဝင်စားတယ် …”

ထိုသို့ ကြားလိုက်ပြီးနောက် ရင်ပြင် တစ်ခုလုံးရှိ ကျောင်းသားများသည် တိတ်ဆိတ် သွားကြပြန်သည်။

***

တောင်ထွတ်တစ်ထောင် တောအုပ် အတွင်းတွင်တော့ အန်လင်းသည် ကျောက်စိမ်းဖြူ ရင်ပြင်တွင် ဖြစ်ပျက်နေသည်များနှင့် ပတ်သက်လို့ သိရှိခြင်း မရှိပေ။

သူသည် လျှိုကျန်းအား ထိုးနှက်ခြင်းဖြင့် အလုပ်များလျက် ရှိနေကာ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လျက် ရှိနေသည်ကြောင့် ကျယ်လောင်သည့် အသံများ ထွက်ပေါ်နေလေသည်။

သနားစဖွယ် လျှိုကျန်း …။ တစ်ချက်လေးမှ လှုပ်ရှားခွင့် မရလိုက်ဘဲနှင့် အန်လင်းက သူ့အား ရွှေရောင် အကာအကွယ် ထွက်ပေါ် လာသည့်တိုင်အောင် ထိုးနှက်ခဲ့သည်။

လျှိုကျန်းသည် မျက်ရည်များ ဝဲလျက် ရှိသည်။ သူ့နှုတ်ခမ်းများ သည်လည်း တဆတ်ဆတ် တုန်ယင်နေသည်။ ခက်ခက်ခဲခဲဖြင့် ပါးစပ်ကိုဟကာ “အန်လင်း … မအေဘေး … မင်းဘိုးဘေးတွေရဲ့ သင်္ချိုင်းကိုများ ငါက တူးမိခဲ့လို့လား …”

သောက်ကျိုးနည်း … သူက ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကောက်စား အကွက်လေး သုံးချင်ခဲ့ရုံပါ …။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် ကောင်းကင်ပေါ်မှ ရုတ်တရက် ဆင်းလာပြီး စကားတစ်ခွန်းမှ မဆိုဘဲ သူ့အား ရိုက်နှက်ကြသည်။ ပို၍ အရေးကြီးသည်မှာ ထိုနှစ်ယောက်သည် သူ့မျက်နှာကိုသာ ရိုက်နှက်နေကြခြင်း ဖြစ်သည်။

ဘယ်သူ့ကိုများ စော်ကား မိထားလို့လဲဗျာ …

အန်လင်းသည် သူ့အား အလွန်အမင်း ဒေါသထွက်နေပုံဖြင့် ကြည့်လာသည်။ သူ့အား အရှင်လက်လက် အရေခွံနွှာကာ အကောင်လိုက် မျိုချချင်နေပုံ ရသည်။

သို့ပေမဲ့လည်း ဒီတစ်ကြိမ်မှာ သူတို့၏ ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

ဘယ်လိုဖြစ်ပြီး ထိုမျှလောက် မုန်းတီးကာ လက်စားချေချင် နေမှန်း သူမသိ။

ရွှေရောင် အကာအကွယ် ပေါ်လာသည့် အခါတွင် အန်လင်းက မျက်မှောင်ကြုတ်ကာဖြင့် “နာကျင်လိုက်တာ …” ထိုသို့ပြောရင်း သူ့လက်သီးကိုပါ ပွတ်နေ လိုက်သေးသည်။

လျှိုကျန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ဘတ်ထဲမှ တင်းကျပ် လာသည်။ ပါးစပ်နှင့်အပြည့် သွေးအန်မိတော့ မတတ်ပင်။

အန်လင်းသည် လျှိုကျန်းအား စိုက်ကြည့် လိုက်သည်။

“အိုး … မင်းမေးတာကို ဖြေရသေးတာပေါ့ … မင်းက ငါ့ဘိုးဘေးတွေရဲ့ သင်္ချိုင်းကိုတော့ မတူးထားပါဘူး …”

“အခုလို မင်းကို ရိုက်နှက်ရတဲ့ အကြောင်းအရင်းကတော့ မင်းက ငါ့အလုပ်ကို ခိုးယူထားလို့ပဲ …”

“သေချာ နားထောင်ထား …”

“ငါက ကောက်စား ကျွမ်းကျင် ပညာရှင်ပဲ … ကောက်စားအကွက် ဆိုတာ ငါနဲ့ပဲ သက်ဆိုင်တယ် …”

“ငါက သေချာပေါက်ကို ကောက်စားဘုရင် ဖြစ်လာလိမ့်မယ် …”

သူပြောပြီးသည့် နောက်တွင် အန်လင်းက သူ့ကိုယ်သူ လက်မဖြင့် ညွှန်ပြလိုက်သည်။ သူ့မျက်နှာတွင် ကျေနပ်မှုနှင့် အောင်ပွဲခံသည့် အမူအရာများ လျှပ်ပြေးနေသည်။

ပလွတ် …

ထိုစကားကို ကြားပြီးသည့် နောက်တွင်မူ လျှိုကျန်းသည် အောင်မြင်စွာဖြင့် သွေးတစ်လုပ် အန်လိုက်နိုင်သည်။

***

ကျောက်စိမ်းဖြူရင်ပြင်ရှိ ကျောင်းသားများသည် နောက်တစ်ဖန် ကြက်သေ သေသွားကြ ပြန်သည်။

ဖန်သားပြင်သည် မှတ်တမ်းတင်ပြီး ကြည့်ရှုလို့သာ ရနိုင်သည်။ ဆိုလိုသည်မှာ ကျောင်းသားများ အနေဖြင့် တိုက်ပွဲ ကွင်းပြင်တွင် ပြောဆို နေကြသည်များကို ကြားနိုင်ဖို့ရာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျောင်းသားများသည် လျှိုကျန်းသည် ရုတ်တရက် သွေးမအန်ခင်တွင် အန်လင်း တစ်ခုခု ပြောလိုက်ခြင်းကိုသာ မြင်နိုင်ကြသည်။

“အားပါးပါး … စွမ်းအားကြီးလိုက်တာ … အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ ဧရာမ ချေမှုန်းချက်ဆိုတာ ဒါမျိုးလား …”

“မဟုတ်ဘူး … ငါထင်တာကတော့ တစ်ဖက်လူကို ဒဏ်ရာပြင်းထန်စွာ ရစေနိုင်တဲ့ အသံလှိုင်းတစ်မျိုးပဲ ဖြစ်မယ် …”

“သောက်ကျိုးနည်းကွာ … ဒီမှော်စွမ်းအင်ကာ ရွှေရောင် အကာအကွယ်ထဲက လူကိုတောင် ဒဏ်ရာ ရစေနိုင်တာလား … သောက်ရမ်းကြမ်းတယ်ဟေ့ …”

“အန်လင်းက တကယ်ကို နားလည်ရ ခက်တာပဲ … သူကမှ ပြိုင်ဘက်ကင်း ပါရမီရှင်ကွ …”

***

တောင်ထွတ်တစ်ထောင် တောအုပ် အတွင်း …

လျှိုကျန်း ပျောက်ကွယ် သွားသည်နှင့် အန်လင်းသည် အာရုံကို စုရှောင်လန်ဆီသို့ ပို့လွှတ်လိုက်သည်။

ဘုန်း …

မီးလျှံများ ထွက်ပေါ်လာကာ အပူရှိန်သည် အလျှံငြီးငြီး တောက်လောက်လျက် ရှိသည်။

စုရှောင်လန်သည် မီးလျှံများ အကြားမှ လျှောက်လှမ်း ထွက်လာသည်။ မီးလျှံများသည် ကိုယ်ပိုင် စိတ်ဝိညာဉ်များ ရှိနေကြသလို သူမခန္ဓာကိုယ်အား ဝန်းရံကာ ကခုန် နေကြသည်။

သူမ အနောက်တွင်တော့ အင်မော်တယ် အဆင့်ဇယား၏ အဆင့်၂၉ ချုံးရှသည် မြေပြင်တွင် ဒူးထောက်လျက် ရှိနေပြီး ရွှေရောင် အကာအကွယ်သည် သူ့ပတ်ပတ်လည်တွင် ပေါ်လာခဲ့သည်။

စုရှောင်လန် သွင်ပြင်ကို  မြင်ရသည်မှာ အန်လင်း နှလုံးသားအား ဆွဲဆုပ် ထားသလိုပင်။ ထို့ကြောင့် သူမဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

သူမ ခန္ဓာကိုယ်တွင် ဓားချက် အမြောက်အများ ရှိနေပြီး အဖြူရောင် တာအိုဝတ်စုံတွင် သွေးများ ရွှဲရွှဲစိုနေသည်။ သူမ၏ လှပသည့် မျက်နှာလေးမှာလည်း ဖြူဖျော့လျက် ရှိသည်။

“စုရှောင်လန် …” အန်လင်းက အော်လိုက်သည်။

သူမဆီသို့ လူတစ်ယောက် အပြေးလာ နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည့် မျက်နှာလေးတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ယှက်သန်း လာသည်။ “အန်လင်း … ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ …”

“ဒီနေရာမှာ တိုက်ပွဲဖြစ်နေတဲ့ အသံကြားလို့ ရောက်လာတာ … ဘယ်လိုလဲ … နင်အဆင်ပြေရဲ့လား …” အန်လင်းက စိုးရိမ်စွာဖြင့် မေးလိုက်သည်။

စုရှောင်လန်က ညင်သာစွာဖြင့် ခေါင်းခါ လိုက်သည်။ တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိခြင်းသည် ပုံမှန်သာ ဖြစ်သည်။ သူမအတွက် ထိုဒဏ်ရာ များသည် စိုးရိမ်လောက်စရာ မဟုတ်ပေ။

ထို့နောက်တွင် သူမသည် အန်လင်း အနောက်ဘက်ရှိ ခွေးကြီးကို မြင်လိုက် ရသည့်အခါ အံ့ဩသည့် အကြည့်များ ပေါ်လာသည်။ “အန်လင်း … နင့်နောက်က ခွေးက ဘာလုပ်နေတာလဲ …”

“အိုး … သူလား … တပိုင်လေ …”

“အာ … သူက နင်ငါ့ကို ပြောပြတဲ့ အကျင့်မကောင်းဘူးဆိုတဲ့ ခွေးလား … ရေချိုးနေတဲ့ ကောင်မလေးတွေကို ချောင်းကြည့်တာလေ …” စုရှောင်လန် မျက်လုံးများသည် ပြူးကျယ်လာပြီး အံ့ဩတကြီးဖြင့် သူမ ပါးစပ်များကိုပင် လက်ဖြင့် အုပ်လိုက် သေးသည်။

သူမက လုံးဝကို မယုံကြည်နိုင်ပေ။ ထိုအကျင့်မကောင်းသည့် ခွေးသည် အလွန်ကြီးမားပြီး ထိတ်လန့်ဖွယ် ဖြစ်သည်။

“ဝုတ် … အန်လင်း… ဒါက မင်းငါ့ကို တခြားသူတွေနဲ့ မိတ်ဆက်တဲ့ ပုံလားကွ …”

တပိုင်မှာ ဒေါသတကြီး ဖြစ်လာသည်။ “လူတွေပြောကြတာက မိသားစု အတွင်း မကောင်းတဲ့ ကိစ္စတွေကို ဘယ်တော့မှ အပြင်ကို ထုတ်မပြောသင့်ဘူးတဲ့ … သူငယ်ချင်း မိတ်ဆွေတွေရဲ့ ဆိုးကွက် တွေကိုလည်း ထုတ်မပြောသင့်ဘူးလို့ ဆိုကြတယ် … မင်းက ငါ့ကောင်းကွက်တွေကို ထုတ်ပြောလို့ မရဘူးလားကွ …”

အန်လင်းမှာ အကြောင်းမဲ့စွာဖြင့် ခေါင်းအား ကုတ်ဆွဲ နေသည်။ အန်လင်း၏ ပွင့်လင်းမှုနှင့် စိတ်ထဲရှိသည့် အတိုင်း ပြောဆိုသည် တို့ကို စုရှောင်လန်က သိနေပြီး ထိုသည်ကပင် သူ့အား ပြဿနာ ဖြစ်စေသည်။ “အာ … တပိုင်က အရမ်းကို ချစ်စရာကောင်းပြီး ကြီးမားလိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး … မြင်နေရတာတောင် မယုံနိုင်ဘူးဟယ် … ပြောပါဦး … နင်တို့ နှစ်ယောက်က ဘယ်လိုမျိုး တွေ့လာကြတာလဲ …” စုရှောင်လန်သည် အလျင်အမြန်ပင် ခေါင်းစဉ် ပြောင်းလိုက်ရသည်။

စုရှောင်လန်၏ ချီးမွန်းမှုကြောင့် တပိုင် အမူအရာသည် အနည်းငယ် ပြေလျော့ သွားသည်။

ထိုမှသာ အန်လင်း သည်လည်း စုရှောင်လန် အပြောကို လိုက်ပြီး သူနှင့် တပိုင်တို့ ဆုံခဲ့ပုံကို ရှင်းပြလိုက်သည်။

***

အန်လင်းသည် လျှိုကျန်းအား အနိုင်ရရှိပြီး နောက်တွင် စုရှောင်လန် ဆီသို့ လျှောက်သွားသည့်အခါ ကျောက်စိမ်းဖြူရင်ပြင်ရှိ ကျောင်းသားများသည် ကြီးကျယ်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားတော့မည်ဟု တွေးထင် နေကြသည်။

သို့ပေမဲ့လည်း မယုံနိုင်စရာ ကောင်းလောက်အောင်ပင် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်သည် ပျော်ရွှင်စွာ စကားပြော နေကြသည်။

“ဘယ်လို … သူတို့တွေက ရင်းနှီး နေကြတာလား …”

“ထားလိုက်တော့ … တခြားပွဲတွေ ကြည့်ကြမယ် …”

ကျောင်းသား အချို့သည် စိတ်ပျက်စွာ ပြောဆိုနေကြသည်။

လက်တလောတွင် ဖန်သားပြင်၌ အကွက်ပေါင်း ဆယ်ကွက်ထက်မနည်း ရှိနေပြီး အကွက် တစ်ခုချင်းစီသည် မတူညီသည့် တိုက်ပွဲများကို ပြသလျက် ရှိနေသည်။ ကျောင်းသားများ သည်လည်း သူတို့ စိတ်ဝင်စားရာ တိုက်ပွဲ အသီးသီးကို ကြည့်ရှုနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု တာဝန်ခံ ဆရာသည် အန်လင်းအကွက်ကို ဖယ်ထုတ် ပစ်တော့မည် ဖြစ်သည်။ သို့ပေမဲ့လည်း သူမြင်လိုက်ရသည့် အရာကြောင့် ခဲတောင့် သွားတော့သည်။ မျက်လုံးများ သည်လည်း အလွန် အံ့အားသင့်နေမှုကြောင့် ပြူးကျယ်လျက် ရှိနေသည်။

“ဟေ့ … ဟေ့ … အန်လင်း အကွက်ကို မြန်မြန်ကြည့်လိုက် …” ကျောင်းသား တစ်ယောက်၏ ထိတ်လန့်တကြား အော်သံသည် ရုတ်တရက် ဆိုသလို ထွက်ပေါ်လာသည်။

ထိုအခါ ကျောင်းသား အများစုသည် သူတို့အာရုံကို အန်လင်းဆီသို့ ပို့လိုက်ကြသည်။ ထို့နောက် သူတို့ မျက်မြင် တွေ့လိုက်ရသည့် အရာမှာ တစ်ခါလေးမျှပင် စဉ်းစားထားဖူးခြင်း မရှိသည့်အရာ ဖြစ်သည်။ အားလုံးသည် နေရာမှာပင် ကြောင်အပြီး တွေဝေ နေကြတော့သည်။

ထိုမြင်ကွင်းသည် အရမ်းကို လှပ လွန်းသည်။ လှပလွန်းသည့် အတွက် လူအားလုံးမှာ အသက်ရှူဖို့ပင် မေ့လျော့ ကုန်ကြသည်။ ရင်ပြင်သည် ချက်ချင်း ဆိုသလို တိတ်ဆိတ်ငြိမ်သက် သွားသည်။

လူနှစ်ယောက်နှင့် ခွေးတစ်ကောင်သည် ပျော်ရွှင်စွာ စကားပြောဆိုနေရာမှ မမျှော်လင့်ထားသည့် အပြောင်းအလဲ တစ်ခု ဖြစ်ပွားလာခဲ့သည်။

ကြီးမားသည့် ခွေးဖြူကြီးသည် ရုတ်တရက် ဆိုသလို သူ၏ ကြီးမားသည့် ပါးစပ်ကြီးကို ဖွင့်ကာ စုရှောင်လန်အား မျိုချ လိုက်တော့သည် …။

***

All Chapters