← Chapters

တိုးတက်မှုလမ်း

Vol. 57 Ch. 792

တိုးတက်မှုလမ်း

Vol. 57 Ch. 792

ထန်ရှုသည် သူ အချိန်ကြာမြင့်စွာ မနေဖူးသေးသည့် ကြယ်ပြာအိမ်ရာသို့ ပြန်သွားခဲ့သည်။ ထို့နောက် ၃ရက်အကြာတွင် ကျင်းမန်ကျွန်းတွင် စုဝေးကြမည်ဖြစ်ကြောင်း ကျူးလုံထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ကျူးလုံက သူ့အား အလွန်စွမ်းဆောင်နိုင်သည်ဟု ထင်စေရန် တွေးပြီး အနိမ့်အမြင့်အတက်အကျမရှိသော လေသံဖြင့် တုံ့ပြန်လိုက်သောကြောင့် ဒေါသကြီးသွားစေသည်။

လတ်တလောတွင် သူ့၌ ကျင့်ကြံရန် အချိန်အနည်းငယ်သာ ရှိတော့သည်။ နေ့တိုင်း နာရီအနည်းငယ်ကြာ ကျင့်ကြံသော်လည်း ဆာလောင်နေသော ကလေးငယ်များသဖွယ် သူ၏ ဒန်တျန်အတွင်းရှိ ထောင်ပေါင်းများစွာသော ဂြိုလ်များအတွက် တိုးတက်မှုမှာ လွန်စွာ နှေးကွေးလှသည်။ ကျင့်ကြံရန် အချိန်ကို ရယူမှသာ ဂြိုဟ်တစ်လုံးစီသည် ဖွံ့ဖြိုးတိုးတက်ပြီး အလွန်ကြီးမားသော စွမ်းအင်များ ပါရှိသော ဂြိုလ်အစစ်များ လျှင်မြန်စွာ အမှန်တကယ် ဖြစ်လာနိုင်ပေမည်။

သို့သော် သူ ကျေးဇူးတင်မိသော အရာတစ်ခုရှိသည်။ သူ့ လက်စွပ်ထဲတွင် နတ်ဆိုးကျောက်တုံးအများအပြား ရှိနေသေးသည်။ ဤကျောက်တုံးများတွင်ပါရှိသော နတ်ဆိုးစွမ်းအင်ကို သူ စုပ်ယူနေသရွေ့ ဒန်တျန်ထဲရှိ ပထမဆုံးဂြိုဟ်သည် အမှန်ကန်ဆုံးသဘောတရားဖြင့် တကယ့်စွမ်းအင်ဂြိုလ်အစစ်အဖြစ် လုံးလုံးလျားလျား ဖြစ်ပေါ်လာပေမည်။ သို့သော်လည်း ဆေးလုံးများသည် သူ့အတွက် အနည်းငယ်သာ ထိရောက်မှု ရှိသော်လည်း ဘာမှမရှိသည်ထက်တော့ ပိုမိုကောင်းမွန်ပေသည်။ သူ့တွင် လုံလောက်သော အရင်းအမြစ်များ ရှိနေသရွေ့ ဆေးလုံးများကို သန့်စင်နိုင်ပေသည်။

'ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တိုးလာခြင်းသည် အကန့်အသတ်အခြေအနေ ဖြစ်နေပြီ။ အဲ့ဒါကို ပိုပြီး တိုးတက်ချင်ရင်တော့ ခန္ဓာကိုယ်သန့်စင်ဆေးရည်ကို အဆင့်ပိုမြင့်ဖို့ လိုတယ်။ သွေးစုစည်းဆေးလုံးက ဒီရည်ရွယ်ချက်အတွက် အတော်သင့်လျော်ပေမယ့် သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းများလွန်းနေတယ်။ ကမ္ဘာပေါ်က ထိပ်တန်းပစ္စည်းတွေရဲ့အကန့်အသတ်ကို ရောက်လုနီးပါးပဲ။ ကျွန်းရဲ့တောင်ပေါ်ကနေ ဆေးပင်အများကြီး ရခဲ့သလို အစားထိုးနိုင်တဲ့ သတ္တုရိုင်းတစ်မျိုး သို့မဟုတ် နှစ်မျိုးရှိပေမယ့် သားရဲရိုင်းတွေရဲ့အရိုးတွေကတော့ ...'

' အလယ်အလတ်သားရဲရိုင်းတွေရဲ့အရိုးတွေကို အသုံးပြုတဲ့ချိန်မှာ အဆင့်နိမ့်သားရဲရိုင်းတွေရဲ့ အရိုးတွေက ဘာမှ အကျိုးသက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး။ ငါ အဲ့ဒီကနေ အဆီအနှစ်တွေကို ရာချီပြီး မထုတ်ဘူးဆိုရင် သွေးစုစည်းဆေးလုံးကို လုံးဝ သန့်စင်နိုင်မှာ မဟုတ်ဘူး။ ကမ္ဘာမြေပေါ်မှာဆိုရင် နတ်ဆိုးနဂါးပင်လယ်ကျွန်းဧရိယာ ဒါမှမဟုတ် ကန်ပေ့မြို့အနီးက မီးချီလင်နေထိုင်တဲ့ ကောင်းကင်မီးတောင်ကြားဧရိယာတွေမှာပဲ အဆင့်မြင့်သားရဲရိုင်းတွေ တည်ရှိနိုင်မယ်။'

'ဒါပေမယ့် ငါ့ရဲ့လက်ရှိအင်အားနဲ့ဆိုရင် ဒီအဆင့်မြင့်သားရဲရိုင်းတွေကို သတ်ဖို့ဆိုတာက ရူးသွပ်တဲ့အိပ်မက်တစ်ခုလိုပဲ။ ချွိမိန် ဒါမှမဟုတ် ယန်အာက ဒါကို လုပ်ဆောင်နိုင်တယ်ဆိုရင် သူတို့အပေါ် ကြီးမားတဲ့ တုံ့ပြန်မှုကို ဖြစ်သွားစေလိမ့်မယ်။ ကောင်းကင်တာအိုက သူတို့တွေကို ဒီဂြိုဟ်ပေါ်မှာ ဖိနှိပ်ပြီး နှင်ထုတ်နိုင်တယ်။ ဒါကြောင့် သူတို့ကို ထည့်တွက်လို့မရဘူး။'

ထန်ရှုသည် ပြတင်းပေါက်ဘေးတွင် ကျင့်ကြံနေရင်း အပြင်ဘက် စိမ်းလန်းသောရှုခင်းကို စိုက်ကြည့်ကာ မရေမတွက်နိုင်သော အတွေးများ တွေးတောနေမိသည်။ သူ၏ဒန်တျန်ကမ္ဘာအတွင်းရှိ ဂြိုလ်များအားလုံးအား စွမ်းအင်ဖြင့်ပြုလုပ်ထားသော ဂြိုဟ်အစစ်များ ဖြစ်လာစေရန်အရာသည် တစ်ညလုံး လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ချေ။ သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးပြီး ကောင်းကင်ဘုံစကြာဝဠာပညာရပ်အား မြင့်မားသောအဆင့်သို့ ရောက်အောင် ကျင့်ကြံခြင်းသည် သူ့တွင် လုံလောက်သော အရင်းအမြစ်များရှိနေသရွေ့ လွယ်ကူစွာ အောင်မြင်နိုင်ပေမည်။

'ငါသာ အင်မော်တယ်ကမ္ဘာမှာ ရှိနေရင် ငါ လိုအပ်တဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေကို ဝယ်ရတာ ပိုလွယ်လိမ့်မယ်။ ငွေအမြောက်အမြား ပေးဆောင်ရမယ်ဆိုရင်တောင်မှလေ။”

စိတ်အတွင်းထဲတွင် ဖြစ်ပေါ်နေသော နောင်တအနည်းငယ်ဖြင့် ထန်ရှုသည် နတ်ဆိုးကျောက်တုံးကို ထုတ်ယူကာ စုပ်ယူကျင့်ကြံလိုက်သည်။ သူသည် မကြာသေးမီက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် သူ့တွင် ခွန်အားမပြည့်မီကြောင်း သတိပြုမိလာသည်။ မဟူရာကလပ်မှ မတူညီသော မျိုးနွယ်စုများ၊ ပိရမစ်မှ ဒြပ်စင်ထိန်းချုပ်သူများ သို့မဟုတ် ရှေးဆင်ရိုင်းအဖွဲ့မှ အသွင်ပြောင်းများအားလုံးတွင် ကြောက်မက်ဖွယ် ခွန်အားများ ရှိကြသည်။ လက်ရှိသူသည် လွန်စွာ သန်မာနေသည့်တိုင် အချို့နေရာများတွင် တိုးတက်ရန် လိုအပ်ချက်အချို့ရှိနေပါသေးသည်။ သူ အသုံးပြုနိုင်သော ဝှက်ဖဲများစွာရှိသော်လည်း အစွမ်းထက်သော ကျွမ်းကျင်သူများစွာ၏ ဝိုင်းထားခြင်းကို ခံရပါက ရန်သူများလက်ထဲတွင် သေဆုံးသွားနိုင်ဖွယ်ရှိသည်။

အရေးကြီးဆုံးမှာ သူသည် မကြာမီ ကြယ်သုံးပွင့် အကြွင်းအကျန်ထဲသို့ ဝင်ရောက်ကာ ရတနာအချို့ကို စူးစမ်းရှာဖွေရယူရတော့မည်ဖြစ်သည်။ စွန့်စားလေလေ ပိုရိတ်သိမ်းနိုင်လေလေ ဖြစ်သည်ကို သူ ကောင်းစွာ သိပေသည်။ ယနေ့ခေတ် သိပ္ပံနှင့်နည်းပညာ၏ အစွမ်းအစကိုလည်း သူ မစမ်းဝံ့ပေ။ ကြောက်စရာကောင်းသော နည်းပညာအစွမ်းက သူ့အား ဦးတည်တိုက်ခိုက်လာပါက သူ အပိုင်းပိုင်းအစစ ဖြစ်သွားမည်ဆိုသည်ကို သူ သိပေသည်။

မည်သို့ပင်ဆိုစေကာမူ ခွန်အားသည် ထာဝရ အကျိုးကျေးဇူး ဖြစ်ထွန်းပေသည်။

အားကြီးသော ခွန်အားရှိခြင်းသည် သူ့အတွက် အလွန်အရေးကြီးသောအရာ ဖြစ်ပြီး ပိုသန်မာလာလေလေ ပိုမိုကောင်းမွန်သော အရာများ ပိုမိုရရှိနိုင်လေလေ ဖြစ်သည်။ ကျွန်းပေါ်ရှိ အကျပ်အတည်းအား ဖြေရှင်းပေးခဲ့ရာတွင် သူ ရရှိသော ကျောက်စိမ်းအမြောက်အမြားနှင့် တောင်တန်း၏ အလယ်တွင် သူ ရှာဖွေတွေ့ရှိခဲ့သည့် အရင်းအမြစ်အမျိုးမျိုးတို့သည် သူ့အတွက် အကျိုးကျေးဇူး အပြည့်ရှိသည်မှာ သေချာပေါက်ပင်။

နောက်နေ့မနက်စောစော သူ၏ကျင့်ကြံမှုအပြီးတွင် ထန်ရှုသည် ရေချိုးပြီး ပထမထပ်က ဧည့်ခန်းထဲသို့ ဆင်းလာသည်။ အိမ်တော်ထိန်း ကျန်းရှင်းလန် သန့်ရှင်းရေးလုပ်နေသည်ကို သူ မြင်လိုက်ရပြီး မီးဖိုချောင်ထဲရှိ အစားအသောက်၏ သင်းပျံ့သော ရနံ့သည် သူ၏အစာစားချင်စိတ်ကို နိုးထစေသည်။

"အခု မနက်စာ စားတော့မလား မစ္စတာထန်။"

ကျန်းရှင်းလန်က မေးသည်။

"ကျေးဇူးပြုပြီး…" ထန်ရှုက ပြုံးပြီး ပြန်ပြောသည်။

ကျန်းရှင်းလန်သည် သူမလက်ထဲမှ ကြမ်းတိုက်တံကို ချလိုက်ပြီး မီးဖိုချောင်သို့ လျှောက်သွားခါနီးတွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

“စကားမစပ် လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူဌေးရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာတယ်။ သူက အရေးတကြီးနဲ့ သူဌေးကို တွေ့ချင်တယ်လို့ ပြောတယ်။ သူဌေး ဒီမှာ မရှိလို့ ဘယ်လို ဆက်သွယ်ရမှန်းမသိလို့ ထွက်သွားတယ်။"

"ဘယ်သူငယ်ချင်းလဲ … နာမည်ဘယ်သူလဲ။"

ထန်ရှုက မေးလိုက်သည်။

“သူ့နာမည်က လုံကျန့်လင်းလို့ ပြောတယ်။ သူက တော်တော်အရပ်မြင့်ပြီး ပြောင်နေအောင် ခေါင်းရိပ်ထားတယ်။” ကျန်းရှင်းလန်က ဖြေသည်။

ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားကာ ခေါင်းညိတ်ပြသည်။ ကျန်းရှင်းလန် မီးဖိုချောင်သို့ သွားသည်ကို ကြည့်ပြီးနောက် သူ၏ဖုန်းကိုထုတ်ကာ လုံကျန့်လင်း၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။

"ယို … အစ်ကိုကြီးထန်…"

လုံကျန့်လင်း၏ပင်ပန်းနေသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"ညီအစ်ကို … မင်းစိတ်အခြေအနေက ဘာတွေဖြစ်နေ … မင်းအသံက မောနေသလိုပဲ။ မနေ့ညက မင်း အရမ်းကို ဇိမ်ခံခဲ့ပြီးတော့ မင်းရဲ့သွေး ဒါမှမဟုတ် တစ်ခုခုက ပြန်မကောင်းသေးဘူးလား။"

"ကိုယ့်လူ … အဲ့ဒါကို ငါ ရှောင်ထားတာ ကြာပြီ ဟုတ်ပြီလား။"

လုံကျန့်လင်း၏သမ်းဝေသည့်အသံကို ကြားရပြီး သူက ကြိမ်းမောင်းလိုက်သည်။

“ညတိုင်း နေ့တိုင်း ဝိုင်တွေ အမျိုးသမီးတွေနဲ့ ပျော်နေတဲ့သူက မင်းပဲ မဟုတ်လား။ ထားလိုက်တော့။ လွန်ခဲ့တဲ့နှစ်ရက်လောက်က မင်းကို ငါ ရှာဖို့ လာခဲ့တာ မင်း သိလား။ အရေးတကြီးဖြစ်လို့ မင်းရဲ့အကူအညီကို ငါလိုအပ်နေပေမယ့် အဲ့ဒီတုန်းက မင်းကို ဆက်သွယ်လို့ မရခဲ့ဘူး။"

"ဘာအရေးကြီးကိစ္စလဲ။"

ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။

"ငါ ပိုက်ဆံချေးချင်တာကလွဲပြီး ဘာရှိသေးလို့လဲ။" လုံကျန့်လင်းက ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။

"အစက ငါ့အဖေနဲ့အစ်ကိုဆီ ပိုက်ဆံ အရင်ချေးသေးတယ်။ သူတို့တွေ ယွမ် ၁၂မီလီယံတောင် မထုတ်နိုင်လောက်အောင် ဆင်းရဲနွမ်းပါးလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ လခွမ်းတဲ့မှ … ဒီပိုးနီပန်းကို မဝယ်နိုင်တာတော့ စိတ်မကောင်းစရာပဲ။ ဒီပစ္စည်းက အရမ်းတန်ဖိုးရှိပြီးတော့ နိုင်ငံခြားကို ရောင်းရင် ကောင်းကင်လောက် မြင့်တဲ့ဈေးနဲ့ ရရှိနိုင်မယ်လို့ ငါ ကြားထားတယ်။”

ပိုးနီပန်း ဟုတ်လား…

ထန်ရှု အံသြသွားသည်။ သူ့ဘော်ဒါ ပြောနေသော အကြောင်းမှ တစ်ခုခုကို သတိရသွားကာ အလျင်စလို မေးလိုက်သည်။

"မင်းပြောခဲ့တဲ့ ပိုးနီပန်းက ဘာလဲ။ ရှားပါးဆေးပင်တစ်မျိုး မဟုတ်ဘူးမလား။”

"အာ…" လုံကျန့်လင်း အံ့သြသွားပြီး "ဒီပိုးနီပန်းအကြောင်း မင်း တစ်ခုခုသိထားလား။"

ထိုသို့မေးမိပြီးနောက် ထန်ရှုသည်လည်း တရုတ်တိုင်းရင်းဆေး သမားတော်တစ်ဦး ဖြစ်သည်ကို သတိရသွားပြီး သက်ပြင်းတစ်ချက်ချကာ

"ဟုတ်တယ် … အဲ့ဒါလို့ ထင်တာပဲ။ ကြည့်ရတာ အဲ့ဒီပစ္စည်းက နိုင်ငံခြားဈေးကွက်မှာ ဈေးကြီးတဲ့ပုံပဲ။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲ့ဒီပန်းက နိုင်ငံရပ်ခြားနဲ့ ဆက်စပ်မှု မရှိခဲ့ဘူး။ ပိုးနီပန်းက အလင်းရောင်ထဲမှာ မဖော်ပြနိုင်ခဲ့ရပေမယ့် ချင်ချန်းတောင်က ခွေးကောင်ကို ယွမ် ၁၂ မီလီယံနဲ့ရောင်းချဖို့ ဆန္ဒရှိနေသေးတယ်။”

"ဒါဆို မင်း အခု ဘယ်မှာလဲ။ ငါတို့ ဆုံကြရအောင်။" ထန်        ရှုက အလောသုံးဆယ် မေးလိုက်သည်။

လုံကျန့်လင်းက တစ်ခုခုကို သဘောပေါက်သွားသည့်အလား

“မင်းလည်း အဲ့ဒီပိုးနီပန်းကို လိုချင်လို့လား။”

"အသေအချာပဲ။"

ထန်ရှုက စဉ်းပင်မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ “အဲ့ဒါက ငါ အခု အရေးတကြီး လိုအပ်နေတဲ့ ရတနာပဲ။ မင်းဘယ်ရောက်နေလဲ ငါ့ကို မြန်မြန်ပြောပါ။ ဆုံကြရအောင် ပြီးမှ ပြန်ပြောကြတာပေါ့။"

"ငါက ထျန်းကျင်းမြို့က မင်းယွမ်အပန်းဖြေစခန်းမှာ။ အာ ဒါနဲ့  မင်း ဒီကို လာရင် ပိုက်ဆံနည်းနည်းယူလာခဲ့ဦး။ ငါ ပိုက်ဆံကုန်သွားလို့။ မကြာသေးမီက ချီးထုပ်ကောင်တွေရဲ့လှည့်စားမှုကို ငါ ခံခဲ့ရလို့။ ခမ်းနားသောထန်လုပ်ငန်းစုက ငါ့ရဲ့နှစ်ကုန်အမြတ်ဝေစုကနေ အဲ့ဒါကို နုတ်ယူပေးပါ။”

"နားလည်ပြီ။"

လုံကျန့်လင်း မည်သူတွေနှင့် ရှိနေသည်ကို ထန်ရှု မမေးပေ။ သူ သိရမှာက ပိုးနီပန်း၏တည်ရှိသော နေရာဖြစ်သည်။ ဤပန်းသည် ခန္ဓာကိုယ်သန့်စင်ဆေးရည် သို့မဟုတ် သွေးစုစည်းဆေးကို သန့်စင်ရန် အကောင်းဆုံးသော အဓိကပစ္စည်းဖြစ်သည်။ ၎င်းတွင် အကောင်းဆုံး လိုက်ဖက်ညီမှုရှိပြီး လေ့ကျင့်သူ၏ ခန္ဓာကိုယ်ကို မြှင့်တင်ရန်အတွက် မရှိမဖြစ် လိုအပ်သော အကျိုးသက်ရောက်မှုဖြစ်သည့် ကြောက်မက်ဖွယ်ကောင်းသော အရိုးအဆစ် ပိုင်ဆိုင်မှုလည်း ရှိသည်။

"ကျွန်တော် အလျင်လိုနေလို့ မနက်စာ အိမ်မှာ မစားတော့ဘူး။"

ထန်ရှုသည် ကျန်းရှင်းလန်ကို အကြောင်းကြားပြီး ကြယ်ပြာအိမ်ရာမှ အမြန်ထွက်ခွာခဲ့သည်။ သူသည် ယခုတစ်ကြိမ်တွင် ထျန်းကျင်းမြို့သို့ မိုအားဝူကိုသာ ခေါ်သွားကာ ကျင်းရှီနှင့် အခြားသူများကို ထားခဲ့သည်။ ရှန်ဟိုင်းသည် ထျန်းကျင်းမြို့နှင့် လွန်စွာနီးကပ်ပြီး ကားမောင်းပြီးလာပါက နှစ်နာရီအတွင်း ရောက်ရှိနိုင်သည်။

နံနက် ၉ နာရီ ၃၀ မိနစ်တွင် ထန်ရှုနှင့် မိုအားဝူတို့သည် ထျန်ကျန်းမြို့မှ မင်းယွမ်အပန်းဖြေစခန်းသို့ ရောက်ရှိကြသည်။ သို့သော် ဤအပန်းဖြေစခန်းသည် အဆင့်အတန်းမြင့်သောအပန်းဖြေစခန်းဖြစ်ပြီး အဖွဲ့ဝင်မဟုတ်သူများကို လက်မခံကြောင်း သိရှိရသောအခါ ထန်ရှု အံ့အားသင့်သွားသည်။ ထို့ကြောင့် သူသည် လုံကျန့်ယုကို လာခေါ်ရန်သာ ဖုန်းဆက်နိုင်သည်။

"ဟားဟားဟား … မင်း အလျော့ပေးရတဲ့နေ့ ရောက်လာလိမ့်မယ်မထင်မိဘူး ဟုတ်တယ်မဟုတ်လား အစ်ကိုကြီး။ ဒီမင်းယွမ်အပန်းဖြေစခန်းက  ငါ့သူငယ်ချင်း ပိုင်တာလေ။ မင်း ငွေများများစားစား သုံးစွဲတဲ့အပြင် လွှဲပြောင်းပေးတဲ့သူရှိမှသာ ဒီနေရာက အသင်းဝင်ကတ်ကို ရနိုင်တာ။ ဒါနဲ့ အထဲ ဝင်ကြည့်ရအောင်။ အစားအသောက်နဲ့ဝိုင်တွေ ပြင်ဆင်ဖို့ လူတချို့ကို ငါပြောထားပြီးပြီ။ မင်းနဲ့အတူတူ ထမင်းစားဖို့ စောင့်နေတာ။"

လုံကျန့်လင်းက သူ၏ပြောင်နေသော ဦးခေါင်းကို ပွတ်လျက် ပြုံးပြုံးကြီး ပြောလိုက်သည်။

ထန်ရှုက စားသောက်ရန် အာရုံမရသေးဘဲ တန်းမေးလိုက်သည်။

"ပိုးနီပန်းကို ချင်ချန်းတောင်က တစ်ယောက်ယောက် ဝယ်ခဲ့တာလို့ မင်း ပြောခဲ့တယ်မလား။ အဲ့ဒါ ဘယ်သူလဲ။"

"သူငယ်ချင်း … အလျင်လို အနှေးတွေ့ဆိုတဲ့စကား မသိဘူးလား။ ငါ မင်းကို အခုပြောပြရင်တောင် အဲဒီ ပိုးနီပန်းကို မင်း အခု မရနိုင်ဘူး။ ချင်ချန်းတောင်ကလူ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ထျန်းကျန်းမြို့က ထွက်သွားပြီ သိရဲ့လား။"

ထိုအကြောင်းကို ကြားတော့ ထန်ရှုက သူ့အတွင်းစိတ်ဆန္ဒတွေကို ပြင်းပြင်းထန်ထန် မျိုသိပ်လိုက်ပြီး လုံကျန့်လင်းနှင့် မင်းယွမ်ဆိုင်ထဲကို ဝင်လိုက်သည်။ နေရာသည် အလွန်ကောင်းမွန်သော ပတ်ဝန်းကျင် ရှိသည်။ နွေရာသီအစောပိုင်းကာလ ဖြစ်သေးသော်လည်း လှပပြီး အရောင်စုံသောပန်းများ ပွင့်လန်းနေကာ မျက်စိပသာဒဖြစ်စေသည်။ ဤနေရာ၌ အပြင်အဆင်နှင့် ပုံစံကို ဖုန်းရွှေ၏ ကောင်းကျိုးချမ်းသာနှင့်အညီ ဒီဇိုင်းထုတ်ထားသောကြောင့် မိမိကိုယ်မိမိ အကျင့်စာရိတ္တ သုံးသပ်ရန်သာမက စိတ်အပန်းဖြေခြင်းနှင့် အပန်းဖြေရန် နေရာကောင်းတစ်ခုအဖြစ် ဖြစ်လာစေသည်။

"မင်း ငါ့ကို မေးရင် ဒီနေရာရဲ့ပိုင်ရှင်က ရန်ချီလို့ ခေါ်တယ် … ထျန်းကျင်းမြို့က ဗွီအိုင်ပီပဲ။ သူ့မိသားစုက ဒီမှာ ထိပ်တန်းမိသားစုငါးစုထဲက တစ်ခုလေ။ ထျန်းကျင်းကို ပထမဆုံး ငါ ရောက်ဖူးတဲ့အချိန်က သူနဲ့ငါ ရန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ငါတို့က အပေါင်းအသင်းတွေ ဖြစ်လာခဲ့တယ်။”

လုံကျန့်လင်းက ဝမ်းသာအားရ ပြောသည်။

"ဒီရန်ချီကို ငါ စိတ်မဝင်စားဘူး မင်း သိပါတယ်။"

ထန်ရှုက ပြောသည်။

လုံကျန့်လင်းက မျက်လုံးသာ လှန်ပြလိုက်ပြီး ထန်ရှုအား မင်းယွမ်အပန်းဖြေစခန်း၏ကော်ဖီဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။ မနက်လင်းနေပြီဖြစ်သော်လည်း ကော်ဖီဆိုင် ဖွင့်နေခဲ့ပြီဖြစ်သည်။ ကော်ဖီသောက်ရင်း စကားစမြည်ပြောနေကြသည့် ဧည့်သည်အနည်းငယ်ပင် ရှိသေးသည်။ သူတို့သည် ကြုံရာစားပွဲတွင် ဝင်ထိုင်ပြီးနောက် လုံကျန့်လင်းက

"မင်း အလျင်လိုပြီး စိတ်မရှည်ဘူးဆိုတာ ငါသိတယ်။ ဒါကြောင့် အခြေအနေအကြောင်း အရင်ပြောပြမယ်။ ပိုးနီပန်းဝယ်တဲ့သူအမည်က ဝမ်ထောင်။ ချင်းချန်တောင်တန်းဒေသမှာ သူက တော်တော် နာမည်ကြီးတယ်လို့ ငါ ကြားတယ်။ အတိအကျ ပြောရမယ်ဆိုရင် သူ့နောက်ကြောင်းကို ငါ မသိပေမယ့် လူအုပ်ထဲပေါ်လာတိုင်း သက်တော်စောင့်တွေ ဝိုင်းရံထားလေ့ရှိလို့ သူ့မှာ နက်နဲတဲ့ နောက်ခံရှိတယ်ဆိုတဲ့ လုံလောက်တဲ့ အထောက်အထား ရှိတယ် မထင်ဘူးလား။ သူက ချင်ချန်းတောင်ရဲ့ ဝမ်မိသားစုနဲ့ဆက်နွယ်နေတယ်လို့ ငါ ထင်တယ်။”

ချင်ချန်းတောင်ရဲ့ ဝမ်မိသားစုလား…။

ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါ့မှာ ချင်းချန်းတောင်မှာ အသိမိတ်ဆွေတစ်ယောက် ရှိတယ်။ သူ့နာမည်က ဝမ်ယွီတဲ့။"

"သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။"

လုံကျန့်လင်း ခေါင်းယမ်းလိုက်သည်။

All Chapters